ဟောလီးဝုဒ်ရဲ့ အလှဆုံးမင်းသမီး သို့မဟုတ် ဂျူလီယာရောဘတ်
ဂျူလီယာရောဘတ် (Julia Roberts) ဆိုတာ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းတွေမှာ ရွှေရောင်တောက်ပခဲ့တဲ့ မင်းသမီးတစ်လက်ပါ။ သူမဟာ “Notting Hill” ရုပ်ရှင်ကစလို့ “My Best Friend’s Wedding” ရုပ်ရှင်အထိ သူမအတွက် အောင်မြင်မှု သရဖူဆောင်းနိုင်စေခဲ့သူပါ။
ဒါပေမဲ့ သူမရဲ့ ဖန်(Fan)တွေက သူမကို ထပ်ပြီးမတွေ့ရတော့လို့ ပူပန်နေကြပါတယ်။ သူမ သရုပ်မဆောင်တော့တာလည်း အနှစ် (၂၀)နီးပါး ရှိနေလို့ပါ။ သူအ တစ်ခုခုဖြစ်နေတာများလားပေါ့။ တကယ်တော့ သူမ ဘာမှမဖြစ်ပါဘူး။ အားလုံးကောင်းပါတယ်တဲ့။
တကယ်တော့ သူမဟာ သရုပ်ဆောင်မှုက အနားမယူသေးပါဘူး။ တစ်နှစ်ကို တစ်ကားလောက်တော့ ပုံမှန်ရိုက်ကူးနေပါတယ်။ ဒါပေမဲ့ ဒီကားတွေဟာ အရင်က သူမ ပိုင်နိုင်စွာသရုပ်ဆောင်ခဲ့တဲ့ အချစ်၊အလွမ်း၊ဒရာမာနဲ့ ဟာသကားတွေ မဟုတ်တော့ပါဘူး။
ဒါ့အပြင် တစ်ခြားအကြောင်းပြချက်တစ်ခုကတော့ သူမဟာ လက်ထပ်ခဲ့ပြီး ကလေးတွေလည်း ရှိနေလို့ပါတဲ့။
ဂျူလီယာဟာ ၂၀၀၂ ခုနှစ်မှာ Danny Moder နဲ့ လက်ထပ်ခဲ့ပါတယ်။ ဒန်နီက ကင်မရာမင်းတစ်ယောက်ပါ။ သူက ” Maxican” ဇာတ်ကား ရိုက်ကူးခဲ့တဲ့ ကင်မရာမင်းပေါ့။
ဒါပေမဲ့ ဂျူလီယာရဲ့ ပထမလူတော့ မဟုတ်ပါဘူး။ ဂျူလီယာဟာ ၂၀၀၀ ခုနှစ်မှာ Benjaman Bratt နဲ့ တွဲခုတ်ခဲ့ပါသေးတယ်။
ဂျူလီယာနဲ့ ဒန်နီ
ဒန်နီကလည်း Vera Steimberg ဆိုသူ ဇနီးရှိခဲ့ပါတယ်။ သိပ်မကြာခင်မှာဘဲ Vera က ဂျူလီယာရောဘတ်ကို သူမရဲ့ခင်ပွန်းကို ခိုးယူဖို့လုပ်နေကြောင်း လူသိရှင်ကြား စွပ်စွဲခဲ့ပါတယ်။
ဂျူလီယာရောဘတ်ဟာ ၂၀၀၀ ခုနှစ်မှာတော့ အအောင်မြင်ဆုံး ဖြစ်ခဲ့ပါတယ်။ ရုပ်ရှင်တစ်ကားကို ဒေါ်လာ သန်း(၂၀) ရတာပါ။
အောင်မြင်လာတာနဲ့အမျှ သူရဲ့ အချစ်ဇာတ်လမ်းတွေကလည်း ဟောလီးဝုဒ် အတင်းပြောသူတွေ နှုတ်ဖျားမှာ ရေပန်းစားခဲ့ပါတယ်။ တကယ်တော့ သူမဟာ Lyle Lovett နဲ့ လူသိရှင်ကြား လက်ထပ်ထားခဲ့သူပါ။
ဒါပေမဲ့ သူမဟာ Mathew Perry တို့၊ Liam Neeson တို့အပြင် Dylan McDemnott တို့နဲ့ပါ တွဲခုတ်နေခဲ့ပါတယ်။
ရွှေမင်းသမီးဆိုတော့လည်း ချစ်သူဝိုင်းဝိုင်းလည်တယ်လို့ ပြောရမယ် ထင်ပါတယ်။ ဒါမှမဟုတ် အသဲခွဲဘုရင်မလေးလို့ပဲ ပြောရမလားမသိပါဘူး။ ဘာလို့ဆို သူမဟာ Kiefer Sutherland နဲ့ စေ့စပ်ထားပြီး လက်ထပ်ဖို့ (၃) ရက်အလိုမှာ သူမက စွန့်ပစ်ခဲ့လို့ပါ။
Jason Patric ဆိုသူ ကိုလူချောကိုလည်း သူမက အချစ်ဆုံး သူငယ်ချင်းလို့ ပြောပြန်ပါတယ်။ ဒါပေမဲ့ Danny Moder နဲ့တွေ့ပြီးနောက်မှာတော့ မင်းသမီးဟာ အရာရာပြောင်းလဲ သွားခဲ့ပါတယ်။
ဒန်နီနဲ့ ဂျူလီယာရောဘတ်တို့ဟာ သူငယ်ချင်းအဖြစ်ကနေ အချစ်ဖက်ကို ပြောင်းလဲခဲ့တာလို့ သူတို့နှစ်ယောက်က ဖွင့်ပြောခဲ့ကြပါတယ်။ ဂျူလီယာကတော့ “သူနဲ့ကျမှ အချစ်မှာ ကျရှုံးခဲ့ရပါတယ်။” လို့ ဆိုပါတယ်။
“ကျမဟာ ချစ်ဖို့အတွက် မွေးဖွားလာပေမဲ့ သူ့အတွက်တော့ ဇနီးတစ်ယောက်အဖြစ် မွေးလာခဲ့တာပါ”လို့ မင်းသမီးက ပြောခဲ့ပါတယ်။ အရင်လူတွေက အသဲကွဲရမှာ ဟောလီးဝုဒ်ရဲ့ ထုံးစံလို ဖြစ်နေပါပြီ။
၂၀၀၂ ခုနှစ်မှာ ကောဟဟာလတွေ ထွက်ရှိလာပြီးနောက် ဒန်နီဟာ သူ့ဇနီး Vera Steimberg ကို ကွာရှင်းဖို့ လုပ်နေခဲ့ပါတယ်။
ဂျူလီယာဟာ ပထမတော့ သတင်းတွေကို ငြင်းဆန်ပြီး ဖုံးကွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ နောက်တော့ သူငယ်ချင်းဖြစ်သူ အော်ပရာဝင်းဖရေးကို ဖွင့်ပြောခဲ့ပါတယ်။
ဂျူလီယာ၊ဒန်နီနဲ့ သူတို့ရဲ့ သားသမီးများ
Vera Steimberg ကတော့ ဂျူလီယာကို ဘယ်တော့မှ ခွင့်လွှတ်ဘူးလို့ ပြောခဲ့ပါတယ်။ သူမက ခင်ပွန်းသည်ကို ဆုံးရှုံးလိုက်ရလို့ပါ။ ဒီနောက်ပိုင်းမှာတော့ မင်းသမီးဟာ အချစ်ဒရာမာဇာတ်လမ်းတွေ မရိုက်တော့ပါဘူးတဲ့ခင်ဗျား။
Knight News Team
Knight News © 2022