ကမ္ဘာ့အရပ်အရှည်ဆုံးလူများ နေထိုင်ရာနိုင်ငံ
စာဖတ်သူအနေနဲ့ ကမ္ဘာပေါ်မှာ ဘယ်လူမျိုးတွေက အရပ်ရှည်ဆုံးလဲဆိုတာ စဥ်းစားဖူးကြမယ်လို့ ထင်ပါတယ်။
ပုံမှန်အားဖြင့် အမေရိကန်က ဘတ်စ်ကတ်ဘောပြိုင်ပွဲတွေမှာ အရပ်အရှည်ဆုံးလူတွေကို တွေ့ရတတ်ပေမဲ့ နိုင်ငံသားပေါင်းများစွာ ကစားနေတဲ့ ပရိုပြိုင်ပွဲကြီးဖြစ်တာမလို့ သူတို့တွေဟာ ဘယ်နိုင်ငံသားလဲဆိုတာ စဥ်းစားဖို့အတွက်တော့ လိုပါလိမ့်မယ်။
အဖြေကတော့ ဒတ်ချ်လူမျိုးတွေပါ။ သူတို့ဟာ သူတို့ရဲ့နိုင်ငံကို တည်ဆောက်ရန်အတွက် ပင်လယ်ပြင်ကို ရွှေ့ပြောင်းလာကြပြီး လုပ်ငန်းစဉ်အတွင်းမှာ ကမ္ဘာ့အမြင့်ဆုံးလူသားများ ဖြစ်လာခဲ့ကြပါတော့တယ်။
ဒါဆိုရင် ဒတ်ချ်လူမျိုးတွေက ဘာကြောင့် ကမ္ဘာ့အရပ်အရှည်ဆုံး လူမျိုးတွေဖြစ်နေတာလဲဆိုတာကို အဖြေရှာကြည့်ကြပါစို့။
သူတို့နေထိုင်တဲ့ နယ်သာလန်က အစာအဟာရစနစ်က ဒီအတွက် အဓိကသော့ချက် ဖြစ်လာနိုင်ဖွယ် ရှိပါတယ်။
နို့ထွက်ပစ္စည်းလုပ်ငန်းကို အဓိက မှီခိုနေကြတဲ့ နယ်သာလန်နိုင်ငံက ရေပေါ်မွေးမြူရေးခြံတွေဟာ ပင်လယ်ရေမြင့်တက်မှုနဲ့ နို့ထွက်ပစ္စည်းရဲ့ အရွယ်အစားကြီးသော ကာဗွန် hoofprint ကို လျှော့ချပေးနိုင်တဲ့ နွားများကို ပိုင်ဆိုင်ထားပါတယ်။
ဒီနွားတွေက မြို့ထဲက ဇီဝဒြပ်အကြွင်းအကျန်တွေကို စားပြီး လတ်ဆတ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နို့ကို ထုတ်လုပ်ပေးနိုင်တယ်လို့ သုတေသီတွေက ဆိုထားပါတယ်။
ဒီလိုနဲ့ ရေပေါ် မွေးမြူရေးခြံတွေဟာ နယ်သာလန်နိုင်ငံက လူကောင်ထွားထွားကြီးတွေအတွက် အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေခဲ့ပါတယ်။
နှစ်ရှည်လများက ဒတ်ခ်ျ ရိုးရာဓလေ့များနဲ့ ပေါင်းစပ်လိုက်ရာမှာတော့ အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ယောက်အတွက် ပျမ်းမျှအရပ်ဟာ ၆ ပေ ၁၁ လက်မဆိုတဲ့ အနေအထားထိ ဒတ်ချ်လူမျိုးတွေက အရပ်မြင့်လာခဲ့ကြပါတယ်။
သမုဒ္ဒရာကို သိမ်းပိုက်ခြင်းဖြင့် နို့ထွက်ပစ္စည်း မွေးမြူခြင်းတို့ကို ပုံဖော်ခဲ့တဲ့ နယ်သာလန်နိုင်ငံဟာ သူတို့နိုင်ငံဟောင်းကို ကျူးကျော်ခံခဲ့ရပုံတွေကို ပြန်လည်အောက်မေ့တဲ့အနေနဲ့ နောင်တစ်ချိန် တိုက်ပွဲတွေများဖြစ်လာရင် ကြီးထွားသန်မာနေဖို့ အစာအဟာရကိုလည်း အရမ်းကို ဂရုစိုက်ခဲ့ကြပါတယ်။
အထူသဖြင့် ဒီနို့ထွက်ပစ္စည်းတွေကို စားသုံးချင်စိတ်က သူတို့အတွက် ထိပ်တန်းလိုအင်တွေထဲမှာ ရှိနေခဲ့ပြီး ဒီအရာကပဲ သူတို့လူမျိုးတွေရဲ့ ကိုယ်ခန္ဓာ ကြီးထွားမှုကို လှုံ့ဆော်ပေးခဲ့ပါတယ်။
ဒီလိုနဲ့ အပေါ်က ဖော်ပြခဲ့သလိုပဲ ဒတ်ချ်လူမျိုးတွေဟာ ကမ္ဘာ့အရပ်အရှည်ဆုံး လူမျိုးတွေဖြစ်လာကြပြီး အရွယ်ရောက်ပြီးသူ ဒတ်ခ်ျ အမျိုးသားတစ်ဦးရဲ့ ပျမ်းမျှ အရပ်အမြင့်ဟာ ၆ ပေ၊ အမျိုးသမီးတစ်ဦးရဲ့ ပျမ်းမျှ အရပ်မြင့်ဟာ ၅ ပေ ၇ လက်မဆိုပြီး ကိန်းဂဏန်းတွေကို ပိုင်ဆိုင်ခဲ့ကြပါတယ်။
တကယ်တမ်းတော့ နယ်သာလန်ဆိုတဲ့ နိုင်ငံသစ်ကို ရှာဖွေမတွေ့ရှိမီ ကာလတွေမှာ နယ်သာလန်နိုင်ငံက အမျိုးသားများဟာ ဥရောပရဲ့ အရပ်အပုဆုံး လူများထဲမှာ ပါဝင်ခဲ့ကြောင်း စစ်တမ်းတွေက ဖော်ပြထားခဲ့ပါတယ်။
ဥပမာအားဖြင့် ၁၈၆၀ ခုနှစ်မှာ ဒတ်ခ်ျစစ်တပ်က စစ်သားတစ်ယောက်ရဲ့ ပျမ်းမျှ အရပ်ဟာ ၅ ပေ ၆ လက်မပဲ ရှိပါတယ်။
အဲဒီအချိန်တုန်းက အမေရိကန်က အမျိုးသားတွေဟာ သူတို့ထက် ပျမ်းမျှ ၂ လက်မခွဲ ပိုမြင့်မားခဲ့ကြပါတယ်။
အဲဒီအချိန်မှစ၍ ကိန်းကဏန်းတွေဟာ အချိန်ကြာလေ ပြောင်းပြန်ဖြစ်လာလေ ဖြစ်ခဲ့ပြီး နှစ်ပေါင်း ၁၆၀ အတွင်း ဒတ်ခ်ျအမျိုးသားများဟာ အမေရိကန် အမျိုးသားတွေထက် အရပ် ၇ လက်မခွဲလောက် ပိုမြင့်သွားခဲ့ကြပါတယ်။
သဘာဝ ရွေးချယ်မှုတွေကလည်း ဒတ်ချ်လူမျိုးတွေအတွက် အရေးပါသလို မျိုးရိုးဗီဇဆိုင်ရာ သက်ရောက်မှုကလည်း အရေးပါနေခဲ့ပြန်ပါတယ်။
ဆိုလိုတာက နယ်သာလန်မှာ ကလေးအများဆုံး မွေးဖွားခဲ့တဲ့ စုံတွဲတွေဟာ အရပ်ရှည်တဲ့ အမျိုးသားများနဲ့ အမျိုးသမီးတွေရဲ့ ပေါင်းစပ်မှုကနေပဲ မြစ်ဖျားခံလာခဲ့တာပါ။
ဒါတွေအပြင် နယ်သာလန်ရဲ့ ကမ္ဘာ့ထိပ်တန်းကျန်းမာရေး စောင့်ရှောက်မှုစနစ်၊ ဝင်ငွေ ညီမျှမှုနဲ့ ကောင်းမွန်တဲ့ လူမှုဖူလုံရေးစနစ်တို့ဟာလည်း ဒတ်ခ်ျလူမျိုးတို့ရဲ့ အရပ်အမြင့်ကို တိုးလာစေခဲ့ကြောင်း သုတေသီတွေက ဆိုထားကြပါတယ်။
ဒီလိုအချက်တွေနဲ့ အရည်အသွေးကောင်းတဲ့ ကလေးငယ်တစ်ယောက်ကို မွေးထုတ်ပေးနိုင်ဖို့ကို နိုင်ငံက ရည်ရွယ်ထားတာပါ။
တစ်ဖက်မှာလည်း နို့ထွက်ပစ္စည်းတွေကို မက်မောတတ်ကြတဲ့ ရိုးရာဓလေ့က ကလေးငယ်တွေကို ကောင်းစွာ ကြီးထွားဖွံ့ဖြိုးစေခဲ့တာပါပဲ။
နို့ထွက်ပစ္စည်းတွေဟာ အထူးသဖြင့် အရပ်မြင့်မှုကို အထောက်အကူ ဖြစ်စေပြီး ဒတ်ချ်လူးမျိုးတို့အတွက် အရေးပါဆုံးကလည်း ကယ်လ်စီယမ် ဖြစ်နေခဲ့တာပါ။
ကယ်လ်စီယမ်က အရိုးကို တည်ဆောက်ပေးပြီး ကြီးထွားဖွံ့ဖြိုးမှုကို ကောင်းကောင်း ထောက်ပံ့ပေးနိုင်ပါတယ်။
မြေယာစနစ်ကိုကလည်း နွားတွေကိုအားထားတဲ့ နိုင်ငံဖြစ်တာနဲ့အညီ မြက်တွေက အရည်အသွေးကောင်းနေပါတယ်။
ဂျုံကိုလည်း အဓိက စိုက်ပျိုးရေးအဖြစ် အသုံးပြုရင်း နွားတွေကလည်း မြက်ကောင်းတွေကို စားရတော့ နို့ထွက်ပစ္စည်းတွေကပါ အရည်အသွေးကောင်းလာတာပါပဲ။
ဒါတွေကြောင့် နိုင်ငံရဲ့ နို့ထွက်ပစ္စည်းလုပ်ငန်းသည် အရှိန်အဟုန်ပြင်းလာပြီး ဒတ်ချ်တို့ရဲ့ နို့စားသုံးမှုဟာလည်း မြင့်တက်လာခဲ့ပါတယ်။ သူတို့ဟာ ကမ္ဘာပေါ်မှာ နို့အများဆုံး စားသုံးကြသူစာရင်းမှာ ရှိနေပါတယ်။
ဒတ်ခ်ျတို့ရဲ့ ကြီးထွားမြင့်မားမှုတွေကို နို့ထွက်ပစ္စည်း အထူးသဖြင့် ဒိန်ခဲက ရာခိုင်နှုန်း အများဆုံး ထောက်ပံ့နေပြီး နယ်သာလန်ဟာလည်း ကမ္ဘာ့အကောင်းမွန်ဆုံး ဒိန်ခဲထုတ်လုပ်ရာ နိုင်ငံ ဖြစ်လာခဲ့ပါတယ်။
လက်တွေ့ကျကျ စဥ်းစားလိုက်မယ်ဆိုပါက သမုဒ္ဒရာရေပြင်ပေါ်က မွေးမြူရေးခြံရဲ့ နွားတစ်ကောင်က ထုတ်လုပ်ပေးလိုက်တဲ့ နို့တစ်ပုလင်းနဲ့ ဒိန်ခဲတစ်ခဲဟာ ဒတ်ချ်တို့အတွက် ပျမ်းမျှ အရပ် ၆ ပေ ဆိုတဲ့အထိ အရပ်မြင့်မားနှုန်းကို သိသိသာသာ အထောက်အပံ့ပေးခဲ့ကြတယ်လို့ ဆိုနိုင်ပါတယ်။
Knight News Team
Knight News © 2022