နိုင်ငံသေးပေမဲ့ ရဲရင်တဲ့နိုင်ငံ (သို့) အက်စတိုးနီးယား

နိုင်ငံသေးပေမဲ့ ရဲရင်တဲ့နိုင်ငံ (သို့) အက်စတိုးနီးယား

အက်စတိုးနီးယား ( Estonia) နိုင်ငံလေးဟာ ဘာ‌အကြောင်းတွေကြောင့် ရဲရင့်နေရသလဲဆိုတာ တင်ပြချင်ပါတယ်။

သူဟာ ယူကရိန်းနဲ့ အိမ်နီးချင်းနိုင်ငံဖြစ်ပြီး ဆိုဗီယက်ယူနီယံဆိုတဲ့ အင်ပါယာကြီး ပြိုကွဲတဲ့ ၁၉၉၁ ခုနှစ်မှာ ယူကရိန်းလိုပဲ လွတ်လပ်သွားတဲ့နိုင်ငံ ဖြစ်ပါတယ်။

ရုရှား-ယူကရိန်းစစ်ပွဲမှာ သူ ဘယ်လိုရပ်တည်သလဲဆိုတာ အောက်ပါအချက်တွေကိုကြည့်ပြီး ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

(၁) အက်စတိုးနီးယားဟာ သူ့ရဲ့ စစ်လက်နက်ပစ္စည်းအားလုံးကို ယူကရိန်းကို လှူဒါန်းကူညီလိုက်ပါတယ်။ ဒါဟာ ရုရှားနိုင်ငံထက် (၃၇၉)ဆလောက် ငယ်တဲ့နိုင်ငံလေးအတွက် မပြောပလောက်ပေမဲ့ သူ့ရဲ့ ရဲရင့်ပြတ်သားတဲ့ အပြုအမူကို ထင်ထင်ရှားရှား ပြသလိုက်တာ ဖြစ်ပါတယ်။

ဒါကလည်း ရုရှားက ကျူးကျော်ဝင်ရောက်လာခဲ့တဲ့ အစောပိုင်းကတည်းက ကူညီခဲ့တာ ဖြစ်ပါတယ်။ ဒီအတွက် တစ်နိုင်ငံလုံးရဲ့ စစ်အသုံးစရိတ် (၃)ပုံ (၁)ပုံကို သုံးစွဲခဲ့တာ ဖြစ်ပါတယ်။ လက်နက်တွေကို အပြီးအပိုင် လွှဲပေးခဲ့တာ ဖြစ်ပါတယ်။

ဒီအထဲမှာ ၁၅၅ မီလီမီတာ ဟောင်ဝစ်ဇာအမြောက်ကြီးတွေအထိ ပါဝင်ပါတယ်။ ယူကရိန်းဆိုင်ရာ အက်စတိုးနီးယား သံအမတ်ကြီးက ” ကျနော်တို့ မဟာမိတ်တွေ ဒီလို တူညီတဲ့ဆက်ဆံရေးနဲ့ ကူညီမှုကသာ ရန်လိုကျူးကျော်မှုတွေကို တားဆီးနိုင်မှာ ဖြစ်ပါတယ်။”လို့ ဆိုပါတယ်။

အက်စတိုးနီးယားဟာ ဂျက်ဗလင် တင့်ဖျက်ဒုံးတွေကိုပါ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ တခြား တင့်ဖျက်လက်နက်တွေ၊ ပုခုံးထမ်း ဒုံးတွေ၊ မော်တာတွေ အများအပြား ပါဝင်ပါတယ်။

(၂) ယူကရိန်းကို အဓိကထောက်ပံ့သူ နံပါတ်(၁)ကလည်း အက်စတိုးနီးယားပဲ ဖြစ်ပါတယ်။ ယခု ၂၀၂၃ ခုနှစ်မှာ အက်စတိုးနီးယားက ကြေငြာခဲ့တာ‌ကတော့ အဓိက အကူအညီတွေမှာ တင့်ကားဖျက် လက်နက်ခဲယမ်းများ ထပ်မံပေးပို့သွားဖို့ရှိတယ်လို့ ဆိုပါတယ်။

ဒီလက်နက်တွေ တန်ဖိုးက ဒေါ်လာ (၁၁၃) သန်းဖိုး ရှိပါလိမ့်မယ်။ စုစုပေါင်း အက်စတိုးနီးယားရဲ့ အကူအညီဟာ ဒေါ်လာသန်း(၃၇၀) တောင် ရှိနေပါပြီ။

ဒါဟာ အက်စတိုးနီးယားရဲ့ ဂျီဒီပီ (GDP-Gross Domestic Product ) ရဲ့ တစ်ရာခိုင်နှုန်းလောက် ရှိပါတယ်။ ဒါဟာ ယူအက်စ်နဲ့ ယူကေတို့နဲ့ အချိုးချကြည့်ရင် သာနေပါတယ်။ သူတို့က ယူအက်စ် (၀.၂၅ %) ၊ ယူကေ (၀.၂၄ %) ပဲ ရှိတာပါ။

(၃) အက်စတိုးနီးယားဟာ Finland Gult ပင်လယ်ကွေ့ကိုလည်း ပိတ်ဆို့ဖို့ လုပ်နေပါတယ်။ ဒီပင်လယ်ကွေ့ဟာ ဘောလ်တစ်ပင်လယ်အတွက် ထွက်ပေါက်လိုဖြစ်နေပြီး ထောက်ပို့လမ်းကြောင်းအတွက် အရေးပါပါတယ်။

Finland က မြောက်ဖက် ရုရှားနဲ့ အက်စတိုးနီးယားက တောင်ဖက်မှာ ရှိနေကြတာဖြစ်ပါတယ်။ ဒီ ပင်လယ်ကွေ့ဟာ ကရင်မလင်အစိုးရ (ရုရှား) အတွက် မဟာဗျူဟာကျတဲ့လမ်းကြောင်းလည်း ဖြစ်ပါတယ်။ စိန့်ပီတာစဘတ်ကထွက်ရင် တစ်ခုတည်းသော ရေလမ်းကြောင်းလည်း ဖြစ်ပါတယ်။

ရုရှားရဲ့ အဓိက ဆီသယ်ဆိပ်ကမ်းတွေလည်း ရှိနေပါတယ်။ အက်စတိုးနီးယားဟာ ဒီနေရာကို ဇုံတစ်ခု သတ်မှတ်ပိတ်ဆို့ဖို့ လုပ်နေတာပါ။ သူ့ရဲ့ရေပိုင်နက်ကိုလည်း ဥပဒေကြောင်းအရ ချဲ့ထွင်ဖို့ ကြိုးစားနေပါတယ်။

(၄) အက်စတိုးနီးယားဟာ ဆိုဗီယက် ပြိုကွဲပြီးတာနဲ့ နေတိုးရဲ့ ပထမဆုံး အဖွဲ့ဝင်ဖြစ်ခဲ့တဲ့နိုင်ငံ ဖြစ်ပါတယ်။ ယူကရိန်း ကျူးကျော်ခံရပြီး ပထမဆုံး (No Fly Zone) လေယာဉ် မပျံသန်းရ ဇုံ သတ်မှတ်ဖို့ တောင်းဆိုတာလည်း အက်စတိုးနီးယားပဲ ဖြစ်ပါတယ်။

ဒီအဆိုကို ၂၀၂၂ ခုနှစ်၊ မတ်လကတည်းက တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ နေတိုးရဲ့ လေယာဉ်တွေကို လိုအပ်အပ်မှာဖြစ်လို့ အစီအစဉ် အထ မမြောက်ခဲ့ပါဘူး။

(၅) အက်စတိုးနီးယားဟာ ရုရှားသံတမန်အားလုံးကို နိုင်ငံက နှင်ထုတ်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှာ ရုရှားသံရုံးကိုပါ ပိတ်ပစ်လိုက်ပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဟာ မချိတင်ကဲ ဖြစ်သွားပါတယ်။

(၆) အက်စတိုးနီးယားဟာ နယ်ချဲ့တွေကို တော်လှန်ခဲ့တာချင်းလဲ ယူကရိန်းနဲ့ တော်တော် တူပါတယ်။ နှစ်နိုင်ငံစလုံးဟာ အရင်က ဆိုဗီယက်ယူနီယံအောက်မှာ ရှိခဲ့တာပါ။ လွတ်လပ်ရေးရတာလည်း ၁၉၉၁ ခုနှစ်မှာ အတူတူပါပဲ။

ယူကရိန်းလိုပဲ (၉)ရာစုနှစ်မှာ ဗိုက်ကင်းတွေကို အောင်နိုင်ခဲ့ပါတယ်။ ဒိန်းမတ်တွေ၊ဆွီဒင်တွေကိုလည်း အောင်နိုင်ခဲ့ပါတယ်။ အက်စတိုးနီးယားကို ဒုတိယကမ္ဘာစစ်မှာ နာဇီဂျာမဏီနဲ့လဆိုဗီယက်တို့က ကျူးကျော်ခဲ့ဖူးပါတယ်။

ယူကရိန်းဝန်ကြီးချုပ်က ပြောကြားရာမှာတော့ ” အက်စတိုးနီးယား ပြည်သူတွေဟာ သမိုင်းရဲ့ နာကျင်မှု‌တွေကို နားလည်နေကြပါပြီ။ နိုင်ငံကြီးတွေက နိုင်ငံငယ်တွေကို အနိုင်ကျင့် ကျူးကျော်လာရင် ဘာတွေဖြစ်လာမယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိနေကြပါပြီ။”တဲ့ ခင်ဗျား။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *