အိမ်သာတွေရဲ့ ဆင့်ကဲပြောင်းလဲခဲ့ပုံ သမိုင်းကြောင်း
အခု တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြတဲ့ ဘိုထိုင်အိမ်သာတွေကို အင်္ဂလိပ် ရေပိုက်သမား Thomas Crapper ကနေ အစပြုခဲ့တယ်လို့ လူအများစုက မှတ်ယူထားကြပါတယ်။
သူဟာ ခေတ်မီအိမ်သာတွေကို ဖန်တီးပြီးတဲ့နောက်မှာ နာမည်ကျော်လာခဲ့သလို ပထမဆုံး အိမ်သာရဲ့နာမည်ကိုလည်း Crapper လို့ အမည်ပေးရတဲ့အထိ သူ့နာမည်က အိမ်သာတွေရဲ့သမိုင်းမှာ နာမည်ကျော်ကြားသွားပါတယ်။
တကယ်တမ်းမှာတော့ ဒီလိုခေတ်မီအိမ်သာတွေဟာ အခြေခံအိမ်သာတွေရဲ့ နောက်ပိုင်းမှသာ ပေါ်ပေါက်လာတာဖြစ်ပါတယ်။
Crapper ဟာ ခေတ်မီအိမ်သာတို့ရဲ့ တီထွင်သူသာဖြစ်ပေမဲ့ ဟိုးအရင်ကတည်းက ရေပိုက်စနစ်နဲ့ ဗိသုကာပညာရှင်တွေမရှိမီ အိမ်သာတွေကို အမျိုးမျိုး တီထွင်ခဲ့ကြဖူးပါတယ်။
နှစ်ထောင်ပေါင်းများစွာကြာအောင် ပုံစံကျတဲ့ အိမ်သာတစ်လုံးကို ဖန်တီးနိုင်ဖို့အတွက် လူသားတွေက ကြိုစားခဲ့ကြပြီး ရာစုနှစ်များစွာကြာအောင် ကြိုစားမှုရဲ့ ရလဒ်ကတော့ ယခုမြင်တွေ့နေရတဲ့ Crapper ရဲ့ ဘိုထိုင်အိမ်သာတွေပါပဲ။
ဒါဆိုရင် အိမ်သာတွေက ဘယ်ကတည်းက အစပြုခဲ့တာလဲ။အစောဆုံး လူသိများသော အိမ်သာများဟာ ရှေးခေတ် Mesopotamia မှ နှစ်ပေါင်း ၅,၀၀၀ ခန့်ကတည်းက တည်ရှိခဲ့ပါတယ်။
ဒီအိမ်သာတွေဟာ ရိုးရှင်းပြီး တွင်းပုံစံ အိုးခွက်ဒီဇိုင်းကို အခြေခံထားကာ ရှည်လျားပြီး ကြွေပြွန်အစီအရီဖြင့် ပတ်ပတ်လည် မြေဆီလွှာထဲသို့ အစိုင်အခဲများ မစိမ့်ဝင်အောင် ကာထားတဲ့ အပေါက်ငယ်များမှတစ်ဆင့် အရည်များကို ဖြည်းညှင်းစွာ စိမ့်ထွက်နိုင်စေနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ အဆိုပါအိမ်သာတွေကို တီထွင်ခဲ့တဲ့သူတွေရဲ့ အမည်များကတော့ သမိုင်းကြောင်းမှာ ပျောက်ဆုံးနေခဲ့ပါတယ်။
အဲဲဲဒီနောက် ပိုရှုပ်ထွေးတဲ့ ဒီဇိုင်းမျိုးတွေဖြင့် အိမ်သာများဟာ ထောင်စုနှစ်နီးပါးအကြာမှာတော့ ကရေတေကျွန်းရှိ ရှေးဟောင်း Minoan ယဉ်ကျေးမှုမှာ ပထမဆုံး ပေါ်လာခဲ့ပါတယ်။
ဒီအိမ်သာတွေက အညစ်အကြေးတွေကို သန့်စင်ဖို့အတွက် ရေကိုအသုံးပြုခြင်းရဲ့ ပထမဆုံးသော အထောက်အထားကို ပြသနိုင်ခဲ့ပြီး နောက်ပိုင်းမှာ ရောမတို့ တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြတဲ့ အိမ်သာ အလေ့အကျင့်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။
ရောမ အိမ်သာများဟာ ဂရိ ရှေးဟောင်းအိမ်သာများနဲ့ အလွန်ဆင်တူသော်လည်း မြောင်းအထက်မှာ အပေါက်များပါရှိတဲ့ ထိုင်ခုံတန်းများပါရှိတဲ့ ခုံတန်းရှည်များပါရှိသော်လည်း သူတို့မှာ ခေတ်မီဆန်းသစ်တံ့ တီထွင်မှုတစ်ခု ပါရှိပါတယ်။
ထိုအရာကတော့ ရေပိုက်တွေပါပဲ။ အဲဒီက အစပြုလို့ လူတစ်ဦးစီဟာ သူတို့ရဲ့ အညစ်အကြေးများကို အနီးနားရှိ ကြွေအိုးဖြင့် ဆေးကြောခြင်းထက် ရွေ့လျားနေတဲ့ ရေဖြင့် မြောင်းထဲသို့ စွန့်ပစ်ကြတဲ့ အလေ့အထ စတင်ခဲ့ပါတယ်။
ဒီအညစ်အကြေးတွေဟာ တူညီတဲ့ မြစ် သို့မဟုတ် စမ်းချောင်းထဲသို့ ရေစီးနဲ့အတူ မျောပါသွားကြပြီး စနစ်တကျ စွန့်ပစ်ခြင်းနည်းလမ်း စတင်ခဲ့ပါတယ်။
အဲဒီနောက် ပထမဆုံး ခေတ်မီရေဆေးအိမ်သာကို အင်္ဂလိပ်လူမျိုး Sir John Harington မှ ၁၅၉၆ ခုနှစ်မှာ တီထွင်ခဲ့ခြင်းဖြစ်ပြီး သူဟာ အဲလိဇဘက်ဘုရင်မရဲ့ နန်းတွင်းအမှုထမ်းဖြစ်ခဲ့ပါတယ်။
အဲဒီအချိန်ထိတော့ အိမ်သာတွေအားလုံးဟာ တွင်းတွေပါပဲ။Harington က toilet ရဲ့ ရှေးခေတ်ပုံစံအစကို သူ့အိမ်မှာ စမ်းသပ် တပ်ဆင်ထားခဲ့ပြီး နောက်ပိုင်းမှာတော့ အင်္ဂလန်ရှိ တော်ဝင်မြစ်ကမ်းစပ်ရှိ ရစ်ချမွန်နန်းတော်မှာ တပ်ဆင်ထားခဲ့ပါတယ်။
ရေဆေးရန်အတွက် ရေ ၇ ဂါလံခွဲ (၂၈ လီတာ) ယူခဲ့ရပြီး S-bend ပိုက် မရှိသေးခဲ့တာကြောင့် အနံ့ဆိုးများ အခန်းထဲသို့ ပြန်ဝင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီအနံ့ဆိုးတွေကပဲ S-bend ကို အစပြုစေခဲ့တာပါ။
၁၇၇၅ မှာတော့ စကော့တလန်တီထွင်သူ Alexander Cumming က ပထမဆုံး ရေချိုးအိမ်သာမူပိုင်ခွင့်ကို တင်သွင်းခဲ့ပြီး သူ့ရဲ့ အိမ်သာ ဒီဇိုင်းမှာ S-bend နဲ့ ယနေ့ခေတ် အိမ်သာများနဲ့ ပိုဆင်တူတဲ့ ခေတ်မီတဲ့ ရေဆွဲစနစ် ပါဝင်ခဲ့ပါတယ်။
အဲဒီနောက် Thomas Crapper ကတော့ ၁၈၆၀ ခုနှစ်များမတိုင်မီအထိ ရေပိုက်လုပ်ငန်းတွေကို လုပ်ကိုင်နေခဲ့ရင်း ၁၈၈၁ နဲ့ ၁၈၉၆ အကြားမှာ အိမ်သာရဲ့ ရေဆွဲချတဲ့စနစ်၊ အညစ်အကြေး ဖယ်ရှားတဲ့စနစ်တို့ကို သူ့ရဲ့ရေပိုက်စနစ်တွေနဲ့ တီထွင်ဆန်းသစ်စေခဲ့ပါတော့တယ်။
သူ့အိမ်သာဒီဇိုင်းဟာ Cumming ရဲ့ ရိုးရှင်းသောအိမ်သာမှာ ပိုက်စနစ်များကို မြှင့်တင်ပေးထားခြင်းပင် ဖြစ်ပါတယ်။
၁၉၉၀ ကာလတွေမှာတော့ Crapper ဟာအိမ်သာသုံးပစ္စည်းများကိုပါ ထုတ်လုပ်ရောင်းချခဲ့ပြီး အိမ်သာတီထွင်သူဆိုပြီး နာမည်ကျော်ကြားလာခဲ့ပါတော့တယ်။
ယခုအခါ Lüthi နဲ့ သူရဲ့ လုပ်ဖော်ကိုင်ဖက်တို့ဟာ “ပြင်ပအရင်းအမြစ် မလို၊ ပြင်ပပိုက်များ မလိုပဲ ဘယ်လိုဂရစ်အမျိုးအစားနဲ့မဆို ချိတ်ဆက်နိုင်တဲ့ ရေပိုက်များ” ဖြင့် လုပ်ဆောင်နိုင်တဲ့ အလွန်ထိရောက်ပြီး သန့်ရှင်းရေး ကိရိယာတစ်ခုကို တီထွင်နေကြပါပြီ။
Blue Diversion ရှေ့ပြေးပုံစံ
အဆိုပါ ပရောဂျက်ကို အနာဂတ်ရဲ့ အိမ်သာ ဒီဇိုင်းဆွဲခြင်းလို့ ခေါ်ဆိုပြီး သူတို့ရဲ့ Blue Diversion ရှေ့ပြေးပုံစံဟာ မစင်များကို မြေသြဇာအဖြစ်သို့ ပြောင်းလဲစေပြီး ရေကို စဉ်ဆက်မပြတ် သန့်စင်ပြီး ပြန်လည်အသုံးပြုစေမှာပါ။
ဒီအနာဂတ် အိမ်သာတွေကို သန့်ရှင်းရေးပြုလုပ်ရာမှာလည်း လွယ်ကူစေမှာဖြစ်ပြီး ဂေဟစနစ် သဟဇာတဖြစ်စေတဲ့ နည်းလမ်းအဖြစ် အောင်မြင်စွာ ပြောင်းလဲတပ်ဆင်နိုင်စေဖို့လည်း Lüthi တို့က မျှော်လင့်နေကြပါတယ်။
Knight News Team
Knight News © 2022