ကမ္ဘာပေါ်က ဆီးနှင်းအကျဆင်းဆုံး နိုင်ငံ

ကမ္ဘာပေါ်က ဆီးနှင်းအကျဆင်းဆုံး နိုင်ငံ

အနောက်တိုင်းက ရာသီဥတုတွေနဲ့ယှဥ်ရင် အရှေ့တိုင်းက ပိုပြီးပူတယ်ဆိုတာမှန်ပေမဲ့ အံ့သြစရာကောင်းတာက ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်က နှင်းအထူထပ်ဆုံးနိုင်ငံ ဖြစ်လို့နေတာပါ။

နှင်းတွေကျနေတဲ့ နိုင်ငံလို့တွေးလိုက်ရင် ရုရှား၊ ဖင်လန်တို့လို နိုင်ငံတွေက ခေါင်းထဲမှာ ပေါ်လာနိုင်တာမှန်ပေမဲ့ ကမ္ဘာပေါ်က နှင်းထုထည်အများစုကိုတော့ ဂျပန်နိုင်ငံမှာပဲ မြင်တွေ့ရပါလိမ့်မယ်။

အမေရိကန်အခြေစိုက် AccuWeather စစ်တမ်းအရ ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ နှစ်စဉ် ဆီးနှင်းကျဆင်းမှု အများဆုံး မြို့ကြီးတွေကို ပိုင်ဆိုင်ထားရာ နိုင်ငံဖြစ်တယ်လို့ သိရပါတယ်။

ဂျပန်နိုင်ငံဟာ လူနေထိုင်ခြင်းမရှိတဲ့ ဒေသများမှာပင် ကမ္ဘာပေါ်က နှင်းထု အထူထပ်ဆုံးအဖြစ် မှတ်တမ်းတင်ထားတာပါ။

၁၉၂၇ ခုနှစ်မှာ ကမ္ဘာ့အနက်ရှိုင်းဆုံး နှင်းဖုံးလွှမ်းမှု ၁,၁၈၂ စင်တီမီတာရှိခဲ့တဲ့ Ibuki တောင်ဟာ နှစ်ပေါင်း ၁၀၀ နီးပါးမျှ ဘယ်ဒေသကမှ မချိုးဖျက်နိုင်ခဲ့တဲ့ ဆီးနှင်းစံချိန်တစ်ခု ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ နှင်းထူထပ်တဲ့ ဒေသများအတွက် အထူးဥပဒေများပင် ချမှတ်ထားပြီး ဒီဥပဒေအရ နှင်းထူထပ်တဲ့ နေရာများအဖြစ် သတ်မှတ်ထားသော ဧရိယာတွေဟာ နိုင်ငံတစ်နိုင်ငံလုံးက မြေဧရိယာတစ်ခုလုံးရဲ့ ၅၁% ကို သိမ်းပိုက်ထားပါတယ်။

ဆိုလိုတာကတော့ ဂျပန်ရဲ့ နိုင်ငံတစ်ဝက်ကျော်ဟာ နှင်းတွေဖုံးလွမ်းနေတဲ့ ဧရိယာတွေပါ။ ရလဒ်အနေဖြင့် ဂျပန်နိုင်ငံမှာ ဆီးနှင်းနဲ့ပတ်သက်သော ယဉ်ကျေးမှုများနဲ့ နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာခဲ့ပါတော့တယ်။

ဂျပန်နိုင်ငံရဲ့ ဆီးနှင်းအထူထပ်ဆုံး ဒေသလေးတွေထဲမှာ တိုယာမာ၊ ဆာပိုရို၊ အအိုမိုရီ၊ အကိတာတို့ ပါဝင်လို့နေပါတယ်။

တိုယာမာ (Toyama City) ကတော့ လူဦးရေ ၄၁၅,၀၀၀ ခန့် နေထိုင်ကြပါတယ်။ ကမ္ဘာပေါ်မှာ ဆီးနှင်းကျဆင်းမှု ပျမ်းမျှ ၃၆၃ စင်တီမီတာ (၁၄၃ လက်မ) နှုန်းနဲ့ တတိယ ကမ္ဘာ့နှင်းအဖွဲဆုံး ဒေသအဖြစ် စံချိန်တင်ထားပါတယ်။

တိုယာမာရဲ့ အမြင့်ဆုံးစံချိန်မှာ ၄၂၆ စင်တီမီတာ (၁၆၇ လက်မ) ဖြစ်ပြီး တစ်ခါတစ်ရံမှာ ဂျပန်နိုင်ငံရဲ့ နှင်းအကျဆုံးမြို့လည်း ဖြစ်နေတတ်ပါတယ်။

ဒီမြို့လေးဟာ နှင်းကျခြင်းအပြင် ရှုခင်းလည်း အင်မတန်လှပသလို နှစ် ၃၀၀ သက်တမ်းရှိ Owara Kaze-no-Bon ပွဲတော်နဲ့ Toyama Bay မှ အရသာရှိတဲ့ ပင်လယ်စာများကြောင့် လူသိများပါတယ်။

အခြားတစ်ဖက်မှာမူ တိုမိုယာဟာ Zao Onsen ရဲ့ ရင်သပ်ရှုမောဖွယ် နှင်းလျှောစီး အပန်းဖြေစခန်းများ၊ ရေပူစမ်းများနဲ့ “Dewa Mountains of Threes” သို့မဟုတ် Dewa Sanzan လို့ခေါ်တဲ့ အနောက်မြောက်ဘက်ရှိ မြင့်မြတ်သော တောင်ကြီးသုံးခုကြောင့်လည်း လူသိများပါတယ်။

ဟိုကိုင်းဒိုးရဲ့ မြို့တော် ဆာပိုရို (Sapporo) ကတော့ လူဦးရေ ၂ သန်းနီးပါး နေထိုင်ပြီး ကမ္ဘာ့ ဒုတိယမြောက် နှင်းအထူးထပ်ဆုံး နိုင်ငံဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်း ဆာပိုရိုဟာ ပျမ်းမျှနှင်းကျဆင်းမှု ၅၉၇ စင်တီမီတာ (၂၃၅ လက်မ) ပေးစွမ်းခဲ့ပြီး ဆောင်းရာသီအိုလံပစ် အားကစားပြိုင်ပွဲကို ၁၉၇၂ ခုနှစ်မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ရာမြို့လည်း ဖြသ်ပါတယ်။

ထိုအချိန်မှစ၍ ဆာပိုရိုဟာ တိုကျို၊ ကျိုတို၊ အိုဆာကာတို့နဲ့အတူ ဂျပန်နိုင်ငံ၏ ဂုဏ်သိက္ခာအရှိဆုံး ခရီးသွားနေရာများထဲမှ တစ်ခုဖြစ်လာခဲ့ပါတယ်။

အလွန်စနစ်ကျတဲ့ မြို့ရှုခင်းတွေကြောင့် လူသိများသလို ဂျပန်လူမျိုးတွေအတွက်တော့ ဆာပိုရိုဟာ သူတို့ပြောင်းရွှေ့လိုတဲ့ အကောင်းဆုံးမြို့ဖြစ်ကြောင်း ပြောဆိုကြပြီး မြို့ကလည်း များသောအားဖြင့် ဆီးနှင်းတွေနဲ့ ဖုံးလွှမ်းနေပါတယ်။

အအိုမိုရီ (Aomori) မြို့ကတော့ ကမ္ဘာပေါ်က နှင်းအထူထပ်ဆုံးမြို့ဖြစ်ပြီး လူဦးရေ ၁၀၀,၀၀၀ ကျော် နေထိုင်ကြပါတယ်။

ဂျပန်နိုင်ငံက အဓိကကျွန်းရဲ့ မြောက်ဘက်စွန်းမှာ တည်ရှိပြီး တစ်နှစ်လျှင် ပျမ်းမျှ ဆီးနှင်းကျဆင်းမှု ၆၆၇ စင်တီမီတာ (၂၆၂ လက်မ) နှုန်းအထိ မြင့်တက်နေခဲ့ပါတယ်။

သူ့ရဲ့အမြင့်ဆုံး စံချိန်ကတော့ ၇၉၂ စင်တီမီတာ (၃၁၃ လက်မ) အထိ ရှိဖူးခဲ့ပြီး မြို့ရဲ့ထင်ရှားတဲ့ ပြယုဂ်တစ်ခုကတော့ နှင်းများဖုံးလွှမ်းနေတဲ့ Hakkoda တောင်ပါပဲ။

သမိုင်းဝင် ရှေးဟောင်းပစ္စည်းများ အများအပြားကို ပေးဆောင်နေရာမြို့လည်း ဖြစ်သလို အအိုမိုရီဟာ သူ့ရဲ့ Nebuta ပွဲတော်အတွက် ကျော်ကြားပါတယ်။

အအိုမိုရီဟာ သူ့ရဲ့ဆီးနှင်းတွေအပြင် ဂျပန်နိုင်ငံက ပန်းသီးတွေအများဆုံး ပိုင်ဆိုင်ရာနိုင်ငံလည်းဖြစ်ပြီး နိုင်ငံရဲ့ ပန်းသီးထွက်ရှိမှု ထက်ဝက်ကျော်ဟာ ဒီမြို့က ပေးဆောင်နေတာပါ။

အချုပ်ဆိုရရင်တော့ ကမ္ဘာပေါ်က နှင်းအထူထပ်ဆုံး ထိပ်တန်းမြို့များထဲမှာ အနည်းဆုံး လေးငါးမြို့ဟာ ဂျပန်နိုင်ငံမှာပဲ တည်ရှိနေပါတယ်။

ဒါကြောင့် ယခုအချိန်ကစလို့ ဂျပန်အကြောင်းတွေးတဲ့အခါ ဆာမူရိုင်းတွေ၊ ဘုရားကျောင်းတွေ၊ ရထားတွေနဲ့ နည်းပညာတွေအပြင် ဆောင်းရာသီမှာ နှင်းတွေ အများကြီးနဲ့ ဖုံးလွှမ်းနေတဲ့ မြင်ကွင်းတွေကိုလည်း တွေးကြည့်သင့်ပါပြီ။

ဒါကြောင့်လည်း ဂျပန်ဟာ တိုင်းပြည်ရဲ့ အစိတ်အပိုင်းတွေကို “နှင်းနိုင်ငံ” လို့ ခေါ်ဆိုခံနေရတာပါပဲ။

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *