TR-3B ကမ္ဘာ့ဆွဲအားကို ဆန့်ကျင်ပျံသန်းနိုင်သောယာဉ်

TR-3B ကမ္ဘာ့ဆွဲအားကို ဆန့်ကျင်ပျံသန်းနိုင်သောယာဉ်

TR-3B Black Manta ဆိုတဲ့အမည်ကိုတော့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ သူဟာ ဒဏ္ဍာရီ မဟုတ်တော့သလို ကောင်းကင်မှာ တြိဂံပုံစံနဲ့ ပျံသန်းနေတာကို အကြိမ်တော်တော်များများ တွေ့နေရပါပြီ။

ဒွိဟဖြစ်နေတာက ဒါဟာ တစ်ခြားကမ္ဘာက ဂြိုဟ်သားတွေရဲ့ယာဉ်လား၊ လူသားတွေရဲ့ တီထွင်မှုလား တိတိကျကျ မသိကြရသေးတာပဲ ဖြစ်ပါတယ်။

ဒါကြောင့်လည်း သူနဲ့ပါတ်သက်တဲ့ မှန်းဆချက်တွေ အများအပြား ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

၁၉၉၀ ခုနှစ်မှာ နယူးမက္ကဆီကိုပြည်နယ်က ဒေသခံတွေဟာ ကောင်းကင်က ကျယ်လောင်တဲ့အသံတွေကို ကြားခဲ့ကြပါတယ်။

သာမန် မိုးခြိမ်းသံလိုမဟုတ်တဲ့ အသံတွေမို့ အိမ်အပြင်ကို ထွက်ကြည့်ကြတဲ့အခါ အနက်ရောင်ယာဉ်ကို တွေ့ခဲ့ကြတယ် ဆိုပါတယ်။

သူတို့ ရိုက်ယူထားတဲ့ ဓါတ်ပုံတွေမရ ယာဉ်ဟာ တြိဂံပုံစံဖြစ်ပြီး သူတို့က UFO လို့ ထင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဒါသာ လူသားတွေ ဖန်တီးခဲ့တဲ့ယာဉ်ဖြစ်တယ်ဆိုတာ အခုတော့ သေချာစေခဲ့ပါပြီ။

ဒီ TR-3B ဟာ လျှို့ဝှက်စွာ တည်ဆောက်ခဲ့တဲ့ အမေရိကန်ရဲ့ စီမံကိန်းတစ်ခု ဖြစ်ပါတယ်။ စီမံကိန်းမှာ အမေရိကန်လေတပ်၊ နာဆာ (NASA) နဲ့ တစ်ခြား ကုမ္ပဏီကြီးတွေ ပူးပေါင်းပါဝင်ကြပါတယ်။

လေယာဉ်ကို လျှို့ဝှက်စွာ စမ်းသပ်ခဲ့ကြတာဖြစ်ပြီး F-117 Nighthawk လေယာဉ်တွေ စမ်းသပ်တာဆိုပြီး ဖုံးကွယ်ထားခဲ့ကြပါတယ်။

တကယ်တော့ ဒီ ကိုယ်ပျောက်လေယာဉ်ကို ထုတ်လုပ်ခဲ့တာ (၁၀)နှစ်လောက် ရှိနေပါပြီ။ သူ့ကို တွေ့ရှိမှုတွေကလည်း နေရာအနှံ့အပြားမှာ ဖြစ်နေခဲ့တာပါ။

TR-3B ဆိုတာ TR-3A ကနေ ဆက်လက်ဖြစ်ထွန်းလာခဲ့တဲ့ စီမံကိန်းပါ။ အနက်ရောင်ရှိလို့ နာမည်ကို Black Manta လို့ ခေါ်ကြတာ ဖြစ်ပါတယ်။ သူဟာ ကိုယ်ပျောက်ယုံတင်မက အာကာသထိ ပျံသန်းနိုင်တဲ့ယာဉ်တစ်စီး ဖြစ်နေပါပြီ။

ဒီလေယာဉ်ထုတ်လုပ်မှုဟာ အလွန်ကြီးမားတဲ့ စီမံချက်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဘတ်ဂျက်ငွေ အမြောက်အများ သုံးစွဲခဲ့ကြရပါတယ်။ အဓိက ကျခံခဲ့တဲ့ အဖွဲ့အစည်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

(၁) National Reconnaissance Office (အမျိုးသားရေးဆိုင်ရာ ကင်းထောက်အဖွဲ့)၊ (၂) Naval Intelligence (ရေတပ် ထောက်လှမ်းရေး)၊ (၃) NASA နဲ့ CIA, (၄) အခြားသော အဖွဲ့အစည်းကြီး ၄ ခုတို့ ဖြစ်ပါတယ်။

စစ်ဖက် သတင်းအရင်းအမြစ်တွေအရတော့ TR-3A (Sportster) ကတဆင့် TR-3B (ASTRA) ပုံစံကို ပင်တဂွန်က ပြောင်းလဲရွေးချယ်ခဲ့ပြီးနောက်မှာတော့ ထုတ်လုပ်မှုကို လော့ဟိဒ်မာတင် ကုမ္ပဏီနဲ့ သဘောတူညီမှု ရရှိခဲ့ပါတယ်။ လော့ဟိဒ်မာတင်က ဒီပရောဂျက်ကို (DARPA) ပရောဂျက်လို့ နာမည်ပေးခဲ့ပါတယ်။

ဧရိယာ-၅၁ (Area-51) လိုပဲ နာမည်ကျော် ဧရိယာ S-4 မှာ ဒီလေယာဉ်တွေကို စမ်းသပ်ခဲ့တာပါ။ နီဗားဒါးပြည်နယ်ထဲက သဲကန္တာရထဲမှာ ဖြစ်ပါတယ်။ လော့ဟိဒ်မာတင်ရဲ့ CEO ဖြစ်သူက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောခဲ့ပါတယ်။

“ဧရိယာ-၅၁ မှာ အလုပ်လုပ်ရတာ Star Trek ဇာတ်လမ်းတွဲထဲက အရာတွေထက် ဆန်းကြယ်တာတွေ မြင်ခဲ့ရတယ်ဗျာ။”တဲ့

ဒီ လေယာဉ်ကို စမ်းသပ်ပျံသန်းခဲ့တဲ့ လေယာဉ်မှူးတွေကလည်း ဒီယာဉ်ဟာ တစ်နာရီအတွင်းမှာပဲ လရဲ့ ပါတ်လမ်းထဲကိုရောက်အောင် စွမ်းဆောင်နိုင်တယ်လို့ ဆိုပါတယ်။

ဆန်းကြယ်တဲ့ TR-3B (Black Manta) လေယာဉ်အကြောင်းကို Knight News မှာ ယခင်က တင်ပြခဲ့ဖူးလို့ အသေးစိတ်တော့ ဒီနေရာမှာ မပြောတော့ပါဘူး။

စဉ်းစားစရာကတော့ ဒီလေယာဉ်ရဲ့ နည်းပညာဟာ လူသားတွေရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ စိတ်ကူးကြောင့်လား ဒါမှမဟုတ် ကွန်စပိုင်ရေစီ (Conspiracy) သီအိုရီသမားတွေ ယူဆသလို ဂြိုဟ်သားတွေရဲ့ နည်းပညာလားဆိုတာပါပဲ။

အောက်မှာဖော်ပြထားတဲ့ အချက်လေးကိုသာ ဖတ်ကြည့်ကြပါဦးလို့။

” တြိဂံပုံ ကိုယ်ထည်ဖြင့် တည်ဆောက်ထားပြီး ထောင့်စွန်းများတွင် တည်ငြိမ်လျှပ်စစ်စက်ကွင်းများကို စီးဆင်းနေစေအောင် ပြုလုပ်ထားသည်။ ထို လျှပ်စစ်စက်ကွင်းများက ရေပြင်ညီစက်ကွင်းအားများ ဖြစ်ပေါ်စေသည်ကို တွေ့ရပါသည်။

ယာဉ်၏ အင်တင်နာမှလည်း ယာဉ်တစ်ဖက်တစ်ချပ်နှင့် အပေါ်အောင် လျှပ်စစ်အားလှိုင်းများ တပြိုင်နက် ထုတ်လွှတ်နိုင်သည်ကို တွေ့ရပါသည်။

ထိုအားများကြောင့် ယာဉ်ကို မတင်ခြင်း၊ရွေ့လျားခြင်း ပြုလုပ်နိုင်သည်ဟု တွေ့ရှိရပါသည်။”

Knight News Team

Knight News © 2022

Leave a Reply

Your email address will not be published. Required fields are marked *