ဂျပန်လူငယ်တွေ အချစ်ကို စိတ်မဝင်စားကြတော့ဘူးလား
ဒီနေ့ခေတ် ဂျပန်ဟာ(Celibacy Syndrome)ခေါ်တဲ့ရော ဂါတစ်မျိုးဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒီအရာကို နားလည်အောင်ပြောရရင် ဗြဟ္မ စရိယကျင့်ခြင်း၊ ဧကစာကျင့်ခြင်း ဒါမှမဟုတ် တစ်ယောက်တည်းနေရာတာ နှစ်သက်တာလို့ပဲ ပြောရမှာပေါ့။
ဂျပန်တွေဟာ သက်ဝင်လှုပ်ရှား စက်ရုပ်တွေကို ပိုနှစ်သက်လာနေကြပါတယ်။ တစ်ချို့က ဖိုမကိစ္စကို ရွံရှာ စရာလို့ ယူဆကြပြီး တစ်ချို့ကတော့ လုံးဝ စိတ်မဝင်စားကြဘူးလို့ စစ်တမ်းတွေအရ သိရပါတယ်။
ဒီကိစ္စမှာ ဘာကို အပြစ်တင်ရမလဲ။ အပျော်မယ်တွေကြောင့်လား၊ ကျားမခွဲခြား ဆက်
ဆံရေးကြောင့်လား၊ ယောင်္ကျားမိန်းမတန်းတူအခွင့်အရေးကြောင့်လား ဒါမှမဟုတ် ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကြောင့်လား။
တကယ်တော့ ဒါတွေကလည်း ဒီကိစ္စရဲ့ အစိတ်အပိုင်းငယ်တစ်ခုသာ ဖြစ်ပါတယ်။ တကယ့်ဖြစ်စဉ်ကို ကြည့်ရအောင်နော်။
ဂျပန်တွေဟာ အစဉ်အလာအရ အသီးအရွက်ကို နှစ်ခြိုက်စွာ စားသုံးလေ့ ရှိပါတယ်။ ဒါကို “မြက်စားသူ”လို့ သုံးနှုန်းပါတယ်။
တစ်ယောက်ယောက်ကို “မြက်စားသူ” (Grass Eater Man)လို့ သုံးနှုန်းခြင်းဟာ ဘာကို ရည်ညွှန်းသလဲဆိုရင် အဲဒီလူဟာ လက်ထပ်ဖို့တို့၊ ဒိတ်ဖို့တို့ လုံးဝ စိတ်မဝင်စားဘူးလို့ ဆိုလိုတာပါ။
ဂျပန်အစိုးရဟာ (၅)နှစ်တစ်ခါ စစ်တမ်းကောက်ယူလေ့ ရှိပါတယ်။ စာရင်းအရ တွေ့ရှိရတာကတော့ ပိုပိုဆိုးလာပါတယ်တဲ့။ သန်းချီတဲ့ ဂျပန်လူငယ်တွေဟာ သမီးရည်းစား ချိန်းတွေ့တာမျိုးကို လုံးဝ စိတ်မဝင်စားကြပါဘူးတဲ့။
အမျိုးသမီး(၄၅)ရာခိုင်နှုန်းနဲ့ အမျိုးသား (၂၅)ရာခိုင်နှုန်းဟာ ဖိုမဆက်ဆံတာကို လုံးဝ စိတ်မဝင်စားကြတာ တွေ့ရပါတယ်။ ကျန်တဲ့ ၂၀ ရာခိုင်နှုန်းထဲ ၁၀၀ မှာ ၆၀ ဟာ လူပျို၊အပျို စစ်စ်တွေ ဖြစ်ပါတယ်တဲ့။
အခုဆိုရင် ဂျပန်မှာ ဒီ Celibacy Syndrome ဟာ အရေးတကြီးကိစ္စတစ်ခု ဖြစ်လာနေပါတယ်။ ဂျပန်မှာ ကလေးမွေးဖွားနှုန်း ကျဆင်းလာတာ ၁၉၇၀ ခုနှစ်နောက်ပိုင်းကတည်းက ဖြစ်ပါတယ်။
၁၉၇၃ ခုနှစ်မှာ အမြင့်ဆုံး မွေးဖွားနှုန်း ရှိခဲ့ပေမဲ့ လူဦးရေ ၂.၁ သန်းသာ ရှိပါတယ်။ ဒါဟာ ၂၀၄၀ ခုနှစ်အထိဆိုရင် ၇၄၀,၀၀၀ လောက် ကျဆင်းမယ်လို့ မှန်းဆကြပါတယ်။
လူဦးရေပြဿနာဟာ ပြဿနာအကြောင်းခံတွေများစွာကြောင့် ဖြစ်ပေါ်လာတာပါ။ အစိုးရရဲ့ ချဲ့ထွင်လာတဲ့ လုပ်ငန်းတွေမှာ လုပ်သား အလွန်အမင်း လိုအပ်မှုတွေကနေ စတင်လာတာလည်း ဖြစ်ပါတယ်။
အလုပ်ဝန်ပိခြင်းဟာလည်း အချစ်ရေးကိစ္စ လျော့ပါးလာခြင်းရဲ့ အဓိကအချက်လို့ ပြောလို့ရပါတယ်။ ဂျပန်လုပ်ငန်းတွေဟာ ပူးပေါင်းလုပ်ဆောင်ကြတဲ့မူကို အခြေခံပါတယ်။
ပုံမှန် အလုပ်သမားတွေဟာ တစ်ပါတ်ကို နာရီ ၅၀ ကနေ ၅၃ နာရီကြာ အလုပ်လုပ်ကြရပါတယ်။ ဒီအထဲက ၁၅ ရာခိုင်နှုန်းဟာ တစ်ပါတ် နာရီ ၆၀ ထိ လုပ်ကြရပါတယ်။
ဒီတော့ ကျန်တဲ့နာရီတွေမှာ အိပ်ရဝအောင် အိပ်ကြရပါတော့တယ်။ ဒါကြောင့် အချစ်ရေးနဲ့ တစ်ခြား ကိစ္စတွေကို စိတ်မဝင်စားနိုင်ကြတော့ပါဘူး။
ဂျပန်အမျိုး သမီးတွေအတွက်က ပိုဆိုးပါတယ်။ ဂျပန်ဟာ စီးပွားရေး ထိပ်တန်းနိုင်ငံတစ်ခုဖြစ်တာကိုတော့ သိပြီးဖြစ်မှာပါ။
ဒါပေမဲ့ ယောင်္ကျားမိန်မခွဲခြားဆက်ဆံမှုက ကျန်ရှိနေပါသေးတယ်။ ဂျပန်အမျိုးသမီးတွေဟာ ရာထူးငယ်ရဖို့ကိုတောင် ကြိုးစားရပါတယ်။
နိုင်ငံရေးမှာလည်း ကိုယ်စားပြုနိုင်မှု နည်းပါသေးတယ်။ လက်ထပ်ပြီးရင်လည်း အလုပ်ကထွက်ဖို့ ဖိအားပေးခံရတတ်ပါတယ်။ ဒါကြောင့် အလုပ်နဲ့ အချစ်ရေးဟာ အမြဲ လွန်ဆွဲနေရပါတယ်။
အပျော်မယ်လုပ်ငန်းတွေကြောင့်လည်း လက်ထပ်ဖို့ကိစ္စတွေ လျော့ကျလာပြန်ပါတယ်။ ဂျပန်မှာ အပျော်မ ယ်ရပ်ကွက်တွေ ဖွင့်လှစ်ထားပါတယ်။ အချစ်ဟိုတယ်တွေ၊ ဘားနဲ့ ကလပ်တွေလည်း ပုံစံမျိုးစုံနဲ့ ရှိကြပါတယ်။
ဈေးနှုန်းတွေကလည်း သာမန်ထက် နည်းနည်းပဲ ပိုများပါတယ်။ ပုံစံကလည်း မျိုးစုံရှိပါတယ်။ ဒါတွေကလည်း ဂျပန်လူမျိုးတွေအတွက် အိမ်ထောင်သားမွေးပြုချင်စိတ်ကို လျော့နည်းစေပါတယ်။
ဥရောပနိုင်ငံတွေနဲ့ မတူတာက သူတို့မှာ ချိန်းတွေ့တဲ့ အလေ့အထ မရှိကြပါဘူး။ လူငယ်စုံတွဲတွေဟာ လက်မထပ်ခင်မှာ ချိန်းတွေ့ကြတယ်ဆိုတာ ရှားပါးတယ်တဲ့။ ဒါကြောင့် လက်မထပ်ခင်အထိ သူတို့ဟာ အ ပျိုစင်၊ လူ ပျိုစင်အဖြစ် ရှိနေကြပါတယ်။
ကဲ ဂျပန်အစိုးရကတော့ ဒါကို အမျိုးသားရေးကိ စ္စတစ်ခုအဖြစ်ရှု့မြင်ပြီး ဖြေရှင်းဖို့ နည်းလမ်းရှာနေပါပြီတဲ့။ Knight News ပရိတ်သတ်ကြီးရော ဒီကိစ္စအတွက် အကြံဉာဏ်ရှိရင် မန့်ထဲမှာ မျှဝေခဲ့ကြပါအုံးဗျ။
Knight News Team
Knight News © 2022