ကာရာအိုကေအစ ဂျပန်က
ယနေ့ခေတ် ကာရာအိုကေဆိုတာ နိုင်ငံတကာမှာ ခေတ်စားနေပြီဖြစ်တဲ့ မိသားစုအပန်းဖြေမှုတစ်ခု ဖြစ်လို့နေပါပြီ။ ဒီကာရာအိုကေ (သို့) KTV ဆိုတာကို အစပြုခဲ့တာကတော့ ဂျပန်နိုင်ငံက ဖြစ်ပါတယ်။
“Karaoke” လို့ စာလုံးပေါင်းရာမှာ ဂျပန်လို “Kara” က ကင်းမဲ့ခြင်းလို့ အဓိပ္ပာယ်ရပြီး “oke” ကတော့ သံစုံတီးဝိုင်းလို့ အဓိပ္ပာယ်ရပါတယ်။ ဂျပန်နိုင်ငံဟာ ပထမဆုံးသော ကာရာအိုကေစက်ကို တီထွင်ခဲ့ပါတယ်။
Daisuke Inoue
တီထွင်ခဲ့သူ၊ KTV တို့ရဲ့ ဖခင်ကြီးကတော့ ဂျပန်နိုင်ငံသား Daisuke Inoue ဖြစ်ပါတယ်။ ဒီလူဟာ ကာရာအိုကေအတွက် မူပိုင်ခွင့်တောင်မှ မလျှောက်ခဲ့ဘူးလို့ သိရပြီး သူမူပိုင်ခွင့်မတင်ခဲ့တဲ့ အကြောင်းရင်းကလည်း လူသားတွေကို သီချင်းဆိုတတ်စေချင်လို့ပါတဲ့။
Daisuke Inoue ဟာ ကာရာအိုကေစက်ကို တီထွင်ခဲ့အပြီးမှာတော့ လူသိများ ကျော်ကြားလာခဲ့ပြီး နာမည်ကြီး ဂျပန်စီးပွားရေးသမား ဖြစ်လာခဲ့ပါတယ်။
ဘားများတွင် သီချင်းဆိုလိုတဲ့ ဂီတသမားများကို ကျောထောက်နောက်ခံပြုကာ ငယ်ရွယ်စဉ်အချိန်က ဂီတပညာရှင်ဖြစ်ခဲ့တဲ့ Inoue ဟာ သူတို့အား တီးဝိုင်းမလိုဘဲ သီချင်းဆိုခွင့်ရှိတဲ့ စက်ကို တီထွင်ခဲ့ပါတယ်။
သူဟာ စက်ကို မူပိုင်ခွင့်မလျှောက်ခဲ့သဖြင့် တိုက်ရိုက် အကျိုးအမြတ် မရရှိခဲ့ဘဲ ကာရာအိုကေစက်များဟာလည်း နောက်ပိုင်း စက်မှုလုပ်ငန်းတွေမှာ ဆက်လက်ထုတ်လုပ်ခဲ့ကြပါတယ်။
Inoue ရဲ့ အကြီးမားဆုံး အောင်မြင်မှုတွေထဲမှာ ၁၉၉၉ ခုနှစ်မှာ ကမ္ဘာကျော် Time မဂ္ဂဇင်းရဲ့ “သြဇာအရှိဆုံး အာရှသားများ” စာရင်းမှာ ဂုဏ်ပြုခံခဲ့ရတာဖြစ်ပြီး ၂၀၀၄ ခုနှစ်မှာတော့ Ig Nobel Peace Prize ဆုကို ချီးမြှင့်ခံခဲ့ရပါတယ်။
အဲဒီနောက် ၂၀၀၅ ခုနှစ်မှာ ဂျပန်အတ္ထုပ္ပတ္တိရုပ်ရှင် “Karaoke” နဲ့ ဂုဏ်ပြုခံခဲ့ရသူလည်း ဖြစ်လာခဲ့ပါတယ်။ Daisuke Inoue ကို ၁၉၄၀ ခုနှစ်၊ မေလ ၁၀ ရက်နေ့မှာ ဂျပန်နိုင်ငံ၊ အိုဆာကာ၌ မွေးဖွားခဲ့ပါတယ်။
ရထားဘူတာနောက်မှာ ကိတ်မုန့်ရောင်းသူရဲ့ သားဖြစ်သူ Inoue ဟာ နီရှီနိုမီယာမှာ ကြီးပြင်းခဲ့သူပါ။သူဟာ အထက်တန်းကျောင်းအရွယ်မှာ ဒရမ်တီးခြင်းကို စတင်ခဲ့သော်လည်း အထူးကျွမ်းကျင်မှု မရှိခဲ့သူလည်း ဖြစ်ပါတယ်။
ဒီအတွက်ကြောင့်လည်း စင်ပေါ်တက်လိုသော ဝါနု ဂီတသမားတွေအတွက် ကလပ်တစ်ခုမှာ အရန်တေးဂီတကို ပံ့ပိုးပေးနိုင်တဲ့ တီးဝိုင်ပုံစံမျိုးနဲ့ စီးပွားရေးစီမံခန့်ခွဲမှုကို ရယူခဲ့ပါတယ်။
Inoue တစ်ယောက်တည်းနဲ့ မတက်စွမ်းနိုင်တဲ့ စီးပွားရေးခရီးစဉ်တစ်ခုမှာ ဖောက်သည်တစ်ဦးမှ Inoue အား ပံ့ပိုးပေးခဲ့ပြီး ငွေအားရလာတဲ့အတွင်ခါမှာတော့ သူဟာ “ဗလာသံစုံတီးဝိုင်း” လို့ အဓိပ္ပာယ်ရတဲ့ ကာရာအိုကေရဲ့ အခြေခံအယူအဆကို တီထွင်ခဲ့ပါတော့တယ်။
အဲဒီနောက် သီချင်း တိပ်တွေ လိုက်လံစုဆောင်းခဲ့ပါတော့တယ်။ Inoue ဟာ သူ့ရဲ့ အကြံအစည်ကို ကျယ်ကျယ်ပြန့်ပြန့် ဆွဲဆောင်မှုရှိနိုင်တယ်လို့ ယုံကြည်ခဲ့ပြီး ၁၉၇၁ ခုနှစ်မှာ ကိုဘေးရှိ အရက်ဆိုင်များသို့ သူ့စက်ကို စတင်ငှားရမ်းခဲ့ပါတယ်။
အဲဒီအချိန်ကစလို့ သူ့ရဲ့ကာရာအိုကေစက်ဟာ လူကြိုက်များလာခဲ့ပြီး ခေတ်ရေစီးကြောင်းတစ်ခုအဖြစ်တောင် ပေါ်ပေါက်လာခဲ့ပါတော့တယ်။
Inoue ဟာ သူ့ရဲ့တီထွင်မှုကို မူပိုင်ခွင့်မယူခဲ့တာကြောင့် ထွန်းကားတဲ့ စက်မှုလုပ်ငန်းကိုစတင်ခဲ့သော ဒီတီထွင်မှုမှ တိုက်ရိုက်အကျိုးအမြတ်မျိုး မရရှိခဲ့ပါဘူး။
Inoue နောက် ဖိလစ်ပိုင်နိုင်ငံသား Roberto del Rosario က ၁၉၇၅ ခုနှစ်မှာ သူတီထွင်ခဲ့သော ကာရာအိုကေစက်စနစ်အတွက် မူပိုင်ခွင့်ကို လျှောက်ထားခဲ့ပါတယ်။
Inoue မူပိုင်ခွင့်လျှောက်တဲ့ တီထွင်မှုကတော့ ကာရာအိုအေစက်အတွင်းက လျှပ်စစ်ပစ္စည်းတွေကို ဖျက်ဆီးလေ့ရှိတဲ့ ကြွက်နဲ့ ပိုးဟပ်များကို နှိမ်နင်းဖို့ ပိုးသတ်ဆေး တီထွင်မှုပါပဲ။
၁၉၈၀ ခုနှစ်များမှာတော့ သူဟာ ကာရာအိုကေစက်တွေအတွက် ဂီတလုပ်ငန်းဆိုင်ရာ လိုင်စင်ရရှိရေးကို လုပ်ကိုင်ခဲ့ပြီး ၁၉၉၀ ပြည့်လွန်နှစ်များမှာတော့ သီချင်းရှစ်ပုဒ်သာ အသုံးပြုနိုင်တဲ့ ကာရာအိုကေကို ဆက်မသုံးကြတော့တာကြောင့် Inoue တစ်ယောက် သူ့ရဲ့ ကိုယ်ပိုင် Daiichi Kosho ကုမ္ပဏီနဲ့ အလုပ်လုပ်ကိုင်ဖို့ ဦးတည်ခဲ့ပါတော့တယ်။
ထိုအချိန်က Daiichi Kosho ဟာ ထိပ်တန်းကာရာအိုကေ ကုမ္ပဏီဖြစ်တာကြောင့် ကုမ္ပဏီဥက္ကဋ္ဌအဖြစ် ဝင်ငွေများစွာရနေသော်လည်း Inoue တစ်ယောက် စိတ်ကျရောဂါ ခံစားနေရတဲ့ ကာလတစ်ခုမှာတော့ ၎င်းကို စွန့်ခွာခဲ့ပါတော့တယ်။
နောက်ပိုင်းမှာတော့ Inoue ဟာ All-Japan Karaoke Industrialist Association ကို စတင်ဦးဆောင်ခဲ့ပြီး ၁၉၉၆ ခုနှစ်မှာ Inoue ရဲ့ ကာရာအိုကေနဲ့ ချိတ်ဆက်မှုကို စင်္ကာပူရှိ တီဗီချန်နယ်တစ်ခုမှာ ပထမဆုံး ထုတ်လွှင့်ခဲ့ပါတယ်။
၁၉၉၉ ခုနှစ်မှာ Time မဂ္ဂဇင်းဟာ အသစ်စက်စက်တီထွင်မှုနဲ့ နိုင်ငံတကာ နှစ်သက်စေမှု၊ နိုင်ငံတကာ ခေတ်ရေစီးကြောင်းကို အစပြုခဲ့တဲ့ Inoue ရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုခဲ့ပြီး သူ့ကို “ရာစုနှစ်ရဲ့ သြဇာအရှိဆုံး အာရှသားတစ်ယောက်” အဖြစ် ဖော်ပြခဲ့ပါတယ်။
“မော်စီတုံး သို့မဟုတ် မိုဟန်ဒစ်ဂန္ဒီသည် အာရှနေ့များကို ပြောင်းလဲစေခဲ့ပါတယ်။ Inoue ကတော့ သူ့ရဲ့ညတွေကို ပြောင်းလဲစေခဲ့ပါတယ်။” လို့ Time စာရေးဆရာ Pico Iyer က အမွှန်းတင် ရေးသားခဲ့ပါတယ်။
Time လို ကမ္ဘာကျော် မဂ္ဂဇင်းမျိုးနဲ့ ထိတွေ့မှုပြီးနောက်မှာတော့ Inoue ဟာ နိုင်ငံတကာ မီဒီယာတွေရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်ခဲ့ပါတော့တယ်။
၂၀၀၄ ခုနှစ်မှာတော့ Inoue ဟာ “ကာရာအိုကေ တီထွင်ခြင်း” အတွက် Ig Nobel ငြိမ်းချမ်းရေးဆုကို လက်ခံရယူဖို့ ဟားဗတ်တက္ကသိုလ်သို့ သွားရောက်ခဲ့ပြီး လူများအချင်းချင်း သည်းခံတတ်ရန်၊ သင်ယူရန် အစရှိတဲ့ သူ့ရဲ့လူနေမှုပုံစံတွေကို စင်မြင့်ထက်မှာ ပေးစွမ်းခဲ့ပါတယ်။
“I’d Like to Tea the World to Sing” ဆိုတဲ့ သူ့အတွက် ဂုဏ်ပြုတေးသီချင်းကိုလည်း အခမ်းအနားမှူး Marc Abrahams က Ig Nobels တွေထဲမြင်ဖူးသမျှမှာ အရှည်ကြာဆုံး မတ်တပ်ရပ်ဂုဏ်ပြုခဲ့တဲ့ သံပြိုင်သီဆိုမှုဖြစ်ကြောင်း ရည်ညွှန်းခဲ့ပါတယ်။
ပွဲကြည့်တန်းက ပရိသတ်တွေကလည်း “Can’t Take My Eyes off You” သီချင်းနဲ့ Inoue အား သံပြိုင် သီဆိုဂုဏ်ပြုခဲ့ပြီး ဆူပူစွာ အားပေးတုံ့ပြန်ခဲ့ကြပါတယ်။
၂၀၀၅ ခုနှစ်မှာတော့ ဒါရိုက်တာ Hiroyuki Tsuji က “Karaoke” အမည်ရတဲ့ ဇာတ်ကားကို Inoue အတွက် ဂုဏ်ပြုသောအားဖြင့် Inoue စိတ်ကူးယဉ် အတ္ထုပ္ပတ္တိ ရုပ်ရှင်အဖြစ် ကမ္ဘာတစ်ဝှမ်းကို ဖြန့်ချီခဲ့ပါတယ်။
Knight News Team
Knight News © 2022