အိုင်ယာလန်နိုင်ငံမှာ မြွေတစ်ကောင်မှ မရှိတဲ့ အကြောင်းရင်း

အိုင်ယာလန်နိုင်ငံမှာ မြွေတစ်ကောင်မှ မရှိတဲ့ အကြောင်းရင်

ဥရောပတိုက် အနောက်မြောက်ဘက်ပိုင်းမှာတည်ရှိတဲ့ အိုက်ယာလန်နိုင်ငံမှာ မြွေတစ်ကောင်မှမရှိဘူးပါဘူး။ ဒဏ္ဍာရီတစ်ခု အရတော့ ငါးရာစုခန့်က ခရစ်ယာ ဘုန်းတော်ကြီး စိန့်ပက်ထရစ် အိုက်ယာလန်နိုင်ငံကို သာသနာပြု လာရောက်တဲ့အခါ ဘုန်းတော်ကြီးမှ အိုက်ယာလန်မှာရှိတဲ့ မြွေ များအားလုံးကို မောင်းနှင်ထုတ်ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမဲ့ ဒဏ္ဍာရီအတိုင်း အိုက်ယာလန်နိုင်ငံမှာလည်း မြွေတစ်ကောင်မှလည်း မရှိပါဘူး။ ၂၀၁၄ ခုနှစ်မှာ National Geographic အဖွဲ့ရဲ့ လေ့လာချက် အရ အိုက်ယာလန်မှာ မြွေတွေဟာ ဘယ်တုန်းကမှ မနေထိုင်ခဲ့ကြောင်းတွေ့ရှိခဲ့ပြီး မြွေတွေရဲ့ ကျောက်ဖြစ် ရုပ်ကြွင်း တွေကိုတောင် မတွေ့ရပါဘူး။

လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာအတွင်း အိုက်ယာလန်မှာ မြွေတွေ မနေထိုင်ခဲ့ဘဲ ဗြိတိန်မှာတောင် အဆိပ်မရှိတဲ့ မြက်လျှောလို Grass Snake၊ အက်ဒါမြွေပွေး (Adder Snake) နဲ့ အဆိပ်မရှိတဲ့ Smooth Snake ဆိုပြီး မျိုးရင်း သုံးမျိုးပဲရှိပါတယ်။

ဗြိတိန်မှာ မြွေ ရှားတဲ့အတွက် အက်ဒါမြွေပွေးတစ်ကောင်ကို ဒဏ်ရာရအောင်လုပ်မိရင်၊ သတ်ဖြတ်မိရင် ၁၉၈၁ ခုနှစ် Wildlife and Countryside Act ဥပဒေအရ အရေးယူခံရပါတယ်။

ဒါဆို ဒီနိုင်ငံတွေမှာ ဘာကြောင့် မြွေ တွေမရှိရတာလဲ။

လွန်ခဲ့တဲ့ နှစ် ၁ သိန်းကနေ ၂ သန်းကြား ခေတ်ကာလတုန်းက အိုက်ယာလန်နဲ့ အင်္ဂလန်နိုင်ငံဟာ မြွေလို သွေးအေးတွားသွားသတ္တဝါတွေအတွက် အရမ်းအေးခဲတဲ့ နေရာ ဖြစ်ပါတယ်။

ဒါပေမဲ့ ရေခဲခေတ်ကုန်သွားပြီး မြေပြင်တွေ ထွက်ပေါ်လာတဲ့အခါ အင်္ဂလန် နဲ့ အိုက်ယာလန် မှာ မြွေ အနည်းငယ် ဝင်ရောက်နေထိုင်ခဲ့ကြပါတယ်။ မြွေ တင်မက ဝက်ဝံညိုတွေ၊ လင့်ကြောင်မြီးတို နဲ့ ဝက်ဝံ တွေ အိုက်ယာလန် နိုင်ငံမှာ ဝင်ရောက်နေထိုင်ခဲ့ကြပါတယ်။

ရေခဲတွေ အရည်ပျော်သွားပေမဲ့ အိုက်ယာလန်၊ ဗြိတိန်တို့နဲ့ ဥရောပ ကုန်းမြင့်ကြားက နေရာတွေဟာ ရေဖုံးလွှမ်းနေတုန်းပါပဲ။ ဒါကြောင့် မြွေတွေ အများအပြားတော့ မလာရောက်နိုင်ခဲ့ကြပါဘူး။

ကမ္ဘာပေါ်ရှိ မြွေ မရှိတဲ့ နေရာတွေထဲမှာ အိုက်ယာလန် တစ်နေရာတည်း‌တော့ မဟုတ်ပါဘူး။ အိုက်စ်လန်၊ ဂရင်းလန်း၊ ဟာဝိုင်အီ၊ နယူးဇီလန်၊ ကနေဒါနိုင်ငံက နေရာတစ်ချို့၊ ရုရှားနိုင်ငံမြောက်ဘက်ပိုင်းနဲ့ အန္တာတိက တိုက်တွေမှာလည်း မြွေတွေမရှိကြပါဘူး။

“အရင်ကတည်းက အိုက်ယာလန် မှာ ဘယ်မြွေမှ မနေခဲ့တဲ့အတွက် မြွေတွေကို စိန့်ပက်ထရစ် မောင်းထုတ်စရာတောင်မလိုပါဘူး ” လို့ အိုက်ယာလန်နိုင်ငံ ဒပ်ဘလင်မြို့ အမျိုးသားသမိုင်းပြတိုက်မှ နီဂယ် မိုနာဂန်(Nigel Monaghan)က National Geographic ကိုပြောဆိုခဲ့ပါတယ်။

လူဝီစီယားနား ဆေးသိပ္ပံတက္ကသိုလ် ဒါရိုက်တာ မာခ်ရိုင်ယန်ကတော့ “အိုင်ယာလန်မှာ မြွေတွေမရှိရတဲ့ အကြောင်းရင်းက အိုက်ယာလန်ရဲ့ ရာသီဥတုဟာ သူတို့အတွက် အရမ်းပြင်းထန်နေလို့ပါ ” လို့ပြောဆိုခဲ့ပါတယ်။

အိုင်ယာလန် မှာ တွေ့ရတဲ့ တွားသွား သတ္တဝါ ဆိုလို့ မြွေတွေလို ခြေမပါတဲ့ ဥရောပတိုက် ပုတ်သင်ငယ် (Slow Worm) တွေပဲရှိပါတယ်။ Celtic Tiger လို့ ခေါ်တဲ့ ၁၉၉၀ ခုနှစ်ကနေ ၂၀၀၀ ခုနှစ်ကြားကာလမှာဆို တိုင်းတပါးက ဝင်ရောက်လာတဲ့ မြွေကို မွေးနိုင်တာကို ဂုဏ်တစ်ခုအဖြစ်တောင် ယူဆခဲ့ပါတယ်။

ဒါပေမဲ့ နောက်ပိုင်း အိုင်ယာလန်နိုင်ငံ စီးပွားရေး ချွတ်ခြုံကျသွားတဲ့အခါ မြွေကျွေးမွေးစောင့်ရှောက်ရတဲ့ စရိတ်ကြီးလွန်းတဲ့အတွက် မြွေသိပ်မမွေးကြတော့ပါဘူး။

အိုက်ယာလန် နိုင်ငံဟာ ရေခဲခေတ်ကတည်းက တခြားကုန်းပြင်မြင့်တွေနဲ့ တသီးတခြား ရှိခဲ့တဲ့ နေရာ တစ်ခုပါ။ ဒါ့အပြင် ဒေသတစ်နေရာက မျိုးရင်းဖြစ်တဲ့ အပင်နဲ့ တိရစ္ဆာန်တွေဟာ တခြားဒေသတွေမှာ မရှင်သန်နိုင်ပါဘူး။

ဒါ့အပြင် အိုက်ယာလန်လို ၃၂၅၉၅ စတုရန်း မိုင် အကျယ်အဝန်းသာရှိတဲ့ နိုင်ငံမှာ မြွေမျိုးရင်းတွေ များများစားစားမရှိနေနိုင်ပါဘူး။ ဒါဟာ အိုက်ယာလန်မှာ မြွေမရှိရခြင်းရဲ့ အကြောင်းရင်းတစ်ချက်လည်း ဖြစ်ပါတယ်။

စိန့်ပက်ထရစ်က အိုက်ယာလန်က မြွေတွေကို မောင်းထုတ်ခဲ့တယ်ဆိုတာ ပုံဆောင်ချက် သက်သက်သာဖြစ်ပြီး စိန့်ပက်ထရစ်ဟာ ရှေးခေတ် ဆဲလ်တစ်လူမျိုးရဲ့ ဘုန်းကြီးတွေနဲ့ မိစ္ဆာဝါဒီတွေရဲ့ မြွေကိုပုံဆောင်တဲ့ အယူဝါဒတွေကို တားဆီးခဲ့တာကြောင့် ဒီဒဏ္ဍာရီ ထွက်လာတာ ဖြစ်တယ်လို့သိရပါတယ်။

Credit : saingpyingyi

Leave a Reply

Your email address will not be published. Required fields are marked *