သင်မသေမီ သွားရောက်သင့်သော အလှပဆုံး နေရာများ

သင်မသေမီ သွားရောက်သင့်သော အလှပဆုံး နေရာများ

လူတိုင်းဟာ ကမ္ဘာတစ်ဝန်းကို လှည့်လည်သွားလာပြီး လှပတဲ့နေရာတွေကို လည်ပတ်ချင်ကြပါတယ်။ ဒါပေမဲ့ နေရာတွေများလွန်းတာကြောင့် ဘယ်ကိုစတင်သွားသင့်သလဲ။

အောက်မှာဖော်ပြထားတဲ့ နေရာ (၁၀) ခုကတော့ ကမ္ဘာပေါ်မှာ မယုံနိုင်လောက်အောင် ထူးခြားလှပတဲ့နေရာတွေဖြစ်တာကြောင့် မသေခင်မှာ သွားရောက်လည်ပတ်သင့်တဲ့နေရာတွေပါ။

၁။ Westin Maui Resort & Spa (ဟာဝိုင်ယီ)

ရေတံခွန်များ၊ ရေကန်ငယ်များနှင့် ဧည့်သည်များအတွက် အံ့ဩထူးခြားစွာ ဖွဲ့စည်းတည်ဆောက်ထားသော Kaanupali ရှိ အပန်းဖြေစခန်းမှာ အထင်ကြီးဖွယ်ရာရှုခင်းများ၊ ဖော်ရွေ ပျူငှာမှုရှိသော ဝန်ဆောင်မှု၊ နှစ်ခြိုက်ဖွယ်ရာ Spa နှင့် ဆန်းပြားသည့် ရေကူးကန်များလည်းရှိသည်။

Westin Maui Resort & Spa မှာ ဟာဝိုင်ယီရှိ သဲဖြူများရှိသော ရင်သပ်ရှုမောဖွယ်ရာ Kaanapali တစ်လျှောက်တွင် တည်ရှိ နေသည်။

၂။ Whitehaven Beach (ဩစတြေးလျ)

Whitehaven ကမ်းခြေကတော့ သဲသောင် ဖြူဖြူတွေကြောင့် လူသိများပါတယ်။ ပင်လယ် ကမ်းခြေဟာ Whitsunday ကျွန်းတစ်လျှောက် ၇ ကီလိုမီတာရှည်ပါတယ်။

ဒီကျွန်းကို ဩစတြေးလျကျွန်းမကြီးရဲ့ခရီးသွားဆိပ်ကမ်းတွေဖြစ်တဲ့ Airlie ကမ်းခြေ Shute ဆိပ်ကမ်းတွေကနေ သင်္ဘောနဲ့သွား လို့ရပါတယ်။ ဒီကမ်းခြေကို သဘာဝပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေမှုရှိတဲ့ ကမ်းခြေတစ်ခု အဖြစ် ရွေးချယ်ထားကြပါတယ်။

ဒီနေရာကို ခွေးတွေ သယ်ဆောင်လာခွင့်မရှိသလို စီးကရက်သောက်ခြင်းကိုလည်း ပိတ်ပင် တားမြစ်ထားပါတယ်။

၃။ The Fairy Pools on the Isle of Skye (စကော့တလန်)

သင်သည် ကျောပိုးအိတ်ဖြင့် စကော့တလန်သို့ လာရောက်လည်ပတ်ပါက Skye ကျွန်းစုများသို့ သွားရောက်လည်ပတ်ရန်နှင့် Fairy Pools ဟုခေါ်သော ရေကန်ငယ်များသို့ သွားရောက်သင့်ကြောင်း အကြံပြု လိုပေသည်။

အဆိုပါ ရေကန်ငယ်များမှာ စကော့တလန်နိုင်ငံ Skye ကျွန်းငယ်စုများရှိ Cullitis Hills တွင်တည်ရှိသည်။ ၎င်းရေကန်ငယ်များသည် ကြည်လင်အေးမြ၍ ရေတံခွန်များလည်း တည်ရှိသော လှပသည့်နေရာတစ်ခု ဖြစ်သည်။

၄။ Marble Caverns of Carrera Lake (ချီလီ)

ချီလီနိုင်ငံ ပက်တာဂိုးနီးယားရှိ Take General Carrera တွင်ရှိသော ကျောက်လိုဏ်ဂူများသည် အမွှာပေါ်တွင် အလှပဆုံးသော လိုဏ်ဂူ ကွန်ရက်များဖြစ်သည်။

သဘာဝက ပြုလုပ်ထားသော ကျောက်သား လိုက်ဂူများသည် ကျွန်ုပ်တို့ ကမ္ဘာမြေတွင် တန်ဖိုးရှိသော ပထဝီဝင် ဆိုင်ရာ ထူးခြား အံ့ချီးဖွယ်တစ်ခုအဖြစ် ညွှန်းဆိုပြနေသည်။

၅။ The Shahara Bridge (ယီမင်)

ရှာဟာရာတံတားကို ၁၇ ရာစုတွင်တည်ဆောက်ခဲ့ပြီး ယီမင်နိုင်ငံရှိတောင်ထိပ် များ၌ရှိသောမြို့များကို ဆက်သွယ်ထားသည်။အဆိုပါတံတားမှာ တူရကီ လူမျိုးကျူးကျော်သူများကို တိုက်ခိုက်ရန်အတွက် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်၊

ကြောက်မက်ဖွယ်ရာတံတားဖြစ်ပြီး ခရီးသွားများအား ဆွဲဆောင်သည့် ထင်ရှားသောနေရာတစ်ခု ဖြစ်သည်။

၆။ Havasu Falls (ဂရင်းကင်ညွန် သဘာဝဥယျာဉ်)

Havasu ရေတံခွန်မှာ ကမ္ဘာမြေပေါ်ရှိ နိဗ္ဗာန်ဘုံဟု တင်စားခေါ်ဝေါ်နိုင်သည်။ ၎င်းသည် အမေရိကန်ပြည်ထောင်စု၊ အရီဇိုးနားပြည်နယ်ရှိ ဝေးလံသောချောက်ကြီးတစ်ခုအနီး၌တည်ရှိပြီး အံ့အားသင့်ဖွယ်ရာလှပသည်။

မျက်စိပသာဒဖြစ်ဖွယ်ရာ အဆိုပါတံခွန်နှင့်Havasupwi အင်ဒီယန်း ထိန်းသိမ်းစောင့်ရှောက်ရေးနယ်မြေရှိ အထီူကျန်သူ လူနေသိုက်အဝန်းမှ နှစ်စဉ်ခရီးသွားထောင်ပေါင်း များစွာတိုဆွဲဆောင်လျက်ရှိသည်။စိမ်းပြာရောင်‌ ရေမှာ Havasupai တွင်စွာသွာတည်ရှိနေသည်။

၇။ Arang kel Neelum Valley (ကက်ရှ်မီးယား ၊ ပါကစ္စတန်)

ရင်သပ်ရှု့မောဖွယ်ရာ ဖြစ် သော ကက်ရှ်မီးယားရှိ Neelum တောင်ကြားဒေသမှာ Neelum မြစ်မှ ပေ ၁၅ဝဝ ကျော် ဆင်းသက် ရသည့်အကွာအဝေးရှိ တောင်ထိပ် တစ်ခုတွင်ရှိသည့် ရွာတစ်ရွာဖြစ် ပြီး လှပသောရှုမျှော်ခင်းများဖြင့်ပြည့် နှက်လျက်ရှိသည်။ သွားရောက် လည်ပတ်ရန်ထိုက်တန်သောနေရာ တစ်ခုဖြစ်သည်။

၈။ Fjaorargljufur Canyon (အိုက်စလန်)

အဆိုပါချောက်မှာ အိုက်စလန်နိုင်ငံ၊ အရှေ့တောင်ပိုင်းတွင်ရှိပြီး ၁၀၀ မီတာအနက်ရှိကာ ၂ ကီလိုမီတာရှည်လျားသည်။ Fjaor မြစ်က ၎င်းချောက်ကြီးထဲသို့ စီးဝင်သည်။

ရေခဲတောင်များက ကျောက်တောင်များကို ဖြတ်သန်းစီးဆင်းရာမှာ ရေတိုက်စား၍ ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု သိရသည်။

၉။ The Dark Hedges (မြောက်အိုင်ယာလန်)

The Dark Hedges မှာ မြောက်အိုင်ယာလန်နိုင်ငံတွင် ဓာတ်ပုံဖြင့်မှတ်တမ်းတင်ရန် ထိုက်တန်သော သဘာဝဥယျာဉ်တစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှ ခရီးသွားများ အများဆုံးလာရောက်လည်ပတ်သောထင်ရှားသည့်နေရာတစ်ခုလည်းဖြစ်သည်။ ခရီးသွားများအတွက် စိတ်ဝင်စားဖွယ်ရာကောင်းသောမြေမျက်နှာသွင်ပြင်ရှိနေသည်။

၁၀။ Coast near Marsa Matruh (အီဂျစ်)

Marsa Maitruh မှာ အဓိကကျသည့် အီဂျစ်ခရီးသွားအပန်းပြေ စခန်းတစ်ခုဖြစ်ပြီး ဥရောပတိုက်သားများလာရောက်လည်ပတ် အပန်းဖြေသည့်နေရာတစ်ခုလည်းဖြစ်သည်။

နွေရာသီ လပေါင်းများစွာကို ဤနေရာတွင် အပန်းဖြေ အချိန်တုန်ဆုံးကြသည်။ Marsa Matruh လေဆိပ်လည်း ရှိသည်။ ဖြူလွင်သော သဲသောင်များနှင့် တည်ငြိမ် ကြည်လင်သော ရေပြင်ရှိသောကြောင့် အဆိုပါမြို့မှာ လူသိများထင်ရှားသည်။

ခရက်ဒစ်- ခေတ်ညီ

Leave a Reply

Your email address will not be published. Required fields are marked *