အက်ဒမန်ကျွန်းတွေက လူပုလေးများ

အိန္ဒိယသမုဒ္ဒရာထဲရှိ “အက်ဒမန်ကျွန်း’များ (Andaman Islands) ထဲက ‘ဂျာရာဝါ’ (Jarawa)၊ ‘ဂရိတ် အန်ဒမ်မီးစ်’ (Great Andamese)၊ ‘အွန်ဂျီ’ (Onge) နှင့် “စန်တီနယ်လိစ်” (Sentinelese). ကျွန်းများပေါ်မှာ သီးခြားဖြစ်နေသည့် (ကမ္ဘာနှင့်အဆက် ပြတ်နေသည့်)လူမျိုးစုငယ်တို့ဟာ လွန် ခဲ့တဲ့ နှစ်ပေါင်း ၅၅ဝဝဝ လောက်က တည်းက နေထိုင်နေကြတယ်လို့ ယုံ ကြည်ရသည်။

ယနေ့ဆိုရင် ခန့်မှန်းခြေ ဦးရေ ၄ဝဝ လောက်သာရှိသည့် ခြေသလုံးအိမ်တိုင်လူမျိုးစုတို့သည် ‘ဂျာရာဝါ’ ကျွန်းပေါ်မှာ လူဦးရေ ၄ဝ မှ ၅ဝ ပါဝင်သည့် အုပ်စုအနေဖြင့် လှုပ်ရှား သွားလာ နေထိုင်နေကြသည်။

ဂျာရာဝါကျွန်းသားများသည် အများအားဖြင့် အရပ်ပုကြပါသည်။ အမျိုးသားများ၏ ပျမ်းမျှအရပ် အမြင့်သည် ၁၅၀ စင်တီမီတာ အောက် (၅ ပေအောက်)သာရှိပြီး အမျိုးသမီးများ၏ အရပ်အမြင့်မှာ ၅ စင်တီမီတာ (၄ ပေခွဲအောက်) လောက်သာရှိကြသည်။ ၎င်းတို့၏ ကျောက်ခေတ်ဦးနည်းပညာမှာ လွန်ခဲ့တဲ့နှစ် ၄ဝဝဝဝ ကျော် ရှေးခေတ် ကာလကို ရည်ညွှန်းနေပါသည်။

သူတို့ကိုင်ဆောင်ထားသည့် လက်နက်ကိရိယာများမှာ သိသာ ထင်ရှားပြီး ရိုးရှင်းမှုရှိပေမယ့် စင်စစ် အထိုက်အလျောက်အနေနှင့် ဆန်းပြားရှုပ်ထွေးသည့် လက်နက်တို့ဖြစ်သည်။ အမဲပစ်၊သစ်သီးသစ်ဥရှာဖွေ စုဆောင်းကာ ၎င်းတို့၏ဘဝအခြေ အနေနှင့်လိုက်ဖက်အောင် လက်နက်ကို တီထွင်ဖန်တီးထားခြင်းဖြစ် သည်။

အမျိုးသားများသည် လေးနှင့် မြားကိုပြုလုပ်ပြီး တောဝက်များအား အမဲလိုက်ခြင်း၊ ဖွတ်၊ ပုတတ် များရှာဖွေခြင်းနှင့် ကမ်းခြေရေပြင်မှာ ငါးဖမ်းခြင်းတို့ ပြုလုပ်ကြသည်။၎င်းတို့သည် ကျောက်လက်နက် ကိရိယာတို့ဖြင့် ကနူးလှေထွင်းကြ ခြင်းနှင့် ခြင်းတောင်းပုံစံအမျိုးမျိုး ကိုလည်း ပြုလုပ်ကြသည်။

ထိုပစ္စည်းများသည် လှပ သေသပ်သလို လက်တွေ့ အသုံးဝင်သည့် ပစ္စည်းများဖြစ်သည်။ အမျိုး သမီးများသည် အခွံမာပြီး စားကောင်းသည့် ရေသတ္တဝါများအား ကမ်းစပ်မှာ လိုက်လံရှာဖွေကောက်ယူရန် တာဝန်ရှိကြသည်။သစ်သီး၊ သစ်ဥ၊ သစ်မြစ်များရှာဖွေစုဆောင်း သည့်အပြင် တောထဲသွားပြီး ပျားရည်ညှစ်ယူခြင်းလုပ်ငန်းများလည်း လုပ်ကိုင်ကြသည်။

၁၆ ရာစုနှင့် ၁၇ ရာစုနှစ်များ တွင် အရှေ့တောင်အာရှရှိကျွန်းများကို ရှာဖွေလေ့လာစဉ်က စပိန်နှင့် ပေါ်တူဂီနောက်ပိုင်း ဟော်လန်နိုင်ငံ သားတွေပါ ပါဝင်လာကြပြီး မကြာ ခဏ ကျောက်ခေတ်လူသားတချို့ အား တွေ့ဆုံမိကြသည်။

၎င်းကျောက်ခေတ်လူသား အချို့သည် အသားမည်းသည့်လူ များဖြစ်ကြသည့်အတွက် သူတို့ ကို နီဂရစ်တိုစ် (Negritos) ဟု ခေါ်ကြသည်။ သူတို့ကိုတွေ့ကြသည့် နေရာများမှာ လူမနေဘူးလို့ ထင် ရသည့် ကျွန်းနေရာများတွင်ဖြစ်သည်။

၎င်းတို့က ကျူးကျော်လာသူအား ရန်မူကြသည်။ လူရှိနေသည့် နေရာဆီ စွန့်စွန့်စားစားထွက်လာ သူများမှာ များသောအားဖြင့် ဝေးလံသော တောတောင်ချိုင့်ဝှမ်းများ ကြားတွင် ပုန်းအောင်းနေသူတို့ဖြစ် သည်။ သူတို့ထက် ခန္ဓာအရွယ် အစားကြီးမားသူများက ကြီးစိုးခြယ် လှယ်ခြင်းမပြုနိုင်အောင် ရှောင်ရှားနေထိုင်ကြပါသည်။

အရှေ့တောင်အာရှကျွန်းများ မှာ ရှေးကျသည့် တိုင်းရင်းသားများ ဆက်လက် နေထိုင်နေဆဲဖြစ်ပြီး အက်ဒမန်ကျွန်းများ အပါအဝင်ဖြစ် ပါသည်။

၁၃ ရာစုကုန်ခါနီး၌ မာကိုပိုလို သည် တရုတ်ပြည်မှအပြန် မွန်ဂိုကုန်သင်္ဘောဖြင့် လိုက်ပါလာစဉ် လမ်းမှာတွေ့ရသည့် ကျွန်းစုကို လူမျိုးစုငယ် ၄ စုသာ ကျန်ရှိပါ တော့သည်။

ကျန်ရှိနေသည့် လူမျိုးစုငယ် ၄ စုထဲတွင် သေးကွေးပေမယ့် တက်ကြွသည့် ဂျာရာဝါကျွန်းက လူမျိုးစု ငယ်ပါဝင်သည်။ လက်ရှိအနေဖြင့် ၎င်းတို့၏နယ်ပယ်သည် အက်ဒမန် ကျွန်းတောင်ပိုင်း၊ အလယ်ပိုင်း၏ အနောက်ဘက် အစိတ်အပိုင်းထိ ပါဝင်ပါသည်။

ဂျာရာဝါကျွန်းနေသူတို့၏ ထူးခြားသည့်ယဉ်ကျေးမှုကို ၎င်းတို့ နေထိုင်သည့်အိမ်တွေအား ကြည့် ခြင်းအားဖြင့် ခန့်မှန်းနိုင်ပါသည်။ အိမ်ကလေးများသည် ၀ ဒသမ
၉ မီတာမျှသာမြင့်ကြပြီး လူနှစ် ယောက်၊ သို့မဟုတ် သုံးယောက်နေ နိုင်ပါသည်။

ကျွန်းသားများသည် အလုံးအထည်သေးပေမယ့် စားသောက်သည့်အစားအစာက တောဝက်ထီးအသားနှင့် ငါးခူငါးလည်း ပါဝင်သည်။ ဂျာရာဝါကျွန်းနေသူ တို့၏ ဘာသာစကားဖြင့် ချစ်မြတ်နိုးစွာခေါ်သည့် Noha ငှက်သတ္တဝါ ၏အသားကိုတော့ ရှောင်ကြဉ်ကြပါသည်။

နေ့စဉ်ဘဝလှုပ်ရှားမှုကို အကူအညီပေးနေတာက ၎င်းတို့ ကျွမ်းကျင်လိမ္မာစွာ ပြုလုပ်ထားသည့် အလွန်လွယ်ကူစွာအသုံးတည့်သော လေးနှင့်မြားဖြစ်ပြီး လေးကို ဒေသခံ ဘာသာစကားဖြင့် “aao’ ခေါ်တွင်ကြသည်။

အမဲလိုက်ရာတွင် အသုံးပြု သည့် လက်နက်သည် Sageraea elliptica သစ်ပင်မှရသည့် ပေါ့ပါး ခိုင်ခံ့မာကျောသည့် သစ်သားဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ မြားတံ သည် မှိန်းသဏ္ဌာန် (Harpoon arrow) ရှိကာ သံ၊ ကြိမ်နှင့် Areca သစ်ပင်မှ သစ်သားတို့ဖြင့် ပြုလုပ် ထားပါသည်။

Towa ဆိုသည့်ဓားသည် ဂျာရာဝါကျွန်းသားတို့၏ ကိုယ်ပိုင် အမှတ်တံဆိပ်ဓားဖြစ်ပါသည်။ ၎င်း ဓားအား အသားများလှီးရာ၌ (များ သောအားဖြင့် ဝက်သား) အတုံးက လေးများရအောင် လှီးရန်အတွက် အသုံးပြုကြသည်။

မြားခေါင်း (မြားထိပ်)ကို ၁၀ စင်တီမီတာ သို့မဟုတ် ၁၅ စင်တီ မီတာအရှည်ထိ အသေအချာပုံသွင်း ပြုလုပ်ထားသည့်အတွက် လူရင် ဘတ်အား ကာကွယ်ပေးထားသော အကာအကွယ်ကို ကောင်းမွန်စွာ စိုက်ဝင်သွားနိုင်ပါသည်။ သို့မဟုတ် ခါးနေရာ အကာအကွယ်ကိုလည်း သေချာစွာ ပေါက်ဝင်သွားနိုင်ပါ သည်။

အစဉ်အလာအရ ဂျာရာဝါ ကျွန်းသားများသည် အိမ်ထောင်စောစောပြုကြသည်။ များသောအား ဖြင့် ဆယ်ကျော်သက်အရွယ်မှာ အိမ်ထောင်ပြုကြပြီး တင်းကြပ်စွာ လိုက်နာရသည့် တစ်လင်တစ်မယား စနစ်ရှိသည်။

နောက်ဆက်တွဲ လက်ထပ်မှုများသည် နှိုင်းယှဉ်ချက်အားဖြင့် သက်တမ်းတိုသည့်ဘဝကို မျှော်မှန်းကြည့်ပြီး တွေ့မြင်နေကျဖြစ်လာပါသည်။ အမျိုးသားနှင့်အမျိုးသမီး တို့သည် အရွယ်ရောက်သည့် ဘဝ သို့ ကူးပြောင်းကြောင်း အသိအမှတ် ပြုရန် အထူးအခမ်းအနားပွဲများ ကျင်းပကြပါသည်။

ဂျာရာဝါကျွန်းသားများ၏ ဓလေ့ထုံးစံ အစိတ်အပိုင်းအဖြစ် အမျိုးသားများသည် ၎င်း၏မိသားစုနှင့် ဆွေမျိုးကိုပေးရန် တောဝက် တစ်ကောင်အား အမဲလိုက်နိုင်မှ အရွယ်ရောက်ကြောင်း သတ်မှတ် ကြသည်။

အမျိုးသမီးများဘက်ကလည်း အပျိုဖော်ဝင်ကြောင်းကို အနီရောင် ရွှံ့၊ ဝက်ဆီနှင့် အပင်မှ ထွက်သည့် အစေးတို့ ပါဝင်သော ကော်ဖြင့် ဦးခေါင်း၊ မျက်နှာ၊ လည်ပင်းတို့ကို လိမ်းခြယ်ရသည်။

သူမသည် တင်းကြပ်သည့် သတ်မှတ်ချက် အများ အပြားအား ၃ ရက်ကြာ လိုက်နာရ ပြီးနောက်မှ ရေချိုးရပါသည်။ ရေ ချိုးလိုက်ခြင်းဖြင့် သူမသည် အရာ ရာမှ လွတ်မြောက်ကြောင်း အမှတ် သညာဖြစ်သည်။အမျိုးသမီးနှင့် အမျိုးသားတို့ သည် အခမ်းအနားပွဲအတွင်းသော် လည်းကောင်း၊ ကျင်းပပြီးစီးသွား ချိန်မှာသော်လည်းကောင်း နာမည် ပြောင်းကြရပါသည်။

အာသီသပြင်းပြသည့်၊ အသက် ရှင်ကျန်ရစ်ရမည်ဆိုသည့် အတွင်း စိတ်ဓာတ်သည် ၎င်းလူပုကလေး များအား အချိန်၏ဒဏ်ရာဒဏ်ချက် နှင့် သဘာဝပတ်ဝန်းကျင်၏ ခြိမ်း ခြောက်မှုများက ကျော်လွှားစေ နိုင်ခဲ့သည်။

လူပုကလေးများသည် ၎င်းတို့ ၏ ခန္ဓာကိုယ်ကျန်းမာရေးအတွက် ဖျားနာမှုကိုကုသရန် ခေတ်မီဆေးဝါးအား နားမလည်သော်လည်း ၎င်းတို့ကိုဝိုင်းရံထားသည့် သဘာဝ ပတ်ဝန်းကျင်အပေါ် အလွန်မှီခို အားထားကြသည်။

ချောင်းဆိုးခြင်းနှင့်ဖျားနာခြင်းကို ကုသရာမှာ Amomum aculeatum Roxb အပင်၏ ပင်စည်နှင့် အရွက်ကို ၎င်းတို့၏ရင်ဘတ်ပေါ် ချည်နှောင်ထားလိုက်ကြသည်။

Myristica Andamanica အပင်၏အရွက်များသည် သွေးယိုစီး နေတာရပ်သွားအောင် လုပ်ပေးနိုင် ပါသည်။ Betel အရွက်နှင့် Piper Betle အရွက်တို့သည် နာကျင်မှုကို ထိရောက်စွာပျောက်ကင်းစေသည်။

ဂျာရာဝါကျွန်းလူမျိုးစုနှင့်ပတ်သက်ပြီး ထူးခြားချက်တစ်ချက်တွေ့ရတာက အပင်အမျိုးပေါင်း ၁၅ဝ ကျော် နှင့် တိရစ္ဆာန်မျိုးစိတ်ပေါင်း ၃၅ဝ ကျော်ကို သိရှိကြခြင်းဖြစ်သည်။ ဂျာရာဝါကျွန်းလူမျိုးစုငယ်များ၏ ပူပင်ကြောင့်ကြကင်းသည့် နေထိုင်မှု ဘဝပုံစံကိုချမ်းသာမပေးဘဲ ခေတ် သစ်ပိုင်နက်ဝင်ရောက်စွက်ဖက်မှု များ ရောက်ရှိလာသည်။

၁၉၉၀ ပြည့် နှစ်တွင် ဒေသအာဏာပိုင်များသည် ၎င်းတို့၏ ရေရှည်စီမံချက်ဖြစ်သည့် ဂျာရာဝါကျွန်းကို ရွာနှစ်ရွာခွဲတည် ထောင်မည့်ကိစ္စကို ထုတ်ပြန်ကြေ ညာလိုက်သည်။၎င်းရွာတို့အား ငါးဖမ်းလုပ်ငန်း အခြေခံရွာအဖြစ် သတ်မှတ်ပြဋ္ဌာန်း ပြီး အမဲလိုက်ခြင်းကို အားကစားပွဲ အဖြစ် အဆင့်ချလိုက်သည်။

နယ်သစ်မှာ အတင်းအကျပ် အခြေချလာခြင်းက အက်ဒမန်ကျွန်းများ ပေါ်နေထိုင်သည့် အခြားလူမျိုးစု များအား အကြီးအကျယ် ထိခိုက် ပျက်ပြားစေသည်။

၁၉၉၈ ခုနှစ်တွင် ပထမဆုံး အကြိမ်အဖြစ် တောထဲမှ ထွက် လာသည့်လူမျိုးစုငယ်တချို့ကို တွေ့ မြင်ရသည်။ ၎င်းတို့ထံတွင် လေးနှင့် မြားမပါတော့ဘဲ လက်ဗလာဖြင့် အနီးအနားရှိ မြို့ သို့ အလည်လာ ကြသည်။

ကျန်ရှိနေသည့် ပြည်တွင်း အကြွင်းအကျန် လူမျိုးစုတွေနှင့်တခြားအဖွဲ့အစည်း အမြောက်အမြားတို့၏ တက်ကြွသည့်တိုက်ပွဲဝင်မှုကြောင့် ဒေသခံအာဏာပိုင်တို့၏ အဆိုပြုချက်သည် ချောင်ထိုးပစ်ပယ်ခံလိုက်ရသည်။

၂ဝဝ၄ ခုနှစ် တွင် စီမံကိန်းအသစ်ကိုကြေညာခဲ့ ပြီး ဂျာရာဝါကျွန်းသားများကို ၎င်း တို့၏ အနာဂတ်အတွက် ၎င်းတို့ ဘာသာ ရွေးချယ် ဆုံးဖြတ်ခွင့်ပြု ကြောင်း ခွင့်ပြုချက်ဖြစ်ပါသည်။ ဒါကြောင့် ပြင်ပက ကြားဝင်စွက် ဖက်မှု လျော့ကျသွားစေနိုင်သည်။

ယင်းသို့ ကြိုးစားပေမယ့် ဂျာရာဝါကျွန်း၏ တဲတဲမျှသာရှိနေ သည့် အခြေအနေသည် ပြောင်းပြန် ပြောင်းလဲသွားဖို့ ရှိနေပြန်ပါသည်။ ၎င်းအခြေအနေတို့သည် တရား မဝင် အမဲခိုးပစ်ခြင်းကမ္ဘာလှည့် ခရီးသွားလုပ်ငန်းနှင့် စီးပွားရေးအရ အမြတ်ထုတ်မှု စသည်တို့က ဂျာရာဝါကျွန်းအား ပျောက်ကွယ်တိမ်ကော သွားအောင် တွန်းပို့လျက်ရှိနေပါ သည်။

မင်းမင်းစိုး
သုတအလင်းမှကူးယူဖော်ပြသည်။

Leave a Reply

Your email address will not be published. Required fields are marked *