လပေါ်က ခြေရာတွေ နှစ်ပေါင်းများစွာ မပျောက်ပျက်ဘဲ အမြဲဆက်ရှိနေရတဲ့ အကြောင်းအရင်း

လပေါ်က ခြေရာတွေ နှစ်ပေါင်းများစွာ မပျောက်ပျက်ဘဲ အမြဲဆက်ရှိနေရတဲ့ အကြောင်းအရင်း

လပေါ်ကို စေလွှတ်ခြင်းခံရတဲ့ Apollo အာကာသယာဉ်မှူး ၁၂ ယောက်က လရဲ့အခြေအနေတွေအခင်းအကျင်းတွေကို စူးစမ်းလေ့လာခဲ့ကြပါတယ်။

အကာသယာဉ်မှူးတွေက လရဲ့ မြေကြီးကို စမ်းသပ်တွက်ချက်ကြတယ်။လရဲ့ဖြစ်တည်မှုပုံစံက ဘာလဲဆိုတာလေ့လာတယ်။ လရဲ့လှုပ်ခတ်မှုကိုလည်းတိုင်းတာခဲ့ကြပါတယ်။

Apollo အာကာသယာဉ်မှူးတွေ ကျန်ခဲ့တဲ့ ခြေရာတွေဟာ လပေါ်မှာ အနည်းဆုံး ရာစုနှစ်ပေါင်းများစွာ ဒီအတိုင်း ထင်နေလိမ့်ပါမယ်။အမြဲဆက်ရှိနေပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ လပေါ်မှာ လေမတိုက်လို့ဘဲ ဖြစ်ပါတယ်။

လပေါ်မှာ အမေရိကန်တွေဟာ သတ္တုချောင်းတစ်ခုနဲ့ အလံကိုထိန်းပြီး ချန်ထားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီနေရာမှာ အလံလွင့်ပျံသွားအောင်၊ လွင့်စဉ်သွားအောင် လေမတိုက်လို့ပဲ ဖြစ်ပါတယ်။

လကို လွှမ်းခြုံထားတဲ့ ဓာတ်ငွေ့ထုက ဂြိုဟ်တွေနဲ့ကွာခြားတယ်။တစ်နည်းအားဖြင့် တခြား လေထုတွေမှာရှိတဲ့ စရိုက်မျိုး သူ့မှာမရှိပါဘူး။ဒီတော့ ကမ္ဘာဂြိုဟ်ပေါ်မှာ ကျွန်တော်တို့ ကြုံဖူးနေကျ ရာသီဥတုတွေလည်း အဲဒီနေရာမှာ မရှိပါဘူး။

ဘာကြောင့်လဲဆိုတော့ အဲဒီနေရာမှာ အပူကိုနောင်ဖွဲ့ထားမယ့် ဓာတ်ငွေ့ထုမရှိလို့ဘဲ ဖြစ်ပါတယ်။

လပေါ်မှာရှိတဲ့ နေ့တစ်နေ့ရဲ့ အပူချိန်တွေက အံ့အားသင့်စရာကောင်းလောက်အောင် ကွဲပြားနေပါတယ်။ မွန်းတည့်ချိန်မှာ ၁၀၀ ဒီဂရီစင်တီဂရိတ်ကနေ ညအချိန်မှာ – ၁၇၃ ဒီဂရီ စင်တီဂရိတ်သို့ ရောက်နေပါတယ်။

လမှာ အကြောင်းအရာကြီးတွေ ထင်အောင် ချိုင့်ကြီးတွေ၊ ပျက်စီးအောင် မိုးရွာတာ၊ ငလျင်လှုပ်တာမျိုးလည်း မရှိပါဘူး။ ဒီတော့ ခြေရာတွေက နှစ်သန်း ပေါင်းများစွာ ဒီအတိုင်းဆက်ရှိနေမှာ ဖြစ်ပါတယ်။

လက ကိုယ်ပိုင်အလင်းရောင်မထုတ်နိုင်ဘူး။ ဒါပေမဲ့ နေက အလင်းပြန်တာကြောင့် လက တောက်ပနေသလိုဖြစ်နေတယ်။ နေကို မီးသီးတစ်လုံး လကို မှန်တစ်ချပ်လို့ စဉ်းစားကြည့်ရင် မီးသီးကနေ အလင်းပြန်တာကို မြင်ရသလိုပါပဲ။

လက ကမ္ဘာကို ပတ်နေသလို နေရောင်ထိုးတဲ့လရဲ့ မျက်နှာပြင်ကလည်း အစိတ်အပိုင်းတွေ အမျိုးမျိုး ပြောင်းသွားတယ်။ ကမ္ဘာဂြိုဟ်ကနေကြည့်ရင် လကွယ်ကနေ လပြည့်အထိအဆင့်ဆင့် ပြောင်းလဲလာတဲ့ လရဲ့ ပုံသဏ္ဌာန်ကို မြင်နေရတာပါ။

တစ်ခါတစ်ရံမှာ လက လိမ္မော်ရောင်ကြီးအဖြစ် ပေါ်လာတတ်ပါတယ်။ အဲဒီလိုဖြစ်ရခြင်းက လကို လွှမ်းခြုံထားတဲ့ ဓာတ်ငွေ့ထုထဲမှာ ဖုန်မှုန့်တွေ၊ မီးခိုးတွေ အများကြီးပါဝင်နေလို့၊ ပတ်ဝန်းကျင် ညစ်ညမ်းနေလို့ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.