ပိုးလမ်းမကြီး
ဘီစီ ၂ ရာစု အချိန်ခန့်မှစ၍ အာရှရှိတရုတ် နှင့် ဥရောပရှိရောမတို့အကြား ကူးသန်း ရောင်းဝယ်မှု ပြုလုပ်ခဲ့ရာ အရှည် မိုင် ၄၀၀၀ ကျော်ရှိသည့် ရှေးခေတ် ခရီးသွား လမ်းကြောင်း ဖြစ်သည်။
ပိုးလမ်းမသည် လမ်းကြောင်းကွန်ယက် များစွာရှိပြီး တရုတ်နှင့် ရောမဒေသကို ဆက်သွယ်ထားသည်။
တရုတ်နိုင်ငံမှ ထွက်ရှိရာ အဝတ်အထည်များ ၊ ပိုးထည်များကို ကူးသန်းရောင်းဝယ်ခဲ့သဖြင့် Silk Road ဟု အမည်ကျော်သည်။
၁၅ ရာစုနောက်ပိုင်း ဥရောပမှ အာရှသို့သွားရောက်သည့် ရေလမ်းခရီးကို တွေ့ရှိပြီးနောက် Silk Road ခေါ် ပိုးလမ်းမမှ ကုန်သွယ်မှုသည်လည်း တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည် ။
လမ်းကြောင်းများ
ဘီစီ ၂ ရာစု တရုတ် ဟန်မင်းဆက်ခေတ်အစ အချိန်ကတည်းက ဤလမ်းကြောင်းသည် ကူးသန်း ရောင်းဝယ်ရေး လမ်းကြောင်း မဟုတ်ဘဲ တရုတ်မြောက်ပိုင်းမှ ကျူးကျော်သူများကို ချီတက် တိုက်ခိုက်ရာ လမ်းကြောင်းသာဖြစ်သည်။
ဟန်မင်းဆက်ခေတ် ခိုင်မြဲလာပြီးနောက် ကူးသန်းရောင်းဝယ်ရေး လမ်းကြောင်းများပေါ်ထွန်းလာခဲ့သည်။ Silk Road တွင် အဓိကလမ်းကြောင်းများစွာပါဝင်သည်။
အလွန်ကြမ်းတမ်းတဲ့ ရာသီဥတုရှိရာဒေသများ ၊ ကန္တာရများကိုဖြတ်ကျော် ရသဖြင့်
ခရီးသွားအများစုမှာ ကုလားအုပ်များ ၊ မြင်းများကို အသုံးပြုပြီးသွားလာကြသည်။
ယဉ်ကျေးမှု နှင့် အနုပညာ ပျံ့နှံ့လာရာလမ်းကြောင်း
ဤလမ်းကြောင်းမှတဆင့် တရုတ်နိုင်ငံ၏ စီးပွားရေး ၊ နိုင်ငံရေး ၊ ယဉ်ကျေးမှု ၊ အပြောင်းလဲများ ရာစုနှစ်ပေါင်းများစွာဖြစ်ပေါ်စေခဲ့သည်။
ဘီစီ ၆ ရာစုအချိန်ကစ၍ အိန္ဒိယမြောက်ပိုင်းမှ စတင်ခဲ့သည့် ဗုဒ္ဓဘာသာ အယူဝါဒများသည်လည်း အေဒီ ၁ ရာစု အချိန်တွင် ဤလမ်းကြောင်းမှတဆင့် တရုတ်နိုင်ငံသို့ ပျံ့နှံ့လာခဲ့သည်။
ထိုအခါ တရုတ်တို့၏ အဆောက်အဦးပုံစံများမှာ ဗုဒ္ဓဘုရားကျောင်းပုံစံများ ဖြစ်လာကာ ရုပ်ထုများ ၊ ပန်းချီကားများ မှာလည်း ဗုဒ္ဓယဉ်ကျေးမှု အငွေ့အသက်များ ပျံနှံ့လာခဲ့သည်။
အေဒီ ၃ ရာစုတွင် ဟန်မင်းဆက်ခေတ် ကျဆုံးပြီးနောက် ပိုးလမ်းမကြီးသည်လည်း ကူးသန်းရောင်းဝယ်မှု နည်းသွားခဲ့ပြီး အေဒီ ၇ ရာစု တန်မင်းဆက် လက်ထက်တွင် ပြန်လည်ထွန်းကားလာခဲ့သည်။
အေဒီ ၆ ရာစု အချိန်က ခရီးသွားများသည် ပိုးလမ်းမကြီး တလျှောက်ခရီးသွားလာရင်း ဂူနံရံများတွင် ပန်းချီကားများရေးဆွဲခဲ့ကြသည်။ထိုနံရံပန်းချီကားများမှာ ယနေ့အချိန်တွင် ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်များအဖြစ် တည်ရှိသည် ။
ရှေးဟောင်းပန်ချီကားများ
အေဒီ ၆ ရာစုအချိန်က ရေးဆွဲခဲ့သည့် ပိုးလမ်းမတလျှောက်ရှိ ဂူနံရံမှ ပန်းချီကားများဖြစ်သည်။ထိုနံရံပန်းချီကားများကို ဂူပေါင်း ၄၂၀ ခန့်တွင် တွေ့ရှိရပြီး အများစုမှာ တရုတ်နိင်ငံ Gansu ခရိုင် Dunhuang ဒေသတွင်တွေ့ရှိရသည်။
၁၉၈၇ အချိန်က ထိုဂူများအား ကမ္ဘာ့ကုလသမဂ္ဂ ယူနက်စကိုအဖွဲ့၏ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်များအဖြစ် သတ်မှတ်ခဲ့သည် ။
တန်မင်းဆက်(Tang dynasty)ခေတ်တွင် ကူးသန်းရောင်းဝယ်မှု အလွန်ထွန်းကားခဲ့ပြီး အာရှ အလယ်ပိုင်းမှ အစ္စလမ်၊ ပါရှန် ယဉ်ကျေးမှုများ၊ဂီတအနုပညာများ၊ တရုတ်ပြည်သူများအပေါ် များစွာပျံနှံ့လာခဲ့သည်။
အေဒီ ၁၀ ရာစုတွင် တန်မင်းဆက်ခေတ် ကျဆုံးပြီး ပိုးလမ်းမကြီးမှ ကူးသန်း ရောင်းဝယ်မှု တဖန်နည်းပါး သွားခဲ့ပြန်သည်။အေဒီ ၁၃ ရာစုတွင် မွန်ဂိုအင်ပါယာသည် တရုတ်ထိကျယ်ပြန့်လာပြီးနောက် သည်လမ်းမှ ကူးသန်း ရောင်းဝယ်မှုပြန်လည်ထွန်းကားလာခဲ့ပြန်သည်။
၁၂၇၁ ခုနှစ်အချိန်က ဗင်းနစ်မြို့သား မာကိုပိုလိုသည် ဤပိုးလမ်းမတလျှောက် ခရီးသွားခဲ့ပြီး တရုတ်နှင့် မြန်မာနိုင်ငံ ပုဂံဒေသသို့ ရောက်ရှိခဲ့သည်ဟု မှတ်တမ်းများမှဆိုသည်။မှတ်တမ်းသည်ဥရောပတွင် အလွန်ကျော်ကြားခဲ့သည်။
အေဒီ ၁၅ ရာစုတွင် ဥရောပမှ အာရှ သို့သွားသည့် ရေလမ်းခရီးကို တွေ့ရှိပြီးနောက် ပိုးလမ်းမတလျှောက် ကန္တာရ ခရီးသွား ကုန်သွယ်မှုများ တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည် ။
တာ့က်လာမာခမ် သဲကန္တာရ (Takla Makan Desert)
တရုတ်နိုင်ငံအနောက်မြောက်ဒေသမှ ပိုးလမ်းမတလျှောက်ရှိ တာ့က်လာမာခမ် သဲကန္တာရ အမည်ဖြစ်သည်။
ကန္တာရပိုးလမ်းမသည် ယနေ့အချိန်တွင် ကုန်သွယ်ရေးလမ်းကြောင်းအနေဖြင့်အရေးပါမှုမရှိတော့သော်လည်း ရှေးခေတ်အချိန်က ခရီးသွားများရပ်နား နေထိုင်ခဲ့ရာနေရာများ ၊ ဂူနံရံပန်းချီကားများ၊ ရှေးခေတ် ဗိသုကာ လက်ရာများစွာ ကျန်ရှိနေဆဲဖြစ်သည်။
သို့သော် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်လာသည့် စီးပွားရေး နှင့်အတူ ခေတ်သစ်ပိုးလမ်းမ ကုန်သွယ်ရေးသည်လည်း တဖန်ပြန်လည် နိုးကြားလာခဲ့ကြသည်။ပိုးလမ်းမ အသစ်များကိုလဲ ချဲ့ထွင်ရန် စဉ်းစားလာခဲ့ကြသည်။နောက်ဆုံး ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်သွယ် စီမံကိန်းများကို နိုင်ငံတကာနှင့်ချိတ်ဆက်ဆောင်ရွက်မည့် အစီအစဉ်များကိုလည်း ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည်။
ခရက်ဒစ်-ရဲမာန်ခ
source-Silk Road by wiki,Thuta Zone