ကမ္ဘာ့အကောင်းဆုံး ထောက်လှမ်းရေး အေဂျင်စီများ

ကမ္ဘာ့အကောင်းဆုံး ထောက်လှမ်းရေး အေဂျင်စီများ

ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရည်ရွယ်ချက်မျိုးစုံဖြင့် ထောက်လှမ်းရေးအေဂျင်စီများကို ထူထောင်ထားကြရာ ရန်သူထက် တစ်လှမ်းသာရမည်ဟု အဆိုရှိခဲ့သည်။

စုံထောက်ရုပ်ရှင်မင်းသား Hannibal Smith ပြောဆိုခဲ့ သည့် ယင်းစကားသည် ပြိုင်ဆိုင်မှုကြီးမားသော ယနေ့ ကမ္ဘာတွင် များစွာအရေးပါသော စကားတစ်ခွန်းဖြစ် လာခဲ့သည်။

ထောက်လှမ်းရေးအေဂျင်စီများသည် အဖိုး တန်သောသတင်းများကိုစုဆောင်း၍ ခွဲခြမ်းစိတ်ဖြာ သည့်အလုပ်ကိုဆောင်ရွက်ကြကာ ရန်သူ၏ လုပ်ငန်းများမလှုပ်ရှားနိုင်မီ ဟန့်တားနိုင်ရေးသည် အဓိက အရေးအကြီးဆုံးတာဝန် ဖြစ်လာခဲ့သည်။

ထောက်လှမ်းရေးအေဂျင်စီများသည် အကြမ်း ဖက်မှု၊ ရာဇဝတ်မှု၊ လက်နက်မှောင်ခိုရောင်းဝယ်မှု၊ အခြားနိုင်ငံများနှင့် သက်ဆိုင်သည့် သတင်းအချက် အလက်များကို ရှာဖွေစုဆောင်းကြသည်။ ထို့အတူ မိမိနိုင်ငံမှလျှို့ဝှက်သတင်းများ မပေါက်ကြားနိုင်ရန် ကာကွယ်ကြရပေသည်။ကမ္ဘာ့အကောင်းဆုံး ထောက်လှမ်းရေး အေဂျင်စီ (၅)ခု ကို ဖော်ပြပေးလိုက်ပါသည်။

၁။ CIA (အမေရိကန်ပြည်ထောင်စု)

ကမ္ဘာတွင် မသိသူ အလွန်နည်းပါးသည့် CIA ထောက်လှမ်းရေးအေဂျင်စီကို ၁၉၄၇ ခုနှစ်တွင် ထူထောင်ကာ ဗာဂျီးနီးယားတွင် ရုံးချုပ်ဖွင့်လှစ်ထား သည်။ CIA သည် ပြည်ပနိုင်ငံများသို့ဖြန့်ကြက်ထား သည့် ကမ္ဘာ့အကြီးဆုံးထောက်လှမ်းရေးအဖွဲ့တစ်ခု ဖြစ်သည်။

CIA သည် ကမ္ဘာတစ်လွှားမှ သတင်းများ စုဆောင်းခြင်း၊ လုံခြုံရေးသတင်းများစိစစ်သုံးသပ်ခြင်း တို့ကို ဒေသခံထောက်လှမ်းရေးများနှင့် ဆက်သွယ်၍ လူ့စွမ်းအားအရင်းအမြစ်များဖြင့် ထောက်လှမ်းရေး လုပ်ငန်းများအားအဓိကဆောင်ရွက်သည်။

စုဆောင်း ရရှိသောသတင်းများကို အမေရိကန်ပြည်ထောင်စု သမ္မတနှင့် အစိုးရအဖွဲ့ထံသို့ တိုက်ရိုက်တင်ပြသည်။ CIA ထောက်လှမ်းရေးသမားများ၏ လှုပ်ရှားမှုများကို ရုပ်ရှင်ဇာတ်ကားများတွင်မြင်တွေ့နိုင်ကြသည်။

၉/၁၁ တိုက်ခိုက်မှုအပြီးတွင် CIA အင်အားကို တိုးမြှင့်ဖွဲ့ စည်းခဲ့သည်။ CIA သည် အိုစမာဘင်လာဒင်ရှိနေသည့် နေရာကို အတည်ပြုပေးခဲ့ကာ Operation Neptune Spear ကို အောင်မြင်စွာဆောင်ရွက်နိုင်ရန် စီစဉ် ပေးနိုင်ခဲ့သည့် ထောက်လှမ်းရေးအေဂျင်စီဖြစ်သည်။

၂။ Research and Analysis Wing, RAW (အိန္ဒိယ)

အိန္ဒိယနိုင်ငံသည် အိန္ဒိယ-တရုတ်စစ်ပွဲနှင့် အိန္ဒိယ-ပါကစ္စတန်စစ်ပွဲ များဖြစ်ပွားခဲ့စဉ်က ထောက်လှမ်းရေးလုပ်ငန်းများ မအောင်မြင်ခဲ့သဖြင့် ထောက်လှမ်းရေးအဖွဲ့ RAW ကို ၁၉၆၈ ခုနှစ်တွင် ထူထောင်၍ နယူးဒေလီတွင် ရုံးချုပ်ဖွင့်ခဲ့သည်။

RAW သည် ထူထောင်ပြီ၊ ၁ဝ နှစ်အတွင်းမှာပင် ကမ္ဘာ့ထင်ရှားသော ထောက်လှမ်း ရေးအေဂျင်စီတစ်ခုဖြစ်လာခဲ့သည်။RAW သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံလွတ်လပ်ရေး နှင့် ၁၉၇၅ ခုနှစ်တွင် Sikkim ပြည်နယ်အား အိန္ဒိယ ပြည်မနှင့်ပူးပေါင်းနိုင်မှုတို့ကို တာဝန်ယူဆောင်ရွက် ခဲ့သည်။

RAW သည် အဓိကတာဝန်များအဖြစ် အကြမ်းဖက်မှုတန်ပြန်ထောက်လှမ်းရေး၊ သတင်း အချက်အလက်စုဆောင်းခြင်းနှင့် မူဝါဒချမှတ်ထား သူများအား အကြံပေးခြင်းတို့ကို ဆောင်ရွက်သည်။

ထို့အတူ အိန္ဒိယနိုင်ငံ၏ နျူကလီးယားစီမံကိန်းလုံခြုံ ရေးကို တာဝန်ယူထားသည်။ အကြမ်းဖက်မှုများ နှိမ်နင်းရေးကို ထိရောက်စွာ ဆောင်ရွက်နေသည့် RAW ကို အိန္ဒိယနိုင်ငံတွင် ဩဇာကြီးမားသောအဖွဲ့ အတည်းတစ်ခုဟု ယူဆကြသည်။

၃။ Mossad (အစ္စရေး)

တဲလ်အဗစ်မြို့တွင် ရုံးစိုက်သည့် ကမ္ဘာကျော် Mossad ထောက်လှမ်းရေးအဖွဲ့ကို ၁၉၄၉ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။

Mossad သည် ကမ္ဘာတွင် အတိုးတက်ဆုံးနှင့် ကြောက်ဖွယ်အကောင်း ဆုံးထောက်လှမ်းရေးအဖွဲ့တစ်ခုဖြစ်ကာ အစ္စရေးနိုင်ငံ တပ်မတော်ထောက်လှမ်းရေး Aman၊ ပြည်တွင်းလုံခြုံ ရေးအဖွဲ့ Shin Bet တို့နှင့်ပူးပေါင်းကာ အကောင်းဆုံး ရလဒ်များရရှိခဲ့သည့် ထောက်လှမ်းရေးအေဂျင်စီတစ်ခု အဖြစ် ဖွဲ့စည်းခဲ့သည်။

Mossad ထောက်လှမ်းရေးသမားများသည် ကမ္ဘာအနှံ့ဖြန့်ကြက်ကာ ထောက်လှမ်းရေးသတင်း များစုဆောင်းခြင်း၊ အကြမ်းဖက်လုပ်ငန်းများကို တန်ပြန်ထောက်လှမ်းခြင်း၊ ဂျူးလူမျိုးများကို အစ္စရေး နိုင်ငံသို့ပို့ဆောင်ခြင်း၊

ကမ္ဘာအနှံ့ရှိ ဂျူးလူမျိုးများ၏ လူ့အခွင့်အရေးများနှင့် ရှင်သန်ရပ်တည်မှုကို ကာကွယ်စောင့်ရှောက်ခြင်းတို့ကို ဆောင်ရွက်သည်။ Mossad သည် နိုင်ငံအများအပြားတွင် အမည်ခံရုံး များဖွင့်ကာ ထောက်လှမ်းရေးလုပ်ငန်းများကိုပြုလုပ် လျက်ရှိသည်။

၄။ ISI (ပါကစ္စတန်)

၁၉၄၈ ခုနှစ်တွင် ထူထောင်ခဲ့သည့် ပါကစ္စတန် နိုင်ငံ ထောက်လှမ်းရေး ISI သည် အစ္စလာမ်မာဘတ် မြို့တွင် အခြေစိုက်၍ ထောက်လှမ်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ISI သည် ပါကစ္စတန် နိုင်ငံ ကြည်း၊ ရေ၊ လေ တပ်မတော်များအကြားတွင် သတင်းအချက်အလက်များဖလှယ်ခြင်းကို အဓိက ဆောင်ရွက်သည်။

နောက်ပိုင်းတွင် ကမ္ဘာ့အဆင့် ထောက်လှမ်းရေးသတင်းများကိုရယူသည့် အချိန်ပြည့် အေဂျင်စီတစ်ခုဖြစ်လာခဲ့ကာ သတင်းစုဆောင်းခြင်း နှင့် တန်ပြန်ထောက်လှမ်းခြင်းတို့ကို ဆောင်ရွက်သည်။

ISI သည် နီပေါ၊ ဘင်္ဂလားဒေ့ရှ်အစရှိသည့် တတိယကမ္ဘာ့နိုင်ငံများတွင် ထောက်လှမ်းရေးလုပ်ငန်း များဆောင်ရွက်နိုင်မှုကြောင့် ထင်ရှားလာခဲ့သည်။

၅။ MI 6 (ယူကေ)

လန်ဒန်မြို့တွင် ဌာနချုပ်ဖွင့်ထားသည့် ယူကေ နိုင်ငံ၏ ထောက်လှမ်းရေးအေဂျင်စီ MI 6 ကို ၁၉၀၉ ခုနှစ်တွင် ထူထောင်ခဲ့သည်။ အမြဲလျှို့ဝှက်နေရမည်ဟု သည့်ဆောင်ပုဒ်ဖြင့် လုပ်ငန်းများဆောင်ရွက်လှုပ်ရှားသည်။

MI 6 သည် လျှို့ဝှက်ထောက်လှမ်း ရေးလုပ်ငန်းများကို အစပြုခြင်း၊ ထိန်းချုပ်ခြင်းများပြုလုပ်လျက် ရှိပြီး ကမ္ဘာတွင် သက်တမ်းအရင့် ဆုံး ထောက်လှမ်းရေးအေဂျင်စီ ဖြစ်သည်။

MI 6 သည် စတင်ထူထောင်ချိန်မှပင် အောင်မြင်မှုများစွာရရှိခဲ့ပြီး ကမ္ဘာစစ်ကြီးနှစ်ခု၊ စစ်အေးတိုက်ပွဲတို့ကို ကျော်ဖြတ်ခဲ့ သည်။ မြောက်ကိုရီးယား၏ နျူကလီး ယားလုပ်ငန်းကို MI 6 က ထောက် လှမ်းခဲ့ကြောင်း သတင်းများထွက်ပေါ် ခဲ့သည်။

ထောက်လှမ်းရေးအေဂျင်စီ များသည် နိုင်ငံတစ်ခု၏မျက်စိနှင့် ဦးနှောက်ဖြစ်ကြကာ ယင်းတို့ဆောင် ရွက်နေသည့်လုပ်ငန်းများသည် ခန္ဓာ ကိုယ်အတွင်းလှည့်ပတ်နေသော အရေး ကြီးသည့် အာရုံကြောစနစ်နှင့်တူညီနေ သည်။

ထောက်လှမ်းရေးအေဂျင်စီများက ရန်သူ၏ လှုပ်ရှားမှုများကိုထောက်လှမ်းနိုင်ခြင်းဖြင့် အစိုးရ၏ ရန်သူ လုပ်ငန်းအား တားဆီးရေးလုပ်ငန်းနှင့် တန်ပြန် လုပ်ငန်းများဆောင်ရွက်နိုင်ရန် အထောက်အပံ့ဖြစ်စေ သည်၊

ဆိုက်ဘာစစ်ပွဲ (Cyber War) ကဲ့သို့သော မျက်မှောက်ခေတ်တွင်ဖြစ်လာနိုင်မည့် စစ်ပွဲများတွင် သတင်းစုဆောင်းနိုင်မှုနှင့် ထောက်လှမ်းရေးလုပ်ငန်း များသည် အလွန်အရေးပါလာခဲ့သည်။

ထို့ကြောင့် နိုင်ငံတစ်ခု၏ အချုပ်အခြာအာဏာတည်တံ့ရေးနှင့် လုံခြုံရေးတွင် ထောက်လှမ်းရေးအေဂျင်စီများသည် မရှိမဖြစ်အရေးပါလာသဖြင့် နိုင်ငံတစ်ခု၏ တိမ်မြုပ် နေသည့် သူရဲကောင်းများဖြစ်လာခဲ့ပေသည်။

Leave a Reply

Your email address will not be published.