နိုင်ငံပေါင်းစုံရဲ့ ထူးထူးဆန်းဆန်း အလှအပ သတ်မှတ်ချက်များ

နိုင်ငံပေါင်းစုံရဲ့ ထူးထူးဆန်းဆန်း အလှအပ သတ်မှတ်ချက်များ

နေထိုင်ရာဒေသနဲ့ နိုင်ငံကို လိုက်ပြီး အလှအပ ဆိုတဲ့အပေါ် စံနှုန်းသတ်မှတ်ချက်တွေ မတူညီကြပါဘူး။ ဒါ့ကြောင့် နိုင်ငံတစ်ခုမှာ မလှပဘူးလို့ ယူဆထားတာကို တခြားအရပ်မှာတော့ လူကြိုက်များရင် များနေမှာပါ။

သေချာတွေး ကြည့်ရင်တော့ အလှအပဆိုတာ သတ်မှတ်သူရဲ့စိတ်နဲ့ အပေါ်ယံ အရေပြားတစ်ထောက်စာပါပဲ။ ဒါပေမယ့်လည်း လှပတယ်လို့ သတ်မှတ်ခံရဖို့ ခက်ခဲတဲ့ ကမ္ဘာပေါ်က စံနှုန်းတွေကို လေ့လာကြည့်လိုက်ပါဦး။

၁။ သွားစွယ်

အနောက်နိုင်ငံတွေမှာတော့ ပြီးပြည့်စုံတဲ့ အပြုံးဆိုတာ ပုလဲတန်းလေးလို ညီညာနေတဲ့ သွားတန်းနဲ့မှပါ။ ဒါပေမယ့် ဂျပန်နိုင်ငံမှာတော့ ဆွဲဆောင်မှုရှိတဲ့ သွားတန်းထဲမှာ သွားစွယ်လေးတွေက လူကြိုက်အများဆုံးပါပဲ။

ဒီလို ချွန်ထွက်နေတဲ့ သွားစွယ်တွေရှိလေ ဆွဲဆောင်မှုရှိလေလို့ သတ်မှတ်ကြပါတယ်။ ဒါ့ကြောင့် ဂျပန်က သွားစိုက်ဆရာဝန်တွေက ဒီလိုသွားမျိုးဖြစ်အောင် ပြုပြင်ပေးရလေ့ ရှိတယ်။

၂။ အမာရွတ်ဖန်တီးခြင်း

အာဖရိကတိုက်က နိုင်ငံအချို့မှာ နေထိုင်တဲ့ လူမျိုးစုတွေအနက် အချို့ဟာ သူတို့ခန္ဓာကိုယ်ကို အနုပညာ ဆန်တဲ့ အမာရွတ်တွေ၊ အဖုတွေဖြစ်အောင် ဖော်ပြီး ဖန်တီးနေတုန်းပါပဲ။

သူတို့အတွက်တော့ မိန်းမတွေဟာ ဒီလို ပုံဖော်ထားတဲ့ တက်တူးနဲ့ အမာရွတ်အတန်းရှိနေမှ လှပတယ်လို့ ခေါ်နိုင်တယ်။ တစ်ခါတရံမှာ ခန္ဓာကိုယ် အလှဆင်ခြင်းလို့ ရည်ညွှန်းလေ့ရှိတဲ့ ဓလေ့ကို ပြင်ပလောကမှာ နှစ်သက်သဘောကျသူတွေလည်း ရှိပါတယ်။

၃။ မမဝဝ လှမှလှ

မော်ရီတေးနီးယားနိုင်ငံမှာတော့ ယောက်ျားသားတွေဟာ ပိန်တဲ့ မိန်းမတွေကို လှည့်ကို မကြည့်ကြပါဘူး။ ဒါ့ကြောင့် မိန်းကလေးတွေ လူကြိုက်များခံရဖို့ သူတို့ရဲ့ မိဘတွေက အထူးယာတောတွေကို ပို့လွှတ်ခံရလေ့ရှိပြီး

အဲ့ဒီနေရာတွေမှာ စိတ်ရှိသလောက် တစ်နေ့ကို ကယ်လိုရီ ၁၆၀၀၀ ပမာဏလောက်ထိ စားကြရပါတယ်။ ကံမကောင်းစွာနဲ့ပဲ ဒီရိုးရာဓလေ့ကြောင့် အစာအိမ်နာကျင်မှု ဝေဒနာ မကြာခဏခံစားကြရတယ်။

၄။ မဟာနဖူး

အာဖရိကမှ ဖူလာလူမျိုးစုမှာတော့ မိန်းကလေးတွေဟာ မဟာနဖူးနဲ့မှ အလှဆုံးလို့ ယူဆကြတယ်။ သူတို့ ဆီက မိန်းမပျိုတွေဟာ နဖူးပေါ်က ဆံပင်တွေကို ဖယ်ရှားပြီး နဖူးကျယ်သယောင် ပြုလုပ်လေ့ရှိပါတယ်။

ယခင်က အလယ်ခေတ် ဥရောပနိုင်ငံတွေမှာလည်း ဒီဓလေ့ရှိခဲ့ပြီး အမျိုးသမီးတွေဟာ ခေါင်းရှေ့ခြမ်းက ဆံပင်တစ်ဝက် လောက်ကို ဖယ်ရှားပစ်ခဲ့ကြတယ်။

၅။ မြန်မာ့ကယန်းလှပျိုဖြူများ

မြန်မာနိုင်ငံရဲ့ အရှေ့ဘက်ဒေသတစ်ခုမှ လူမျိုးစုတစ်ခုကို နိုင်ငံခြားသားတွေက သစ်ကုလားအုတ် မိန်းမ တိုင်းပြည်လို့ ခေါ်ဝေါ်ခဲ့ကြဖူးတယ်။

အဲ့ဒီအရပ်မှာနေတဲ့ ကယန်းလူမျိုးတွေကို ရည်ညွှန်းတာ ဖြစ်ပြီး အမျိုးသမီး တွေဟာ ဓလေ့အရ ကြေးကွင်းကြီးတွေကို လည်ပင်းမှာ ဝတ်ဆင်ထားလေ့ရှိပါတယ်။ လည်ပင်းရှည်လေ လှပလေ လို့ ယုံကြည်ကြတဲ့အတွက်ပါ။

၆။ နှုတ်ခမ်းဖောက်သူများ

အီသီယိုပီးယားနိုင်ငံက မာစီ လူမျိုးစုမှာ မိန်းကလေးတွေဟာ ငယ်ငယ်တည်းက အောက်နှုတ်ခမ်း တွဲကျအောင် အထူးပြုလုပ်ထားတဲ့ သစ်သားပြားဝိုင်းကြီးတွေနဲ့ ဆွဲကြပါတယ်။

နှုတ်ခမ်းထဲ ထည့်ထားတဲ့ သစ်ပြား အရွယ်ကြီးလေ၊ ဂုဏ်ရှိလေပါပဲ။ ဒါ့အပြင် သူမကို လိုချင်တဲ့သူက တင်တောင်းရတဲ့ လက်ဖွဲ့ကြေးလည်း ပိုများလာမှာ ဖြစ်ပါတယ်။

နမ်မီးဘီးယားနိုင်ငံ အနောက်မြောက်ဘက်က ဟင်ဘ လူမျိုးစုကတော့ နေပူဒဏ်က ကာကွယ်နိုင်ဖို့ မြေမှုန့်နဲ့ အဆီတွေကို လိမ်းကြံထားတတ်တဲ့အတွက် ခန္ဓာကိုယ်ဟာ အနီရောင်ထနေပါတယ်။

Credit-nanmalgyi
Photo- Credit

Leave a Reply

Your email address will not be published. Required fields are marked *