ကမ္ဘာတစ်ဝန်းက ထူးဆန်းသော ဥပဒေများ
၁။ ပင်လယ်သမုဒ္ဒရာထဲမှာ ဆီးသွားတာကို ပိတ်ပင်ထားတဲ့နိုင်ငံ
ပေါ်တူဂီနိုင်ငံကတော့ ပင်လယ်သမုဒ္ဒရာထဲမှာ ဆီးသွားတာကို ပိတ်ပင်တားမြစ်ထားပါတယ်။ ဘာလို့ လဲဆိုတော့ လာရောက်လည်ပတ်သူတွေ ကျန်းမာရေးကောင်းမွန်စေဖို့နဲ့ ပင်လယ်သမုဒ္ဒရာကို သန့်ရှင်းစေလိုတဲ့ ရည်ရွယ်ချက်ကြောင့် ဒီဥပဒေကို ထုတ်ပြန်ထားတာဖြစ်ပါတယ်။
ဒီလို ဥပဒေ ထုတ်ထားပေမဲ့ ပင်လယ်ထဲမှာ ရေကူးရင်းဆီးသွားတာကိုတော့ ဘယ်အာဏာပိုင်မှ ဖမ်းဆီး မဖော်ထုတ်နိုင်သေးပါဘူး။ ဒီလိုဖမ်းဆီးနိုင်ဖို့ကလဲ လွယ်မယ်လို့တော့မထင်ပါဘူး၊အကောင်းဆုံးကတော့ ပြဋ္ဌာန်းထားတဲ့ဥပဒေတွေကို စည်းကမ်းရှိရှိ လိုက်နာဆောင်ရွက်တာဟာ အကောင်းဆုံးပဲဖြစ်ပါတယ်။
၂။ ကြိုးမပါတဲ့ အင်္ကျီတွေကို အမျိုးသားတွေဝတ်ဆင်ခွင့် မရှိတဲ့နိုင်ငံ
အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်က South Beach မြို့မှာ အမျိုးသားတွေကို ကြိုးမပါတဲ့ ဝတ်စုံတွေ မဝတ်အောင် ဥပဒေထုတ်တားမြစ် ထားပါတယ်။ ဒါဟာ ထူးဆန်းတဲ့ဥပဒေတစ်ခုဖြစ်ပါတယ်။
ဖလော်ရီဒါက အမျိုးသားတွေဟာ ဒီလိုဝတ်စုံတွေကို ဝတ်ဆင်တတ်တဲ့ အကျင့်များ ရှိလေသလားလို့ ထင်စရာပါ။ ဒီဥပဒေဟာ ယနေ့အချိန်ထိ တည်ဆဲဥပဒေတွေထဲမှာ ပါဝင်နေဆဲဥပဒေတစ်ရပ်ဖြစ်ပါတယ်။
၃။ လေမလည်ရ ဥပဒေ
မာလာဝီနိုင်ငံမှာတော့ လေမလည်ရဆိုပြီး ဥပဒေထုတ်ပြန်ထားပါတယ်။ ဒီဥပဒေကို ၂၀၁၁ ခုနှစ် လေထုညစ်ညမ်းမှုဆိုင်ရာဥပဒေတွေထဲမှာ ထည့်သွင်းဖော်ပြထားတာဖြစ်ပြီး လေလည်ခြင်းဟာ အခြားလူတွေကို စိတ်အနှောင့်အယှက် ဖြစ်စေတဲ့အပြင် လေထုညစ်ညမ်းမှုကို ဖြစ်စေတဲ့အတွက် တားမြစ်ခဲ့တာပဲ ဖြစ်ပါတယ်။
ဒီလိုဥပဒေထုတ်ထားတာနဲ့ ပတ်သက်ပြီး ရာဇဝတ်မှုမြောက်၊မမြောက်ကို ငြင်းခုံမှုတွေ အကြီးအကျယ် ဖြစ်ခဲ့ကြပေမဲ့ ယနေ့ချိန်အထိ တည်ဆဲဥပဒေတွေထဲမှာ ပါဝင်ဆဲ ဖြစ်ပါတယ်။
၄။ အဝလွန်ခြင်းကို ပိတ်ပင်ထားတဲ့နိုင်ငံ
ဂျပန်နိုင်ငံမှာတော့ နိုင်ငံသားတွေ အပလွန်တာ မဖြစ်စေဖို့အတွက် ဥပဒေထုတ်ပိတ်ပင်ထားပါတယ်။အဝလွန်ခြင်းဟာ ကျန်းမာခြင်းကို ထိခိုက်စေတဲ့အတွက် ဆေးပညာရှုထောင့်အရ ဒီဥပဒေကို ထုတ်ပြန်ထားတာပဲ ဖြစ်ပါတယ်။
အသက် ၄၀ကနေ ၇၄ နှစ်အရွယ်ရှိသူတွေဟာ နှစ်စဉ်ဆရာဝန်တွေဆီမှာ ခါးအတိုင်းအတာကို အစစ်ဆေးခံရပါတယ်။ဒါကြောင့်လဲဂျပန်လူမျိုးတွေဟာ အသက်ရှည်ကျန်းမာကြတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဆူမိုနပန်းသမားတွေကိုတော့ ခြွင်းချက်အနေနဲ့ ကင်းလွတ်ခွင့် ပြုထားပါတယ်။
၅။ ကြက်တစ်ကောင်လမ်းမပေါ် ဖြတ်ပြေးတာနဲ့ ပြစ်မှုမြောက်တဲ့နိုင်ငံ
ဂျော်ဂျီယာနိုင်ငံ၊Quitman ပြည်နယ်မှာ ပြဋ္ဌာန်းထားတဲ့ဥပဒေကတော့ တကယ်ကို ထူးထူးဆန်းဆန်းဖြစ်ပါတယ်။ ကြက်တစ်ကောင် လမ်းမပေါ်ကို ဖြတ်ပြေးတာဟာ ပြစ်မှုမြောက်ပါတယ်။
ဂျော်ဂျီယာ နိုင်ငံဟာ စိုက်ပျိုးရေး၊ မွေးမြူရေးကို အဓိကထား လုပ်ကိုင်တဲ့နိုင်ငံဖြစ်ပြီး မွေးမြူရေးလုပ်ငန်းတွေကို စနစ်တကျလုပ်ကိုင်ဖို့အတွက် ပြဋ္ဌာန်းထားတဲ့ဥပဒေတွေ အများကြီးရှိပါတယ်။
အဲဒီအထဲကမှ ကြက်တစ်ကောင်ခြံထဲကနေ လွတ်သွားပြီး ကားလမ်းမကို ဖြတ်ကူးခဲ့မယ်ဆိုရင် ကြက်ပိုင်ရှင်ဟာ အရေးယူခံရမှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်ရပ်မျိုး ဖြစ်ခဲ့မယ်ဆိုရင်တော့ ပိုင်ရှင်ဟာဒဏ်ဆောင်ရမှာပဲ ဖြစ်ပါတယ်။
Source-Knowledge Light