ကမ္ဘာအရပ်ရပ်ရှိ အံ့အားသင့်စေသော ဓလေ့ထုံးစံအမူအကျင့်များ (၁)

လူသားများသည် ယဉ်ကျေးမှုဓလေ့ထုံးစံ အမူအကျင့်များရှိခြင်းကြောင့် အခြားသတ္တဝါများနှင့် ကွာခြားနေကြခြင်းသာ ဖြစ်ပါသည်။

ယဉ်ကျေးမှုစတင်ချိန်ကပင် လူမျိုးနွယ်အသီးသီးသည် ဓလေ့ထုံးစံများကို စတင်ကျင့်သုံးခဲ့ကြပြီး ထိုအစဉ်အလာများ ကိုပင် နှစ်ပေါင်းကြာမြင့်သည်အထိ မပျက်မယွင်းဆက်လက် လက်ခံသုံးစွဲလာကြသူများလည်းရှိသည်။

ယဉ်ကျေးမှုလေ့ ထုံးစံများသည်ပင် လူမျိုးတစ်မျိုး၏ ကျင့်ဝတ်ပင်ဖြစ်သည်။ကမ္ဘာ့နိုင်ငံအချို့၏ အံ့အားသင့်ဖွယ်ရာ ဓလေ့ထုံးစံအမူအကျင့်များကို ဖော်ပြမည်ဖြစ်ပါသည်။

၁။ နီကာရာဂွာနိုင်ငံ (Nicaragua)တွင် နှုတ်ခမ်းဖျားနှင့် ညွှန်ပြသည့်ဓလေ့

နိုင်ငံအများစုတွင် လက်ဟန်အမူအရာများအရ ဓလေ့ထုံးစံအမျိုးမျိုး ကွဲပြားကြပါသည်။သို့သော် ပစိဖိတ်သမုဒ္ဒရာနှင့် ကာရစ်ဘီယံပင်လယ် အကြားတွင်ရှိသည့် နီကာရာဂွာနိုင်ငံသည် တစ်မူထူးခြားသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။

တစ်စုံတစ်ခုကို ညွှန်ပြရာတွင် အခြားနိုင်ငံများကဲ့သို့ လက်မများ လက်ညှိုးများနှင့် ညွှန်ပြခြင်းမဟုတ်ဘဲ နှုတ်ခမ်းကို အသုံးပြု၍သာ ညွှန်ပြကြသည်။ လူတစ်ယောက် သည် သူ၏ နှုတ်ခမ်းကိုသုံး၍ မည်မျှအထိ တိတိ ကျကျညွှန်ပြနိုင်သည်မှာ အံ့ဩဖွယ်ရာပင်ဖြစ်သည်။

နှုတ်ခမ်းကို တွန့်ရှုံ့၍သာ ညွှန်ပြပေးရခြင်းဖြစ်သည်။နီကာတစ်ယောက်တွင် ဘဲနှုတ်ခမ်းရှိလျှင် နှုတ်ခမ်းကို အပေါ်သို့ဖြစ်စေ၊ ဘေးဘက်သို့ဖြစ်စေ သူညွှန်ပြချင်သည့်အရာကို ညွှန်ပြနိုင်ပါလိမ့်မည်။
နှုတ်ခမ်း လမ်းညွှန်ကို မိမိအနီးအနားတွင် တစ်စုံတစ်ရာဖြစ် နေသောအခါ အသုံးပြုလေ့ရှိသည်။

၂။ ပြင်သစ်နိုင်ငံတွင် နှုတ်ခမ်းဖြင့် နမ်းသည့်ဓလေ့

ယဉ်ကျေးမှုထုံးစံများတွင် နှုတ်ဆက်ရာ၌ ထုံးတမ်းဓလေ့ များစွာရှိသည်။လက်တင်အမေရိက ယဉ်ကျေးမှုများနှင့်ရောမယဉ်‌ကျေးမှုများသည် ရင်းနှီးချစ်ခင်သူများကိုသာမက မိတ်ဆွေအသစ်များ ကိုပါ နှုတ်ဆက်သည့်အခါ ပါးပြင်ကို နမ်းလေ့ရှိသည်။

ပြင်သစ်များကလည်း ထိုအယူအဆကိုအခြေခံ၍ သူတို့၏နှုတ်ဆက် အနမ်းကို အနည်းငယ်ပြင်ဆင်၍ ကျင့်သုံးကြခြင်းဖြစ်ပေလိမ့်မည်။

ပထမအချက်သည် အမျိုးသမီးများနှင့် အမျိုးသားများအတွက် ကွဲပြားသည့် ဥပဒေသတ်မှတ်ချက်များရှိခြင်းဖြစ်သည်။ ဒုတိယအချက်သည် ဒေသအလိုက် နှုတ်ဆက်အနမ်းအရေအတွက် ကွဲပြားခြင်းဖြစ်သည်။

ပြင်သစ်လူမျိုးများသည် ပါတီများ ၊မိတ်ဆုံစားပွဲများတွင် တက်ရောက်လာသူ လူတစ်ဦးချင်းစီကို အနမ်းဖြင့်နှုတ်ဆက်လေ့ရှိကြသည်။

၃။ မလေးရှားနိုင်ငံတွင် လက်မနှင့်ညွှန်ပြသည့်ဓလေ့

အချို့နိုင်ငံများတွင် လက်ညှိုးနှင့် ညွှန်ပြခြင်းသည် ခက်ထန်ကြမ်းတမ်းပြီး ရိုင်းစိုင်းသည့်အပြုအမူဟု သတ်မှတ်ထားကြသည်။ လက်ချောင်းများဖြင့် ညွှန်ပြခြင်းသည် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ကောင်းသည့်အရာ မဟုတ်ပေ။

မလေးရှားနှင့်အင်ဒိုနီးရှားနိုင်ငံများတွင် ဤလက်ဟန်ခြေဟန်များသည် အလွန်ပင် စိတ်အနှောင့်အယှက် ဖြစ်ပါသည်။ ထိုသို့ညွှန်ပြမည့်အစား လတ်မနှင့်ညွှန်ပြခြင်းကသာ ပို၍ယဉ်ကျေးသည်ဟု မှတ်ယူကြသည်။

အမေရိကန်နိုင်ငံအများစုတွင် ညွှန်ပြခြင်းကို သက်မဲ့ပစ္စည်းများအတွက် အသုံးပြီး လူသားများကိုမူ လက်ညှိုးဖြင့် လုံးဝမညွှန်ပြရပေ။

၄။ ဂျပန်နိုင်ငံတွင် အသံမြည်အောင် ဟင်းရည်သောက်သည့်ဓလေ့

ကမ္ဘာပေါ်ရှိ လူ့အဖွဲ့အစည်းများတွင် ထမင်းစားပွဲကျင့်ဝတ်များနှင့်ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်းများရှိသည်။ အနောက်တိုင်းယဉ်ကျေးမှုများတွင် အစာစားရာ၌ ဆူဆူညံညံစားသောက်ခြင်းကို ရိုင်းစိုင်းသည်ဟုသတ်မှတ်သည်။

ဂျပန်နိုင်ငံတွင်မူ အစားစားနေစဉ် အသံမြည်ခြင်းသည် အဓိပ္ပာယ်အမျိုးမျိုးရှိ နိုင်သည်။ အနောက်နိုင်ငံများကဲ့သို့ ဂျပန်နိုင်ငံတွင်လည်း ခေါက်ဆွဲစားရာတွင် ပါးစပ်ထဲသို့မထည့်မီ ခေါက်ဆွဲကို ကွေ့ဝိုက်လိမ်ပတ်ရသည်။

ထိုအချိန်အတွင်း ဂျပန်များသည် ခေါက်ဆွဲကိုတွန့်လိမ်ကောက်ကွေးအောင်မလုပ်ဘဲ ပါးစပ်ထဲသို့ တိုက်ရိုက်ထည့်တတ်ကြသည်။ ထိုသို့လုပ်ခြင်းသည် အသံမြည်စေသည်။

ခေါက်ဆွဲစားစဉ် အသံမြည်ခြင်းသည် စားသုံးသူက အစားအစာကို အမှန်တကယ်ပင် နှစ်သက်ကြောင်း အဓိပ္ပာယ်ရသည်။ အချို့ သိပ္ပံပညာရှင်များကမူ ဟင်းရည်ကိုအသံမြည်အောင် ရွှိုက်သောက် ခြင်းသည် အာခေါင်ထဲကိုလေဝင်စေပြီး ခေါက်ဆွဲအနံ့အရသာကို ပိုမိုကောင်းစေသည်ဟု ဆိုသည်။

၅။ နိုင်ဂျီးရီးယားနိုင်ငံတွင် ဒူးထောက်၍ဖြစ်စေ၊ ဝမ်းလျားမှောက်၍ဖြစ်စေ နှုတ်ဆက်သည့်ဓလေ့

နိုင်ဂျီးရီးယားနိုင်ငံရှိ Yoruba လူမျိုးများသည် နှုတ်ဆက်သည့်ဓလေ့ကို အလေးအနက်လိုက်နာသူ များဖြစ်သည်။ ထိုဓလေ့သည် အသက်ကြီးသူများကို နှုတ်ဆက်ရာတွင် ပို၍သုံးသည်။

လူကြီးတစ်ယောက်ကိုတွေ့လျှင် Yoruba လူငယ်များသည် ဒူးထောက်ထိုင်၍ နှုတ်ဆက်လေ့ရှိကြသည်။ နှုတ်ဆက်ရာတွင် အမျိုးသမီးများသည် ဒူးထောက်လေ့ရှိကြပြီး အမျိုးသားများသည် ဝမ်းလျားမှောက်ကြသည်။

ဤအမူအရာများသည် လူ့အဖွဲ့အစည်းက သက်ကြီးရွယ်အိုများကို လေးစား၍ အကာအကွယ်ပေးသည့် လက္ခဏာပင်ဖြစ်သည်။ စိတ်ဝင်စားဖွယ် ကောင်းသည်မှာ ဤဓလေ့သည် Yoruba လူမျိုးများကို နိုင်ဂျီးရီးယားရှိ Bini နှင့် Kalabari တို့ အပါအဝင် အခြားလူမျိုးများနှင့် မတူကွဲပြားနေစေ ခြင်းပင်ဖြစ်သည်။

၆။ ဒိန်းမတ်တွင် အိမ်ထောင်မပြုသေးသူများကို သစ်ကြံပိုးခေါက်နှင့်ပေါက်သည့်ဓလေ့

လူတစ်ယောက်သည် အသက် ၂၅ နှစ်ရောက် လာသည့်တိုင်အောင် လက်မထပ်ရသေးလျှင် သူ့မွေးနေ့တွင် မိတ်ဆွေအပေါင်းအသင်းများက ထိုသူအား သစ်ကြံပိုးအရည်များဖြင့် တစ်နေကုန်လောင်းပက်ကြပါသည်။

နောင် ၅ နှစ်ကြာသည့်တိုင် အသက် ၃၀ အထိ တစ်ကိုယ်တည်းဖြစ်နေလျှင်တော့ ငရုတ်ကောင်းမှုန့်များနှင့် အပက်ခံရဖို့သာ ပြင်ဆင်ထားရပေလိမ့်မည်။

Credit-အေးမို့
Credit-Photo

(မြန်မာနိုင်ငံက ထူးခြားတဲ့ဓလေ့များရှိရင်လည်း ဖော်ပြပေးသွားကြပါဦး)

Leave a Reply

Your email address will not be published.