မပျံသန်းနိုင်တဲ့ ငှက်မျိုးစိတ်များ အကြောင်း

မပျံသန်းနိုင်တဲ့ ငှက်မျိုးစိတ်များ အကြောင်း

ကမ္ဘာပေါ်မှာ မပျံသန်းနိုင်တဲ့ ငှက်မျိုးစိတ်အချို့ ရှိနေပါတယ်။ အဲဒီငှက်တွေထဲက ငှက်မျိုး စိတ်အချို့ကို တင်ပြလိုက်ပါတယ်။

၁။ဆင်ငှက်(Elephant Bird)

ကမ္ဘာပေါ်မှာရှိခဲ့ဖူးတဲ့ ငှက်တွေထဲမှာ အကြီးဆုံးငှက်ကတော့ ဆင်ငှက်တွေဖြစ်ပါတယ်။ မျိုးစိတ် ၃ ခုရှိပြီး ပုံစံကတော့ ကီဝီငှက်တွေနဲ့ အနီးစပ် ဆုံးတူကာ ဆင်ငှက်ဆိုတဲ့နာမည်ပေးထားရလောက်အောင် အရွယ်အစားကြီးမားလွန်းတဲ့ ငှက်တွေဖြစ် ပါတယ်။

ခန္ဓာကိုယ်အလေးချိန် ပေါင် ၁၆ဝဝ ခန့်ရှိသလို အရပ်အမြင့်ကလည်း ၁ဝ ပေ ခန့်ရှိပါတယ်။ သူတို့ရဲ့ ဥကတော့ ၁ ပေခန့်ရှိပြီး အလေးချိန် ၂၂ ပေါင်ခန့်ရှိ ပါတယ်။

ဒီငှက်တွေ မျိုးသုဉ်းပျောက်ကွယ်လုစာရင်း မှာပါဝင်ခဲ့ရခြင်းကတော့ ရာသီဥတုပြောင်းလဲတာ အပြင် စားကျက်မြေများဆုံးရှုံးခြင်းနဲ့ သူတို့ရဲ့ ဥများကို စားသောက်ခံရခြင်းကြောင့်လည်း ဖြစ်ပါတယ်။

၂။ တင်ကြီးငှက် (Galapagos Cormorant)

တင်ကြီးငှက်အမျိုးအစားဖြစ်တဲ့ Galapagos Cormorant တွေကိုတော့ ပစိဖိတ်သမုဒ္ဒရာထဲက ဂလာပါဂို့စ်ကျွန်းတွေမှာပဲ အများဆုံးတွေ့ ရတတ်ပါတယ်။

အရွယ်အစားအားဖြင့် ခန္ဓာကိုယ်အလျား ၃ ပေခန့်ရှိပြီး ကိုယ်အလေးချိန် ၁၁ ပေါင်ခန့်ရှိပါတယ်။ နှုတ်သီးရှည်ပြီး တိုတောင်းတဲ့တောင်ပံကြောင့် ဘဲတွေ နဲ့ ပိုတူနေပါတယ်။

ပင်လယ် ကမ်းစပ်ကနေ မီတာ ၂၀၀ အကွာအဝေးအထိ အစာရှာ ထွက်လေ့ရှိပြီး ငါးနဲ့ရေဘဝဲငယ်တွေက သူတို့ရဲ့ အစာဖြစ်ပါတယ်။ သူတို့ရဲ့သက်တမ်း ကတော့ ၁၃ နှစ်ခန့် ဖြစ်ပါ တယ်။

၃။ ဒိုဒိုငှက် (Dodo)

ဒိုဒိုငှက်တွေဟာ အိန္ဒိယသမုဒ္ဒရာထဲက မာဒါဂတ်စကာကျွန်းနဲ့ မောရစ်သျှကျွန်းတွေမှာရှိတဲ့ ငှက်တစ်မျိုးဖြစ်ပြီး ယခုတော့ မျိုးသုဉ်းစာရင်းမှာ ပါဝင်လာ ပြီဖြစ်တဲ့ငှက်မျိုးစိတ်များဖြစ်ပါတယ်။

အရွယ်အစားအားဖြင့်တော့ ခန္ဓာကိုယ်အလျား ၃ ပေကျော်နဲ့ အလေးချိန် ပေါင် ၄၀ ခန့်အထိရှိပါတယ်။ သူတို့ရဲ့ အရောင်ဟာ မီးခိုး ရောင်၊ ဒါမှမဟုတ် အညိုဖျော့ရောင်ရှိပါတယ်။ ဒိုဒိုငှက်တွေရဲ့သက်တမ်းကတော့ နှစ်ပေါင်း ၂၀ ဝန်းကျင် ဖြစ်ပါတယ်။

၄။ ကီဝီငှက်(Kiwi)

မျိုးရင်းစိတ် ၅ မျိုးရှိတဲ့အနက် အကြီးဆုံးကတော့ မြောက်ပိုင်းအညိုရောင်ကီဝီငှက်ဖြစ်ကာ ခန္ဓာကိုယ် အရွယ်အစား ၂ ပေခန့်အထိရှိပါတယ်။ ငှက်များနဲ့ နှာပေါက်ဟာ ၎င်းတို့နှုတ်သီးထိပ်ဖျားမှာရှိနေတာကတော့ အခြားငှက်တွေနဲ့မတူညီတဲ့အချက်ဖြစ်ပါတယ်။

သူတို့ရဲ့ဥဟာ ၁ ပေါင်ကျော်ခန့်အထိလေပြီး ခန္ဓာကိုယ်အရွယ်အစားနဲ့နှိုင်းယှဉ်ရင် ကြီးမားတဲ့ဥများကို ဥတဲ့ငှက်လို့ဆိုနိုင်ပါတယ်။ ကီဝီငှက်တွေရဲ့ ပျမ်းမျှ သက်တမ်းကတော့ နှစ် ၂ဝ နဲ့ ၃၀ ကြားဖြစ်ပါတယ်။

၅။ မြေကြက်တူရွေး(Kakapo)

နယူးဇီလန်နိုင်ငံရဲ့ ထင်ရှားတဲ့ငှက်တစ်မျိုးဖြစ်တဲ့ ဒီငှက်ကတော့ ကြက်တူရွေးအမျိုးအစားဖြစ်ပြီး မပျံသန်းနိုင်တာကြောင့် မြေကြက်တူရွေး(Ground Parrot)၊ ဇီးကွက်နဲ့တူတာကြောင့် ဇီးကွက်ကြက်တူရွေး (Owl Parrot) စတဲ့ နာမည်တွေပေးခံထားရပါတယ်။

စိမ်းဝါရောင်ရှိကာ တိုတဲ့အမြီး၊ ခြေထောက်၊ တောင်ပံနဲ့ ကြီးမားတဲ့ခြေထောက်ကို ပိုင်ဆိုင်ထားတဲ့ငှက်မျိုးဖြစ်ပါတယ်။

အရွယ်အစားအားဖြင့် ခန္ဓာကိုယ်အလျား ၂ ပေဝန်းကျင်အထိရှိနိုင်ကာ ကိုယ်အလေးချိန်ကတော့ ၉ ပေါင်အထိရှိတတ်ပါတယ်။ အသက်ရှည်တဲ့ငှက်မျိုး စိတ်လည်းဖြစ်ပါတယ်၊

၆။ ငှက်ကုလားအုတ်(Rhea)

ငှက်ကုလားအုတ် (Rhea) မျိုးစိတ်ကတော့ တောင်အမေရိကတိုက်မှာ အများဆုံးတွေ့ ရလေ့ရှိတဲ့ ငှက်ကြီးအမျိုးအစားဖြစ်ပါတယ်။

ငှက်ကုလားအုတ်တွေနဲ့ခပ်ဆင်ဆင်တူကာ အရပ်အမြင့် ၅ ပေခွဲခန့်ရှိပြီး ကိုယ်အလေးချိန် ၈၈ ပေါင်ခန့်အထိရှိတတ်ပါတယ်၊ငှက်ကုလားအုတ်တွေဟာ ပုံမှန်မပျံသန်းနိုင်တဲ့ ငှက်တွေထက်စာရင် ပိုကြီးတဲ့အတောင်ပံကိုပိုင်ဆိုင် ထားပါတယ်။

ပြေးတဲ့အခါမှာ အဲဒီတောင်ပံတွေကို ခတ်ကာပြေးလေ့ရှိပြီး တစ်နာရီကို မိုင် ၄၀ အမြန်နှုန်း နဲ့ ပြေးနိုင်ကြပါတယ်။ငှက်ကုလားအုတ်ကို American Rhea နဲ့ အကောင်ငယ်တဲ့ Darwin’s Rhea ဆိုပြီး ၂ မျိုးပြန်ခွဲပါတယ်။

ဒီငှက်တွေရဲ့ ပျမ်းမျှသက်တမ်းကတော့ ၁၀ နှစ်ဝန်းကျင်ဖြစ်ပြီး အကောင်အရေအတွက်နည်းလာနေပြီး မျိုးသုဉ်းပျောက်ကွယ်သွားနိုင်တဲ့ငှက်မျိုးအဖြစ် လည်း သတ်မှတ်ခံထားရပါတယ်။

Credit-ရဲမာန်ခ
Source-thutazon

Leave a Reply

Your email address will not be published. Required fields are marked *