အာရှဒေသရှိ ထိပ်တန်း သဘာဝတောရိုင်းဥယျာဉ်များ

အာရှဒေသရှိ ထိပ်တန်း သဘာဝတောရိုင်းဥယျာဉ်များ

ဆိုက်ဘေးရီးယားဒေသမှ အမ်မာကျားများမှသည် ဘော်နီယိုကျွန်းရှိ မျောက်ဝံအသိုက်အဝန်း များသို့တိုင် အာရှဒေသသည် သဘာဝတောရိုင်းများ ကြွယ်ဝလှ ပေသည်။

အချို့တိရစ္ဆာန်များမှာ တောရိုင်းများထဲတွင် လွတ်လပ်စွာ နေထိုင်ခွင့်ရနေဆဲဖြစ်ပြီး အခြားတိရစ္ဆာန်များမှာမူ မျိုးသုဉ်းပျောက် ကွယ်မှုအတွက် လူသားများ၏ တားမြစ် ပိတ်ပင်မှုများအပေါ် မူတည်နေပေသည်။

၁။ ဝေါ်ရက်ဆန် အမျိုးသားဥယျာဉ် ( တောင်ကိုရီးယား)

ဝေါ်ရက်ဆန်တောင်တန်းများ၏ ပတ်လည်တွင် ရှုခင်းသာယာလှပသော ရေတံခွန်များ၊ ရေကန်များနှင့် ကိုရီးယား ထင်းရှူးဖြူပင်များ များပြားစွာတည်ရှိသည်။

၎င်းဥယျာဉ်သည် အပင်မျိုးစိတ် ၁၂ဝဝ၊ နို့တိုက် သတ္တဝါမျိုးစိတ် ၁၇ ခု၊ ငှက်မျိုးစိတ် ၆၇ ခု၊ ရေချိုမျိုး စိတ် ၂၇ ခုနှင့် ကုန်းနေရေနေသတ္တဝါ မျိုးစိတ် ၁၄ ခုတို့ နေထိုင်ကြသည်။

ဥယျာဉ်တွင်း၌ ရိုးရာဗုဒ္ဓ ဘုရားစေတီအနည်းငယ်လည်း တည်ရှိပြီး Suanbo ရေပူစမ်းမှာလည်း ပင်ပန်းနွမ်းနယ်လာသူများအတွက် အပန်းဖြေစရာနေရာဖြစ်သည်။

၂။ ယာလာအမျိုးသားဥယျာဉ် (Yala National Park)( သီရိလင်္ကာ)

သီရိလင်္ကာနိုင်ငံတွင် ဒုတိယမြောက်အကြီးမားဆုံးသော သဘာဝဥယျာဉ်ကြီးဖြစ်ပြီး သစ်တောများ၊ မြက်ခင်းများနှင့် ရေအိုင်များပါဝင်သည့် ကွဲပြား ခြားနားသော မြေမျက်နှာသွင်ပြင်များရှိသည်။

လာရောက်လည်ပတ်သူများအနေဖြင့် ဝက်ဝံ၊ ဆင်နှင့် ရေကျွဲများစသည်တို့ကို ၎င်းတို့၏ ခရီးစဉ်တွင် ကြည့် ရှုနိုင်သည်။

အဆိုပါဥယျာဉ်တွင် ရှေးဟောင်းဘာသာရေး ယဉ်ကျေးမှုအမွေအနှစ်နေရာတစ်ခုဖြစ်သော ဆီသူပေါ်ဝါလည်းတည်ရှိပြီး ၎င်းမှာ လွန်ခဲ့သည့်နှစ် ၂ဝဝဝ ခန့်က လူဦးရေ ၁၂ဝဝဝ ခန့်နေထိုင်ခဲ့ကြောင်း သိရသည်။

၃။ ဆီမီလန်ကျွန်းများ (Similan island)(ထိုင်း)

ခိုဆီမီလန်မှာ အန်ဒမန်ပင်လယ်အတွင်းရှိ လူသိအများဆုံး ကျွန်းစုများဖြစ်ပြီး ကမ္ဘာပေါ်တွင် ထိပ်တန်းစိတ်ဝင်စားဖွယ် အကောင်းဆုံးပင်လယ်ရေအောက်စူးစမ်းလေ့လာရာနေရာ (၁၀)ခုတွင် ပါဝင်သည်။

ကဏန်းစားသည့်မျောက်များ၊အမြီးရှည်မျောက်များ၊ရှဉ့်များ၊လင်းနို့များ၊တောက်တဲ့များ နှင့် အခြားငှက်မျိုးစုံတို့ အဆိုပါဥယျာဉ်အတွင်း တည်ရှိသည်။အန်ဒမန်ပင်လယ် ကြမ်းပြင်တွင် ကမ္ဘာပေါ်တွင် ထူးခြားလှပ သော သန္တာကျောက်တန်းအချို့ တည်ရှိသည်။

၄။ ဒန်နမ်တောင်ကြား သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး နယ်မြေ (မလေးရှား)

ဒန်နမ်တောင်ကြား သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး နယ်မြေဟူ၍ မဖြစ်ပေါ်မီ ၎င်းနေရာသည် ဘော်နီယိုကျွန်းရှိ Ulu Segama သစ်တောထိန်းသိမ်းစောင့်ရှောက်ရေးနေရာ ဖြစ်ခဲ့သည်။

ယင်းနယ်မြေသည် ဆာဘားပြည်နယ်၏ ပရိုင်းမိတ်မျိုး စိတ် ၁ဝ ခု တည်ရှိရာဖြစ်သကဲ့သို့ ရှားပါး ဆင်ပုလေးများ၊ ဘန်တန်ဟုခေါ်သော နွားရိုင်းတစ်မျိုး၊ ဆူမတြားကြံ့၊ကျားသစ်ပြောက်၊ ခေါင်းပြားကြောင်နှင့် မလေးဝက်ဝံတို့ကဲ့သို့သော ရှားပါးတိရစ္ဆာန် များ နေထိုင်ရာလည်းဖြစ်သည်။

၅။ အိုဂါဆာဝါရာ အမျိုးသားဥယျာဉ် ( ဂျပန်)

အိုဂါဆာဝါရာဥယျာဉ်တွင် ပစိဖိတ် သမုဒ္ဒရာရှိ ကျွန်း ၃ဝ ပါဝင်ပြီး မူကိုဂျီးမား၊ချီနိုဂျီးမားနှင့် ဟာဟာဂျီးမားဟူသောအုပ်စု ၃ ခုပါဝင်သည်။

ဧရိယာတစ်ခုလုံးသည် အိုဂါဆာဝါရာဥယျာဉ်အဖြစ် ဖွဲ့စည်းပါဝင်နေပြီး သန္တာ ကျောက်တန်းများ၊ အပူပိုင်း ငါးများ၊ အပင်နှင့်တိရစ္ဆာန်အမျိုးအစား ၁၄၀ ကျော်ဖွဲ့စည်းပါဝင်သည်။

၆။ ဖိုဝင် အမျိုးသားသဘာဝ ထိန်းသိမ်းစောင့် ရှောက်ရေးနယ်မြေ ( တရုတ် )

ဖိုဝင်အမျိုးသားသဘာဝဥယျာဉ်မှာ နောက်ဆုံး ကျန်ရှိသည့် ပန်ဒါဝက်ဝံကြီးများနေထိုင်ကြပြီး လှပသည့် ပန်ဒါဝက်ဝံ ၁၂ဝ မှာ လက်ရှိနေထိုင်လျက်ရှိသည်။

ပန်ဒါနီများ၊ နှာခေါင်းတိုမျောက်များ၊ အရောင်စုံသော ဒေါင်းများနှင့် ရှားပါးတောက်တဲ့ကြီးများအပါအဝင် အခြားရှားပါးတိရစ္ဆာန်များကို ယင်းဥယျာဉ်တွင် တွေ့ရှိနိုင်သည်။

၇။ ရှီပျန်း သဘာဝကာကွယ်ရေးနယ်မြေ (xe pian national protected area)(လာအို)

ရှီပျန်းသဘာဝထိန်းသိမ်းစောင့်ရှောက်ရေးနယ်မြေမှာ လာအိုနိုင်ငံတောင်ပိုင်းရှိ ချန်ပါဆက်နှင့် အက်တာပူးပြည်နယ်များတွင် တည်ရှိသည်။

အာရှဆင်၊ မျောက်ဝံ၊ နေဝက်ဝံ (Sun bear) ၊ ဝက်ဝံမည် (Black bear) နှင့် ပါးအဝါရောင်ရှိ မျောက် (Yellow cheeked gibbon) စသည့် တိရစ္ဆာန်များနေထိုင်ရာဖြစ်ပြီး တိုးချဲ့ထားသည့်စိုစွတ်မြေWetland များ ရှိနေခြင်း ကြောင့် ထင်ရှားကျော်ကြားသည်။

၈။ ကောဗ်တိဂရာအမျိုးသားဥယျာဉ် (Zov Tigra National Park)( ရုရှား )

၎င်းဥယျာဉ်မှာ မျိုးသုဉ်းရန်ခြိမ်းခြောက်ခံနေရ သော Amur ကျားများနေထိုင်ရာ တောင်ပေါ်ဥယျာဉ် ဖြစ်သည်။ သီးခြားအထီးကျန်သော နေရာတစ်ခုဖြစ်ပြီး ရုရှားနိုင်ငံအရှေ့တောင်ပိုင်းကမ်းရိုးတန်းရှိ Primorsky Krai ခရိုင်တွင် ကျယ်ပြန့်သောနယ်မြေ၌ တည်ရှိသည်။

မန်ချီးရီးယားသမင်များ၊ အခြားသမင်များကို များပြားစွာတွေ့ရပြီး အရှေ့ဖျားသစ်တောကြောင်၊ အညိုရောင်ဝက်ဝံနှင့် ကြောင်မြီးတိုများ လည်း နေထိုင်ကြသည်။

၉။ ဟောင်အန်းလျန် သဘာဝဥယျာဉ် (ဗီယက်နမ်)

ဟောင်အန်းလျန် သဘာဝဥယျာဉ်မှာ ဗီယက်နမ်နိုင်ငံ Sapa မြို့ အပြင်ဘက်တွင်ရှိပြီး မျောက်ဝံမည်း၊ အောက်ချင်းငှက်၊ ငွေရောင် မျက်တွင်းဖြူမျောက်များ၊ အစက်အပြောက်ပါသည့် လင်းယုန်ငှက်များ ၊အနီရောင် ရင်အုပ်ရှိ ဝေါင်းများနှင့် ဦးပါသည့်ရှားပါးဖားများ နေထိုင်ရာဖြစ်သည်။

လာရောက်လည်ပတ်သူများအနေဖြင့် ဒေသခံတောင်တက်သမားများ၏ လမ်းညွှန်မှုဖြင့် အဆိုပါဥယျာဉ်သို့သွားရောက်နိုင်သည်။

၁၀။ဂူနန်းလူဆာ အမျိုးသားဥယျာဉ်(Gunung Leuser park)( အင်ဒိုနီးရှား)

ဂူနန်းလူဆာဥယျာဉ်မှာ ဆူမတြားကျွန်းပေါ်ရှိ နောက်ဆုံးမိုးသစ်တောများထဲတွင် တစ်ခု အပါအဝင်ဖြစ်ပြီး ရှားပါးလူဝံများ၊ဆူမတြားကျား ၊ဆင် နှင့် ကြံ့များအပြင် ရှားပါးကျားသစ်ပြောက်များလည်း နေထိုင်သည်။

ရှားပါးမျောက်မျိုးများကိုလည်း တွေ့ရနိုင်ပြီး ဝက်ဝံ၊ သမင်များလည်း နေထိုင်ကြ သည်။ မြွေအများအပြားတွေ့ရှိရပြီ၊ မြွေဟောက် (King Cobra)၊ ငန်းတော်ကျား၊ မြွေပွေး စသည်တို့ပါဝင်သည်။

ခရက်ဒစ်-ကောင်းသစ်

Leave a Reply

Your email address will not be published.