အိမ်မွေးကြောင်လေးတွေရဲ့ ချစ်စရာကောင်တဲ့ အပြုအမူ၊အချက်အလက်များ

၁။ခြေဖျားထောက်တဲ့ကြောင်ကလေး

တစ်ကယ်တော့ ကြောင်ကလေးတွေဟာ ရပ်နေတဲ့ အချိန်နဲ့ ပြေးနေတဲ့ အချိန်တွေကလွဲရင် ခြေဖျားလေးနဲ့ပဲ လမ်းလျှောက်တတ်ကြပါတယ်။

ဒီလိုလုပ်တာဟာ တောရိုင်းသဘာဝ အလေ့အထတွေ သူတို့ဆီမှာ နည်းနည်းစီ ကျန်ရှိနေသေးတာကြောင့် ဖြစ်ပါတယ်။

၂။ ကြောင်လေးတွေက သင့်ကို သူတို့ချစ်ကြောင်း မပြကြပါဘူး။

ကြောင်လေးတွေ သင့်ခြေထောက်ကို သူတို့ခေါင်းနဲ့ပွတ်တာလောက်ကလွဲရင် တစ်ခြားချစ်စရာအမူအရာလေးတွေ လုပ်တာမျိုး မရှိဘူးလို့ တွေးကြည့်မိဖူးပါသလား။

ကြောင်လေးတွေက သင့်ကိုသူတို့ချစ်ကြောင်း မပြကြပေမယ့် တစ်ကယ်တော့ သင့်ကို သူတို့ခေါင်းနဲ့ ပွတ်တယ်ဆိုတာ အမှတ်မှတ်ထားတာပါပဲ။

သူတို့ခေါင်းက အနံ့ဂလင်းတွေ ပါဝင်တဲ့ အတွက် သူတို့ဒီလိုလုပ်တာက ကျွန်တော်တို့ဟာ သူတို့ရဲ့ သခင် ဖြစ်တယ်ဆိုတာ တစ်ခြားတိရိစ္ဆာန်တွေကို ပြောပြတဲ့ ချစ်စရာ အမူအရာလေးတစ်ခု ဖြစ်ပါတယ်။

၃။ ဂရုမစိုက်တဲ့ ကြောင်ကလေး

ကြောင်ကလေးတွေက သူတို့နာမည် သင်ခေါ်နေတယ်ဆိုရင် မှတ်မိနားလည်နိုင်ပါတယ်။ ဒါပေမယ့် သင်ခေါ်နေမှန်းသိရင်တောင် တမင် ဂရုမစိုက်ပဲ နေတတ်တဲ့ အလေ့တစ်ခုရှိပါတယ်။ ခပ်ချေချေ နေတတ်တဲ့ ကြောင်လေးတွေပါ။

၄။ ကြောင်လေးတွေနဲ့အရသာ

ကြောင်လေးတွေက အချိုအရသာ မခံစားနိုင်ကြပါဘူး။ ဒါ့အပြင် ကြောင်လေးတွေကို နွားနို့တိုက်တာမျိုးက ကြောင်လေးတွေအတွက် အန္တာရာယ်ဖြစ်စေတဲ့အတွက် ရှောင်ကြဉ်သင့်ပါတယ်။

၅။ ကြောင်လေးတွေနဲ့ အိပ်စက်ခြင်း

ကြောင်လေးတွေဟာ အအိပ်မက်ကြပါတယ် တစ်ပါတ်သား အရွယ်မှာ စပြီးမက်ကြတာ ဖြစ်ပါတယ်။ကြောင်ပေါက်စ လေးတွေအတွက် အိပ်စက်ခြင်းဟာ သူတို့ကြီးထွားမှု အတွက် အထောက်အကူ ပြုပါတယ်။

အရွယ်ရောက်ပြီးသား ကြောင်လေးတွေကတော့ သူတို့အတွက် ဘာအကျိုးကျေးဇူးမှမရှိလည်း တစ်ရေးတစ်မော အိပ်ရတာကို နှစ်သက်ကြပါတယ်။

ကြောင်လေးတွေ ဘယ်လောက်ထိ အိပ်ကြလဲဆို သူတို့ အသက် (၉)နှစ်သား အရွယ်ရောက်တဲ့ အခါမှာ ၃ နှစ်လောက်က အိပ်စက်ခြင်း နဲ့ ကုန်ဆုံးခဲ့ပြီး ဖြစ်ပါတယ်။

၆။ ဘယ်သန်လား၊ ညာသန်လား

ကြောင်လေးတွေလည်း ဘယ်သန်ညာသန်ရှိကြပါတယ်။ ကြောင်မလေးတွေအများစုက ညာသန် ဖြစ်ပြီး ကြောင်ထီး လေးတွေကတော့ ဘယ်သန်တွေ များပါတယ်။

၇။ အခေါ်အဝေါ်

ကြောင်မလေးတွေကို Molly လို့ခေါ်ပြီး ကြောင်ထီးလေးတွေကိုတော့ Tom လို့ခေါ်ပါတယ်။ Tom And Jerry ထဲက Tom ကို ဒီအခေါ်အဝေါ် အစွဲပြုပြီး မှည့်ထားတာပါ။

၈။ ကြောင်လေးတွေကို လက်သည်း မညှပ်ပေးသင့်ပါဘူး။

ကြောင်လေးတွေရဲ့ လက်သည်းက တစ်ကယ်တော့ ကျွန်တော်တို့ လက်သည်းတွေကို ညှပ်ပြီးရင်လည်း ပြန်ရှည်လာတာမျိုး မဟုတ်ပါဘူး။ သူတို့ လက်သည်းတွေက လက်နဲ့ ဆက်နေတဲ့ အရိုးလေးတွေပါ။ ဒါကြောင့် ကြောင်လေးတွေကို လက်သည်းညှပ်လိုက်ရင် သူတို့ ခြေထောက်လေးတွေနာပြီး လမ်းလျှောက်လို့မရ ဖြစ်သွားနိုင်ပါတယ်။

ဘာမှမဖြစ်ရင်တောင် ကြောင်လေးတွေဟာ လက်သည်းမရှိတော့ပဲ သူတို့ကိုသူတို့ မကာကွယ်နိုင်တော့တဲ့အတွက် ဒါဟာလည်း သူတို့အတွက် အန္တရာယ်ဖြစ်နိုင်ပါတယ်။

၉။ လက်ဆောင်ပစ္စည်းတွေ

ကြောင်လေးတွေက သင့်ဧည့်ခန်း သို့မဟုတ် အိပ်ခန်းထဲထိ ကြွက်သေတွေ ယူယူလာလို့ သင်စိတ်ညစ်ဖူးမှာပါ။အခုပြောပြတဲ့ အချက် (၃) ချက်ကို ဖတ်ပြီးရင် စိတ်မညစ်နိုင်ပဲ ဝမ်းသာဂုဏ်ယူနိုင်သွားမှာပါ။

၁။ သူတို့ကို သင် အစာကျွေးတဲ့ အတွက် သူတို့ကလည်းသူတို့စားတဲ့ အစာကိုပြန်ဝေမျှတာပါ။ ၂။သူတို့ ကြိုက်တဲ့ အစာမို့ အလေးထားတဲ့ လက်ဆောင်တစ်ခုအနေနဲ့ ယူလာပေးတာပါ။ ၃။သူတို့ကို သားကောင်လိုက်တော်တဲ့ ကြောင်လေးတွေအဖြစ် မြင်စေချင်တဲ့ သဘောနဲ့ ယူလာပေးတာပါ။

ဒါပေမယ့် ကျွန်တော်တို့က မသိပဲ အော်လိုက်တာ လိုက်ရိုက်တာမျိုးလုပ်မိရင် ကြောင်လေးတွေ စိတ်ထိခိုက် သွားနိုင် ပါတယ်။ ဒါကြောင့် နောက်တစ်ခါ သူတို့လက်ဆောင်ယူလာပေးရင် အော်ဟောက်တာမျိုး မလုပ်မိဖို့ ထိန်းထား သင့်ပါတယ်။

၁၀။ ကုတ်ခြစ်တာ

ကြောင်လေးတွေ သစ်ပင်တစ်ခုခုမှာကုတ်တာ ခြစ်တာမျိုးလုပ်တာက သူတို့ အတွက် လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ ပြေးလွှားတာ ခုန်တာမျိုးမှာလိုအပ်တဲ့ ကြွက်သားအထောက်အကူပြု လေ့ကျင့်ခန်းပါ။

ဒါပေမယ့် နောက်ထပ် အကြောင်းအရာတစ်ခုရှိပါတယ်၊ သူတို့ နယ်မြေက ပစ္စည်းတွေဆိုရင်လည်း ဒီလိုလုပ်ပါတယ်။

ဥပမာ ကျွန်တော်တို့ ထိုင်ခုံတွေ စားပွဲတွေကို သူတို့ကုတ်ခြစ်ထားတယ်ဆိုရင် သူတို့ ရင်းနှီးတဲ့ နယ်မြေ ပတ်ဝန်းကျင်လို့ သဘောထားလို့ ဖြစ်ပါတယ်။ ကြောင်လေးတွေရဲ့ အမြင်မှာ ပရိဘောဂတွေက ခြစ်ရာလေးနဲ့ဆို ပိုလိုက်ရင် လိုက်နေမှာပါ။

၁၁။ မြေပုံ နဲ့ ကြောင်ကလေး

ကြောင်ကလေးတွေက ဘယ်နေရာရောက်နေရောက်နေ သူတို့အိမ်ရောက်အောင် ပြန်လာတတ်ကြတယ်ဆိုတာ ကျွန်တော်တို့ သိကြပါတယ်။

သူတို့ အဲ့လို လုပ်နိုင်တာဟာ သူတို့ ခေါင်းထဲက မြေပြင် တုံ့ပြန် နိုင်စွမ်းရှိတဲ့ အဆင့်မြင့် သံလိုက်ဓာတ် တစ်မျိုးကြောင့် ဖြစ်မယ်လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းထားပါတယ်။ အခုထိတော့ ကြောင်လေးတွေက ကမ္ဘာပေါ်မှာ အတော်ဆုံး အိမ်ရှာနိုင်သူလေးတွေပါ။

၁၂။ စွမ်းဆောင်ရည်

ကြောင်လေးတွေက လင်းပိုင်လို သတ္တဝါတွေရဲ့ အသံလွန်လှိုင်းတွေကို လက်ခံနိုင်ကြမယ်လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။ ကြောင်လေးတွေက အပြေးလည်း မြန်ပါသေးတယ်။

ကမ္ဘာ့ အပြေး ချန်ပီယံ အူစိန်ဘော့ ဟာ တစ်နာရီကို ၂၇ မိုင်နှုန်း ပြေးနိုင်ပေမယ့် သာမာန်အိမ်မွေးကြောင်လေး တစ်ကောင်ဟာ တစ်နာရီ မိုင် ၃၀ နှုန်းထိ ပြေးနိုင်ပါတယ်။

၁၃။ မျက်လုံး

ဟုတ်ပါတယ် ကြောင်လေးတွေက ချစ်စရာအကောင်းဆုံး အိမ်မွေးသတ္တဝါလေးတွေပါ။ ဒါပေမယ့် သူတို့မျက်လုံးတွေဟာ ဆေးပညာအရကော သိပ္ပံပညာအရပါ အံ့သြစရာကောင်းတဲ့ မျက်လုံးတွေပါ။

ကြောင်လေးတွေက ကျွန်တော်တို့ မျက်လုံးတွေ လိုအပ်တဲ့ အလင်းရောင် ၆ ပုံ ၁ ပုံပဲလိုပါတယ်။ သူတို့ မျက်လုံးတွေ စိုစွတ်မှုကို ထိန်းသိမ်းနိုင်ဖို့ မျက်ခွံ အပါးလေးတစ်ခုလည်းပါပါတယ်။

ကြောင်လေးတွေက အဝေးကြီးကို ကောင်းကောင်း လှမ်းမြင်နိုင်သလို မြင်နိုင်တဲ့ ပတ်ဝန်းကျင် အဝန်းပမာဏကလည်း (၂၈၅) ဒီဂရီတောင် ရှိပါတယ်။

ကျွန်တော်တို့မှာ (၁၂၀) ဒီဂရီပဲရှိပါတယ်။ အကောင်းဆုံး အချက်ကတော့ သူတို့လေးတွေရဲ့မျက်လုံးတွေနဲ့ ကျွန်တော်တို့ကို အရည်ပျော် သွားအောင် စွမ်းဆောင်နိုင်တာပါပဲ။

ဒီလောက်ဆို ကြောင်လေးတွေရဲ့ ချစ်စရာ အချက်အလက်လေးတွေနဲ့ ဂရုစိုက်ရမယ့် အချက်လေးတွေ သိသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။

နဒီ ၊ MyanmarNote (လေးစားစွာ ခရက်ဒစ်ပေးပါသည်။)
Credit – MyanmarNote

Leave a Reply

Your email address will not be published.