သစ်တစ်ပင်တည်းကို ထွင်းထုထားသည့် ပန်းပုလက်ရာများ

သစ်တစ်ပင်တည်းကို ထွင်းထုထားသည့် ပန်းပုလက်ရာများ

သစ်သား၊ ကျောက်၊ ဆင်စွယ်စသည့် မာကျောသောပစ္စည်းများနှင့် ရွှံ့၊ ဖယောင်းစသည့်ပျော့ပျောင်းသော အရာများကို အလိုရှိရာပုံများဖြစ်လာစေရန် ထုဆစ်သည့်ပန်းပုလက်မှုအနုပညာသည်

ကမ္ဘာ့နိုင်ငံအသီးသီးတွင် လူမျိုးအသီးသီး၏ ယဉ်ကျေးမှုအမွေအနှစ်တစ်ရပ်အဖြစ်တည်ရှိနေသဖြင့် နိုင်ငံတိုင်းနီးပါးတွင် ပန်းပုရုပ်တုများ ကိုမြင်တွေ့ကြသည်။

ပန်းပုထုလုပ်သူ၏ လက်ရာ၊ ထုလုပ်သည့်ပစ္စည်း၊ အရွယ်ပမာဏနှင့် ပုံသဏ္ဌာန်ပေါ်မူတည်လျက် ပန်းပုရုပ်များသည် မရေမတွက်နိုင်လောက်အောင်တည်ရှိခဲ့ပြီး ယနေ့တိုင်နေ့စဉ်ပေါ်ထွက်နေပေသည်။

ပန်းပုထုလုပ်သည့် အနုပညာသည် အရွယ်အစားကြီးလေ၊ ခက်ခဲလေဖြစ်သော်လည်း ပန်းပုပညာရှင်များ၏ မြင့်မားသောစွမ်းဆောင်ရည်များကြောင့် ကမ္ဘာကျော်ရုပ်တုများကို နိုင်ငံအသီးသီး၌ မြင်တွေ့နိုင်ကြသည်။

၁။ ကမ္ဘာ့အကြီးဆုံး သစ်သားပန်းပုရုပ်

ကမ္ဘာပေါ်တွင် အကြီးဆုံးသစ်သားရုပ်တုဟု သတ်မှတ်ထားသည့် ပန်းပုလက်ရာကို တရုတ်အနုပညာရှင် Zheng Chunhui က ထုလုပ်ခဲ့ရာ ပေ ၄ဝ မျှ ရှည်လျားပြီး မျက်မှောက်ခေတ်အကောင်းဆုံးလက်ရာ ဟုဆိုကြသည်။

၂၀၁၃ ခုနှစ်တွင် ယင်းရုပ်တုကို ဖွင့်လှစ်ခဲ့ရာ ဂင်းနက်စ်ကမ္ဘာ့မှတ်တမ်းစာအုပ်တွင် တစ်ဆက် တည်းအရှည်လျားဆုံးထုထားသည့် သစ်သားပန်းပုရုပ် အဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။

ယင်းပန်းပုရုပ်ကို သစ်ပင်ကြီးတစ်ပင်၏ပင်စည် တစ်ခုတည်းကို ထွင်းထုထားသည်။ သစ်ပင်အရွယ် အစားကြီးမား၍ ရှုပ်ထွေးသည့်အနုစိတ်ထုလုပ်ရ မှုများကြောင့် ပန်းပုပညာရှင် Zheng Chunhui သည် အဆိုပါရုပ်တုကို ၄ နှစ်ကြာ ထုဆစ်ခဲ့ရသည်။

ယင်း သစ်သားပန်းပုရုပ်တွင် အဆောက်အအုံများ၊ သစ်ပင် များ၊ တောင်များ၊ မြစ်များ၊ လှေများတံတားများ၊ မိုးတိမ်များနှင့် လူရုပ် ၅၅၀ ပါရှိသည်။

၂။ ကြောင်လိမ်လှေကား

ချက်သမ္မတနိုင်ငံရှိ လက်နိုက်စ်ရဲတိုက်နှင့် တိုးချဲ့ ဥယျာဉ်တွင် တပ်ဆင်ထားသည့်သစ်သားကြောင်လိမ်လှေကားသည် ချက်နိုင်ငံ၏ အလှပဆုံးစာရင်းတွင် ပါဝင်သည်။

ရင်သပ်ရှုမောဖွယ်အတွင်းပိုင်း လက်ရာများသည် မူလမျက်နှာကြက်အကန်များ၌ရှိနေကြောင်း ခမ်းနားထည်ဝါသည့် အပြင်ပိုင်းလက်ရ များက နိမိတ်ပြနေသည့်နှယ် ဖြစ်သည်။

သမိုင်းဝင် သစ်သားပရိဘောဂလက်ရာသည် ၃၆၀ ဒီဂရီ ပတ်လည်ကြောင်လိမ်လှေကားတစ်ခုဖြစ်ပြီး လှေကားတွင် သံချောင်းတစ်ချောင်းမှ အသုံးပြုထားခြင်း မရှိပါချေ။

လှေကားကိုသမိုင်းဝင်ပြတိုက်အဖြစ် ထားရှိသည့် အိမ်ကြီးရခိုင်၏စာကြည့်ခန်းနှင့် အိပ်ခန်းကို ဆက်သွယ်ထားသည်။

၃။ သစ်သားဗုဒ္ဓဆင်းတုတော်

တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ လာမားဘုန်းကြီး ကျောင်းတွင်ထားရှိသည့် ဗုဒ္ဓရုပ်ပွားသစ်သားဆင်းတုတော်သည် သစ်ပင်ကြီးတစ်ပင်၏ ပင်စည်တစ်ခုတည်းကို ထွင်းထုထားသည့်ပန်းပုလက်ရာဖြစ်ပြီး ကမ္ဘာပေါ်တွင် အကြီးဆုံးဗုဒ္ဓဆင်းတုတော်ဖြစ်သည်။

ပွင့်တော်မူမည့် အရိမေတ္တေယျဘုရားရှင်၏ ပုံတော်ကိုထုလုပ်ထားသည့် ယင်းပန်းပုလက်ရာသည် ဉာဏ်တော် ၁၈ မီတာ ၅၉ ပေ ရှိပြီး ဘုန်းတော်ကြီး ကျောင်း၏ ခန်းမဆောင်အလယ်တွင် ထားရှိသည်။

ယင်းပန်းပုရုပ်ကို ချင်မင်းဆက်၊ ဧကရာဇ်ရှန်လောင် လက်ထက်တွင် လက်ဖြင့်ထုလုပ်ခဲ့သည်။ ၁၉၆ဝပြည့် နှစ်၊ တရုတ်နိုင်ငံယဉ်ကျေးမှုတော်လှန်ရေးကာလတွင်

တရုတ်နိုင်ငံတစ်နံတစ်လျားရှိ ဗိသုကာနှင့် ယဉ်ကျေးမှု ရတနာများသည် အလွန်ကြီးမား၍ပြန်လည်မပြုပြင်နိုင်သည့် ပျက်စီးမှုများနှင့် ရင်ဆိုင်ခဲ့ကြရသည်။သို့သော် ကမ္ဘာ့အကြီးဆုံးဗုဒ္ဓရုပ်ပွားတော်ကြီးနှင့် လာမားဘုန်းကြီးကျောင်းသည် ထိခိုက်မှုမရှိခဲ့ဘဲ ယနေ့တိုင်တည်ရှိနေပေသည်။

၄။ တိုတမ်သစ်သားရုပ်တုတိုင်များ

British Columbia ရှိ အွန်တာရီရိုတော်ဝင်ပြတိုက်တွင် တည်ရှိသည့် တိုတမ်တိုင်ကြီးများသည် The Nisga’a and Haida Crest Poles ဟုထင်ရှားပြီး ကြီးမားသော သစ်သားတုံးကြီးများကို ထုထားသည့် တိုင်ကြီး ၄ တိုင်ဖြစ်သည်။

ယင်းတိုင်ကြီးများကို British Columbia မှ နှစ်စ်ဂါနှင့်ဟိုင်ဒါလူမျိုးများက အနီရောင်သစ်ကတိုးသား (Red cedar) ဖြင့်ထုလုပ်ခဲ့ ကြသည်။ တိုင်လုံးများအထွတ်ရှိ အမှတ်အသားတစ်ခုစီသည် မိသားစုတစ်စုစီအကြောင်းကို ဖော်ပြနေသည်။

မိမိတို့မျိုးနွယ်စု၏ မူလဇာစ်မြစ်၊ အောင်မြင်မှုများ၊ အတွေ့အကြုံများကို ဖော်ညွှန်းသည့်မိသားစုသမိုင်း မှတ်တမ်းအထိမ်းအမှတ်များအဖြစ် အရုပ်များကို ထုလုပ်ခဲ့သည်။

အိုတာရီရိုပြတိုက်သည် ယင်းရုပ်တုများကို ၁၉၂၀ ပြည့်နှစ်များဝန်းကျင်တွင် ရရှိခဲ့သည်။ သို့သော် အရုပ်များ၏ အရွယ်ပမာဏကြီးမားမှုကြောင့် ပြတိုက်အတွင်း၌ မပြသနိုင်ခဲ့ဘဲ ၁၉၃၃ ခုနှစ်တွင် ပြတိုက်ကိုတိုးချဲ့ တည်ဆောက်ခဲ့ပြီးမှ ရုပ်တုတိုင်ကြီးများကိုပြသနိုင်ခဲ့ သည်။

တိုင် ၄ လုံး အနက် အကြီးဆုံးတိုင်သည် ဆာဂါဝင်တိုင်ဖြစ်ပြီး ပေ ၈၀ အမြင့်ရှိပြီး ၁၉ ရာစုအတွင်း အမြင့်မားဆုံးတိုင်တစ်တိုင်အဖြစ် ထင်ရှားခဲ့သည်။

၅။ အကြီးဆုံးခြင်္သေ့ရုပ်တု

ကမ္ဘာပေါ်တွင် အကြီးဆုံးခြင်္သေ့ရုပ်တုဟု ယူဆရဖွယ်ရှိသည့် ခြင်္သေ့ရုပ်တုကြီးကို တရုတ်ပန်းပုဆရာ Dengding Rui Yao က သစ်ပင်တစ်ပင်၏ပင်စည် မှထုလုပ်ခဲ့သည်။

ပန်းပုပညာရှင်သည် အဆိုပါခြင်္သေ့ ရုပ်ကို လက်ထောက်အယောက် ၂ဝ ပါဝင်သော အဖွဲ့ ဖြင့် ၃ နှစ် ကြာ ထုလုပ်ခဲ့ရသည်။ ရုပ်တုကို မြန်မာနိုင်ငံ တွင်ထုလုပ်ခဲ့ပြီး တရုတ်နိုင်ငံ၊ ဝူဟန်ရှိ ဖော်ကျွန်း ပလာဇာရင်ပြင်သို့ သယ်ယူခဲ့သည်ဟုဆိုသည်။

ခြင်္သေ့ရုပ်တုကြီးသည် ၄၇ ပေခွဲ ရှည်၍ ၁၆ ဒသမ ၄ ပေ မြင့်ကာ ၁၃ ပေကျယ်ပြီး ရနံ့သင်းသော သစ်နက်ပင်(Rosewood)ကို ထုလုပ်ထားသည်။ခြင်္သေ့ရုပ်တုသည် အတိုင်းအထွာများအရ ကမ္ဘာပေါ်တွင် အလျားအရှည်ဆုံး ခြင်္သေ့ရုပ်တုဖြစ်လာမည်ဖြစ်သည်။

၆။ သစ်တစ်ပင်ပလာယားများ

သစ်ပင်တစ်ပင်ကို သစ်သားပလာယာ အချောင်း ၅၁၁ ချောင်းပါရှိသည့် အပင်အဖြစ်ထုဆစ်ထားသည့် ပန်းပုလက်ရာကို အမေရိကန်လူမျိုး ဝါသာက ထုလုပ်ခဲ့ သည်။

အန်းနက်စ်မွန်နေးဝါသာသည် အိုဟိုင်းအိုးတွင် ကြီးပြင်းခဲ့သည့်လူငယ်တစ်ဦးဖြစ်ပြီး သစ်တုံးတစ်တုံးမှ ပလာယာတစ်ချောင်းကိုမည်သို့ပြုလုပ်ရကြောင်း သင်ကြားပေးသူတစ်ဦးနှင့် မမျှော်လင့်ဘဲဆုံတွေ့ခဲ့သည်။

သူ၏ ထူးခြားသောစူးစမ်းလိုစိတ်ကြောင့် ဝါသာသည် အမေရိကန်နိုင်ငံ၏ အသွက်လက်ဆုံးသစ်သားပန်းပု ပညာရှင်တစ်ဦးအဖြစ် အလျင်အမြန်ရောက်ရှိလာ မည့်သူ တစ်ဦးဖြစ်ပေသည်။

သို့သော် ဝါသာသည် သူ၏အာရုံစိုက်မှုကို မီးရထား စက်ခေါင်းတွဲများသို့ ပြောင်းလဲသွားခဲ့သည်။ ဝါသာသည် အထူးခြားဆုံးလက်ရာတစ်ခုအဖြစ် ပလာယာ ၅၁၁ ချောင်း ထုဆစ်ချိတ်ဆက်ကာ သစ်ပင်တစ်ပင်အဖြစ် ပုံဖော်ခဲ့သည်။

ထိုသို့ပုံဖော်နိုင်ရန် သစ်သားတုံးဖြတ်စ ၃၁၀၀၀ ကို အသုံးပြုခဲ့သည်။ ပင်စည်အပေါ်မှ အောက်အထိ အကိုင်းတစ်ခုစီသည် ပလာယာတစ်ခုကဲ့သို့ အပြည့်အဝလှုပ်ရှားနိုင်စေရန် ထုဆစ်ခဲ့သည်။

၇။ ဂျပန်စစ်နတ်ဘုရားရုပ်

ဂျပန်နိုင်ငံ၏ အကြီးဆုံးသော သစ်သားပန်းပုရုပ် ဖြစ်သည့် ဘီရှာမိုတန် (Bishamonten) စစ်နတ် ဘုရားရုပ်သည် ကူမာနိုဘုရားကျောင်းတွင် တည်ရှိ သည်။

ယင်းပန်းပုရုပ်ကို ၁၉၇ဝ ပြည့်နှစ်များတွင် အရေးကြီးသော ယဉ်ကျေးမှုဆိုင်ရာတန်ဖိုးမြင့်သော ပစ္စည်းတစ်ခုအဖြစ် သတ်မှတ်ခဲ့ကာ ပြခန်းဆောင် အတွင်းသို့ ပြောင်းရွှေ့ခဲ့သည်။ စစ်နတ်ဘုရားရုပ်သည် သက်တမ်းနှစ် ၁ဝဝဝဝ ကျော်ခဲ့ပြီဟုဆိုပြီး အမြဲစိမ်း ကျောက်ပန်းပင် (Cypress)တစ်ပင်ကို ရုပ်တုအဖြစ် ထုဆစ်ခဲ့သည်။

၈။ ၆၃ပေ ကနူးလှေ

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ သဘာဝ သမိုင်းပြတိုက်တွင် အထင်ရှားဆုံးအနုပညာလက်ရာ တစ်ခုအဖြစ် ၆၃ ပေရှည်လျားသည့် လှိုင်းဒဏ်၊ လေဒဏ်ခံနိုင်သော သစ်သားကနူးလှေကြီးကိုပြသထားသည်။

ယင်းလှေကြီးကို ၁၈၇ဝ ပြည့်နှစ်များအတွင်း ကြီးမားသော သစ်ကတိုးပင်ကြီးတစ်ပင်ကို ထွင်း၍ပြုလုပ်ခဲ့ကာ အမေရိကန်အနောက်မြောက်ကမ်းခြေမှမျိုးနွယ် မတူသော Haida နှင့် Heiltsuk ဟူသည့် ဒေသခံ အမေရိကန်များက အလှဆင်ခဲ့ကြသည်။

လှေဦးတစ် ဖက်စီတွင် ကြီးမားသောဝေလငါးကြီးများကို ပုံဖော်ထားကာ ငါးကြီးများကို Haida လူမျိုးစုတွင် ဩဇာ တိက္ကမအကြီးဆုံးအနုပညာရှင်ဖြစ်သည့် ချားစ်အီဒင် ရှော (၁၈၃၉-၁၉၂၄) က ဆေးရောင်များထည့်သွင်းခဲ့သည်။

၉။ ဆွီဒင်နိုင်ငံမှ ဒန်းနှင့်ဘား

ဆွီဒင်နိုင်ငံ Visiondivision လုပ်ငန်းသည် အင်ဒီရာနာပိုလီပြတိုက်က လုပ်ငန်းအပ်နှံခဲ့သဖြင့် Chopstick ဟု အမည်ပေးထားသည့်ဒန်းတစ်စုံနှင့် ဘားဆိုင်ကို ဖန်တီးခဲ့သည်။

ပေ ၁ဝဝ ရှည်သည့် အဝါရောင်အသားပွ ပေါ့ပလာပင် (Poplar) ကို အမေရိကန်နိုင်ငံ၊ အင်ဒီယားနာပြည်နယ်ရှိ Virginia B. Fairbanks အနုပညာနှင့် သဘာဝဥယျာဉ်အတွက်ပုံစံထုတ်ခဲ့သည်။

ယင်းအပင်ကြီးကိုအနီးရှိ သစ်တောမှရယူခဲ့ကာ သစ်ခေါက်များကို ဂရုတစိုက်ခွာထုတ်ခဲ့ပြီး နေပူလှန်း အခြောက်ခံ၍ ဘားဆိုင်အမိုးနှင့်ခုံတန်းများ အလှဆင် ရာတွင် အသုံးပြုခဲ့သည်။ ယင်းသစ်ပင်မှသစ်သားစများကို ဖြတ်ထုတ်ပြီး ကောင်တာ၏ဘောင်နှင့် ဒန်းများ အဖြစ် သုံးစွဲခဲ့သည်။

ဤလောက၌ အနုပညာခံစားတတ်သူနှင့် ဖန်တီးတတ်သူတို့သည် လူသားများသာဖြစ်ကြသဖြင့် မည်မျှ လက်ရာမြောက်သောပန်းပုအနုပညာလက်ရာများ ထွက်ပေါ်လာဦးမည်ကို မည်သူမျှမခန့်မှန်းနိုင်ကြပါချေ။

မောင်သာ(ရှေးဟောင်းသုတေသန)အား လေးစားစွာ ခရက်ဒစ်ပေးပါသည်။
ကိုးကား : 9 Impressive Wooden Sculptures Made From Single Trees

Leave a Reply

Your email address will not be published. Required fields are marked *