ကမ္ဘာ့အနက်ရှိုင်းဆုံး လှိုဏ်ဂူများ

ကမ္ဘာ့အနက်ရှိုင်းဆုံး လှိုဏ်ဂူများ

၁။ Cehi Cave (စီဟီ လှိုဏ်ဂူ)

Cehi လိုဏ်ဂူသည် ဆလိုဗေးနီးယားနိုင်ငံတွင်တည်ရှိပြီး နိုင်ငံတွင်း အနက်ရှိုင်းဆုံးလိုဏ်ဂူတစ်ခုဖြစ်သည်။ အမှောင်ထဲ၌ နက်ရှိုင်းမှုအနေဖြင့် ၄၉၈၂ ပေ ရှိသည်။

ထိုအလျားအရှည်သည် အရပ် ၆ ပေရှိသော လူ ၈၂၂ ယောက်ကို တစ်ယောက်အပေါ် တစ်ယောက်ထပ်စီလိုက်ပါက ရရှိမည့်အရှည်နှင့်တူညီသည်။ထူးခြားချက် အနေဖြင့် အဆိုပါလိုဏ်ဂူသည် လက်ရှိခန့်မှန်းထားသည်ထက် ပို၍ရှည်နိုင်သည်ဟု လေ့လာသူများက ဆိုကြသည်။

၂။ Sima de la Cornisa Cave
(စီမ ဒီ လာ ကောနီဆာ လှိုဏ်ဂူ)

Sima de la Cornisa လိုဏ်ဂူသည် စပိန်နိုင်ငံ Picos de Europa တောင်တန်းတွင် တည်ရှိသောလိုဏ်ဂူတစ်ခုဖြစ်သည်။ လေ့လာစူးစမ်းသူများ၏ အဆိုအရ လိုဏ်ဂူထဲ လူသွားနိုင်သည့်နေရာအထိ ပေပေါင်း ၄၉၄၄ ပေရှိသည်ဟု သိရှိရ သည်။

၃။ Shakta Vjacheslav Partjukhina Cave
(ရှာတ ဗွီချက်စလေ့ ပါ့တ်ဂျူခိန လှိုဏ်ဂူ)

Shakta Vjacheslav Pantjukhina လိုဏ်ဂူသည် ဂျော်ဂျီယာနိုင်ငံ West Caucaus တွင်တည်ရှိပြီး ထိုဒေသရှိလိုဏ်ဂူ ၄၀၀ ကျော်ထဲက တစ်ခုဖြစ်သည်။ ပေပေါင်း ၄၉၄၈ ပေ နက်ရှိုင်းသည်။

၄။ Sarma Cave (ဆာမ လှိုဏ်ဂူ)

Sarma လိုက်သည်လည်း ဂျော်ဂျီယာ နိုင်ငံတွင်တည်ရှိသော လိုဏ်ဂူတစ်ခုဖြစ်သည်။ လေ့လာရှာဖွေသူများ၏ အဆိုအရ အနည်းဆုံး ပေပေါင်း ၅၀၆၂ ပေအထိ နက်ရှိုင်းသည်ဟု သိရသည်။ ဂူကြီးထဲတွင် လှပသော ဂူငယ်လေးများကိုလည်း ထပ်မံ တွေရှိလိမ့်မည်ဟု ဆိုကြသည်။

၅။ Torca del Cerro del Cuevon Cave
(တိုကာ ဒဲလ် ဆာရို ဒဲလ် ချူးဗွန် လှိုဏ်ဂူ)

Torca del Cerro del Cuevon လှိုဏ်ဂူသည် စပိန်နိုင်ငံ၏ အနက်ရှိုင်းဆုံးလိုဏ်ဂူတစ်ခု ဖြစ်သည်။ ဂူ၏ နက်ရှိုင်းမှုကို နည်းပညာပိုင်းအရ တိုင်းတာရန်ခက်ခဲနေသေးသည်ဟုလည်း ဆိုကြသည်။

ကြမ်းတမ်းခက်ခဲသည့် မြေလျှိုးခရီးစဉ်ကို စိတ်ပါဝင်စားသည့်စွန့်စားသူများအတွက် အဆိုပါ လိုဏ်ဂူမှာ စိတ်ဝင်စားစရာကောင်းလှသည်။

၆။ Illuzia-Snezhnaja Mezhonnogo Cave
(အီလုဇီးယား-စနီနဂ်ျ မက်အွန်နိုဂို လှိုဏ်ဂူ)

Illuzia-Snezhnaja Mezhonnogo လှိုဏ်ဂူသည် နည်းပညာပိုင်းဆိုင်ရာတိုင်းအာ မှုကို ဆန်ခေါ်နေသည့် ဂျော်ဂျီယာနိုင်ငံ တွင်သည်သော လိုဏ်ဂူတစ်လုံးဖြစ်သည်။ အဆိုပါ ထိုဏ်ဂူသည် ပေပေါင်း ၅၇၅၁ ပေ နက်ရှိုင်းသည်။

၇။ Vogelshacht and the Lamprechtsofen Cave
(ဗိုဂယ်လ်ခ်ျ – လန်ပရီခ်ျဆိုဖန် လှိုဏ်ဂူ)

Vogelshacht and the Lamprechtsofen လိုဏ်ဂူသည် ဩစတြီးယားနိုင်ငံတွင် တည်ရှိသော လိုဏ်ဂူတစ်ခုဖြစ်သည်။ တူးဖော် လေ့လာသူများ၏အဆိုအရ အဆိုပါလိုဏ်ဂူမှာ အလွန်ကြီးမားကျယ်ပြန့်လှပြီး အနည်းဆုံး ပေပေါင်း ၅၃၅၄ ပေ နက်ရှိုင်းနိုင်သည်ဟု သိရသည်။

၈။ Gouffre Mirolda Cave (ဂူဖရီ မီရိုဒါ လှိုဏ်ဂူ)

Gouffre Mirolda လိုဏ်ဂူသည် ကမ္ဘာပေါ်ရှိ လိုဏ်ဂူများအနက် အနက်ရှိုင်းဆုံး လိုဏ်ဂူအဖြစ် အချိန်တော်တော်ကြာ သတ်မှတ်ခံထားရသည့် ဂူဖြစ်ပြီး ပြင်သစ်နိုင်ငံတွင် တည်ရှိသည်။ အနက်ပေ ၅၆၈၅ ပေရှိသည်။

၉။ Reseau Jean Bernard Cave (ရပ်ဆော ဂျင်း ဘားနော့ လှိုဏ်ဂူ)

Rescau Jean Bernard လှိုဏ်ဂူသည် ပြင်သစ်နိုင်ငံ Alps တောင်တန်းတွင် တည်ရှိသော လိုဏ်ဂူတစ်ခုဖြစ်သည်။ အနည်းဆုံး ပေ ပေါင်း ၅၂၅၆ ပေ နက်ရှိုင်းသည်ဟု ခန့်မှန်းကြ သည်။ ဂူထဲသို့ဝင်ရောက်ရန် ဝင်ပေါက် ၈ ခုရှိသည်။

၁၀။ Krubera-Voronja Cave (ကကူဘီရာ – ဗိုရိုဂျာ လှိုဏ်ဂူ)

Krubera-Voronja လှိုဏ်ဂူသည် ကမ္ဘာပေါ်တွင်တွေ့ရှိထားသမျှ လိုဏ်ဂူများအနက် အနက်ရှိုင်းဆုံးဖြစ်ပြီး ဂျော်ဂျီယာနိုင်ငံတွင် တည်ရှိသည်။ ကမ္ဘာ့မြေအနက် ၂ ကီလိုမီတာအထိ စံချိန်တင်နက်ရှိုင်းသည်။ အနည်းဆုံး ပေပေါင်း ၇၁၈၈ ပေ နက်ရှိုင်း သည်။

Crd-စစ်ဦး

Leave a Reply

Your email address will not be published. Required fields are marked *