ကမ္ဘာ့အန္တရာယ်အရှိဆုံး ခွေးမျိုးစိတ်များ

ကမ္ဘာ့အန္တရာယ်အရှိဆုံး ခွေးမျိုးစိတ်များ

ကျွန်တော်တို့နေထိုင်သော ကမ္ဘာပေါ်တွင် အိမ်မွေးတိရစ္ဆာန်များစွာ ရှိကြပါတယ်။ ထိုအိမ်မွေးတိရစ္ဆာန်များစွာ အနက်မှ ပိုင်ရှင်တွေရဲ့ ဂရုစိုက်မှုအခံရဆုံးနဲ့ သစ္စာအရှိဆုံးတိရစ္ဆာန်အဖြစ် သတ်မှတ်ခြင်းခံကြရသည်မှာ ခွေးများပင်ဖြစ်ပါတယ်။

သို့သော်လည်း ခွေးမျိုးစိတ်အများစုဟာ ရန်မူလိုစိတ်အတော်ကိုများတဲ့ တိရစ္ဆာန်တွေအဖြစ် သတ်မှတ်ရမှာဖြစ်ပြီး ပိုင်ရှင်ရဲ့စောင့်ကြည့်ထိန်းသိမ်းဖို့လည်း အလွန်အရေးကြီးလိုအပ်လှပါတယ်။

လူတွေနဲ့ အရမ်းကိုယဉ်ပါးပြီး ချစ်စဖွယ်ပြုမှုနေထိုင်တဲ့ ခွေးမျိုးစိတ်တွေရှိသလို ပိုင်ရှင်တွေရဲ့ မျက်ခြည်မပြတ်စောင့်ကြည့် ထိန်းသိမ်းဖို့လိုနေတဲ့ ရန်လိုအားများတဲ့ ခွေးမျိုးစိတ်တွေလည်း ရှိနေကြပါတယ်။

ဒါပေမဲ့ အချို့သော ရန်လို အားများတဲ့ ခွေးမျိုးစိတ်တွေဟာ ပိုင်ရှင်ရဲ့ ထိန်းသိမ်းသင်ပြမှုကိုလိုက်ပြီး ယဉ်ပါးချစ်စရာကောင်းတဲ့ အိမ်မွေး တိရစ္ဆာန်အဖြစ်ပြောင်းလဲကာ ရှင်သန်နေထိုင်လျက်ရှိကြပါတယ်။

ကမ္ဘာပေါ်မှာ တရားဝင်ခွေးမျိုးစိတ်ပေါင်း ၃ဝဝ ကျော်ရှိတဲ့အထဲက လူသားတွေအတွက် အန္တရာယ်အရှိ ဆုံးခွေးမျိုးစိတ် ၉ မျိုးကိုသီးခြားသတ်မှတ်ထားပါတယ်။ ယခုဖော်ပြပေးမယ့် ခွေးမျိုးစိတ်တွေဟာ လူသားတွေကို သေစေနိုင်လောက်တဲ့အထိ တိုက်ခိုက်နိုင်တာကြောင့် မိမိတို့ပတ်ဝန်းကျင်မှာရှိနေခဲ့ရင် သတိထား ရှောင်ရှားစေလိုတဲ့အပြင်

၎င်းခွေးမျိုးစိတ်များသည် ခွေးရူးပြန်ရောဂါများရှိနေပါကလည်း အကိုက်ခံရသူ လူသားတွေအတွက် အချိန်မီဆေးကုသမှုမခံယူပါက အချိန်အနည်းငယ်အတွင်း အသက်ပါဆုံးရှုံးစေနိုင် သည့်အတွက် သတိထားစေလိုတဲ့ ရည်ရွယ်ချက်လည်း ပါဝင်ပါတယ်။

၉။ Chow Chow (ချောင် ချောင်)

တရုတ်ပြည်သူ့ သမ္မတနိုင်ငံက Chow Chow လို့ အမည်ပေးထားတဲ့ ခွေးမျိုးစိတ်တွေဟာ လူတွေအတွက် အန္တရာယ်အလွန်ရှိနေပါတယ်။ Chow Chow ခွေးမျိုး စိတ်ဟာ အထီးဆိုရင် ခန္ဓာကိုယ်အလေးချိန် ၂၅ မှ ၃၂ ကီလိုဂရမ်၊

အမတွေဆိုရင် ၂၀ မှ ၂၇ ကီလိုဂရမ်အထိ ရှိပါတယ်။ အရပ်အမြင့်အနေကတော့ အထီးဆိုရင် ၄၈ မှ ၅၆ စင်တီမီတာ၊ အမတွေဆိုရင် ၄၆ မှ ၅၁ စင်တီမီတာအထိရှိပါတယ်။

ခြင်္သေ့တစ်ကောင်ရဲ့ မျက်နှာပုံပိုင်ဆိုင်ထားတဲ့ Chow Chow ခွေးမျိုးစိတ်တွေဟာ စိတ်ဆိုးဒေါသ ထွက်ချိန်မှာ သခင်ဖြစ်သူကိုတောင် ပြန်လည်ရန်ရှာ နိုင်ပါတယ်။ Chow Chow တွေရဲ့ မူရင်းအလုပ်က အိမ်မွေးတိရစ္ဆာန်တွေမဟုတ်ဘဲ အမဲလိုက်ရာနဲ့ သိုး ကျောင်းရာမှာသုံးတဲ့ ခွေးမျိုးစိတ်တွေဖြစ်ပါတယ်။

ပုံမှန်အားဖြင့်တော့ Chow Chow ခွေးမျိုးစိတ်တွေဟာ လူတွေနဲ့ ပူးပူးကပ်ကပ်နေလေ့ရှိပြီး ချစ်စရာ အိမ်မွေးတိရစ္ဆာန်တစ်ကောင်ပုံ ပေါ်လေ့ရှိပါတယ်။ Chow Chow တွေဟာ သန်မာမြန်ဆန်မှု နိုးကြားမှု အားကောင်းတဲ့ ခွေးမျိုးစိတ်တွေဖြစ်ပြီး သူတို့ရဲ့သက်တမ်းကတော့ ၉ နှစ်မှ ၁၅ နှစ်အထိ ရှင်သန်နေထိုင်ကြပါတယ်။

၈။ Presa Canario (ပရိစာ ကာနာရီရို)

Presa Caranio တွေရဲ့မူရင်းကတော့ အာဖရိကန် ခွေးမျိုးစိတ်တွေဖြစ်ပြီး ၁၈ ရာစုကာလအတွင်းက စစ်ပွဲတွေအတွင်းမှာ စစ်ခွေးတွေအဖြစ် သုံးစွဲကြပါတယ်။ သူတို့ဟာ အလွန်သန်မာနိုးကြားသလို အင်မတန်လည်း ခက်ထန်ရန်လိုပါတယ်။

Presa Canario တစ်ကောင်ဟာ ပုံမှန်အားဖြင့် ပေါင် ၁ဝဝ ကျော်လောက်အလေး ချိန်ရှိပါတယ်။ အထီးတွေက ၅၀ မှ ၅၉ ကီလိုဂရမ် အလေးချိန်ရှိပြီး အမတွေက ၃၈ မှ ၅၀ ကီလိုဂရမ် အထိရှိတတ်ပါတယ်။

ခန္ဓာကိုယ်အမြင့်ကတော့ အထီး ဆိုရင် ၆ဝ မှ ၆၅ စင်တီမီတာရှိပြီး အမကတော့ ၅၆ မှ ၆၁ စင်တီမီတာအထိရှိတတ်ပါတယ်။သူတို့ဒေါသ အထွက်ဆုံ အခိုက်အတန့် တွေမှာတော့ သခင်ဖြစ်သူကိုပါ သေကျေဒဏ်ရာရသည်အထိ တိုက်ခိုက်တတ်ကြသူတွေပါ။အဲဒီခွေးတွေရဲ့ သက်တမ်းကတော့ ၉ နှစ်မှ ၁၁ နှစ်အထိ ဖြစ်ပါတယ်။

၇။ Boxer (ဘောက်ဆာ)

ဂျာမန်ခွေးမျိုးစိတ်အတွင်းမှာပဲပါဝင်တဲ့ Boxer တွေဟာ ရိုးရိုးခွေးတွေလိုပဲ သာမန်အရွယ်အစားရှိကြပြီး အမွေးအမှင်ပါးလွှာကြပါတယ်။ ခန္ဓာကိုယ်အလေးချိန် တွေကတော့ အမတွေဟာ ၂၅ မှ ၂၉ ကီလိုဂရမ်ရှိပြီး အထီးတွေက ၂၇ မှ ၃၂ ကီလိုဂရမ်အထိရှိပါတယ်။

အရပ်အမြင့်ကတော့ အမတွေဟာ ၅၃ မှ ၆၀ စင်တီ မီတာအထိရှိပြီး အထီးတွေက ၅၇ မှ ၆၃ စင်တီမီတာ အထိရှိတတ်ပါတယ်။ Boxer တွေဟာ သန်မာတဲ့ မေးရိုးတွေနဲ့ နိုးကြားမှု အလွန်ကောင်းတဲ့မှတ်ဉာဏ်ကို ပိုင်ဆိုင်တာကြောင့် အစောင့်ခွေးတွေအဖြစ်အသုံးပြု နိုင်ပါတယ်။

Boxer တွေရဲ့ပုံသဏ္ဌာန်ကြောင့် ခက်ထန်ကြမ်းတမ်းမယ်လို့ထင်ရပေမယ့် သူတို့ဟာ သာမန် အချိန်မှာတော့ နှစ်လိုဖွယ်အမူအရာတွေကို ပိုင်ဆိုင်ကြပြီး ကလေးငယ်တွေနဲ့တောင် ဆော့ကစားလေ့ရှိပါတယ်။

သူတို့ရဲ့ သခင်ဖြစ်သူ အမူအရာကို မကြာခဏအကဲ ခတ်လေ့ရှိပြီး ဘေးအန္တရာယ်ဖြစ်စေတဲ့အခြေအနေကို ကြုံပြီလို့ သူတို့စိတ်ထဲကယူဆချိန်မှာတော့ ရောက်တဲ့ နေရာကနေ အပြေးလာလေ့ရှိပါတယ်။

Boxer တွေရဲ့ နိုးကြားမှု၊ အနံ့ခံစွမ်းရည်နဲ့ သန်မာမှုဟာ အလွန်မြင့်မား တာကြောင့် သာမန်လူတစ်ယောက်အနေနဲ့ ထိန်းချုပ် တားဆီးဖို့ဆိုတာ အင်မတန်ခက်ခဲနေမှာပါ။ Boxer တွေရဲ့သက်တမ်းကတော့ ၁ဝ နှစ်မှ ၁၂ နှစ်အထိ ရှင်သန်နေထိုင်ကြပါတယ်။

၆။Doberman Pinscher (ဒိုဘာမန်း ပင်စ်ချာ)

သစ္စာရှိမှု၊ နိုးကြားမှုနဲ့ အသိဉာဏ်ကြွယ်ဝလွန်းတယ်ဆိုတဲ့ နာမည်ကောင်းတွေနဲ့ ပြည့်နှက်နေတဲ့ Doberman Pinscher တွေဟာလည်း ဂျာမန်သိုးထိန်း ခွေးအမျိုးအစားပဲဖြစ်ပြီး အတော်ကို သန်မာကြပါတယ်။

Doberman တွေဟာ အထီးတွေက ၄ဝ မှ ၄၅ ကီလိုဂရမ်အထိ အလေးချိန်ရှိပြီး အမတွေက ၃၂ မှ ၃၅ ကီလိုဂရမ်အထိရှိပါတယ်။ အရပ်အမြင့်ကတော့ အထီးတွေက ၆၆ မှ ၇၂ စင်တီမီတာအထိရှိပြီး အမတွေက ၆၁ မှ ၆၈ စင်တီမီတာအထိရှိပါတယ်။

နာမည်ကျော် ရုပ်ရှင်ဇာတ်ကားတွေမှာတောင် ပါဝင်ခွင့်ရတဲ့ Doberman Pinscher တွေဟာ အပြင်လောကမှာလည်း သူတို့ရဲ့စိတ်ထဲမှာ ရန်သူအဖြစ် သတ်မှတ်လိုက်ပြီဆိုရင်တော့ လူသားတွေကိုတောင် သေကျေတဲ့အထိ တိုက်ခိုက်နိုင်ပါတယ်။

သူတို့တွေဟာ ပိုင်ရှင်ရဲ့သင်ယူပေးစွမ်းပေါ်မူတည်ပြီး အလွန်လိမ္မာတဲ့ အသိဉာဏ်၊ အမူအရာ၊ အကျင့်စရိုက်ကိုလည်း ပိုင်ဆိုင်နိုင်တဲ့ ခွေးမျိုးစိတ်တွေဖြစ်ကြတယ်ဆိုပေမယ့် သူတို့ရဲ့ ကြီးမားတဲ့အရွယ်အစားနဲ့ သန်မာမှုကြောင့် လူသားတွေအတွက်တော့ အန္တရာယ်အလွန်များပါ တယ်။

ယခင်ကာလတွေတုန်းက ရဲတပ်ဖွဲ့ဝင်တွေဟာ Doberman Pinscher တွေကို အသုံးပြုပြီး တာဝန် ထမ်းဆောင်မှုရှိခဲ့ပေမယ့် မကြာခင်ကာလကမှတာဝန် ရှိသူတွေက အသုံးမပြုဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ၎င်းတို့ရဲ့ သက်တမ်းကတော့ ၁ဝ နှစ်မှ ၁၃ နှစ်အထိဖြစ်ပါတယ်။

၅။ Bullmastiff (ဘူးလ်မက်စတစ်ဖ်)

Bullmastiff တွေဟာ အင်္ဂလိပ် Bulldog အမျိုးအစားတွေဖြစ်ပြီး ကြံ့ခိုင်သန်မာတဲ့အင်အားကိုပိုင်ဆိုင်ကြကာ ပေါင် ၁၃ဝ အထိ အလေးချိန်ရှိကြပါတယ်။ သာမန်အလေးချိန်အရ အထီးတွေဟာ ၅ဝ မှ ၅၉ ပေါင် ရှိပြီး အမတွေက ၄၅ မှ ၅၄ ပေါင်အထိရှိတတ်ပါတယ်။

ခန္ဓာကိုယ်အရပ်အမြင့်ကတော့ အထီးတွေက ၆၄ မှ ၆၈ စင်တီမီတာအထိရှိပြီး အမတွေက ၆၁ မှ ၆၆ စင်တီ မီတာအထိရှိပါတယ်။ Bullmastiff တွေဟာ ငယ်စဉ်အချိန်က သာမန်ခွေးတွေလိုပဲ ရိုးရှင်းစွာရှင်သန်ကြပေမယ့် အရွယ်ရောက်လာတဲ့အချိန်မှာတော့ တဖြည်းဖြည်း ခက်ထန်ရန်လိုလာလေ့ရှိပါတယ်။

သူတို့ရဲ့ သဘာဝအရကိုက ရန်မူတဲ့ဗီဇရှိကြပေမယ့် သူတို့ရဲ့သခင်ကို တော့ အင်မတန်တွယ်ကပ်တဲ့ ခွေးမျိုးစိတ်တွေဖြစ်ပါတယ်။တွေကို အစောင့်ခွေးအဖြစ် သုံးစွဲမယ် Bullmastiff ဆိုရင်တော့ အများကြီးသင်ကြားပေးစရာမလိုအပ်ပါဘူး။

သူတို့ရဲ့ပင်ကိုဗီဇကိုက နိုးကြားမှုနဲ့လျင်မြန်မှုပိုင်း၊ အာရုံခံစွမ်းမြင့်မားကြပြီး သခင်ဖြစ်သူရဲ့ အမိန့်ကိုလည်း တစ်သဝေမတိမ်း လိုက်နာလေ့ရှိပါတယ်။ ဒီခွေးတွေကို သူစိမ်းတွေနဲ့ အခြားသောခွေးမျိုးစိတ်တွေကြားမှာ အေးအေးလူလူထားနိုင်ဖို့ ကာလများစွာကြာအောင် လေ့ကျင့်ပေးရလေ့ရှိပါတယ်။

၄။ Husky (ဟက်စကီး)

အလွန်အေးတဲ့အာတိတ်ဒေသက ခွေးမျိုးစိတ်ဖြစ် တဲ့ Husky တွေဟာလည်း ဉာဏ်ကောင်းပြီး အလွန် သန်မာကြပါတယ်။ အလာစကာဒေသမှာတော့ သူတို့ ကို စွတ်ဖားနဲ့ အခြားလေးလံတဲ့ဝန်တွေကို ဆွဲတဲ့နေရာ မှာ အသုံးပြုလေ့ရှိပါတယ်။ သာမန်အားဖြင့်တော့ Husky အထီးတွေက ၂၀ မှ ၂၇ ကီလိုဂရမ်အထိ အလေးချိန်ရှိပြီး အမတွေက ၁၆ မှ ၂၃ ကီလိုဂရမ် အထိရှိပါတယ်။ အရပ်အမြင့်ကတော့ အထီးတွေက ၅၄ မှ ၆၀ စင်တီမီတာအထိရှိပြီး အမတွေက ၅၀ မှ ၅၆ စင်တီမီတာအထိ ရှိတတ်ကြပါတယ်။

သူတို့ဟာ မြေခွေးနဲ့ခွေးမျိုးစိတ်ရောနှောထားတဲ့ အမျိုးအနွယ်တွေဖြစ်ကြပြီး ကမ္ဘာ့ချစ်စရာအကောင်း ဆုံး ခွေးမျိုးစိတ်တွေထဲမှာပါဝင်နေပါတယ်။ Husky တွေဟာ သဘာဝရိုင်းစိုင်းတဲ့ ခွေးမျိုးနွယ်တွေဖြစ်တဲ့အပြင် သူစိမ်းတွေကိုတွေ့တာနဲ့ အင်မတန်ဒေါသလည်း ထွက်လွယ်ပါတယ်။

အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူ လေ့ရှိကြပေမယ့် လူတွေအကြားမှာနေနိုင်ဖို့ကိုတော့ ငယ်စဉ်ကတည်းက သခင်ဖြစ်သူအနေနဲ့ အတော်ကို လေ့ကျင့်ပေးဖို့လိုပါတယ်။ Husky တွေရဲ့ သက်တမ်းက တော့ ၁၂ နှစ်မှ ၁၅ နှစ်အထိဖြစ်ပါတယ်။

၃။ German Shepherd (ဂျာမန် ရှီးဖါ့တ်)

အကောင်အရွယ်အစားကြီးမားသလို ကမ္ဘာ့ဉာဏ် အကောင်းဆုံးသော ခွေးမျိုးစိတ်တွေထဲမှာ ပါဝင်တဲ့ German Shepherd တွေဟာ သခင်ဖြစ်သူအပေါ် အတော်ကိုဂရုစိုက်တဲ့ အစောင့်ခွေးအမျိုးအစားတွေ ဖြစ်ပါတယ်။

သာမန်အားဖြင့် ခန္ဓာကိုယ်အလေးချိန် ကတော့ အထီးတွေက ၃၀ မှ ၄၀ ကီလိုဂရမ်အထိရှိ ပြီး အမတွေက ၂၂ မှ ၃၂ ကီလိုဂရမ်အထိရှိပါတယ်။ အရပ်အမြင့်ကတော့ အထီးတွေက ၆ဝ မှ ၆၅ စင်တီ မီတာရှိပြီး အမတွေက ၅၅ မှ ၆၀ အထိရှိပါတယ်။

ပုံမှန်အားဖြင့် အေးအေးလူလူနေတဲ့ဓလေ့ရှိတဲ့ German Shepherd တွေဟာ ကလေးငယ်နဲ့လူစိမ်းတွေရဲ့ ထိတွေ့ကိုင်တွယ်မှုပြုလုပ်နိုင်တဲ့အထိ ယဉ်ပါး ကြပါတယ်။

ဒါပေမဲ့ အားလုံးဟာ သခင်ဖြစ်သူရဲ့ ရင်းနှီးတဲ့အမျိုးအဆွေတွေသာ ဖြစ်မှာပါ။ ၎င်းတို့ဟာ ခန္ဓာကိုယ်ကြံ့ခိုင်မှုသာမက မာကျောတဲ့စိတ်ဓာတ်ကိုလည်း ပိုင်ဆိုင်ထားကြတာဖြစ်လို့ သူ့ဧရိယာအတွင်း ဝင်ရောက်လာတဲ့သူစိမ်းတွေကို သေလောက်တဲ့အထိ တိုက်ခိုက်ကြတဲ့အစောင့်ခွေးတွေဖြစ်ပါတယ်။

ဒါကြောင့် လူသားတွေအတွက် အလွန်အန္တရာယ်ရှိတယ်ဆိုတာ ပြောနေစရာတောင်မလိုပါဘူး။ သူတို့ရဲ့ သက်တမ်းတွေ က ၉ နှစ်မှ ၁၃ နှစ်အထိဖြစ်ပါတယ်။

၂။ Pit Bull (ပစ်ဘူးလ်)

Pit Bull တွေရဲ့ မူရင်းမျိုးစိတ်ကတော့ အမေ ရိကန်နဲ့ ဗြိတိန်ကျွန်းဆွယ်ဒေသကဖြစ်ပါတယ်။ Pit Bull တွေဟာ Fighting Dog တွေဖြစ်ကာ လောင်းကြေးထပ်ပြီး Pit Bull အချင်းချင်းတိုက်ခိုက်စေတဲ့ တရားမဝင်ပြိုင်ပွဲတွေအထိ ယနေ့တိုင်ရှိနေခဲ့ပါတယ်။

တစ်ချိန်ကတော့ Pit Bull တွေကို အကြမ်းမဖက်တဲ့ ခွေးမျိုးစိတ်တွေအဖြစ် ပညာရှင်တွေက သတ်မှတ်ခဲ့ပေ မယ့် နောက်ပိုင်းမှာတော့ ကမ္ဘာ့ရန်အလိုဆုံးခွေးမျိုး စိတ်တွေအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။

Pit Bull တွေကို ယဉ်ပါးအောင် သင်ကြားပေးရတဲ့ ပညာရှင်တွေတောင် Pit Bull တွေကို သင်ကြားရာမှာ ခေတ်မီကာကွယ်ရေးအစီအမံတွေကို ပြုလုပ်ထားရပါတယ်။

နိုင်ငံအချို့မှာဆိုရင် ၎င်းတို့ရဲ့ ကြမ်းတမ်းတဲ့အမူအကျင့်တွေကြောင့် တရားဝင်အိမ် မွေးတိရစ္ဆာန်အဖြစ် ထားရှိမွေးမြူခွင့်နဲ့ ရောင်းဝယ် ခွင့်တွေကို ကန့်သတ်ထားတာတွေ့ရပါတယ်။ ၎င်းတို့ ရဲ့သက်တမ်းကတော့ ၈ နှစ်ကနေ ၁၅ နှစ်အထိဖြစ် ပါတယ်။

၁။ Rottweiler (ရော့တ်ဝိုင်လာ)

Rottweiler တွေဟာ ဂျာမန်ခွေးအမျိုးအစားတွေ ပဲဖြစ်ပြီး Rottweiler Butchers တွေအဖြစ်လည်း လူသိများပါတယ်။ သူတို့ရဲ့လျင်မြန်တဲ့လှုပ်ရှားမှု၊ သန်မာတဲ့မေးရိုးတွေဟာ လူအပါအဝင် တိရစ္ဆာန်တွေကို သေလောက်တဲ့အထိ တိုက်ခိုက်ဖို့လုံလောက်ပါတယ်။

Rottweiler တွေဟာ လူစိမ်းနဲ့ အခြားခွေးမျိုးတွေကို မြင်တာနဲ့ ရန်မူဖို့ကြိုးစားလေ့ရှိကြပြီး တိုက်ခိုက်ရတာကို အင်မတန်မွေ့လျော်တဲ့ ခွေးမျိုးစိတ်တွေအဖြစ် နာမည်ကျော်ပါတယ်။

Rottweiler တွေဟာ သာမန်အားဖြင့် ခန္ဓာကိုယ် အလေးချိန်မှာတော့ အထီးတွေက ၅၀ မှ ၆၀ ကီလို ဂရမ်အထိရှိပြီး အမတွေက ၃၅ မှ ၄၈ ကီလိုဂရမ်အထိ ရှိပါတယ်။

အရပ်အမြင့်ကတော့ အမတွေက ၅၆ မှ ၆၃ စင်တီမီတာအထိရှိပြီး အထီးတွေက ၆၁ မှ ၆၉ စင်တီမီတာအထိရှိတတ်ပါတယ်။ ၎င်းတို့ရဲ့ သက်တမ်းကတော့ ၈ နှစ်မှ ၁ဝ နှစ်အထိဖြစ်ပါတယ်

ခရက်ဒစ် _ ကောင်းစစ်ဟန်

Leave a Reply

Your email address will not be published. Required fields are marked *