လူ‌တွေ ရေပေါ် ပေါလောပေါ် နိုင်စွမ်းရှိတဲ့ ပင်လယ်သေ

လူ‌တွေ ရေပေါ် ပေါလောပေါ် နိုင်စွမ်းရှိတဲ့ ပင်လယ်သေ

ပင်လယ်သေ (Dead Sea )မှာ လူတွေ ရေပေါ်မှာ ပေါလောပေါ်ပြီး နေနိုင်ကြပါတယ်။တစ်ချို့ဆို ရေပေါ်မှာ ပက်လက်အိပ်ပြီး စာအုပ်ဖတ်၊ ဓာတ်ပုံရိုက်ခံကြတာမျိုးတောင်ရှိပါတယ်။ပင်လယ်သေရဲ့ ပင်လယ်ဆားငန်ရေဟာ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ‘မ’တင်ပေးနိုင်တဲ့ အစွမ်းသတ္တိတွေ ရှိပါတယ်။

ပင်လယ်သေကို ဆားပင်လယ် ဟုလည်း ခေါ်ဝေါ်ကြပြီး အရှေ့ဘက်တွင် ဂျော်ဒန်နိုင်ငံ၊ အနောက်ဘက်တွင် ပါလက်စတိုင်း အနောက်ကမ်းနှင့် အစ္စရေးနိုင်ငံ တို့ဖြင့် ဝန်းရံတည်ရှိသော ဆားရေကန်တစ်ခု ဖြစ်ပါတယ်။ပင်လယ်သေထဲ အဓိကစီးဝင်တဲ့မြစ်က ဂျော်ဒန်မြစ်ဖြစ်တယ်။

ထိုပင်လယ်၏ မျက်နှာပြင် နှင့် ကမ်းပါးမှာ ပင်လယ်ရေမျက်နှာပြင်အောက် ၁,၃၈၈ ပေ (၄၂၃ မီတာ) မျှ နိမ့်ပြီး ကမ္ဘာ့မြေမျက်နှာပြင်ပေါ်တွင် အနိမ့်ဆုံးနေရာလည်း ဖြစ်ပါတယ်။ ပင်လယ်သေသည် ၁,၂၃၇ ပေ (၃၇၇ မီတာ)နက်ပြီး ကမ္ဘာပေါ်တွင် အနက်ဆုံးသော ဆားငန်လွန် ရေကန်တစ်ခု ဖြစ်ပါတယ်။

ဆားငန်ရေပါဝင်မှု ၃၃.၇ ရာခိုင်နှုန်း ရှိပါတယ်။ဒါဟာ သမုဒ္ဒရာထက် ၈.၆ ဆ မျှ ပို၍ ဆားငန်မှု များပြားခြင်း ဖြစ်ပါတယ်။ဆားငန်မှု များပြားလွန်းသဖြင့် သဘာဝပတ်ဝန်းကျင် ကြမ်းတမ်းကာ မည်သည့်သတ္တဝါမှ မျိုးပွား အသက်ရှင်နိုင်ခြင်း မရှိပါဘူး။

ဒီလို ဘယ်သက်ရှိမှ မရှင်သန်နိုင်လို့လည်း ပင်လယ်သေလို့ နာမည်ပေးထားတာ ဖြစ်ပါတယ်။ ပင်လယ်သေရဲ့ အရှည်ဆုံးနေရာတွင် ၄၂ မိုင် (၆၇ ကီလိုမီတာ) ရှည်ပြီး အကျယ်ဆုံးနေရာတွင် ၁၁မိုင် (၁၈ ကီလိုမီတာ) မျှ ကျယ်ပါတယ်။ 

ပင်လယ်သေမှာ ထူးခြားမှုတွေများစွာ ပေါင်းစပ်နေပါတယ်။ဆားဓာတ်များမှုက လူ့ခန္ဓာကိုယ်ကို တွန်းကန်ထားတဲ့အတွက် ရေနစ်သွားစရာ အကြောင်း မရှိပါဘူး။ ဒီအချက်ကပဲ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ထားတာဖြစ်ပါတယ်။

သူ့ရဲ့အငန်နှုန်း အရမ်းမြင့်မားတာကြောင့် ရေပေါ်မှာ အလိုလို ပေါလောပေါ်နေနိုင်တာပါပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရေကူးတတ်တတ် မတတ်တတ်၊ အဲ့ဒီမှာ ရေဆင်းကူးရင် ရေပေါ် အလိုလို ပေါလောပေါ်နေတာကို တွေ့ကြုံရကြမှာပါ။

အသက်ကယ် အင်္ကျီ (Life Jacket) ဝတ်ထားသလို ဖြစ်နေပြီး သူ့ရေက လူတစ်ကိုယ်လုံးကို ရေပေါ် ကိုယ်ဖော့ထား သလို ပေါ်နေစွမ်းပါတယ်။ ဒါကြောင့်လည်း အထူးနာမည်ကြီးလှပါတယ်။

နောက်တစ်ချက် နာမည်ကြီးတာကတော့ သူ့ဆီကထွက်တဲ့ အမည်းရောင်ရွှံ့ကြောင့်လည်း ဖြစ်ပါတယ်။ အဲ့ဒီရွှံ့တွေကို တကူးတက လာရောက်ပြီး တစ်ကိုယ်လုံးလူးကြပါတယ်။ မျက်နှာကအစ မျက်စိနှစ်ကွင်းကို ချန်လှပ်ပြီး လူးလို့ သဘာဝ အတိုင်း ပေါင်းတင်ကြပါတယ်။ အသားအရေကို ချောပြီး လှပစေတယ်လို့ ယူဆကြလို့ဖြစ်ပါတယ်။

ပင်လယ်သေဒေသဟာ ပူပြင်းလွန်းပါတယ်။တစ်နှစ်ရဲ့ ပျှမ်းမျှ အပူချိန် က ၂၅ ဒီဂရီ စင်တီဂရိတ်မှာ ရှိပါတယ်။ ဒါကြောင့် ရေငွေ့ပျံနှုန်း များပါတယ်။ ပင်လယ်သေက ပေါင်းအိုးတစ်လုံးနဲ့တူပါတယ်။ ရေငွေ့တွေ အဆက်မပြတ် ပျံပြီး ဆားတွေကိုသာ ရေကန်ထဲ ကျန်စေခဲ့လို့ အခုအချိန် တချို့နေရာမှာ ရေထဲ ဆားဓာတ်ပါဝင်မှုက ပိုများများလာနေပါတယ်။

ဆားဓာတ်ပါဝင်နှုန်းများလို့ ဆက်စပ်သိပ်သည်းမှုလည်း များလာခဲ့ပါတယ်။ ရေသိပ်သည်းမှု ၁.၂ ခန့်က သာမန်လူတစ် ယောက်ရဲ့ ၁.၁ လောက်သာရှိတဲ့သိပ်သည်း မှုထက် ပိုများနေခဲ့လို့ လူတွေဟာ ရေထဲနစ်မြှုပ်မသွားဘဲ ရေပေါ် ပေါလောပေါ်နေတာဖြစ်ပါတယ်။ ရေမကူးတတ်လည်း ပင်လယ်သေထဲမှာ သင်ဟာ ကုတင်ပေါ် လှဲနေသလို စာဖတ်၊ အပန်းဖြေနိုင်ပါတယ်။

ဒါပေမယ့် အခုဆို တစ်စတစ်စ ရေခန်းခြောက်လာတဲ့အတွက် ပင်လယ်နီကနေ ရေသွယ်ပြီး ပြန်သွင်းရတဲ့ အခြေအနေကို ရောက်နေပါပြီ။ ပင်လယ်သေမှာ ရေလျော့ပါး လာရတဲ့ အဓိကအကြောင်းကတော့ ဒီပင်လယ်သေကို အမှီပြုနေတဲ့ ပတ်၀န်းကျင်ဒေသက လူတွေဟာ စိုက်ပျိုးရေးတွေ လုပ်လာကြတာကြောင့်မို့လို့ သိရပါတယ်။

Leave a Reply

Your email address will not be published.