အသံထက်မြန်သော စစ်လေယာဉ်များအတွက် ဂျက်လေယာဉ်ဆီ အမျိုးအစားသစ်ပေါ်ထွက်

အသံထက်မြန်သော စစ်လေယာဉ်များအတွက် ဂျက်လေယာဉ်ဆီ အမျိုးအစားသစ်ပေါ်ထွက်

ကယ်လီဖိုးနီးယားအခြေစိုက် ဖြစ်ထွန်းစကုမ္ပဏီတွေဖြစ်တဲ့ Supersonic လေယာဉ်ဆိုင်ရာ သုတေသနအထူးပြု Exosonic နဲ့ ကာဗွန်ပြုပြင်ရေး ကျွမ်းကျင်သူ Twelveတို့ နားလည်မှုစာချွန်လွှာ(MoU)ရေးထိုးနိုင်ခဲ့ပြီး

Twelve ရဲ့ ဂျက်လေယာဉ်ဆီကို Exosonic ရဲ့ ဆူပါ‌ဆောနစ် ဂျက်အင်ဂျင်မှာ ၁၀၀ ရာခိုင်နှုန်းအထိ ထည့်သုံးသွားဖို့ရှိကြောင်းဆိုပါတယ်။ အမေရိကန်လေတပ်ကလဲ ၎င်းတို့ကို သုတေသန ရန်ပုံငွေ တွေ ပေးနေပါတယ်။

အမေရိကန်လေတပ် သုတေသနဓာတ်ခွဲခန်းက အသေးစားစွန့်ဦးတီထွင်လုပ်ငန်းတွေ (SBIR) အတွက် ကန်ထရိုက်စာချုပ်တွေ ပေးအပ်ခဲ့ပါတယ်။

ကာဗွန်ဒိုင်အောက်ဆိုက်ကို ဖြိုပြီးရရှိလာတဲ့ E-Jet ဂျက်လေယာဉ်ဆီဟာ ပထမဆုံးရုပ်ကြွင်းလောင်စာမဲ့ စက်သုံးဆီဖြစ်ပြီး ထုတ်လုပ်မှုကို လိုတိုးပိုလျှော့ လုပ်နိုင်သလို ကမ္ဘာလုံးဆိုင်ရာ စွန့်ပစ်ဓာတ်ငွေ့ကင်းစင်တဲ့ စစ်ဘက်၊အရပ်ဘက် လေကြောင်း သွားလာမှု တွေအတွက် တွန်းအားဖြစ်စေနိုင်ပါတယ်။

ဒါ့အပြင် Exosonic နဲ့ခရီးသည်တင် Supersonic ဂျက်လေယာဉ်ကိုလဲ စစ်သုံးသယ်ယူ ပို့ဆောင်ရေးလေယာဉ်အဖြစ် အသွင်ပြောင်းနိုင်ဖို့ကိုလဲ အမေရိကန်လေတပ်က အားပေးကူညီနေပါတယ်။

“ကာဗွန်ဓာတ်ငွေ့ မထွက်တဲ့ အနာဂါတ် ဂျက်လေယာဉ်ဆီကို သုတေသနလုပ်နေတဲ့ Tweveနဲ့ လက်တွဲခွင့်ရလို့ စိတ်လှုပ်ရှားမိပါတယ်။ လေကြောင်းခရီးသွားလုပ်ငန်းအနေနဲ့ ရေရှည် ဖွံ့ဖြိုးနိုင်မဲ့နည်းလမ်းတွေ လိုအပ်နေပါတယ်။

Twelve ရဲ့ လေယာဉ်ဆီကို ကျွန်တော်တို့ရဲ့ ဆူညံသံနည်းတဲ့ ခရီးသည်တင် Supersonic ဂျက်လေယာဉ်အပြင် Supersonic UAV တွေမှာ ထည့်သုံး သွားဖို့ရှိပါတယ်။

ဒီနေ့ကစပြီး Exosonic ထာဝရတည်တံ့ဖို့ လိုမှာဖြစ်လို့ အခုလိုလက်တွဲရတာဖြစ်ပါတယ်”လို့ Exosonic အမှုဆောင်ချုပ်နဲ့ ပူးတွဲတည်ထောင်သူ Norris Tie ကပြောပါတယ်။

“ရှပ်ကြွင်းလောင်စာကင်းတဲ့ ကမ္ဘာ့စီးပွားရေးကို ဖော်ဆောင်ဖို့ဆိုတာက အားလုံးရဲ့တာဝန်ပဲ ဖြစ်ပါတယ်။ လေကြောင်းလုပ်ငန်းလို အသွင်ပြောင်းဖို့ ခက်ခဲတဲ့ကဏ္ဍအတွက် ဒီကိစ္စက အလွန်မှန်ပါတယ်။

ကာဗွန်ဒိုင်အောက်ဆိုက်ကနေ ဂျက်လေယာဉ်ဆီထုတ်လုပ်နိုင်ရင် ကာဗွန်ကင်းစင်တဲ့ လေကြောင်းသွားလာရေး ဖြစ်ထွန်းနိုင်ပြီပေါ့။

Exosonic နဲ့လက်တွဲခွင့်ရလို့ အသံထက်မြန်တဲ့နှုန်းနဲ့ ခရီးဝေးပျံသန်းနိုင်သလို စွန့်ပစ်မာတ်ငွေ့လဲ အနည်းဆုံးဖြစ်စေနိုင်ပါလိမ့်မယ်”လို့ Twelve ရဲ့ အမှုဆောင်ချုပ်နဲ့ပူးတွဲတည်ထောင်သူ Nicolas Flanders က ပြောထားပါတယ်။

Credit_ Author: မင်းခန့်ဖေ

Leave a Reply

Your email address will not be published.