အန္တရာယ်အများဆုံး ပင်လယ်ကမ်းခြေများ
နေလုံး၊သဲသောင်ပြင်နှင့်နေရောင်ခြည်များဖြင့် သာယာလှပသည့် ပင်လယ် ကမ်းခြေများတွင် အပန်းဖြေအနားယူရခြင်းကို မနှစ်ခြိုက်သူရှိမည် မဟုတ်ချေ။
သို့သော် ကမ်းခြေ အပန်းဖြေခရီးများ၏ ချမ်းမြေ့သာယာမှုများ နောက်တွင် ငါးမန်းနှင့်ဂျယ်လီငါးအကိုက်ခံရခြင်း၊ သို့မဟုတ် အဆွဲခံရခြင်း အစရှိသည့် အန္တရာယ်များရှိနိုင်ပါတယ်။
ပြီးတော့ ကိုယ်သွားမယ့် ကမ်းခြေက အန္တရာယ်ရှိမယ်ဆိုရင် ဘာမှ အဓိပ္ပာယ်ရှိတော့မှာ မဟုတ်ပါ။ သို့သော် အန္တရာယ်ရှိတဲ့ နေရာကိုမှ သွားချင်သူတွေလည်း ရှိနေနိုင်ပါတယ်။ ယခု ဖော်ပြပေးမှာကတော့ ကမ္ဘာ့အန္တရာယ်အများဆုံး ကမ်းခြေများဖြစ်ပါတယ်။
၁။ Hanakapiai Beach
Hanakapiai ကမ်းခြေဟာ အမေရိကန်ပြည်ထောင်စု၊ဟာဝိုင်ရီ ကျွန်းစုထဲက Kauai ကျွန်းမှာရှိတဲ့ ကမ်းခြေပါ။ ဒီကမ်းခြေက ပင်လယ်ပြင်နဲ့ တိုက်ရိုက် တဆက်တည်း တည်ရှိနေတာကြောင့် လေပြင်းတိုက်ပြီး လှိုင်းကြီး တတ်ပါတယ်။
ကမ်းခြေကတော့ အလွန်တရာ လှပပါတယ်။ ရေလွှာလျှောစီးရင်း၊ ရေကူးရင်း လှိုင်းနဲ့ရောပါ သေဆုံးမှုတွေတောင် ရှိတယ်လို့ သိရပါတယ်။ လှိုင်းဒဏ်ခံ ကျောက်တန်း ကာကွယ်ထားလည်းမရှိလို့ လာရောက် လည်ပတ်သူတွေ အတွက် အန္တရာယ် ရှိနေတာဖြစ်ပါတယ်။
၂။ Skeleton Coast
Skeleton Cost ဟာ နမ့်ဘီယာနိုင်ငံမှာ တည်ရှိတဲ့ ကမ်းရိုးတန်း ကမ်းခြေ ဖြစ်ပြီး ကြောက်စရာကောင်းသော ကမ်းရိုးတန်းလို့ အမည်ပေးထားကြပါတယ်။ကမ်းခြေတွင် သင်္ဘောပျက်အများအပြား ရှိနေပြီး ရေထဲတွင်လည်း ငါးမန်းမျိုးစိတ် ၁၁ မျိုးလောက် ကျင်လည်နေကြပါတယ်။
ပတ်ဝန်းကျင်တွင်လည်း ခြင်္သေ့နှင့် ဟိုင်းအီးနားသတ္တဝါများလည်း ကမ်းရိုးတန်းအနီးမှာ နေထိုင်ကြပါတယ်။ဒါကြောင့် လာရောက်လည်ပတ်သူတွေအနေနဲ့ အန္တရာယ်ရှိတဲ့ ကမ်းခြေပဲဖြစ်ပါတယ်။ပေါ်တူဂီ ရေကြောင်းပြများကတော့ ဤကမ်းရိုးတန်းကို ငရဲရဲ့ဂိတ်ဝလို့ အမည်ပေးထားကြပါတယ်။
၃။ Cape Tribulation
သြစတြေးလျမှာရှိတဲ့ Cape Tribulation ကမ်းခြေက ဂျယ်လီငါး (Jellyfish)တွေ အများအပြား ကျက်စားရာ နေရာပါ။ ရေငံ ပင်လယ်ပြင်နေ ငါးတွေ ဖြစ်လို့ အဆိပ်ရှိပါတယ်။
ဒေသခံတွေကတော့ ပင်လယ်နဲ့ မြစ် ချိတ်ဆက်ရာ မြစ်ဝမှာ ရေမကူးဖို့ အကြံပေးထားတာ တွေ့ရပါတယ်။ ဒါပေမယ့် မြစ်ဝမှ မဟုတ်ဘဲ ကမ်းခြေတဝိုက်မှာလည်း ငဂျယ်လီငါးတွေ နေထိုင်လျက် ရှိပါတယ်။ ရေကူးဝတ်စုံ လုံခြုံသေချာအောင် ဝတ်ဆင်ပြီးမှ ရေကူးသင့်တဲ့ ကမ်းခြေတခု ဖြစ်ပါတယ်။
၄။ New Smyrna Beach
New Smyrna ကမ်ခြေဟာ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါက ကမ်းခြေဖြစ်ပါတယ်။ကမ္ဘာမှာ ငါးမန်း တိုက်ခိုက်မှု အများဆုံး ကမ်းခြေအဖြစ် လူသိများပါတယ်။ ၂ဝဝ၇ ခုနှစ်က ကမ္ဘာတစ်ဝန်းတွင် ငါးမန်းကိုက်ခံရသူ ၁၁၂ ဦးရှိသည့်အနက် New Suyrna တွင် အကိုက်ခံရ သူဦးရေသည် ၁၇ ဦးဖြစ်ပါတယ်။
၂၀၀၈ ခုနှစ်တွင် New Smyrna ၌ လူ ၂၄ ဦး ငါးမန်းအကိုက်ခံခဲ့ရသဖြင့် ယင်းနေရာဟာ ငါးမန်းမြို့၏ အစိတ်အပိုင်း တစ်ခုဖြစ်နေပါတယ်။ ခရီးသွားများအတွက် ခရီးသွားဆိုင်းဘုတ်တွင် ငါးမန်းအန္တရာယ်ကို သတိမထားသည့် လူစိမ်းမရှိဟု ရေးသားထားပါတယ်။
၅။ Fraser Island
သြစတြေးလျမှာ ရှိတဲ့ Fraser Island ကမ်းခြေက သဘာ၀ပတ်ဝန်းကျင် စစ်စစ်ရဲ့ အရသာကို ခံစားချင်သူတွေအတွက် စိတ်ကြိုက် ဖြစ်မှာပါ။ ပြီးတော့ တောတောင်ထဲ အပျော်ခရီးထွက်ချင်သူတွေ အတွက်လည်း တောတောင်တွေ အနီးမှာ ရှိနေတာပါ။
ဒါပေမယ့် Dingo လို့ ခေါ်တဲ့ သြစတြေးလျ တောခွေးတွေရဲ့ တိုက်ခိုက်မှုကို ခံရတတ်သလို လူသေဆုံးမှုတွေပါ ရှိနေလို့ စိတ်ချလက်ချ မပျော်ရနိုင်တဲ့ ကမ်းခြေ တခု ဖြစ်လာပါတယ်။
အထူးသဖြင့်တော့ တောတွင်းပိုင်း ဝင်ရောက်မလည်ပတ်ဖို့နဲ့ တောတွင်းပိုင်း အတွင်း မနေထိုင်တာ အကောင်းဆုံးလို့ ဆိုပါတယ်။ ဒါပေမယ့် ကမ်းခြေနဲ့ သစ်တောနဲ့ကလည်း တစ်ဆက်တည်း တည်ရှိနေပါတယ်။