ကမ္ဘာ့သမိုင်းထဲက အစီးရေအများဆုံး ထုတ်လုပ်ခဲ့တဲ့ တင့်ကား (၄) မျိုး

ကမ္ဘာ့သမိုင်းထဲက အစီးရေအများဆုံး ထုတ်လုပ်ခဲ့တဲ့ တင့်ကား (၄) မျိုး

တင့်ကားတွေဆိုတာ ကမ္ဘာ့စစ်မြေပြင်ပေါ်မှာ ဖြတ်ကျော်လာတာဟာ နှစ်ပေါင်း (၁၀၀)ကျော်နေပြီဖြစ်ပြီး (၁၉၁၆) ခုနှစ် Somme တိုက်ပွဲမှာ တင့်ကားတွေကို ပထမဆုံးမိတ် ဆက်ပွဲထုတ်ခဲ့ကာ တိုက်ပွဲအတွင်း တပ်တွေရဲ့ထိုးစစ်ဆင်ပုံတွေကို ပြောင်းလဲစေခဲ့ပါတယ်။

အခုဖော်ပြသွားမယ့် တင့်ကားတွေကတော့ ၎င်းတို့ရဲ့ မျိုးဆက်အလိုက် ထုတ်လုပ်မှု အများဆုံးဖြစ်ပြီး ထင်ရှားတဲ့ တင့်ကားအမျိုးအစား (၄)မျိုးပဲ ဖြစ်ပါတယ်။

(၁) Renault FT တင့်ကား (ပြင်သစ်)

ပြင်သစ်စစ်တပ်ဟာ ကမ္ဘာစစ်ပွဲကြီးအတွင်းမှာ တင့်ကားကို ပထမဆုံးတီထွင်နိုင်ခဲ့တဲ့ နိုင်ငံတော့မဟုတ်ပါဘူး။ အဲဒီအချိန်မှာ ပြင်သစ်တို့ရဲ့ မဟာမိတ်ဗြိတိသျှတွေက အမှုထမ်းရှစ်ဦးပါရှိတဲ့ ဧရာမတင့်ကားတွေကို တည်ဆောက်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

ဒါကို ပြင်သစ်ဒီဇိုင်နာ Jean-Baptiste Estienne က ဆန့်ကျင်ဘက်အနေနဲ့ တင့်ကား တည်ဆောက်ပုံလမ်းကြောင်းကို ပြောင်းလဲခဲ့ပါတယ်။ သူက ရာနှင့်ချီကာ သေးငယ်ပြီး ခံနိုင်ရည်ရှိတဲ့ တင့်ကားတွေက ရန်သူကို လွှမ်းမိုးနိုင်မယ်လို့ ယုံကြည်ခဲ့ပါတယ်။

ရလဒ်ကတော့ တပ်ဖွဲ့ဝင်နှစ်ဦးသာပါတဲ့ အပေါ့စား တင့်ကား အမျိုးအစား Renault FT ပဲ ဖြစ်ပါတယ်။အပြည့်အဝလှည့်ပတ်နိုင်တဲ့ turret ပုံစံနဲ့ဖွဲ့စည်းထားတဲ့ ပင်မပြောင်းဝပါရှိတဲ့ တင့်ကားဟာ အနာဂတ်တင့်ကားဖွံ့ဖြိုးတိုးတက်ရေးရဲ့ ရှေ့ပြေးလည်း ဖြစ်ခဲ့ပါတယ်။

ပထမကမ္ဘာစစ်အတွင်း ပြင်သစ်ဟာ ဂျာမနီက အသုံးပြုခဲ့တဲ့ A7V အကြီးစားတင့်ကားအစီးနှစ်ဆယ်နဲ့ နှိုင်းယှဉ်ပါက တင့်ကားအစီးရေ ၃၀၀၀ ကျော် သာလွန်စွာ ထုတ်လုပ်နိုင်ခဲ့ပါတယ်။

(၂)M4 Sherman တင့်ကား (အမေရိကန်)

အမေရိကန်တို့ရဲ့ Sherman ဟာ ဒုတိယကမ္ဘာစစ်ရဲ့ အကောင်းဆုံးတင့်ကား မဟုတ်ခဲ့တာတော့ သေချာပါတယ်။ ဒါပေမယ့် ၁၉၄၂ ခုနှစ် နဲ့ ၁၉၄၅ ခုနှစ်ကြားမှာ အစီးရေ ၅၀,၀၀၀ ကျော် ထုတ်လုပ်ခဲ့ပြီး ဒါဟာ စစ်ပွဲမှာ အသုံးအများဆုံး အမေရိကန်တင့်ကားလည်း ဖြစ်ခဲ့ပါတယ်။

Sherman ဟာ တိုက်ခိုက်ရေး ပြဇာတ်အားလုံးမှာ အသုံးပြုနိုင်တဲ့တစ်ခုတည်းသောတင့်ကားဖြစ်ပြီး ဗြိတိန်၊ပြင်သစ်၊တရုတ်၊ ကနေဒါ နဲ့ ဆိုဗီယက်ယူနီယံတို့ကတောင် အသုံး ပြုခဲ့ကြပါတယ်။

Sherman ဟာ ဂျာမန်တို့ရဲ့ Panzer (III)၊ Panzer (IV) တို့နဲ့ ယှဉ်ပြီး ထိရောက်မှုရှိတယ်ဆိုတာ သက်သေပြခဲ့ပေမယ့် Fury ဇာတ်ကားကို ကြည့်ရှုဖူးသူတွေ သိကြတဲ့အတိုင်း Tiger အမျိုးအစား တင့်ကားတွေက ပိုမိုကောင်းမွန်တာကို တွေ့မြင်ရမှာပါ။

ဒါပေမယ့် Sherman ဟာ ထိန်းသိမ်းရ ပိုမိုလွယ်ကူပြီး အမေရိကန်တို့အနေနဲ့ အရေအတွက်များစွာ ထုတ်လုပ်ခဲ့ပါတယ်။ ကမ္ဘာစစ်ကြီးတွေပြီးတော့ Tiger အမျိုးအစားတင့်ကားတွေ လက်တစ် ဆုပ်စာလောက်သာ ကျန်ရှိတော့ပေမယ့် Sherman တင့်ကားတွေကတော့ ရာနဲ့ချီကျန်ရှိနေဆဲဖြစ်ပြီး ပုဂ္ဂလိကသီးသန့်စုဆောင်းမှုတွေအပြင် ပြတိုက်တွေမှာပါ မြင်တွေ့နိုင်ပါတယ်။

(၃)M60 တင့်ကား (အမေရိကန်)

M60 တင့်ကားတွေဟာ စစ်အေးတိုက်ပွဲကာလအတွင်း အများဆုံးထုတ်လုပ်ခဲ့တဲ့ အမေရိကန်တင့်ကား အမျိုးအစားဖြစ်ပြီး ၎င်းတို့ကို အမေရိကန်စစ်တပ် တစ်ခုတည်းက အသုံးပြုခဲ့တာမဟုတ်ဘဲ နိုင်ငံပေါင်း နှစ်ဆယ့်နှစ်နိုင်ငံက စစ်တပ်တွေမှာ အသုံးပြုခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

M60 တင့်တွေကို ၁၉၅၉ ခုနှစ်မှာ စတင်အသုံးပြုခဲ့တာဖြစ်ပြီး နှစ်စဉ်လို ပုံမှန်အဆင့်မြှင့်တင်မှု‌တွေ ပြုလုပ်ခဲ့ပါတယ်။ ယနေ့အချိန်အထိပင် M60 ကို နိုင်ငံပေါင်း (၁၇) နိုင်ငံမှာ အခြားမျိုးဆက်တွေနဲ့ တွဲပြီးအသုံးပြုနေဆဲ ဖြစ်ပါတယ်။

M60 ကို စုစုပေါင်းအစီးရေ ၁၅,၀၀၀ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ M60 ရဲ့ နောက်မျိုးဆက်သစ်ကိုတော့ M60 A1 အမျိုးအစားအဖြစ် ပြောင်းလဲလိုက်ပြီး သံချပ်ကာ အဆင့်မြှင့်တင်ထားတာကြောင့် ထုထည်ပိုထူကာ ပိုမိုကောင်းမွန်တဲ့ ခဲယမ်းမီးကျောက်များစွာ သိုလှောင်နိုင်စွမ်းရှိပါတယ်။

(၄)T-54/55 တင့်ကား (ဆိုဗီယက်)

ဆိုဗီယက်တို့ရဲ့T-54 အမျိုးအစား တင့်ကား‌တွေကို ဒုတိယ ကမ္ဘာစစ်တစ်လျှောက်လုံး အသုံးပြုခဲ့တာဖြစ်ပြီး T-34 မျိုးဆက်နေရာမှာ အစားထိုးဖို့အတွက် ၁၉၄၀ ခုနှစ်နှောင်းပိုင်းမှာ စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။

အခြေခံဗားရှင်းကို စဉ်ဆက်မပြတ် မြှင့်တင်ပြီး ပြုပြင်မှု‌တွေလုပ်တဲ့အ‌နေနဲ့ ဆိုဗီယက်စစ်တပ်က T-55 ကို ဒီဇိုင်းပြန်လည်ရေး ဆွဲခဲ့ပါတယ်။ T-54/T-55 တင့်ကားပေါင်း ၁၀၀,၀၀၀ အထက်ကို ၁၉၄၆ ခုနှစ် နဲ့ ၁၉၈၃ ခုနှစ်ကြားမှာ ထုတ်လုပ်ခဲ့ပြီး ဒီစီးရီးဟာ သမိုင်းတစ်လျှောက် အကြီးမားအကျယ်ပြန့်ဆုံး ထုတ်လုပ်ခဲ့တဲ့ တင့်ကားတွေ ဖြစ်လာခဲ့ပါတယ်။

စစ်အေးကာလမှာတော့ ဆိုဗီယက်တင့်ကားတွေဟာ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ကြီး(NATO)နဲ့ တိုက်ရိုက် ရင်ဆိုင်ခဲ့ရခြင်း မရှိပေမယ့် T-54/55 ကို အစ္စရေးနဲ့ ဖြစ်ပွားတဲ့ ခြောက်ရက်ကြာ စစ်ပွဲမှာ ဆီးရီးယားက အသုံးပြုခဲ့ပါတယ်။

ဒါပေမယ့် အမေရိကန် M48 Patton နဲ့ ဗြိတိန် Centurion တင့်ကားတွေက ဆိုဗီယက် တည်ဆောက်ထားတဲ့ သံချပ်ကာယာဉ်တွေထက် တိုက်ဖျက်နိုင်စွမ်း ပိုမိုသာ လွန်တယ်ဆိုတာကို သက်သေပြခဲ့ပါတယ်။

T-54/55တင့်ကား အမျိုးအစား‌တွေကို ကျယ်ကျယ်ပြန့်ပြန့် တင်ပို့ရောင်းချခဲ့ပြီး ယနေ့အချိန်အထိ ကမ္ဘာ့နိုင်ငံပေါင်း ငါးဆယ်ခန့်က စစ်တပ်တွေမှာ ဆက်လက်အသုံးပြုနေဆဲ ဖြစ်ပါတယ်။

MML/HM အားလေးစားစွာ ခရက်ဒစ်ပေးပါသည်။
Credit_ Hello Myanmar

Leave a Reply

Your email address will not be published.