စက္ကူထက် ၁၅ ဆ ပိုမိုပါးလွှာသည့် ကွေးညွှတ်နိုင်သော ဆိုလာပြားအသစ်
ပါးလွှာပြီး ကွေးနိုင်ဆန့်နိုင်တဲ့ ဆိုလာပြားများကို ဖန်တီးရန်အတွက် ဆိုလာအင်ဂျင်နီယာများက အပြိုင်အဆိုင် လုပ်ဆောင်နေကြပါတယ်။
စတန်းဖို့ဒ်တက္ကသိုလ်မှ ထုတ်ပြန်ချက်တစ်ခုအရ သုတေသီများဟာ စက္ကူထက် ဆယ့်ငါးဆပိုမိုပါးလွှာသည့် ပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်မည့် ဆိုလာပြား ပစ္စည်းအသစ်ကို တီထွင်လျက်ရှိပါတယ်။
Transition metal dichalcogenides (TMDs)ကို အသုံးပြု၍ ထုတ်လုပ်ထားသည့် ဆိုလာပြားများဟာ အခြား ဆိုလာပြားများနှင့်နှိုင်းယှဉ်ပါက ၎င်းတို့၏ မျက်နှာပြင်ကို ကျရောက်သော နေရောင်ခြည်ကို အလွန်မြင့်မားစွာ စုပ်ယူနိုင်ပါတယ်။ဒီ ဆိုလာပြားအသစ်ဟာ ဆီလီကွန်အခြေခံသော ဆိုလာပြားများအတွက် မယုံနိုင်လောက်အောင် ပေါ့ပါးသော အစားထိုးမှုတစ်မျိုးကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။
ယနေ့ခေတ် ဆိုလာပြားဈေးကွက်ရဲ့ ၉၅ ရာခိုင်နှုန်းကျော်ဟာ ဆီလီကွန်အခြေခံပြီး ပြုလုပ်ထားတဲ့ ဆိုလာပြားများဖြစ်ပါတယ်။ ဆီလီကွန်ဟာ အလွန်လေးလံခြင်း၊ ကြီးမားခြင်း၊မာကျောခြင်းစတဲ့ ဂုဏ်သတ္တိများရှိပါတယ်။
ပျော့ပြောင်းမှု၊ပေါ့ပါးမှုနှင့်ပါဝါမြင့်မားမှုဦးစားပေးတဲ့ ပစ္စည်းများဖြစ်တဲ့ ဝတ်ဆင်နိုင်သောပစ္စည်းများ၊အာရုံခံကိရိယာများ ၊အာကာသယာဉ်များနှင့်လျှပ်စစ်ယာဉ်များတွင် အသုံးပြုရန်အတွက် ဆီလီကွန်အခြေခံတဲ့ ဆိုလာပြားများဟာ သိပ်အဆင်မပြေလှပါဘူး။
ဒါကြောင့် ဆိုလာပြား ပစ္စည်းများအတွက် ဆီလီကွန်နေရာကို အစားထိုးရန် ပစ္စည်းအသစ်များကို ရှာဖွေနေကြပါတယ်။ဤအခြေအနေမှာပဲ စတန်းဖို့ဒ်တက္ကသိုလ်မှ သုတေသီများဟာ အလားအလာရှိသော ဆိုလာပြား အသစ်ရဲ့ စံချိန်တင် ထိရောက်မှုကို ရရှိခဲ့ကြခြင်းဖြစ်ပါတယ်။
စတန်းဖို့ဒ်တက္ကသိုလ်တွင် လျှပ်စစ်အင်ဂျင်နီယာဆိုင်ရာ ပါရဂူပညာရှင်အဖြစ် လုပ်ကိုင်ပြီး လေ့လာမှုအား ဦးဆောင်သူ Koosha Nassiri Nazif က “စာရွက်တစ်ရွက်ထက် ၁၅ ဆပိုပါးသည့် ဆိုလာပြားကို နေရောင်ခြည်စွမ်းအင်သုံး ဒရုန်းရဲ့တောင်ပံပေါ်တွင် တပ်ဆင်ထားတယ်လို့ စိတ်ကူးကြည့်ပါ” ဟု ပြောကြားခဲ့ပါတယ်။
ယနေ့ခေတ်တွင် ဆီလီကွန်ဟာ ဆိုလာပြား လုပ်ငန်း၏ ၉၅ ရာခိုင်နှုန်း ဖြစ်ပြီး ကျွန်ုပ်တို့သည် ပေါ့ပါး၍ ကွေးညွှတ်နိုင်သော ပစ္စည်းအသစ်များ လိုအပ်ပါတယ်။ ပိုအရေးကြီးသည်မှာ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်မည့် ပစ္စည်းများ လိုအပ်ကြောင်း Koosha မှ ဆက်လက်ပြောကြားခဲ့ပါတယ်။
TMD ဆိုလာပြားအသစ်များသည် အလားအလာများစွာကို ပေးစွမ်းသော်လည်း၊ သုတေသနပြုချက်များအရ ၎င်းတို့စုပ်ယူသည့် နေရောင်ခြည်၏ ၂ ရာခိုင်နှုန်းသာ လျှပ်စစ်ဓာတ်အားအဖြစ်သို့ ပြောင်းလဲနိုင်ပါတယ်။
ဆီလီကွန် ဆိုလာပြားများကတော့ ၎င်းတို့စုပ်ယူသည့် နေရောင်ခြည်ရဲ့ ၃၀ ရာခိုင်နှုန်းကို လျှပ်စစ်ဓာတ်အားအဖြစ်သို့ ပြောင်းလဲနိုင်ပါတယ်။TMDs များကို ယေဘုယျအားဖြင့် အသုံးပြုမည်ဆိုပါက ထိုကွာဟချက် မရှိအောင် ပြုလုပ်ရမည်ဖြစ်ပါတယ်။
စတန်းဖို့ဒ်တက္ကသိုလ်မှ ရှေ့ပြေးပုံစံ ပစ္စည်းအသစ်ဟာ ပါဝါကူး ပြောင်းနိုင်မှု စွမ်းရည် ၅.၁ ရာခိုင်နှုန်း ရရှိသော်လည်း အလင်းနှင့်လျှပ်စစ်ဆိုင်ရာများကို ပိုမိုကောင်မွန်အောင်ပြုလုပ်ခြင်းအားဖြင့် ၎င်းတို့ဟာ ၂၇ ရာခိုင်နှုန်းထိ ရောက်ရှိနိုင်သည်ဟု သိပ္ပံပညာရှင်များက ယုံကြည်ကြပါတယ်။
TMD ဆိုလာဆဲလ်များ၏ အထူးခြားဆုံး အားသာချက်မှာ ပစ္စည်းအသုံးပြုမှုနှင့် ကုန်ကျစရိတ်များကို လျှော့ချပေးရုံသာမက ပေါ့ပါးပြီး လိုက်လျောညီထွေဖြစ်စေပါတယ်။ ၎င်းတို့၏ အံ့သြဖွယ်ကောင်းသည့် ပါးလွှာမှုဟာ မော်တော်ယာဉ်ခေါင်မိုး၊ လေယာဉ်တောင်ပံ သို့မဟုတ် ပုံမှန်မဟုတ်သော ပုံသဏ္ဍာန်များကို ပုံသွင်းနိုင်စေမည်ဖြစ်ပါတယ်။
Zorrow
Photo-Koosha Nassiri Nazif/Stanford University