တစ်သက်လုံးမှာ တစ်ခါလေးတောင် ရေမချိုးတဲ့ မျိုးနွယ်စုကြီးအကြောင်း

တစ်သက်လုံးမှာ တစ်ခါလေးတောင် ရေမချိုးတဲ့ မျိုးနွယ်စုကြီးအကြောင်း

စာဖတ်သူများကို ဦးဆုံးတင်ပြချင်တာက တစ်သက်မှာ တစ်ခါလေးတောင် ရေမချိုးတဲ့ လူမျိုးနွယ်စုအကြောင်းပါ။ အဲလိုလူမျိုးစု ကမ္ဘာပေါ်မှာ တကယ်ရှိတယ်ဆိုရင် အံ့ဩသွားမလား။မိတ်ဆွေတို့ရော ရေမချိုးဘဲ ဘယ်နှစ်ရက်လောက် နေနိုင်ကြလဲမသိဘူး။

နမီးဘီးယားနိုင်ငံ မြောက်ပိုင်းမှာ နေထိုင်ကြတဲ့ Ovahimbaလို့ခေါ်တဲ့ လူမျိုးတစ်စုဟာ လူသိနည်းတဲ့ မျိုးနွယ်စုဖြစ်ပါတယ်။ အသိပညာ၊ ယဉ်ကျေးမှု၊ တိုးတက်ဖွံ့ဖြိုးမှု အလွန်နည်းပါး ကြပါတယ်။

အံ့သြစရာကောင်းတာက အဲဒီ Ovahimba လို့ခေါ်တဲ့ လူမျိုးတစ်စုဟာ တစ်သက်လုံးမှာ တစ်ခါမှကို ရေမချိုးကြတာပါပဲ။ ရေမချိုးကြတဲ့အတွက် သန့်ရှင်းရေးမလုပ်ဘူးလားလို့ ထင်စရာရှိပါတယ်။

ဒီလိုလည်း မဟုတ်ပါဘူး။ သူတို့ လူမျိုးတွေဟာ သန့်ရှင်းရေးလည်း လုပ်ကြပါတယ်။သူတို့ သန့်ရှင်းရေးလုပ်ပုံက ရေချိုးတာ၊ ရေနဲ့သန့်စင်တာမျိုးတော့ မဟုတ်ပါဘူး။

Ovahimba လူမျိုးတွေရဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ သန့်ရှင်းရေးလုပ်တဲ့ ထုံးတမ်း စဉ်လာနည်းက မနက်စောစောမှာ သူတို့လူမျိုးတွေ အသုံးပြုတဲ့ ဆေးမြစ်တွေကို မီးရှို့ပြီး တဲတစ်ခုလုံး မီးခိုးတွေဖုံးနေတဲ့အခါ ၎င်းမီးခိုးလုံးတွေကြားမှာ နှစ်နာရီကြာမျှ ထိုင်နေခြင်းဟာ သူတို့အတွက် သန့်ရှင်းရေးလုပ်နည်းပါလို့ ဆိုပါတယ်။

သူတို့ဝတ်ဆင်တဲ့ သားရေထည်ပစ္စည်းတွေကိုလည်း ဒီလို မီးခိုးတွေနဲ့ဘဲ သန့်ရှင်းရေးလုပ်ကြတာ ဖြစ်ပါတယ်။ Ovahimba လူမျိုး ကလေးငယ်များဟာသူတို့ကိုယ်ခန္ဓာပေါ်မှာ အဝတ်အစားဆိုတာ မရှိသလောက် နည်းပါးပြီးတော့ အမျိုးသမီးကလေးလူကြီး အားလုံးဟာ လည်းပင်းမှာ ပုတီးလို အဆင်တန်ဆာများကို ဝတ်ဆင်ထားတတ်ကြပါတယ်။

သို့သော်လည်း အမျိုးသမီးတွေမှာတော့ အိမ်ထောင်ရှိသူနဲ့ မရှိသူဆွဲကြတဲ့ လည်ဆွဲချင်းကတော့ မတူညီကြပါဘူး။အဲဒီ ဒေသကို ရောက်ခဲ့ကြ သူများကတော့ Ovahimba လူမျိုးတွေ သန့်ရှင်းရေးလုပ်တဲ့အချိန်မှာ သူတို့နေထိုင်ရာ တဲအတွင်းမှာ မီးခိုးလုံးတွေ ပြည့်နေပြီးတော့ အသက်တောင် ကောင်းကောင်းရှူလို့ မရခဲ့ကြဘူးလို့ ပြန်လည်ပြောပြ ကြပါတယ်။

မီးခိုးတွေနဲ့ဘဲ သန့်ရှင်းရေးလုပ်လို့လားမသိ။ သူတို့ရဲ့ အသားအရေကတောင် မီးခိုးရောင်ပေါက်နေသလိုပါဘဲ။ရေချိုးဖို့ ပျင်းတဲ့သူငယ်ချင်းများ အမည်မပြောတော့ပါဘူးနော် ၊ အဲဒီကိုသွားပါလို့ အကြံပြုလိုက်တယ်နော်။

မူရင်းရေးသားသူအား လေးစားစွာ ခရက်ဒစ်ပေးပါသည်။

Leave a Reply

Your email address will not be published.