နျူးကလီးယာဒုံးနဲ့ ဂြိုလ်တုများအား ပစ်ချနိုင်သည့် ရုရှားရဲ့ နောက်ဆုံးပေါ် S-550 ဒုံးခွင်းဒုံးစနစ်သစ်

နျူးကလီးယာဒုံးနဲ့ ဂြိုလ်တုများအား ပစ်ချနိုင်သည့် ရုရှားရဲ့ နောက်ဆုံးပေါ် S-550 ဒုံးခွင်းဒုံးစနစ်သစ်

ရုရှားရဲ့ နောက်ဆုံးပေါ် S-550 ဒုံးခွင်းဒုံးစနစ်ဟာ မဟာဗျူဟာ ဒုံးခွင်းဒုံးစနစ်ဖြစ်တဲ့ A135 Amur-A235 Nudol ရဲ့ ဒုတိယအဆင့် ယာဉ်တင်ဒုံးစနစ်ဖြစ်သလို နျူကလီးယား ဒုံးကျည်တွေကို မပေါက်ကွဲစေဘဲ ကြားဖြတ်ပစ်နိုင်တဲ့ Kinetic Energy Interceptor(KEI) အမျိုးအစားလိုဖြစ်ကြောင်း၊ စစ်ရေးကျွမ်းကျင်သူ Dmitry Litovkin က TASS ကို ပြောပါတယ်။

ဆိုဗီယက် ဒုံးခွင်းဒုံးစနစ်ဟာ နိုင်ငံရဲ့ ဗဟိုစက်မှုဇုန်တစ်ဝိုက် ကျရောက်လာမဲ့ နျူကလီးယားလုံးကျည်တွေကို တန်ပြန်ဖောက်ခွဲပစ်ဖို့ ရည်ရွယ်ခဲ့ပါတယ်။

တိုက်စစ်၊ ခံစစ် လေ့ကျင့်ရေးထိပ်ဖူး နှစ်ခုလုံး ပလတ်စမာလှိုင်းထဲမှာ မီးလောင်ပျက်စီးသွားပြီး အဏုမြူ ပြာမှုန်တွေဟာ တိုင်းပြည်အနှံ့ကျရောက်သွားမယ်လို့ ယူဆခဲ့ပါတယ်။

ဒီအယူအဆကို အခြေခံထားတဲ့ S-550 ဒုံးခွင်းဒုံးစနစ်ဟာ ကိုယ်ပိုင်ဟန်ကို သုံးထားပါတယ်။ ဒါဟာ နျူကလီးယားဒုံးကိုပဲ ပျက်စီးစေပြီး နျူကလီးယားပေါက်ကွဲမှုကို ကာကွယ်စေနိုင်ပါတယ်။

ထိပ်ဖူးပျက်စီးသွားရင်တောင် သတ္တုအပိုင်းအစတွေကနေ ဓာတ်ရောင်ခြည်သင့်နိုင်တဲ့ပမာဏက ထိပ်ဖူးတစ်ခုလုံး ပေါက်ကွဲသွားတာထက်စာရင် အများကြီး သက်သာပါတယ်။

S-550 အကြောင်း ဘာမှမသိရသေးပေမဲ့ Prometheus ဒုံးခွင်းဒုံးစနစ်ကို ထပ်ဆောင်း အားဖြည့်ပေးမယ်ဆိုတာ သိရပြီး နျူကလီးယားဒုံးနဲ့ အနိမ့်ပျံ အာဏာသပတ်လမ်းထဲက ဂြိုဟ်တုကိုပါ ပစ်ချနိုင်မှာဖြစ်ပါတယ်။

ဒုံခွင်းဒုံလား၊ဂြိုဟ်တုဖျက်ဒုံးလားဆိုတာကိုတော့ စစ်ဘက်အနေနဲ့ သေချာစဉ်းစားဖို့လိုပါတယ်။

သေချာတာက S-550 ဟာ A 135 Amur-A235 Nudol ဒုံးခွင်းဒုံးစနစ်ကို ယာဉ်တင်ဒုံးခွင်းဒုံးစနစ်အနေနဲ့ သီးခြားပံ့ပိုးပေးသွားမှာပါ”လို့ ၎င်းက ဆက်ပြောပါတယ်။

S-550 မဟာဗျူဟာ ဒုံးခွင်းဒုံးစနစ်ဟာ ၂ဝ၂၅ ခုနှစ်မှာ ရုရှားကြည်းတပ်လက်ထဲရောက်လာမှာ ဖြစ်ကြောင်း၊ ၎င်းရဲ့အစိတ်အပိုင်းတွေကို ထုတ်လုပ်နေကြောင်း၊ ယာဉ်တင်စနစ်ဖြစ်ပြီး ဟိုက်ပါဆောနစ်အမြန်နှုန်းနဲ့ ပျံသန်းမှာဖြစ်ကြောင်း၊ ရေယာဉ်တင်စနစ်ကိုတော့ မရနိုင်သေးကြောင်း စသဖြင့် ရုရှားကာကွယ်ရေးဝန်ကြီးဌာန သတင်းရင်းမြစ်တစ်ခုက TASSကို ပြောပါတယ်။

S-550 ဒုံးခွင်းဒုံးစနစ်ဟာ တာဝေးပစ်မှတ်တွေကို ထောက်လှန်း ချေမှုန်းနိုင်ကြောင်း နိုင်ငံပိုင်နည်းပညာကုမ္ပဏီကြီး Rostec ရဲ့ဥက္ကဋ္ဌ Sergey Chemezov က ဒူဘိုင်းလေကြောင်းပြပွဲ ၂၀၂၁ မှာ ပြောခဲ့ပါတယ်။

S-350၊ S-500၊ S-550 စတဲ့ လေကာနဲ့ ဒုံးခွင်း ဒုံးစနစ်တွေကို ရုရှားတပ်ဖွဲ့တွေဆီပေးအပ်နိုင်ဖို့ အရေးကြီးတယ်လို့ သမ္မတပူတင်ကပြောကြောင်း ဆိုချီစစ်လက်နက် ပစ္စည်းထုတ်လုပ် ရေးလုပ်ငန်းတွေ့ဆုံပွဲမှာ ရုရှားကာကွယ်ရေးဝန်ကြီး Sergey Shoiguက ထည့်ပြောသွားပါတယ်။

တာတိုပစ် S-550 ဒုံးခွင်းဒုံးစနစ်ကို ဆိုဗီယက်ခေတ် ၁၉၈၁-၈၈ ခုနှစ်တွေမှာ Almaz ဗဟို ဒီဇိုင်းဗျူရို (ယခု Almaz သုတေသနနှင့်ထုတ်လုပ်ရေးအဖွဲ့)ကနေ သုတေသနလုပ်ခဲ့ပါတယ်။

ဆိုဗီယက်-အမေရိကန် သဘောတူစာချုပ်ကြောင့် ၎င်းစနစ်အပါအဝင် တခြားသုတေသနတွေပါ ရပ်ဆိုင်းခဲ့ရပါတယ်။

ပစ်ခတ်မှုစနစ်ကို ၁၉၉၂ ခုနှစ်မှာ တစ်စစီဖြုတ်သိမ်းခဲ့သလို ဆိုဗီယက်ပြည်ထောင်စုပြိုကွဲ ပြီးတဲ့နောက် မြေပြင်လုပ်ငန်းတွေကိုပါ ဖျက်ဆီးပစ်ခဲ့ကြောင်း သိရပါတယ်။

Source-သုတကမ္ဘာ

Leave a Reply

Your email address will not be published. Required fields are marked *