အမေရိကန်စစ်တပ်ကို ထိပ်တန်းဖြစ်စေနိုင်မယ့် လျှို့ဝှက်လုပ်ဆောင်နေသော နည်းပညာ (၅) မျိုး

အမေရိကန်စစ်တပ်ကို ထိပ်တန်းဖြစ်စေနိုင်မယ့် လျှို့ဝှက်လုပ်ဆောင်နေသော နည်းပညာ (၅) မျိုး

အမေရိကန် နိုင်ငံဟာ ကမ္ဘာလုံး ဆိုင်ရာပေါက်ရောက်မှုကို ထိန်းသိမ်းဖို့နဲ့ ကမ္ဘာ့ထိပ်တန်းစစ်ဘက်ဆိုင် ရာ ပါဝါအဖြစ် ဆက်ရှိနေဖို့ အတွက် စစ်သင်္ဘောတွေ၊ မြေပြင်၊ ရေပြင်၊ ဝေဟင်ဆိုင်ရာ နျူကလီးယား လက်နက် စွမ်းရည်‌တွေအပြင် ကွပ်ကဲ ထိန်းချုပ်မှု စွမ်းရည် တွေကိုပါ ထိပ်တန်းဖြစ် နေဖို့လိုအပ်ပါတယ်။

အောက်မှာ ဖော်ပြပေးသွားမယ့် လျှို့ဝှက် လက်နက်‌တွေဟာ အမေရိကန် စစ်တပ်ကို ထိပ်တန်းဖြစ် စေနိုင်မယ့် လျှို့ဝှက် လုပ်ဆောင်နေတဲ့ နည်းပညာ (၅)မျိုးပဲ ဖြစ်ပါတယ်။

(၅) Modular Advanced Armed Robotic System (MAARS)

Modular Advanced Armed Robotic System (MAARS)ဟာ ပေါင်(၄၀၀) အလေးချိန်ရှိတဲ့ စက်ရုပ် ဖြစ်ပြီး ၁၂ နာရီ ဘက်ထရီ (sleep mode) ပါရှိကာ တစ်နာရီကို ၇ မိုင်နှုန်းနဲ့ ရွေ့လျားနိုင်တဲ့အပြင် ထိန်းချုပ် စင်တာကနေ မီတာ (၁၀၀၀) အကွာအဝေးအတွင်း လှုပ်ရှားလည်ပတ်နိုင်ပါတယ်။

၎င်းစက်ရုပ်ကို လက်နက်မျိုးစုံပါ တပ်ဆင် အသုံးပြုနိုင်ပါတယ်။ဒါ့အပြင် အဲ့ဒီစက်ရုပ် ဟာ ၃၆၀ ဒီဂရီအပြည့် လှည့်ပတ်နိုင်ပြီး ထိန်းချုပ် ကိရိယာအတွက် ကင်မရာ (၇) လုံး တပ်ဆင်ထားကာ ခဲယမ်း လက်နက်တွေလည်း သယ်ဆောင်နိုင်ပါတယ်။

စက်ရုပ်မှာ အချက်ပြ သတိ‌ပေးသံ၊ ရန်သူကို အမြင်ကွယ် စေမယ့်(Laser Dazzler)၊ သေနတ်သံ ထောက်လှမ်းတဲ့ စနစ်နဲ့ ပေါင်(၃၀၀) ကျော်ကို သယ်ဆောင်နိုင်ပြီး စိတ်ကြိုက် လုပ်ဆောင်နိုင်တဲ့ လက်မောင်းတစ်ခုလည်း ပါရှိပါတယ်။

(MAARS) စက်ရုပ်တွေ အများအပြား ထုတ်လုပ်လာ နိုင်တာနဲ့ ခြေလျင်တပ်တွေ အများအပြား လျှော့ချသွားနိုင် လိမ့်မယ်လို့ ‌ မျှော်လင့်လျက် ရှိနေပါတယ်။

(၄) The Laser Avenger

The Laser Avenger ဟာ ဒရုန်းတွေနဲ့ အခြား လေယာဉ်ငယ်တွေကို ချေမှုန်းဖို့အတွက် အနီအောက်ရောင်ခြည် လေဆာကို အသုံးပြုထားတာ ဖြစ်ပြီး ထရပ်ကားပေါ်မှာ တပ်ဆင်ထားတဲ့ ဝေဟင်ကာကွယ်‌ရေးစနစ် တစ်ခုဖြစ်ပါတယ်။

စွမ်းအင် ပါဝါပိုင်းဆိုင်ရာ ထပ်ဆင့်တိုးမြှင့်နိုင်မှု ရှိတဲ့အတွက် တိုက်ခိုက်ရေး ပိုင်းမှာ ပိုမိုအသုံးပြုလာနိုင်ဖို့ အလားအလာ တိုးလာစေပါ‌တယ်။

ဒီပရောဂျက်ကို ငွေကြေးထောက်ပံ့နေတဲ့ ဘိုးအင်းကုမ္ပဏီအ‌နေနဲ့လည်း သမားရိုး ကျ စက်သေနတ်တွေကို Avenger စနစ်မှာ တပ်ဆင်နိုင်ဖို့အတွက် လုပ်ဆောင်နိုင်ပါလိမ့်မယ်။

(၃) PHASR Rifles

PHASRဟာ စွမ်းအင်သုံး လက်နက် (Directed Energy Weapons) အမျိုးအစားပဲဖြစ်ပြီး ရိုင်ဖယ် ပုံစံမျိုးနဲ့ ဖြစ်ပါတယ်။ Star Trek စိတ်ကူးယဉ် သိပ္ပံဇာတ်ကားထဲက လက်နက်လို ပုံစံမျိုး က‌နေ ဆင်းသက်လာတာ ဖြစ်နိုင်ပါတယ်။

ဒီ လက်နက်ဟာ ပြင်းထန်မှု အားနည်းတဲ့ လေဆာနဲ့ ပစ်မှတ်ကို ခေတ္တ မျက်စိကွယ် ကြက်သေ သေစေနိုင်တဲ့ လက်နက်မျိုးပဲ ဖြစ်ပါတယ်။

PHASR၏ အကျိုးသက် ရောက်မှုဟာ ယာယီမျှသာ ဖြစ်တဲ့အတွက်ကြောင့် UN ရဲ့ လိုက်နာရမယ့် တားမြစ် လက်နက်ဆိုင်ရာဥပဒေ (၁၉၉၅ Protocol) အရ အကျုံး ဝင်ပြီး Blindling Laser Weapons ဆိုင်ရာ တရားဝင်လက်နက် တစ်ခု ဖြစ်နေဆဲဖြစ်ပါတယ်။

(၂) Railguns

ရုရှားဟာ အသံရဲ့အမြန်နှုန်းထက် အဆပေါင်းများစွာ သာလွန်တဲ့ ဒုံးကျည်တွေနဲ့ ဒုံးကျည် စနစ်တွေ ဖန်တီးဖို့ အလုပ်ရှုပ်နေချိန်မှာ အမေရိကန် ကတော့ အသံထက်မြန်တဲ့ လက်နက် စမ်းသပ်မှု အချို့ကို ဆိုင်းငံ့ထားပါတယ်။

ဒါပေမယ့် ဒါဟာအသံထက်မြန်တဲ့လက်နက် စွမ်းရည်မျိုး မရှိဘူးလို့ မဆိုလိုပါဘူး။ အမေရိကန် စစ်တပ်ဟာ Railgun ကို တီထွင်နိုင်ဖို့အတွက် နှစ်ပေါင်းအတော်ကြာလုပ်ဆောင် နေခဲ့ပါတယ်။

Railgun ဆိုတာ အသံရဲ့အမြန်နှုန်း ၇ ဆအထိရှိတဲ့ အမြန်နှုန်းနဲ့ ပစ်လွှတ်တဲ့ လျှပ်စစ် သံလိုက်စနစ်ကို အသုံးပြုတာဖြစ်ပါတယ်။ ဖောက်ခွဲရေး လက်နက်မဟုတ်တဲ့ ကျည်တွေကို အသုံးပြုကာ သမားရိုးကျ ရေတပ်လက်နက် ပစ်ခတ်မှုထက် ပျက်စီးဆုံးရှုံးမှု ပိုများစေနိုင်ပါတယ်။

လက်ရှိမှာ စစ်သင်္ဘော နှစ်စင်းသာ အသုံးပြုနိုင်တဲ့ လိုအပ်တဲ့စွမ်းအင်ကို စုဆောင်းထားနိုင်ပါသေးတယ်။

(၁) Directed Energy Weapons

စွမ်းအင်သုံး လက်နက်တွေရဲ့ သဘောတရား နိယာမက သူ့ရဲ့ အခေါ်အဝေါ်လိုပဲ စွမ်းအင်ဟာ အချက်အချာ ဗဟိုကျပြီး ပစ်မှတ်ဆီကို ရောင်ခြည်အလင်းတန်း တစ်ခုတည်း ထွက်သွားတဲ့ လက်နက်ပဲဖြစ်ပါတယ်။

စွမ်းအင် အမျိုးအစား (သို့မဟုတ်) စွမ်းအင် ပမာဏပေါ် မူတည်ပြီး ရောင်ခြည်တန်းဟာ မျက်စိနဲ့ မြင်နိုင်ဖို့ မလွယ်သလို အသံပါ ကြားရဖို့ မရှိနိုင်ပါဘူး။

စွမ်းအင်မြင့် လေဆာရောင်ခြည်လက်နက်တွေဟာ မိုင်ရာချီဝေးတဲ့ ပစ်မှတ်တွေကို စွမ်းရည်ပြည့် အပြည့်အဝ ဖျက်ဆီးပစ် နိုင်စွမ်းရှိပါတယ်။

MML/HM အားလေးစားစွာ ခရက်ဒစ်ပေးပါသည်။
Credit: Hello Myanmar

Leave a Reply

Your email address will not be published.