ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များကို အသုံးပြုနိုင်တော့မည့် အသေးစားနျူကလီးယား ဓာတ်ပေါင်းဖိုများ

အမေရိကန်နိုင်ငံ၊ အိုင်ဒါဟိုအမျိုးသားဓာတ်ခွဲခန်းက ကျွမ်းကျင်သူတွေရဲ့ အဆိုအရ အသေးစားနျူကလီးယား ဓာတ်ပေါင်းဖို အမျိုးအစားသစ်တွေဟာ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်အတွက် အခြေခံအရင်းအမြစ်တွေအဖြစ် တည်ရှိနေပါတယ်။

စွမ်းအင် ၂၀ မီဂါဝပ် အထိထုတ်ပေးနိုင်တဲ့ Microreactor လို့ခေါ်တဲ့ သေးငယ်တဲ့ နျူကလီးယားဓာတ်ပေါင်းဖိုတွေကို စစ်အခြေစိုက်စခန်းတွေလို့ ဗဟိုဓာတ်အားလိုင်းအပြင်ဘက်မှာ အသုံးပြုဖို့ ရည်ရွယ်ထားပါတယ်။

ပုံမှန်အားဖြင့် Micrreactor အများစုကို စက်ရုံတစ်ခုမှာ ထုတ်လုပ်ပြီး ကမ္ဘာတစ်ဝန်းရှိတဲ့ နေရာအသီးသီးကို ကွန်တိန်နာ သင်္ဘောတွေနဲ့ ဖြန့်ဝေပေးတာဖြစ်ပါတယ်။ အဲဒီနျူးကလီးယာ ဘက်ထရီတွေဟာ အခြေခံအဆောက်အအုံဆိုင်ရာ ပြုပြင်ပြောင်လဲမှုတွေ မလိုအပ်ဘဲ အသေးစား၊ ဒါမှမဟုတ် မိုက်ခရိုလျှပ်စစ် ဓာတ်အားလိုင်းတစ်ခုနဲ့ ချိတ်ဆက်ထားနိုင်ပါတယ်။

ရလဒ်အနေ နဲ့ ၎င်းတို့ဟာ အသေးစားလည်ပတ်မှုနဲ့ ပြုပြင်စရိတ်အနည်းဆုံးဖြင့် နှစ်ပေါင်းများစွာ လျှပ်စစ်မာတ်အားပေးစွမ်းနိုင်ပါတယ်။ အိုင်ဒါဟို အမျိုးသားဓာက်ခွဲခန်းသုတေသနအရ Microreactor တွေရဲ့ ကမ္ဘာ့ဈေးကွက်စစ်တမ်းဟာ ၂၀၃၀ ပြည့်နှစ်မှ ၂၀၅၀ ပြည့်နှစ်အတွင်း နိုင်ငံပေါင်း ၆၃ နိုင်ငံမှာ Microreactor တွေ အတွက် ဈေးကွက်အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။

အိုင်ဒါဟိုအမျိုးသားဓာတ်ခွဲခန်းက နျူကလီးယားစွမ်းအင် ဘောဂဗေဒပညာရှင် David Shropshire ဟာ Boise state တက္ကသိုလ်က ဒေါက်တာ Geoffrey Black နဲ့ Boise State အဆင့်မြင့်စွမ်းအင် လေ့လာရေးစင်တာ စွမ်းအင်မူဝါဒဌာနက ဒေါက်တာ Kathleen Arajo တို့နဲ့အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။

အဲဒီဓာတ်ပေါင်းဖိုတွေတည်ဆောက်ရာမှာ စိန်ခေါ်မှုးအဖြစ် အမြတ်အစွန်းမြင့်တဲ့ ဈေးကွက်အပိုင်းတွေကို ခွဲခြားသတ်မှတ်ဖို့ ဖြစ်တယ်လို့ Shropshire က ပြောကြားခဲ့ပါတယ်။

နျူကလီးယားစွမ်းအင်ရဲ့ စွမ်းအင်ဈေးကွက်ဝေစုဟာ အဓိကအားဖြင့် အပေါ့စားရေဓာတ်ပေါင်းဖိုအဟောင်းတွေကို ရပ်နားလိုက်တာကြောင့် လာမဲ့ဆယ်စုနှစ်တွေအတွင်း လျော့ကျသွားဖွယ်ရှိတယ်လို့ Shropshire က ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ အနာဂတ် ဈေးကွက်မှာ ဒီဓာတ်ပေါင်းဖိုအသစ်တွေအတွက် သမားရိုးကျ မဟုတ်တဲ့ အသုံးချနည်းတွေကို စဉ်းစားကြည့်ရင် အနာဂတ်မှာ နျူကလီးယားဝေစုတွေ တိုးလာနိုင်ခြေရှိပါတယ်။ လက်ရှိမှာ အမေရိကန်နိုင်ငံရဲ့ ကာဗွန်ကင်းစင်တဲ့ လျှပ်စစ်ဓာတ်အားရဲ့ ထက်ဝက်ခန့်ကို အပေါ့စားရေ ဓာတ်ပေါင်းဖိုတွေနဲ့ ထုတ်ပေးလျက်ရှိပါတယ်။

သို‌သော် မော်ကျူလာဓာတ်ပေါင်းဖိုးတွေနဲ့ မိုက်ခရိုဓာတ်ပေါင်းဖိုတွေလို အဆင့်မြင့်နျူကလီးယားနည်း ပညာတွေဟာ ကျောက်မီးသွေးစက်ရုံတွေကို ဖယ်ရှားပြီး ဓာတ်အားဝန်ဆောင်မှုတွေပေးခြင်းဖြင့် အနာဂတ် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွေ ထွန်းကားလာရေးအတွက် အရေးကြီးတဲ့ အခြေခံအရင်းအဖြစ်တွေကို ပံ့ပိုးပေးနိုင်ပါတယ်။ ထို့ပြင် သေးငယ်တဲ့မော်ကျူလာ ဓာတ်ပေါင်းဖိုတွေဟာ အခြားဖြေရှင်းနည်းတွေ ကျဆုံးတဲ့နေရာမှာ ကာဗွန်ထုတ်လွတ်မှုကို လျော့ချပေးနိုင်ဖွယ်ရှိပါတယ်။

Microreactor တီထွင်သူတွေမှာ ဈေးကွက်မျှော်လင့်ချက်တွေ၊နည်းပညာစွမ်းဆောင်ရည်၊ ဘတ်ဂျက်တွေ၊ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်တွေနဲ့ လူထုလက်ခံ ကျင့်သုံးခြင်းကို စီမံခန့်ခွဲရာမှာ စိန်ခေါ်မှုများစွာရှိနေပါတယ်။

ခရီးဝေးက လွှဲပြောင်းပေးဖို့ ဈေးကြီးတဲ့ ဒီဇယ်လောင်စာနဲ့ မကြာခဏလည်ပတ်လေ့ရှိတဲ့ ဝေးလံခေါင်သီတဲ့ဒေသတွေမှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖို့ Microreactor တွေကိုအသုံးပြုဖို့ နျူးကလီးယားကျွမ်းကျင်းသူတွေက အချိန်အတော်ကြာ စဉ်းစားချင့်ချိန်လျက်ရှိပါတယ်။

Microreactor တွေဟာ လေနဲ့ နေရောင်ခြည်အတွက် ခံနိုင်ရည်အား ထိန်းညှိထောက်ပံ့ပေးဖို့အတွက် ရွေးချယ်မှုကောင်းတစ်ခုဖြစ်နိုင်တယ်လို့ Shropshire က ပြောကြားခဲ့ပါတယ်။

ထို့ပြင် လျှပ်စစ် ကွန်ရက်မဖွံ့ဖြိုးသေးတဲ့နေရာတွေက ရေသန့်စက်ရုံ၊ အလူမီနီယမ်၊ ဒါမှမဟုတ် ဟိုက်ဒရိုဂျင်ထုတ်စက်ရုံလို မြင့်မားတဲ့အသုံးပြုမှုတွေ လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေအထိ Microreactor တွေကို ထားရှိနိုင်ပါတယ်။

လျှပ်စစ်ဓာတ်အားစနစ်အလွန်အကျွံ ဝန်ပိနေချိန်၊ ဒါမှမဟုတ် ကြောက်မက်ဖွယ်ကောင်းတဲ့ ပုံသဏ္ဌာန်ရှိနေချိန် အရေးပါတဲ့ဝန်ဆောင်မှုတွေပေးဆောင်ရာမှာ Microreactor တွေဟာ အဲဒီအဖွဲ့အစည်းတွေကို ကူညီပေးနိုင်ပါတယ်။

သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးတွေမှာ စွမ်းအင်ထောက်ပံ့ပေးဖို့တွေကို အသုံးပြုနိုင်ပါတယ်။ ဥပမာအားဖြင့် သယ်ယူပို့ဆောင်နိုင်တဲ့ Microreactor တွေဟာ ဆေးရုံတွေနဲ့ရေသန့်စက်ရုံတွေရှိ ဒီဇယ်ဂျင်နရေတာတွေကို အစားထိုးနိုင်ပြီး စွမ်းအင်၊ ဒါမှမဟုတ် အပူကို ထောက်ပံ့ပေးနိုင်ပါတယ်။

Microreactor တွေကို စီးပွားဖြစ် ကုန်တင်သင်္ဘောတွေ၊ဒါမှမဟုတ် အမျိုးမျိုးသောရေတပ်သင်္ဘောကြီးတွေကို စွမ်းအင်ပေးဖို့အတွက်လဲ အသုံးပြုနိုင်ပါတယ်။ယခု လက်ရှိ ကွန်တိန်နာသင်္ဘောကြီးတွေဟာ သင်္ဘောကို ‌ရှေ့သို့မောင်းနှင်ရမယ့်တစ်လျှောက် ၎င်းတို့သယ်ဆောင်ရမဲ့ အလွန်ညစ်ပတ်တဲ့ လောင်စာတွေအများကြီးကို အသုံး ပြုကြပါတယ်။

ဒါပေမဲ့ Microreactor တွေဟာ ကာဗွန်ကင်းစင်တဲ့အနာဂတ်ကို မပံ့ပိုးမီ ကုန်ကျစရိတ် ၊အများသူငါလက်ခံကျင့်သုံးခြင်းနဲ့ စည်းမျည်း ဆိုင်ရာစိန်ခေါ်မှုတွေအပါအဝင် အတားအဆီးအမျိုးမျိုးကို ကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်။

Microreactor တွေအတွက် ဈေးကွက် အတွင်း နက်ရှိုင်းစွာထိုးဖောက်ဝင်ရောက်မှုအောင်မြင်ဖို့ တိကျပြင်းထန်တဲ့ ကုန်ကျစရိတ်ရည်မှန်းချက်တွေပြည့်မီဖို့ လိုအပ်လာမှာ ဖြစ်ပါတယ်။

မည်သို့ပင်ဆိုစေကာမူ Microreactor တွေဟာ ကုန်ကျ စရိသက်သာပြီး ဗဟိုချုပ်ကိုင်ထားတဲ့ စွမ်းအင်အရင်းအမြစ်တွေနဲ့ ယှဉ်ပြိုင်ခြင်းထက် မြင့်မားတဲ့စွမ်းအင်ကုန်ကျစရိတ်တွေနဲ့ သီးသန့်ဈေးကွက်မှာ လည်ပတ်လျက်ရှိပါတယ်။

အရှေ့ဉရောပနဲ့အာရှလို တိုးချဲ့စွမ်းအင်လိုအပ်ချက်ရှိတဲ့ ဒေသတွေဟာ သေးငယ်တဲ့ မော်ကျူလာဓါတ်ပေါင်းဖိုတွေပါရှိတဲ့ ဖြန့်ဝေစနစ်တွေမှာ Microreactor တွေအတွက် လုံလောက်တဲ့အလားအလာကို ပေးစွမ်းနိုင်ပါတယ်။

ဒါ့အပြင် Microreactor တွေမှာ နျူကလီးယားဝေစုကျဆင်းနိုင်ခြေ၊ ဒါမှမဟုတ် တည်ငြိမ်နေနိုင်ခြေရှိတဲ့ နေရာတွေမှာ အလားအရာများစွာရှိပြီး ဈေးကြီးတဲ့ ကာဗွန်ထုတ်လွှတ်တဲ့ စွမ်းအင်ရင်းမြစ်တွေကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွေ ဖြည့်စွက်ရာမှာ အစားထိုးနိုင်တဲ့ အလားအလာများစွာရှိပါတယ်။

အဲဒီအသုံးပြုမှုအားလုံးဟာ ကာဗွန်ဒိုင်အောက်ဆိုက်ကင်းစင်စေဖို့ ခက်ခဲတဲ့ သီးသန့်ဈေးကွက်တွေပဲဖြစ်ပါတယ်။ အဲဒီသီးသန့် စျေးကွက်တွေကိုဖော်ထုတ်ပြီး ၂၀၄၀ ပြည့်နှစ်နဲ့ ၂၀၅၀ ပြည့်နှစ် ကြားမှာ လုံလောက်တဲ့ Microreactor တွေကို ဖန်တီးနိုင်ပါက စက်မှုလုပ်ငန်းဟာ အလုံးအရင်းထုတ်လုပ်ထားတဲ့ ဓာတ်ပေါင်းဖိုတွေ၊ ဈေးနှုန်းလျှော့ချခြင်းနဲ့ Microreactor တွေကို အထူးပြု စွမ်းအင်လိုအပ်ချက်တွေအတွက် အခြားရွေးချယ်စရာ တစ်ခုအဖြစ် ဖန်တီးပေးခြင်းရဲ့ အကျိုးကျေးဇူးတွေ ရရှိလာလိမ့်မှာ ဖြစ်ပါတယ်။

Microreactor တွေဟာ လျှပ်စစ်နဲ့ လျှပ်စစ်မဟုတ်တဲ့ အသုံးပြုမှုအတွက် ရုပ်ကြွင်းလောင်စာအရင်းအမြစ်တွေကို အစားထိုးပြီး စွမ်းအင်စနစ်ရှိ အမျိုးမျိုးသောပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်တွေကိုမြှင့်တင်ရာမှာ ကူညီပေးခြင်းဖြင့် ၂၀၅၀ ပြည့်နှစ်မှာ ကာဗွန်သုညနဲ့ ကွာဟချက်ကိုနီးစပ်အောင် ကူညီပေးနိုင်မှာဖြစ်ပါတယ်။ ။

Author:ကျော်လင်းအောင်(သုတေသန)

Leave a Reply

Your email address will not be published.