ကမ္ဘာတစ်ဝန်းက ထင်ရှား‌ကျော်ကြား တောင်ပေါ်လမ်းများ

ကမ္ဘာတစ်ဝန်းက ထင်ရှား‌ကျော်ကြား တောင်ပေါ်လမ်းများ

ကမ္ဘာတစ်ဝန်းမှာရှိတဲ့ တောင်ပေါ်ကားလမ်းတွေအကြောင်းကို စုစည်းတင်ပြပေးလိုက် ပါတယ်။အချို့ အချက်အလက်တွေကတော့ လက်ရှိအနေအထားနဲ့ ကိုက်ညီချင်မှကိုက်ညီမှာပါ။

ဒါပေမဲ့ ဒီတောင်ပေါ်ကားလမ်းတွေဟာ စီးနင်းလိုက်ပါသူတွေအတွက် အသည်းယား စဖွယ်ဖြစ်သလို စိတ်ဝင်စားစရာစရာတွေနဲ့ပြည့်နေတာကို တွေ့ရှိရပါတယ်။

၁။ ကိုလ် ဒီ တူရီနီ (Col de Turini) (ပြင်သစ်)

ပြင်သစ်နိုင်ငံတောင်ပိုင်းမှာရှိတဲ့ ဒီလမ်းမဟာ ပင်လယ်ရေမျက်နှာပြင်ထက် ၁ မိုင်ကျော်အထက်မှာရှိတဲ့ လမ်းမတစ်ခု ဖြစ်ပါတယ်။ အဲဒီလမ်းဟာ Lantosque မြို့မှတစ်ဆင့် Bollene-Vesubie မြို့တို့ကို ဆက်သွယ်ပေးထားတဲ့ လမ်းကြောင်းလည်း ဖြစ်ပါတယ်။

ပုံမှာမြင်တွေ့ရတဲ့အတိုင်း လမ်းကြောင်းရဲ့ အကွာအဝေးဟာ ၁၉ မိုင်ခန့်ကွာဝေးပြီး တောင်စဉ်တောင်တန်းတွေအောက်မှာ ဖောက်လုပ်ထားတဲ့ လမ်းမကြီးဆိုတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။

ဒီလမ်းမကြီးကို ပြင်သစ်အစိုးရက ၁၉၄၈ ခုနှစ်ကတည်းက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယနေ့ အချိန်အထိ အများပြည်သူသုံးစွဲသွားလာနိုင်အောင် မွမ်းမံပြင်ဆင်မှုတွေနဲ့ ဆောင်ရွက်ပေးခဲ့တဲ့ လမ်းမကြီးလည်းဖြစ်ပါတယ်။

၂။ အီတလီနိုင်ငံက စတယ်လ်ဗီယို (Stelvio Pass) တောင်ပေါ်ဖြတ်လမ်း

အီတလီနိုင်ငံမြောက်ပိုင်း StifserJoch တောင်တန်းမှာ တည်ဆောက်ထားတဲ့ အဝေးပြေးလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ၉ဝ၄၅ ပေရှိတဲ့ တောင်တန်းပေါ်မှာ တည်ဆောက်ထားတဲ့ လမ်းကြီးဟာ ဆွစ်ဇာလန်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိတဲ့ တောင်ပေါ်လမ်းမကြီးလည်း ဖြစ်ပါတယ်။

ဒီလမ်းမကြီးကို အီတလီအစိုးရက ၁၉၅၃ ခုနှစ်ကတည်းက အကောင်အထည်ဖော်တည်ဆောက်လာခဲ့ခြင်းလည်း ဖြစ်ပါတယ်။လက်ရှိ အချိန်မှာတော့ ပုံမှာမြင်တွေ့ ရ တဲ့အတိုင်း နှစ်နိုင်ငံနယ်စပ် ဖြတ်သန်းသွားလာသူတွေအတွက်သာမက ဒေသတွင်းအပြန်အလှန် ကူးလူးဆက်ဆံမှုတွေအတွက်ပါ အဓိကအရေးပါတဲ့လမ်းကြောင်း တစ်ခုလည်း ဖြစ်နေတာကို မြင်တွေ့ရပါတယ်။

၃။ အိန္ဒိယနိုင်ငံက လဲဟ် မနာလီ (Leh-Manali ) အဝေးပြေးလမ်းမ

အိန္ဒိယနိုင်ငံ Himachal Pradesh ပြည်နယ်မှာ တည်ရှိတဲ့ အဝေးပြေးလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ Ladakh ပြည်နယ်နဲ့ Manali ပြည်နယ်ကို ဆက်သွယ်ပေးထားတဲ့ ၄င်းလမ်းဟာ အကွာအဝေးအားဖြင့် ၄၉၀ ကီလိုမီတာ (၃၀၀ မိုင်) ရှည်လျားပါတယ်။

ဒီလမ်းမကြီးဟာ ရာသီဥတုအခြေအနေအရ နှစ်စဉ် မေလကနေ ဇွန်လအတွင်း လမ်းကြောင်းပိတ်သိမ်းထားရပြီး ကျန်လများမှာတော့ ခရီးသွားတွေအတွက် ဖွင့်လှစ်ပေးထားတဲ့ လမ်းမကြီးတစ်ခုလည်း ဖြစ်ပါတယ်။

ဒီလမ်းမကြီးနဲ့ ပတ်သက်ပြီး နယ်စပ်လမ်းကြောင်းတွေကို ထိန်းသိမ်းရေးအဖွဲ့အစည်း (BRO) က အမြဲတမ်း စောင့်ကြည့်စစ်ဆေးပေးနေပါတယ်။ အထူးသဖြင့် ပင်လယ်ရေမျက်နှာပြင်းအထက် ၁၇၄၈၀ ပေ (၅၃၂၈ မီတာ) အပေါ်တွင် တည်ရှိတဲ့ ဒီလမ်းမကြီးကို အိန္ဒိယအစိုးရအဖွဲ့က အမြဲတမ်းစောင့်ကြည့် ကြပ်မတ်ပေးနေပါတယ်။

၄။ ဘိုလီးဗီးယားနိုင်ငံက သေမင်းတမန်လမ်းမ

ယွန်းဂါ့စ် (Yungas) လမ်းမကြီးလို့ အမည်တွင်ပြီး ဘိုလီးဗီးယားနိုင်ငံမှာတော့ အထင်ကရလမ်းမကြီး တစ်ခုအဖြစ် မည်တွင်လျက်ရှိနေပါတယ်။ ဒီလမ်းကြောင်းကို နိုင်ငံတကာက စိတ်ဝင်စားသူတွေကလည်း လာရောက်လေ့လာ နေကြပါတယ်။

အထောက်အထားတွေအရ လမ်းမပေါ်မှာ နှစ်စဉ်လူဦးရေ ၂ဝဝ က နေ ၃ဝဝ ခန့်အထိ ထိခိုက်ပျက်စီးခဲ့ရတဲ့ အထောက်အထားတွေလည်း ရှိနေပါတယ်။ ဒီလိုရှိပေမဲ့လည်း ထူးဆန်းဖြစ်ရပ်တွေကို လေ့လာသူများများအတွက် လာရောက်မှတ်တမ်းတင်မှု များကလည်း ရှိနေပါတယ်။

ပုံမှာမြင်တွေ့ရသည့်အတိုင်း Yungas လမ်းမဟာ တောင်စွန်းတောင်ကြားတွေမှာ ကတ်ကတ်သတ်သတ် တည်ဆောက်ပေးထားတဲ့ လမ်းမကြီးဆိုတာကိုလည်း မြင်တွေ့ရမှာပါ။

ဒါပေမဲ့ ဒီလမ်းမကြီးဟာ လူမှုစီးပွား ကူးလူးဆက်ဆံရေးအတွက် မဖြစ်မနေအသုံးပြုရတဲ့ အတွက်ကြောင့် ဒေသခံပြည်သူတွေဟာ အသုံးပြုနေရဆဲဖြစ်ကြောင်းကို တင်ပြလိုက်ရပါတယ်

၅။ ရုရှားနိုင်ငံက လီနာ (Lena) လမ်းမ

ရုရှားနိုင်ငံက Lena လမ်းမကြီးဟာ အကွာအဝေးအားဖြင့် မိုင် ၆ဝဝ ခန့် ရှည်လျားပါတယ်။ ဒီလမ်းမကြီးက တောင်ပေါ်တောင်ကြားတွင်မက နှင်းပြင်ကိုပါ ဖြတ်သန်းသွားလာရတဲ့ လမ်းမကြီးတစ်ခုလည်း ဖြစ်ပါတယ်။

ဆောင်းနှင်း ကာလမှာတော့ ဒီလမ်းမကြီးဟာ ဆီးနှင်းများပိတ်ဆို့ပြီး လမ်းပျောက်တဲ့အထိ ဖြစ်တတ်တာကို တွေ့ရှိရပါတယ်။ နမူနာအားဖြင့် အဲဒီဒေသမှာ ဇန်နဝါရီလဆိုရင် အပူချိန်ဟာ အနုတ် ၄၅ ဒီဂရီ ဖာရင်ဟိုက်အောက်အထိ ကျဆင်းတတ်တာကြောင့် လမ်းကြောင်းရှာဖွေရတဲ့ပြဿနာတွေ လည်းရှိနေတဲ့ လမ်းမကြီးလည်းဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ ရုရှားအစိုးရက ဒီလမ်းမကြီးနဲ့ ပါတ်သက်လို့ လိုအပ်တဲ့ကိစ္စရပ်တွေဆောင်ရွက်ရာမှာ ပြည်နယ်အစိုးရနဲ့ ညှိနှိုင်းပြီးဆောင်ရွက် သွားလာရတယ်လို့လည်း သိရှိရပါတယ်။

Credit_Author:ရဲမာန်ခ

Leave a Reply

Your email address will not be published. Required fields are marked *