ဗောက်ထခြင်းကို ဖြစ်စေသော အကြောင်းအရင်းများနှင့် ကာကွယ်ရန်နည်းလမ်းများ

ဆောင်းရာသီ ရောက်လာပြီဆို ယောင်္ကျား၊မိန်းမ၊ကလေး၊လူကြီးမရွေး ဗောက်ရောဂါကို ခံစားရတတ်ပါတယ်။ ဗောက် ဆိုတာကတော့ ဦးရေပြားယားယံသည့် အဖြူရောင်အဖက်ကလေးများဖြစ်ပြီး အင်္ဂလိပ်လို Dandruff လို့ ခေါ်ပါတယ်။

အသားအရေ ခြောက်သွေ့သူများ အဆီထွက်များသော ဦးရေပြားနှင့် ဆံပင်ပိုင်ရှင်များတွင် ဗောက်ရောဂါ ဖြစ်နိုင်ချေ ပိုများပါတယ်။ ဗောက်ရောဂါသည် အသက် အရွယ် မရွေး ဖြစ်တတ်ပါတယ်။

ဆေး သိပ္ပံနည်းအရ ကျားဟော်မုန်းက ဗောက်ထခြင်းကို ဖြစ်စေနိုင်ကြောင်း လေ့လာတွေ့ရှိရတဲ့အတွက် အမျိုးသားများက အမျိုးသမီးများထက် ပို၍ ဗောက်ထလေ့ရှိပါတယ်။

ဆောင်းရာသီမှာ ဗောက်ထခြင်း ပိုမိုဖြစ်ပွားလေ့ရှိတာကတော့ လေထုစိုထိုင်းဆ နည်းပါးမှုက ဆံသားနှင့်ဦးရေပြားတို့ကို ပိုမိုခြောက်သွေ့စေခြင်းကြောင့် ရလဒ်အနေဖြင့် ဆဲလ်ဟောင်းများ ကွာကျပြီး ဗောက်ထခြင်း ဖြစ်တာပါ။

ဗောက်ထခြင်းကို ဖြစ်စေသော အကြောင်းအရင်းများ

၁။ အကြောင်းအမျိုးမျိုးကြောင့် ဗောက်ယားယံခြင်းကို ဖြစ်စေနိုင်ပါသည်။အစားအသောက် နှင့် ရာသီဥတု အပြောင်းအလဲများက ဗောက်ထစေသော အကြောင်းအရင်းများဖြစ်သည်။

၂။ အပူ၊အစပ်၊ အချို ၊အငန် ကြိုက် သူများက တခြားသူများထက် ဗောက်ရောဂါကို ပိုဖြစ်နိုင်သည်။ဒာရက်၊ ဘီယာစသည့်တို့ကလည်း ဗောက်ထစေနိုင်သော အကြောင်း အရာတစ်ခု ဖြစ်သည်။

၃။ Parkinson ခြေတုန် လက်တုန်အာရုံကြောရောဂါ၏ ဘေးထွက်ဆိုးကျိုးများ အဖြစ် အဆီထွက်များပြီး ဦးရေပြားရောင်ရမ်းခြင်း နှင့် ဗောက်ရောဂါ ဖြစ်နိုင်ခြေပိုများသည်။

၄။ အိတ်ခ်ျအို င်ဗွီ ရောဂါပိုးရှိသူ သို့မဟုတ် တီဘီရောဂါ သို့မဟုတ် အခြားကျန်းမာရေး အခြေအနေ တစ်ခုခုကြောင့် ခုခံအားကျနေသူများတွင်လည်း ဗောက်ရောဂါဖြစ်နိုင်သည်။

၅။ Psoriasis ခေါ် အရေပြားရောဂါနှင့် နှင်းခူနာရှိသူများက တခြားသူများထက် ဗောက်ထနိုင်ခြေ ပိုများသည်။နေ့တိုင်း ခေါင်းလျှော်ခြင်းကလည်း အရေပြား အဆီဂလင်းကို ပို၍အလုပ်လုပ်စေကာ ဗောက်ပိုထလာနိုင်သည်။

၆။ အိပ်ရေးမဝခြင်း ၊ အာဟာရချို့တဲ့မှုနှင့် ကိုယ်ခံအားနည်းခြင်းကြောင့် ဗောက်ထနိုင်ပြီး အထူးသဖြင့် သွပ်ဓာတ်၊ ဗီတာမင်ဘီနှင့် အိုမီဂါသရီး ချို့တဲ့သူများက ဗောက်ထနိုင်ခြေပိုများ ပါသည်။

၇။ ရှမ်ပူ(Shampoo) ၊ ဓာတုဆိုးဆေးနှင့် ဆံပင်သန်ဆေးများကြောင့်လည်း ဗောက်ထလာနိုင်သည်။

ကာကွယ်ရန် နည်းလမ်းများ

ဗောက်ယားယံခြင်းကို ကာကွယ်ရန် နည်းလမ်း များစွာရှိသော်လည်း အမှန်တကယ် ထိရောက်သည့် နည်းလမ်းတချို့ကို အောက်ပါအတိုင်း အကြံပြုလိုပါတယ်။ ၎င်းတို့မှာ

၁။ နေ့စဉ် ခေါင်းမလျှော်ပါနှင့်

၂။ ရက်သတ္တတစ်ပတ်လျှင် အလွန်ဆုံး နှစ်ကြိမ် ၊သုံးကြိမ်သာ လျှော်ပါ။

၃။ ခေါင်းလျှော်စဉ် ဦးရေပြားကို ခပ်ကြမ်းကြမ်း ကုတ်ခြစ်ခြင်း ရှောင်ပါ။

၄။ ခေါင်းလျှော်ပြီးနောက် Hair Gel နှင့် spray များ မသုံးပါနှင့်။၎င်းပစ္စည်းများက ဦးပြားပေါ်ရှိ အဆီဂလင်းနှင့်ပေါင်းပြီး ဗောက်ထခြင်းကို ပိုမိုဆိုးရွားလာစေနိုင်သောကြောင့် ဖြစ်သည်။

၅။ ဖြစ်နိုင်လျှင် ဆံပင်ဆိုးဆေး ၊ ဆံပင်သန်ဆေးများကို ရှောင်ပါ။

၆။ ဗောက်ထခြင်းကြောင့် ဆံပင်ကျွတ်ထွက်မှု များသော်လည်း နေ့စဉ် ခေါင်းဖြီးပါ။ ခေါင်းဖြီးခြင်းကြောင့် ဦးရေပြားက ထွက်ကျလာသော ဆဲလ်အသေများကို ဖယ်ရှားပစ်နိုင်သည်။

၇။ တရော်ကင်ပွန်းသီး ၊ ရှောက်သီးပုပ်တို့က ဦးရေပြားကို အေးမြစေကာ ဗောက်ထခြင်းကို သက်သာစေပါသည်။ ရှမ်ပူ (Shampoo)သုံးစွဲရာတွင် Itchy Scalp Anti-Dandruff စာတန်းပါသော ရှမ်ပူကို သာ သုံးစွဲပါ။

၈။ ခေါင်းလျှော်သည့်အခါတွင်လည်း ၎င်းရှမ်ပူများ ကုန်စင်သွားသည်အထိ ရေများများသုံးပါ။ ရှမ်ပူများကျန်နေခြင်း ၊ မစင်ခြင်းကလည်း ဗောက်ထခြင်းကို ပိုဖြစ်စေပါတယ်။

၉။ ဗောက်ကင်းစင်ပြီး ဆံသားလည်း တောက်ပြောင်စေရန်အတွက် ခေါင်းလျှော်ပြီးတိုင်း ဆံသားပျော့ဆေး (Conditioner) ကို အသုံးပြုသင့်ပါတယ်။ သို့သော် ရေစင်စင် ဆေးပေးပါ။

၁၀။ စိတ်ဖိစီးမှုကြောင့် ဗောက်ပိုထစေပါတယ်။ထို့ကြောင့် စိတ်ဖိစီးမှုများကို တတ်နိုင် သမျှ လျော့ပါ။

၁၁။ မနက်တိုင်း နေပူဆာလှုံပါ။ ခရမ်းလွန်ရောင်ခြည်နှင့်အတူပါလာသော UVA အမျိုးအစားက ဗောက်ကို သက်သာစေပါတယ်။

၁၂။ နေပူထဲထွက်သည့်အခါ ဦးထုပ်မဆောင်းပါနှင့် ထီးဆောင်းပါ။ပူပြင်းသော နေရောင်ကြောင့် ဦးရေပြားမှ ယိုစိမ့်ထွက်လာသော ချွေး အစိုဓါတ်က မှိုပိုးပေါက်ဖွားမှုကို အားပေးပါတယ်။

၁၃။ ဗောက်ထ၍ ခေါင်းယားသော်လည်း စိတ်ကို ထိန်းကာ မကုတ်ပါနှင့် မကြာခဏကုတ်ခြင်း ၊ ခပ်ကြမ်းကြမ်း ကုတ်ခြစ်ခြင်းက ဆံသားအမြစ်၏ ကျန်းမာမှုကို အားနည်းစေသဖြင့် ဆံပင်ကျွတ်လွယ်သောကြောင့် ဖြစ်ပါသည်။

အားလုံး ဗောက်ရောဂါမှာ ကင်းဝေးကြပါစေ
ပေါက်ပေါက်

ZawGyi
ေဗာက္ထျခင္းကို ျဖစ္ေစေသာ အေၾကာင္းမ်ားႏွင့္ ကာကြယ္ရန္နည္းလမ္းမ်ား

ေဆာင္းရာသီ ေရာက္လာၿပီဆို ေယာကၤ်ား ၊မိန္းမ ၊ ကေလး ၊လူႀကီးမေ႐ြး ေဗာက္ေရာဂါကို ခံစားရတတ္ပါတယ္။ ေဗာက္ ဆိုတာကေတာ့ ဦးေရျပားယားယံသည့္ အျဖဴေရာင္အဖက္ကေလးမ်ားျဖစ္ၿပီး အဂၤလိပ္လို Dandruff လို႔ ေခၚပါတယ္။

အသားအေရ ေျခာက္ေသြ႕သူမ်ား အဆီထြက္မ်ားေသာ ဦးေရျပားႏွင့္ ဆံပင္ပိုင္ရွင္မ်ားတြင္ ေဗာက္ေရာဂါ ျဖစ္နိုင္ေခ် ပိုမ်ားပါတယ္။ ေဗာက္ေရာဂါသည္ အသက္ အ႐ြယ္ မေ႐ြး ျဖစ္တတ္ပါတယ္။

ေဆးသိပၸံနည္းအရ က်ားေဟာ္မုန္းက ေဗာက္ထျခင္းကို ျဖစ္ေစနိုင္ေၾကာင္း ေလ့လာေတြ႕ရွိရတဲ့အတြက္ အမ်ိဳးသားမ်ားက အမ်ိဳးသမီးမ်ားထက္ ပို၍ ေဗာက္ထေလ့ရွိပါတယ္။

ေဆာင္းရာသီမွာ ေဗာက္ထျခင္း ပိုမိုျဖစ္ပြားေလ့ရွိတာကေတာ့ ေလထုစိုထိုင္းဆ နည္းပါးမႈက ဆံသားႏွင့္ဦးေရျပားတို႔ကို ပိုမိုေျခာက္ေသြ႕ေစျခင္းေၾကာင့္ ရလဒ္အေနျဖင့္ ဆဲလ္ေဟာင္းမ်ား ကြာက်ၿပီး ေဗာက္ထျခင္း ျဖစ္တာပါ။

ေဗာက္ထျခင္းကို ျဖစ္ေစေသာ အေၾကာင္းမ်ား

– အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေဗာက္ယားယံျခင္းကို ျဖစ္ေစနိုင္ပါသည္။အစားအေသာက္ ႏွင့္ ရာသီဥတု အေျပာင္းအလဲမ်ားက ေဗာက္ထေစေသာ အေၾကာင္းအရင္းမ်ားျဖစ္သည္။

– အပူ၊အစပ္၊ အခ်ိဳ ၊အငန္ ႀကိဳက္ သူမ်ားက တျခားသူမ်ားထက္ ေဗာက္ေရာဂါကို ပိုျဖစ္နိုင္သည္။ဒာရက္၊ ဘီယာစသည့္တို႔ကလည္း ေဗာက္ထေစနိုင္ေသာ အေၾကာင္း အရာတစ္ခု ျဖစ္သည္။

– Parkinson ေျခတုန္ လက္တုန္အာ႐ုံေၾကာေရာဂါ၏ ေဘးထြက္ဆိုးက်ိဳးမ်ား အျဖစ္ အဆီထြက္မ်ားၿပီး ဦးေရျပားေရာင္ရမ္းျခင္း ႏွင့္ ေဗာက္ေရာဂါ ျဖစ္နိုင္ေျခပိုမ်ားသည္။

– HIVေရာဂါပိုးရွိသူ သို႔မဟုတ္ တီဘီေရာဂါ သို႔မဟုတ္ အျခားက်န္းမာေရးအေျခအေနတစ္ခုခုေၾကာင့္ ခုခံအားက်ေနသူမ်ားတြင္လည္း ေဗာက္ေရာဂါျဖစ္နိုင္သည္။

– Psoriasis ေခၚ အေရျပားေရာဂါႏွင့္ ႏွင္းခူနာရွိသူမ်ားက တျခားသူမ်ားထက္ ေဗာက္ထနိုင္ေျခ ပိုမ်ားသည္။ေန႕တိုင္း ေခါင္းေလွ်ာ္ျခင္းကလည္း အေရျပား အဆီဂလင္းကို ပို၍အလုပ္လုပ္ေစကာ ေဗာက္ပိုထလာနိုင္သည္။

– အိပ္ေရးမဝျခင္း ၊ အာဟာရခ်ိဳ႕တဲ့မႈႏွင့္ ကိုယ္ခံအားနည္းျခင္းေၾကာင့္ ေဗာက္ထနိုင္ၿပီး အထူးသျဖင့္ သြပ္ဓာတ္၊ ဗီတာမင္ဘီႏွင့္ အိုမီဂါသရီး ခ်ိဳ႕တဲ့သူမ်ားက ေဗာက္ထနိုင္ေျခပိုမ်ား ပါသည္။

– ရွမ္ပူ(Shampoo) ၊ ဓာတုဆိုးေဆးႏွင့္ ဆံပင္သန္ေဆးမ်ားေၾကာင့္လည္း ေဗာက္ထလာနိုင္သည္။

ကာကြယ္ရန္ နည္းလမ္းမ်ား

ေဗာက္ယားယံျခင္းကို ကာကြယ္ရန္ နည္းလမ္း မ်ားစြာရွိေသာ္လည္း အမွန္တကယ္ ထိေရာက္သည့္ နည္းလမ္းတခ်ိဳ႕ကို ေအာက္ပါအတိုင္း အႀကံျပဳလိုပါတယ္။ ၎တို႔မွာ

– ေန႕စဥ္ ေခါင္းမေလွ်ာ္ပါႏွင့္

– ရက္သတၱတစ္ပတ္လွ်င္ အလြန္ဆုံး ႏွစ္ႀကိမ္ ၊သုံးႀကိမ္သာ ေလွ်ာ္ပါ။

– ေခါင္းေလွ်ာ္စဥ္ ဦးေရျပားကို ခပ္ၾကမ္းၾကမ္း ကုတ္ျခစ္ျခင္း ေရွာင္ပါ။

– ေခါင္းေလွ်ာ္ၿပီးေနာက္ Hair Gel ႏွင့္ spray မ်ား မသုံးပါႏွင့္။၎ပစၥည္းမ်ားက ဦးျပားေပၚရွိ အဆီဂလင္းႏွင့္ေပါင္းၿပီး ေဗာက္ထျခင္းကို ပိုမိုဆိုး႐ြားလာေစနိုင္ေသာေၾကာင့္ ျဖစ္သည္။

– ျဖစ္နိုင္လွ်င္ ဆံပင္ဆိုးေဆး ၊ ဆံပင္သန္ေဆးမ်ားကို ေရွာင္ပါ။

– ေဗာက္ထျခင္းေၾကာင့္ ဆံပင္ကြၽတ္ထြက္မႈ မ်ားေသာ္လည္း ေန႕စဥ္ ေခါင္းၿဖီးပါ။ ေခါင္းၿဖီးျခင္းေၾကာင့္ ဦးေရျပားက ထြက္က်လာေသာ ဆဲလ္အေသမ်ားကို ဖယ္ရွားပစ္နိုင္သည္။

– တေရာ္ကင္ပြန္းသီး ၊ ေရွာက္သီးပုပ္တို႔က ဦးေရျပားကို ေအးျမေစကာ ေဗာက္ထျခင္းကို သက္သာေစပါသည္။ ရွမ္ပူ (Shampoo)သုံးစြဲရာတြင္ Itchy Scalp Anti-Dandruff စာတန္းပါေသာ ရွမ္ပူကို သာ သုံးစြဲပါ။

– ေခါင္းေလွ်ာ္သည့္အခါတြင္လည္း ၎ရွမ္ပူမ်ား ကုန္စင္သြားသည္အထိ ေရမ်ားမ်ားသုံးပါ။ ရွမ္ပူမ်ားက်န္ေနျခင္း ၊ မစင္ျခင္းကလည္း ေဗာက္ထျခင္းကို ပိုျဖစ္ေစပါတယ္။

– ေဗာက္ကင္းစင္ၿပီး ဆံသားလည္း ေတာက္ေျပာင္ေစရန္အတြက္ ေခါင္းေလွ်ာ္ၿပီးတိုင္း ဆံသားေပ်ာ့ေဆး (Conditioner) ကို အသုံးျပဳသင့္ပါတယ္။ သို႔ေသာ္ ေရစင္စင္ ေဆးေပးပါ။

– စိတ္ဖိစီးမႈေၾကာင့္ ေဗာက္ပိုထေစပါတယ္။ထို႔ေၾကာင့္ စိတ္ဖိစီးမႈမ်ားကို တတ္နိုင္ သမွ် ေလ်ာ့ပါ။

– မနက္တိုင္း ေနပူဆာလႈံပါ။ ခရမ္းလြန္ေရာင္ျခည္ႏွင့္အတူပါလာေသာ UVA အမ်ိဳးအစားက ေဗာက္ကို သက္သာေစပါတယ္။

– ေနပူထဲထြက္သည့္အခါ ဦးထုပ္မေဆာင္းပါႏွင့္ ထီးေဆာင္းပါ။ပူျပင္းေသာ ေနေရာင္ေၾကာင့္ ဦးေရျပားမွ ယိုစိမ့္ထြက္လာေသာ ေခြၽး အစိုဓါတ္က မွိုပိုးေပါက္ဖြားမႈကို အားေပးပါတယ္။

– ေဗာက္ထ၍ ေခါင္းယားေသာ္လည္း စိတ္ကို ထိန္းကာ မကုတ္ပါႏွင့္ မၾကာခဏကုတ္ျခင္း ၊ ခပ္ၾကမ္းၾကမ္း ကုတ္ျခစ္ျခင္းက ဆံသားအျမစ္၏ က်န္းမာမႈကို အားနည္းေစသျဖင့္ ဆံပင္ကြၽတ္လြယ္ေသာေၾကာင့္ ျဖစ္ပါသည္။

အားလုံး ေဗာက္ေရာဂါမွာ ကင္းေဝးၾကပါေစ
ေပါက္ေပါက္

Leave a Reply

Your email address will not be published.