ဒူဘိုင်းတွင်သာတွေ့ရသော တစ်မူထူးခြားဖြစ်ရပ်များ

ဒူဘိုင်းတွင်သာတွေ့ရသော တစ်မူထူးခြားဖြစ်ရပ်များ

အာရပ်‌စော်ဘွားများ ပြည်ထောင်စု (ယူ‌အေအီး) နိုင်ငံသည် မရပ်မနား ဆက်လက် တရိပ်ရိပ် ဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး သန်းကြွယ်သူ‌ဌေး ဦးရေ ၂၀၀ ကျော်အထိ တိုးပွားလာခဲ့သည်။

ကမ္ဘာ့ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာမှု အစီရင်ခံစာအရ ဒူဘိုင်းသည် ကမ္ဘာပေါ်တွင် ဒေါ်လာသန်း ၃၀ နှင့်အထက် ကျိကျိတက်ချမ်းသာသော သူဌေး သူကြွယ်များအတွက် ပဉ္စမမြောက်အရေးပါဆုံး မြို့ကြီးပြကြီး အဖြစ် ဖော်ပြထားခဲ့သည်။

သို့ဖြစ်ရာ ဒူဘိုင်းမြို့သည် အဆိုပါ သန်းကြွယ်သူဌေးများ၏ လောကီနတ်ဘုံနတ်နန်းလေးဖြစ်ခဲ့သည်။ ဒူဘိုင်းမြို့မှ ငွေကို ရေလို သုံးဖြုန်းနိုင်သော သန်းကြွယ်သူဌေးများက ဒူဘိုင်းမြို့တစ်မြို့တည်းတွင်သာ တွေ့ရှိနိုင်သည့် တမူထူးခြားသောအရာများကို စိတ်ရူးပေါက်ရာ ထင်ရာစိုင်း ၊ထင်တိုင်းကြဲလုပ်တတ်ကြသည်ကို ရင်သပ်ရှုမော တအံ့တဩတွေ့ရှိရပါသည်။

၁။ ထူးခြားသော အချစ်တော် တိရစ္ဆာန်များ

ဒူဘိုင်းမြို့မှ လူအတော်များများအနေဖြင့် ငယ်စဉ်တောင်ကျေး ကလေးဘဝက မိဘများမောင်းနှင်သောကား၏ အရှေ့ ထိုင်ခုံတွင် ထိုင်ချင်လွန်းသဖြင့် မွေးချင်း မောင်နှမများနှင့် နေရာလုတက်ကြပြီး တစ်ခါတစ်ရံ အကြီးအကျယ် အချင်းများ ရန်ဖြစ်ကြသည်မှာ မဆန်းချေ။

သို့ရာတွင် ယခုအခါ ဒူဘိုင်းပြည်သူများက တစ်မူထူး ခြားပြီး ၄င်းတို့၏ ကားရှေ့ခန်းထိုင်ခုံတွင် ထူးခြားသော အိမ်မွေးတိရစ္ဆာန် အချစ်တော်လေးများကို နေရာပေးလာကြသည်။

၄င်းတို့က လောလောလတ်လတ် ဈေးကြီးပေးဝယ်ထားသည့် ထူးခြားသော အိမ်မွေး တိရစ္ဆာန်များကို အများမြင်သာအောင် ကြွားပါပြလိုသောကြောင့် ကားရှေ့ ခန်းတွင် ပေးထိုင်းထားတတ်ကြသည်။

၎င်းအချစ်သော် အိမ်‌မွေးတိရစ္ဆာန် ချီတာကျားသစ်က ကားရှေ့ထိုင်ခုံတွင် စည်းစိမ်ကျကျ ထိုင်နေသည်ကို တအံ့တဩတွေ့ မြင်ရလေ့ရှိသည်။ ဒူဘိုင်းမြို့တွင် ဤကဲ့သို့ တစ်မူထူးခြားသော အိမ်မွေး တိရစ္ဆာန်များကို မွေးမြူထားကြသည်မှာ မဆန်းလှချေ။

၂။ ရိုးရာကုလားအုတ်

ဒူဘိုင်းမှ ပြည်သူများသည် ၄င်းတို့၏ ချမ်းသာကြွယ်ဝမှုကို ကြွားဝါပြသတတ်ကြသည်။ ၄င်းတို့သည် ဈေးအကြီးဆုံးနှင့် နောက်ဆုံးပေါ် အကောင်းစားပြိုင်ကားများ ကို ဝယ်စီးပြလေ့ရှိကြသည်။

သို့ရာတွင် လူအချို့က ဘဝတွင် စည်းစိမ်ကျကျ လူနေမှု အဆင့်အတန်းမြင့်မြင့်နေထိုင်ရသည်ကို ရောင့်ရဲကျေနပ် အားရမှုမရှိသေးဘဲ အကောင်းတကာ့အကောင်းဆုံး နောက်ဆုံးပေါ် ဇီမ်ခံကားများကို ဝယ်ယူကြွားဝါ တတ်ကြသည်။

ဒေသခံ သာမန်ပြည်သူအချို့က သွားလာရေးအတွက် ရိုးရာဓလေ့အရ ကုလားအုတ်ကိုသာ အသုံးပြုကြသဖြင့် အဖိုးတန် ဇိမ်ခံကားများ ဝယ်စီးရန် မလို အပ်ချေ။ ကုလားအုတ်ဖြင့် ခရီးသွားလာရသည်မှာ နှေးကွေးသည်မှန်သော်လည်း ကားရပ်စခန်းတွင် ရပ်နားသောအခါ အလွန်လွယ်ကူကြောင်း ငြင်းကွယ်၍မရချေ။

၃။ ရွှေအေတီအမ်စက်များ

ကမ္ဘာတစ်လွှားမှ နိုင်ငံများရှိ အလိုအလျာက် ငွေထုတ်စက် အေတီအမ် (ATM) စက်တွင် ထုတ်ယူလိုသော ငွေများကို အလွယ်တကူ အဆင်ပြေစွာ ထုတ်ယူနိုင်သည်။

သို့ရာတွင် ဒူဘိုင်းမြို့ မှ အလိုအလျောက် အေတီအမ်စက်များ သည် ငွေစက္ကူများ ထုတ်ပေးမည့်အစား ၂၄ ကရက် ရွှေတုံး ရွှေပြားအမျိုးအစား အမျိုးမျိုးကိုသာ တစ်မူထူးခြားစွာ ထုတ်ပေးသည်။

ယူအေအီးနိုင်ငံတွင် ပွဲတော်ရက်များနှင့် နေ့ထူးနေ့မြတ်အခမ်းအနားများတွင် မိသားစုဝင်များနှင့် မိတ်ဆွေများအား ရွှေလက်ဆောင်ပေးသော ရိုးရာဓလေ့မှာ ယနေ့ထက်ထိတိုင် ရှင်သန်ရေပန်းစားလျက် ရှိသောကြောင့် ရွှေရောင်းစက်တွင် ရွှေပြားနှင့် ရွှေတုံးရွှေတောင့်များကို အလွယ်တကူ အဆင်ပြေစွာ ဝယ်ယူနိုင်ရန် စီစဉ် ရောင်းချပေးထားခြင်းဖြစ်သည်။

၄။ စိန်စီခြယ် ဘီအမ်ဒဗလျူကား

ဒူဘိုင်းမြို့မှ သန်းကြွယ်သူဌေးများက ၎င်းတို့၏ အသစ်ကျပ်ချွတ် ဘီအမ်ဒဗလျူ (BMW) မော်တော်ကားကို ဒူဘိုင်းမြို့ကားလမ်းပေါ်တွင် မောင်းနှင်သွားသောအခါ အခြားသန်းကြွယ်သူဌေးတစ်ဦးကလည်း ၄င်း၏ ဘီအမ်ဒဗလျူကား မော်ဒယ်လ် အမျိုးအစားနှင့် ဆေးရောင်အတိုင်း တစ်ထပ်တည်း ချွတ်စွပ်တူသောကားကို မောင်းနှင်လာသည်ကို တွေ့မြင်ရသောအခါ စိတ်အ‌နှောင့်အယှက် ဖြစ်သွားသဖြင့် ၎င်း၏ ကားကို အခြားသူဌေးများ၏ ကားနှင့် မတူကွဲပြားစေရန် တွေးကြံဆခဲ့သည်။

ဒူဘိုင်းမြို့မှ သန်းကြွယ်သူဌေးများက ၎င်းတို့၏ အမြတ်တနိုး တန်ဖိုးထားအရာကို ၎င်းတို့တစ်ဦးတစ်ယောက်တည်းသာ သီးသန့်ပိုင်ဆိုင်လိုသောကြောင့် အခြားကားများနှင့်မတူစေရန် စိန်ပွင့်အစစ်လေးများဖြင့် ကားတစ်စီးလုံးကို အလှဆင်မွမ်းမံခြယ်သထားခဲ့သည်။

၅။ ရွှေနှင့်ကျောက်မျက်ရတနာစီခြယ် မိုဘိုင်းဖုန်း

အမေရိကန်နိုင်ငံနှင့် အခြား ကမ္ဘာ့နိုင်ငံများတွင် Apple ကုမ္ပဏီက ထုတ်လုပ်သော နောက်ဆုံးပေါ် မော်ဒယ်အသစ်များကို အရူးအမူး အသည်းအသန် လိုက်လံဝယ်ယူနေကြသော်လည်း ဒူဘိုင်းမှ ပြည်သူများကမူ နောက်ဆုံးပေါ်နည်းပညာပါရှိသော မိုဘိုင်းဖုန်းများကို စိတ်မဝင်စားကြချေ။

၎င်းတို့က မျက်နှာမှတ်မိသိရှိသော နည်းပညာနှင့် စိတ်ခံစားမှုပြ Emoji သင်္ကေတများကို ဖော်ပြသော နည်းပညာများပါရှိသည့် ခေတ်မီမိုဘိုင်းဖုန်းများကိုလည်း လုံးဝအလျှင် ဝယ်ယူရန် စိတ်မဝင်စားကြဘဲ သမားရိုးကျ သာမန် နိုကီယာ (Nokia) မိုဘိုင်းဖုန်းကိုသာ အသုံးပညု၍ သဘောတွေ့ မနောခွေ့ နှစ်ခြိုက်ကြသည်။

၎င်းတို့က ကျောက်မျက်ရတနာများ စီခြယ်ပြီး ရွှေအစစ်ဖုံးအုပ်ထားသော သမားရိုးကျ နိုကီယာဖုန်းကိုသာ အမြတ်တနိုးဝယ်ယူအသုံးပြုကြသည်။အဆိုပါ ရွှေနှင့်ကျောက်မျက်ရတနာများဖြင့် အလှဆင်ထားသော နိုကီယာမိုဘိုင်းဖုန်း၏ ဈေးနှုန်းမှာလည်း ပြောစရာမလိုပဲ မျက်ဖြူစိုက်သွားလောက်အောင် ဈေးနှုန်းခေါင်ခိုက်နေသည်မှာ မဆန်းလှချေ။

၆။ ရွှေဖုံးအုပ်ထားသောကား

ဒူဘိုင်းမြို့မှ သန်းကြွယ်သူဌေးကြီးများက ၎င်းတို့အနေဖြင့် ကျိကျိတက်ချမ်းသာကြွယ်ဝကြောင်းကို ကမ္ဘာသိအောင် ကြွားဝါပြသလိုကြသည်။တစ်ကမ္ဘာလုံးတွင် ရွှေကို ချမ်းသာကြွယ်ဝမှုကို ဖော်ပြသော အမှတ်သင်္ကေတအဖြစ် ယူဆထားသောကြောင့် ဒူဘိုင်းမြို့မှ သန်းကြွယ်သူဌေးများဟာ ၎င်းတို့အမြတ်တနိုးတန်ဖိုးထားသော အရာပစ္စည်းဟူသမျှကို ရွှေဖြင့် ဖုံးအုပ်ထားသည်ကို သဘောကျ နှစ်ခြိုက်ကြသည်။

ထိုသန်းကြွယ် သူဌေးကြီးများက ဈေးကြီးသော Jeep Grand Cherokee ကား ပိုင်ဆိုင်ရသည်ကို ဝမ်းမြောက်ဂုဏ်ယူနေကြသော်လည်း အခြားသူဌေးသူကြွယ်များ၏ ကားနှင့်လုံးဝမတူဘဲ တစ်မူထူးခြားစေရန် ကားတစ်စီးလုံးကို ၂၄ ကရက်ရွှေဖြင့် ဖုံးအုပ်အလှဆင်ထားကြသည်။

၇။ ရွှေကိတ်မုန့်

ဒူဘိုင်းမြို့တွင် ကမ္ဘာ့ဈေးအကြီးဆုံး ၂၄ ကရက် ရွှေကိတ်မုန့်ကြီးကို အံ့မခန်းရောင်းချလျှက်ရှိသည်။အဆိုပါကိတ်မုန့်ကို စား၍ရသော ၂၄ ကရက်ရွှေဖြင့် ဖုံးအုပ်ထားသဖြင့် အံ့ဩစရာကောင်းလောက်အောင် အရသာအလွန်ရှိမည့် ပုံဖြစ်သည်။

ဒူဘိုင်းမြို့တွင် သန်းကြွယ်သူဌေး ဒုနှင့်ဒေးရှိသောကြောင့် ရွှေဖြင့်ပြုလုပ်ထားသော အရာဟူသမျှကို ဝယ်ယူအားပေးလေ့ရှိသည်။ အဆိုပါ ၂၄ ကရက်ရွှေကိတ်မုန့် ဈေးနှုန်းမှာ မျက်ဖြူဆိုက်သွားလောက်အောင် ဈေးခေါင်ခိုက်နေပြီး အမေရိကန်ဒေါ်လာ ၁၀၀၀ ကျော်ရှိသည်။

၈။ အခမဲ့အလှူဒါန

ဒူဘိုင်းမြို့သည် ကမ္ဘာပေါ်တွင် အချမ်းသာဆုံး နိုင်ငံများအနက် တစ်နိုင်ငံဖြစ်သောကြောင့် ကျိကျိတက် သူကြွယ်သူဌေးအမြောက်အမြားရှိသော်လည်း ငွေကြေးခြို့တဲ့ နွမ်းပါးသော ပြည်သူများနှင့် အလုပ်လက်မဲ့ ပြည်သူအချို့လည်းရှိသည်။

သို့ဖြစ်ရာ ဒူဘိုင်းမှ သန်းကြွယ်သူဌေးများက အဆိုပါနွမ်းပါးချို့တဲ့သော ပြည်သူများနှင့် အလုပ်လက်မဲ့ ပြည်သူတို့အတွက် တစ်ဖက်တစ်လမ်းမှ ကူညီထောက်ပံ့ပေးလိုသောကြောင့် လမ်းများပေါ်တွင် မှန်ဘီရိုလေးများဖြင့် အစားအသောက်များကို တစ်မျိုးစီရွေးချယ်ပြီး အခမဲ့ယူနိုင်ရန် အလှူဒါနပြုထားကြသည်။

Source-Pyi Myanmar

Leave a Reply

Your email address will not be published.