မျောက်တွေ တည်ဆောက်ခဲ့တယ်ဆိုတဲ့ ရာမတံတား (Rama’s Bridge)
ဒီတံတားဟာ အိန္ဒိယနိုင်ငံ နဲ့ သီရိလင်္ကာနိုင်ငံ အကြားမှာရှိတဲ့ တံတားဖြစ်ပါတယ်။ အိန္ဒိယရဲ့ Tamil Nadu ကျွန်းဆွယ်နဲ့ သီရိလင်္ကာ အနောက်မြောက်ပိုင်းက Mannar ကျွန်းတို့ကို ဆက်သွယ်ထားတဲ့ တံတားပါ။
ရာမ ဆိုတာ အိန္ဒိယရဲ့ ဒဏ္ဍာရီလာ သူရဲကောင်း တစ်ယောက် ဖြစ်ပါတယ်။ ရာမယန ဇာတ်ဟာ ကျွန်တော်တို့ နိုင်ငံအပြင် အရှေ့တောင်အာရှ နိုင်ငံ အတော်များများနဲ့လည်း ရင်းနှီးပါတယ်။ အားလုံးလည်း သိပြီးဖြစ်မှာပါ။
ဒီဇာတ်မှာ မင်းသားရာမ ၊ ဇနီး သီတာဒေဝီ နဲ့ ဒသဂီရိဘီလူးတို့က အဓိကဖြစ်ပါတယ်။သီတာဒေဝီကို ရာ၀ဏ(ဒသဂီရိဘီလူးမင်း)က ဖမ်းသွားတဲ့ အချိန်မှာ ရာမမင်းနဲ့သူရဲ့ မျောက်စစ်တပ်ကြီးက ရာ၀ဏရှိရာ သီဟိုဠ်ကျွန်းကို စစ်တိုက်ဖို့ ပြင်ပါတယ်။
ဒီလိုပြင်တဲ့နေရာမှာ သီဟိုဠ်ကျွန်းကို ချီတက်နိုင်ဖို့အတွက် အိန္ဒိယနဲ့ သီဟိုဠ်ကျွန်းကို ဖြတ်ပြီး မျောက်စစ်တပ်ကြီးက တံတားထိုးခဲ့ပါတယ်။ တံတားထိုးတဲ့ နေရာမှာ
ကျောက်တုံးတွေကို ပစ်ချပြီး ထိုးခဲ့ခြင်း ဖြစ်ပါတယ်။
ကျောက်တုံးတွေမှာ ရာမရဲ့ နာမည်ထိုးထားတာကြောင့် ရေမမြုပ်ပါဘူးတဲ့။နောက်ဆုံး တံတားထိုးပြီးတဲ့အခါ သီဟိုဠ်ကို ချီတက်ပြီး ရာ၀ဏကို သုတ်သင်ပြီးတော့ သီတာဒေဝီကို ပြန်ခေါ်လာနိုင်ခဲ့တယ်လို့ ဇာတ်တော်က ဆိုပါတယ်။
ဒီလို မျောက်တွေ ထိုးခဲ့တဲ့ တံတားကို ရာမ တံတားလို့ ခေါ်ပါတယ်။ ၃၀ မိုင် ရှည်လျားပြီး အချို့ အစိတ်အပိုင်းတွေသာ ကျန်ရှိတော့ပါတယ်။ ဒီတံတားဟာ ၁၅ ရာစုမှာ ပြင်းထန်တဲ့ မုန်တိုင်း မတိုက်ခံရမီ အချိန်အထိ ဖြတ်သန်းသွားလာလို့ ရခဲ့သေးတယ်လို့ သိရပါတယ်။
နာဆာက ရိုက်ယူခဲ့တဲ့ ဓာတ်ပုံတွေမှာ ဒီတံတား ရှိနေတာကို တွေ့နိုင်ပါတယ်။ အများစုကတော့ ဇာတ်တော်ထဲကအတိုင်း တကယ်ပဲ မျောက်တွေထိုးခဲ့တယ်လို့ ယုံကြည်ကြပေမယ့် တချို့ကတော့ လူတွေတည်ဆောက်ခဲ့တဲ့ တံတားလို့ ယုံကြည် ကြပါတယ်။
ရှေးဟောင်းနံရံထွင်း ပန်းချီတွေမှာလည်း ဒီတံတားကို မျောက်တွေက တည် ဆောက် ခဲ့တဲ့ ပုံစံတွေ ထွင်းထု ထားတာကိုလည်း တွေ့ရတတ်ပါတယ်။ အာဒမ်ဟာ ဒီတံတားကို ဖြတ်ပြီး သီရိလင်္ကာကနေ အိန္ဒိယကို သွားခဲ့တဲ့အတွက် အာဒမ်တံတားလို့လည်း ခေါ်ကြပါတယ်။
ခရက်ဒစ်:Myat Zaw Oo