သောကြာနေ့ ၁၃ ရက်ကို အနောက်နိုင်ငံသားတွေ ကြောက်ရတဲ့ အကြောင်းအရင်း
သောကြာနေ့ ၁၃ ရက်ကို အနောက်နိုင်ငံတွေကလူတွေ ဘာလို့ကြောက်ကြသလဲ။
အနောက်နိုင်ငံကလူတွေဟာ သောကြာနေ့နဲ့ ၁၃ ရက်နေ့ တစ်ထပ်တည်း ကျရောက်တဲ့နေ့ကို သိပ်ကြောက်ကြပါတယ်။ အဲဒီနေ့မျိုးကို ကံမကောင်းတဲ့နေ့၊ကံဆိုးတဲ့နေ့အဖြစ် ယူဆထားကြပါတယ်။ အဲလိုနေ့မျိုးမှာ ခရီးသွားလာမှုတွေ၊အရေးကြီး ကိစ္စတွေ မလုပ်ကြပါဘူး။
နောက်ခံသမိုင်းကြောင်း တိတိပပ မရှိသော်လည်း ၁၄ ရာစုကစလို့ ဥရောပမှာ ကြောက်မက်ဖွယ် နေ့စွဲတစ်ခု အနေနဲ့ စတင်လာခဲ့တာပါ။ အခုဆိုရင် အာရှမှာပါ ပျံနှံ့စွဲမြဲလို့ လာခဲ့ပါပြီ။
၁၃ ဂဏန်း သီးသန့် ကြောက်ကြသူများလည်း ရှိပြီး ၎င်းကို ၁၃ ကြောက်ရောဂါ Triskaidekaphobia လို့ ခေါ်ပါတယ်။ သောကြာနေ့နဲ့ပါ တွဲကြောက်နေပြီ ဆိုရင်တော့ Friggatriskaidekaphobia လို့ ခေါ်ပါတယ်။
အထူးသဖြင့် လေကြောင်းလိုင်းတွေနဲ့ ပတ်သတ်ရင် ပိုဆိုးပါတယ်။ ၁၃ ရက်နေ့ သောကြာနေ့မှာ လေယာဉ်မတော်တဆ ဖြစ်ရပ်တွေ အများအပြား ဖြစ်ပွားခဲ့လို့ပဲဖြစ်ပါတယ်။
၁၃ ရက်နေ့ သောကြာနေ့ကို ကြောက်ရွံ့ကြသလို ၁၃ ဂဏန်းကို ကြောက်ရွံကြတာလည်း အတော်များပါတယ်။ တစ်ချို့ဟော်တယ်တွေ၊ ဆေးရုံတွေမှာ ၁၃ ထပ်တို့၊ အခန်းနံပါတ် ၁၃ တို့ကို မထားပဲ ကျော်ထားပါတယ်။
တစ်ချို့ လေယာဉ်ထိုင်ခုံတွေ၊ လေဆိပ်တွေမှာ ဂိတ်နံပါတ် ၁၃ ကို မထားရှိကြသလို တစ်ချို့ဒေသတွေမှာ ညစာစားပွဲမှာ လူ ၁၃ ယောက်ဖြစ်နေရင် ကံဆိုးတယ်လို့ ယူဆတဲ့အထိ ၁၃ ဂဏန်းရဲ့ လွှမ်းမိုးမှုက ကြီးမားပါတယ်။
ဘာလို့ကြောက်ကြသလဲ၊ ဘာလို့ရှောင်ကြသလဲဆိုတော့ သမိုင်းကြောင်းတွေတော့ ရှိပါတယ်။
၁။ ခရစ်ယ၁န်သမိုင်းမှာ ယေရှု့ကို လုပ်ကြံတဲ့ သူ့တပည့် ယုဒကာရုတ် Judas Iscariot ဟာ စားပွဲနံပါတ် ၁၃ မှာ ထိုင်ပါတယ်။
၂။ ဂရိဒဏ္ဏာရီမှာ ဇူးစ်နတ်မင်းကြီး အပါအဝင် ဂရိနတ်ဘုရား ဆယ်နှစ်ပါးရှိရာမှ ၁၃ ပါးမြောက် နတ်ဘုရားအဖြစ် ဇူးစ်ရဲ့သား Loki ပေါ်လာပြီး သူ့အဖေ အပါအဝင် နတ်ဘုရား ၁၂ ပါးလုံးကို Ragnarokလို့ခေါ်တဲ့ ကပ်ဆိုးတွေကျစေပြီးသုတ်သင်ခဲ့ပါတယ်။
၃။ နောက် ခရစ်ယာန် သမိုင်းမှာပဲ ယေရှု့အသဝာ်ခံရတဲ့နေ့ဟာလည်း သောကြာနေ့ ဖြစ်လို့ နေပြန်ပါတယ်။
၄။ ရိုးရာအရ သတ်မှတ်ထားတာ တစ်ခုက ကြိုးမိန့်ပေးတဲ့ ကြိုးစင်တွေမှလည်း လှေကားထစ် ၁၃ ထစ် ထားရပါတယ်။
၅။ ရှေးအတွေးတွေ မယုံဘူးဆိုပြီး ကြွေးကြော်ခဲ့တဲ့ နာဆာရဲ့ အပိုလို ၁၃ လွန်းပျံယာဉ် ဟာလဲ အောက်ဆီဂျင်ကန် ပေါက်ကွဲပြီး ပျက်ကျခဲ့ရပါတယ်။
၆။ ၁၁၁၈ ခုနှစ် ဥရောပမှာ ဘာသာသာသနာကို ကာကွယ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ Knights of Templar ဆိုတဲ့ တပ်ဖွဲ့တစ်ခု ဖွဲ့စည်းခဲ့ပါတယ်။ ရည်ရွယ်ချက်ကောင်းပေမယ့် အင်အားကြီး လာတာကြောင့် ပြင်သစ်ဘုရင် Philip IV ဟာ ၁၃၀၇ ခုနှစ်အောက်တိုဘာ ၁၃ ရက် သောကြာနေ့မှာ အဲ့သည့်တပ်ဖွဲ့ဝင် ရာနဲ့ချီပြီး ဖမ်းဆီးသဝာ်ဖြတ်ကို ခံခဲ့ရပါတယ်။
၇။ လူနာမည်က အင်္ဂလိပ်အက္ခရာ ၁၃ လုံးရှိရင် အဲ့သည့်လူဟာ မကောင်းမှုမှာ မွေ့လျော်ပြီး မကောင်းမှုနဲ့ပဲ အကျိုးပေးပါသတဲ့။
ဥပမာ(Charles Manson, Jack the Ripper,Jeffrey Dahmer,Theodore Bandy,Albert De Salvo စတဲ့ ဥရောပက ရာဇဝင် လူဆိုး၊ဓါးမြတွေဖြစ်ပြီး နောက်တစ်ယောက်ကတော့ လူတိုင်းသိတဲ့ Osmar Binladin ပါ။)
၈။ ၁၈၀၀ ခုနှစ်လွန်တွေမှာ အမေရိကန်ပြည်ထောင်စုမှာ Thirteen Club ဆိုတဲ့ အဖွဲ့ရှိပါတယ်။ ၁၃ အစွဲကို မယုံတဲ့သူတွေပေါ့။ သူတို့က ၁၃ ရက်နေ့တွေမှာတွေ့တယ်။
၁၃ ယောက်အတူ dinner စားတယ် စသဖြင့် စသဖြင့်ပေါ့လေ လုပ်ကြတာပေါ့။ အဲ့သည့်အဖွဲ့မှာဆို အမေရိကန်သမ္မတ ငါးယောက်တောင် ပါဖူးပါတယ်။(Benjamin Harrison,Grover Cleveland,William Mckinley,Theodore Roosevelt,Chester A. Arthur တို့ပါ။)သို့သော် တိုက်ဆိုင်တာလားတော့ မသိပါဘူး။ ဒီအထဲက သမ္မတနှစ်ယောက် လုပ်ကြံခံ ရပါတယ်
၉။ နောက်ပြီး ၁၂ ဂဏန်းဟာ အလွန် ပြီးပြည့်စုံတဲ့ ဂဏန်းလို့ သတ်မှတ်ကြပါတယ်။ (နာရီမှာဆို ၁၂ နာရီ ၊လမှာဆို ၁၂ လ၊ ဂရိနတ် ၁၂ ပါး၊ယေရှူတပည့် ၁၂ ယောက်၊မိုဟာမက် Imams ၁၂ ယောက်၊ ရာသီခွင် ၁၂ ခု စသဖြင့်ပေါ့လေ။
အဲ့လို ပြည့်စုံနေရာက တစ်ခုတိုးပြီး ၁၃ ဖြစ်သွားတာနဲ့ အားလုံ းအောက်ဆုံးကို ထိုးကျသွားတာ တွေ့ရမှာ ဖြစ်ပါတယ်။
၁၀။ လေကြောင်းလိုင်းသမိုင်းမှာလဲ ၁၉၇၂ ခုနှစ် အောက်တိုဘာ ၁၃ ရက် သောကြာနေ့မှာ Uruguayan Flight 571 ပျက်ကျပြီး၂၉ ယောက် ဆုံးပါးခဲ့ပါတယ်။ တရက်တည်းမှာပဲ Soviet Aeroflot ပျက်ကျပြီး လူပေါင်း ၁၇၄ ယောက် ဆုံးပါးခဲ့ပါတယ်။
၁၁။ စပိန်တွေကတော့ ၁၃ နဲ့တွဲတဲ့ အင်္ဂါနေ့ကို ပိုကြောက်ပါတယ်။ဘာလို့လဲဆိုတော့ စတုတ္ထ ခရူးဆိတ် စစ်ပွဲကြီးဟာ ၁၂၀၄ ခုနှစ် ဧပြီလ ၁၃ ရက်နေ့မှာ စတင်ခဲ့ပြီး သူတို့တွေ ရှုံးနိမ့်ခဲ့ကာ တူရကီတွေရဲ့ အော်တိုမန် အင်ပါယာအောက် ကျသွားခဲ့ ရပါတယ်။
မြန်မာတွေမှာကတော့ လယ်တွင်း ကိုးခရိုင်ဒေသ (ကျောက်ဆည်နှင့် ပြင်ဦးလွင်တို့ ပါဝင်)တွင် လူကိုးယောက် သို့မဟုတ် ၁၃ ယောက် ခရီးမသွားကောင်းဟု ယုံကြည်ကြပါတယ်။
အဲလို ၉ ယောက်ဖြစ်နေရင်တော့ မောင်ကျောက်ခဲ လိုက်ခဲ့ဆိုပြီး ခဲတစ်လုံးကို တင်ခေါ်သွားကြပါတယ်။