ဂျပန်လူမျိုးတို့ တီထွင်ခဲ့သည့် ရယ်စရာကောင်းသော တီထွင်မှုများ

ဂျပန်လူမျိုးတို့ တီထွင်ခဲ့သည့် ရယ်စရာကောင်းသော တီထွင်မှုများ

ဂျပန်နိုင်ငံဟာ တီထွင်ဆန်းသစ်မှုတွေ၊ စက်ပစ္စည်းတွေ ထုတ်လုပ်တဲ့နေရာမှာကျော်ကြားပြီး သူတို့တီထွင်လိုက်တဲ့ ပစ္စည်းအသစ်အဆန်းတွေကြောင့် လူသိများကြပါတယ်။

ဂျပန်လူမျိုးတွေတီထွင်ခဲ့တဲ့ စက်ပစ္စည်းကိရိယာတွေ၊ လူသားတွေကို အကျိုးပြုတဲ့ တီထွင်မှု အသစ်အဆန်းတွေ များစွာရှိသလို အချို့တီထွင်မှုတွေကျပြန်တော့လဲ ရယ်စရာဖြစ်နေ တာတွေရှိကြပါတယ်။

ဒီတစ်ခါမှာတော့ ဂျပန်တို့ တီထွင်ဖန်တီးထားတဲ့ ရယ်စရာကောင်းတဲ့ တီထွင်မှုတွေအကြောင်းကို ဗဟုသုတရရှိစေဖို့ ရည်ရွယ်ပြီး တင်ပြရေးသားလိုက်ရပါတယ်။

၁။ အစာစားရာတွင်အသုံးပြုသည့် အကာအကွယ်ပစ္စည်း

အရှေ့ အာရှနိုင်ငံတွေဟာ အဓိကအားဖြင့် ဂျုံခေါက်ဆွဲကို နှစ်သက်စားသုံးကြတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ သူတို့ တီထွင်လိုက်တဲ့ ခေါက်ဆွဲတွေဟာလဲ အရသာ ထူးခြားကောင်းမွန်လှပါတယ်။ဒီလို အရသာရှိတဲ့ခေါက်ဆွဲကို အသံမြည်အောင် အားရပါးရ မြိန်ရေရှက်ရေ စားသုံးတာဟာလဲ ရိုးရာတစ်ခုဖြစ်ပါတယ်။

ဒါကြောင့် ဂျပန်လူမျိုး တီထွင်သူတစ်ဦးဟာ ခေါက်ဆွဲကို မြိန်ရေရှက်ရေ စားသုံးနိုင်ဖို့နဲ့ ခေါက်ဆွဲစားတဲ့အခါမှာ အနှောင့် အယှက် မဖြစ်စေဖို့၊ ဟင်းရည်အပူငွေကြောင့် ဆံပင်မှာ အနံ့စွဲကျန်ခဲ့တာမျိုး မဖြစ်စေဖို့နဲ့ ပန်းကန်ထဲကို ဆံပင်ခြည် မကျရောက်ဖို့ ရည်ရွယ်ပြီး အကာအကွယ်ပစ္စည်းတစ်မျိုးကို တီထွင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လို့ သူ့ရဲ့တီထွင်မှုကတော့ ရယ်စရာ ဖြစ်ခဲ့ရပါတယ်။

၂။ ခေါက်ဆွဲလေမှုတ်စက်

ဒီတီထွင်မှုကတော့ ခေါက်ဆွဲပူပူ စားသုံးတဲ့အခါမှာ ခေါက်ဆွဲအေးအောင် ပါးစပ်ကနေ လေမှုတ်အအေးခံစရာ မလိုအောင် တူမှာပန်ကာအသေးလေးတစ်လုံးကို ချိတ်ဆွဲထားရုံနဲ့ လူကိုသက်သာစေအောင် တီထွင်ထားပါတယ်။

ဒါပေမဲ့ သူတီထွင်လိုက်တဲ့ ပန်ကာရဲ့အလေးချိန်ဟာ များလွန်းနေတာကြောင့် အစာစားတာကို အခက်အခဲဖြစ်စေပါတယ်။ အခန့်မသင့်ရင် လက်ကို မထိန်းနိုင်ဘဲ အစားအစာတွေ ဖိတ်စဉ်သွားနိုင်တာကြောင့် ဒီတီထွင်မှုဟာ ရယ်စရာကောင်းတဲ့ တီထွင်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။ အရင်ဆုံးစားစရာကို အအေးခံပြီးမှ စားသုံးတာ ပိုကောင်းမယ်လို့ ထင်မိပါတယ်။

၃။ နှာစေးသူများအတွက်

ရာသီဥတု အပြောင်းအလဲကြောင့် အအေးမိ နှာစေးဖြစ်တဲ့သူတွေအတွက် ဒီပစ္စည်းလေးကို တီထွင်တာဖြစ်ပါတယ်။ ဒီပစ္စည်းကတော့ နှာစေးတဲ့အခါမှာ တစ်ရှူးကို လိုက်ရှာနေစရာမလိုဘဲ အလွယ်တကူ ယူလို့ရအောင် ဦးခေါင်းပေါ်မှာ တစ်ရှူးလိပ်ကိုတင်ထားပြီး ခေါင်းမှာ သိုင်းကြိုးနဲ့စည်းထားရတာ ဖြစ်ပါတယ်။

အိမ်သာသုံး စက္ကူလိပ်ကို ခေါင်းပေါ်မှာတင်ပြီး သွားလေရာ သယ်ဆောင်သွားရတာကတော့ အကျည်းတန် ရုပ်ဆိုးလှပါတယ်။ ဒါကြောင့်လဲ ဒီတီထွင်မှုဟာ ရယ်စရာကောင်းတဲ့ တီထွင်မှုတစ်ခု ဖြစ်ခဲ့ရပါတယ်။

၄။ ၃၆၀ ဒီဂရီ ကင်မရာများ

ယနေ့ခေတ်လို ဖုန်းတွေ၊ ကင်မရာတွေ မပေါ်ပေါက်သေးတဲ့ အချိန်မှာ ဂျပန်လူမျိုးတွေက ၃၆၀ ဒီဂရီ မြင်ကွင်းကျယ် ပတ်ပတ်လည်ကို ကင်မရာတွေနဲ့ ရိုက်ကူးနိုင် အောင် တီထွင်ကြံဆခဲ့ကြပါတယ်။

သူတို့ရဲ့ တီထွင်မှုကတော့ ကင်မရာ ၇ လုံးကို ဦးခေါင်းမှာ တပ်ဆင်ထားပြီး ပတ်ပတ်လည်ကို ဓာတ်ပုံရိုက်နိုင်အောင် တီထွင်ထားပါတယ်။ ယခုခေတ်မြင်ကွင်းကျယ်ဓာတ်ပုံတွေကို ရိုက်ကူးနိုင်ဖို့ မူလအခြေခံလို့ ပြောလို့ရပေမဲ့ ဒီ တီထွင်မှုကတော့ ရယ်စရာကောင်းတဲ့ တီထွင်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။

၅။ မိုးရေစုဆောင်းသည့်ပစ္စည်း

ဂျပန်လူမျိုးတွေဟာ စုဆောင်းကြတဲ့နေရာမှာ နှစ်ယောက်မရှိဘူးလို့ ဆိုနိုင်ပါတယ်။ ဒီတစ်ခုကတော့ “မိုးရွာတုန်း ရေခံ” ဆိုတဲ့ မြန်မာစကားပုံအတိုင်း လမ်းသွား ရင်း မိုးရေကို ရသမျှစုဆောင်းနိုင်အောင် ရည်ရွယ်ချက်နဲ့ တီထွင်ခဲ့တဲ့ ပစ္စည်းဆန်းတစ်မျိုး ဖြစ်ပါတယ်။

သူက ထီးတစ်ချောင်းကို ကတော့ပုံစံတီထွင်ထားပြီး မိုးရေခံနိုင်အောင် ဆောင်ရွက်ထားတဲ့အပြင် ရရှိတဲ့ရေကိုလဲ ပိုက်ကတစ်ဆင့် ရေပုံးအတွင်းကို ရောက်ရှိ သိုလှောင်ထားနိုင်အောင် တီထွင်ထားပါတယ်။ ဒီတီထွင် မှုဟာ ရေအရင်းအမြစ်ကို ချွေတာရာရောက်ပေမဲ့လဲ ရယ်စရာကောင်းတဲ့ တီထွင်မှုတစ်ခုဖြစ်ခဲ့ရပါတယ်။

၆။ လည်စည်းထီး

အမျိုးသားတွေအနေနဲ့ မိုးရာသီမှာ ထီးမေ့ကျန်ခဲ့တာမျိုး မဖြစ်ရအောင် ပစ္စည်းဆန်းတစ်မျိုးကို တီထွင်ခဲ့ပါတယ်။ အမျိုးသားအများစုဟာ အပြင်သွားတဲ့အခါမှာ ထီးယူဆောင်ဖို့ကို အမြဲလိုလိုမေ့တတ်တဲ့အတွက် ဒီလိုတီထွင်ခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့တီထွင်မှုကတော့ လည်စည်းအနေနဲ့ရော မိုးရွာတဲ့အခါ ထီးအဖြစ်ပါ အသုံးပြု လို့ရအောင် ကြံရွယ်ပြီး တီထွင်ခဲ့တာဖြစ်ပါတယ်။ ကိုယ်နဲ့အတူ ထီးကို အမြဲရှိနေစေဖို့ ရည်ရွယ်ချက်နဲ့ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

ဒါဟာ မေ့တတ်တဲ့ အမျိုးသားတွေအတွက် တကယ်အသုံးဝင်တဲ့ တီထွင်မှုတစ်ခုဖြစ်ပေမဲ့ တီထွင်သူက ထီးရဲ့အလေးချိန်ကို ထည့်သွင်းစဉ်းစားခြင်း မရှိခဲ့ပါဘူး။ ထီးဟာ အလေးချိန်များတာကြောင့် အချိန်ကြာကြာဆွဲထားဖို့ မဖြစ်နိုင်တဲ့အပြင် သက်သောင့် သက်သာမရှိတာကြောင့် ရယ်စရာကောင်းတဲ့တီထွင်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။

၇။ လျှို့ဝှက်အိတ်ငယ်တွေပါဝင်တဲ့လည်စည်း

အမျိုးသားအများစုဟာ ပစ္စည်းတွေကို လက်ကနေ ကိုင်ဆွဲသွားရတာမျိုး မနှစ်သက်ကြပါဘူး။ ဒါပေမဲ့လို့ သူတို့အတွက် အရေးပေါ်အခြေအနေမှာ အထောက် အကူဖြစ်စေမဲ့ ပစ္စည်းမျိုးတွေကိုတော့ ဆောင်ထားတတ်ကြပါတယ်။

ဒီအခက်အခဲတွေကို ဖြေရှင်းပေးနိုင်ဖို့အတွက် ဂျပန်လူမျိုး ဒီဇိုင်းပညာရှင်တစ်ဦး
ဟာ လည်စည်းရဲ့ အနောက်ဘက် မမြင်နိုင်တဲ့နေရာမှာ လျှို့ဝှက်အိတ်ငယ်လေးတွေ ပြုလုပ်ဖန်တီးပြီး အဲဒီထဲမှာ ကတ်ကြေး၊ ငွေသား၊ ATM ကတ်၊ ဘောပင်တွေ ထည့်ထားလို့ရအောင် ဖန်တီးတီထွင်ခဲ့ပါတယ်။

ဒါပေမဲ့ သူ့ရဲ့တီထွင်မှုကိုတော့ အမျိုးသားအများစုက မနှစ်သက်ကြပါဘူး။သူတို့ရဲ့အဖြေကတော့ ဒီပစ္စည်းတွေကို အင်္ကျီအိတ်ကပ်အတွင်းမှာလဲ ထည့်သွင်းသယ်ဆောင် သွားနိုင်တယ်လို့ ဆိုကြပါတယ်။ဒါကြောင့် ဒီတီထွင်မှုဟာ ရယ်စရာကောင်းတဲ့ တီထွင်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။

၈။ ထီးဖိနပ်

ဖိနပ်တွေကို မိုးရေနဲ့ ရွှံ့ဗွက်တွေ မပေအောင် အကာအကွယ်နဲ့ တီထွင်ဖန်တီးထားခြင်းဟာ အထူးအဆန်းတော့ မဟုတ်ပါဘူး။ ဈေးကွက်ထဲမှာလဲ ဖိနပ်တွေကို ဒီဇိုင်းဆန်းမျိုးစုံနဲ့ တီထွင်ထားတာတွေ တွေ့ရှိရပါတယ်။

ဒီတီထွင်မှုကတော့ ဖိနပ်ကို မိုးရေမစိုရအောင်လို့ ဖိနပ်ရဲ့ ဦးထိပ်မှာ ထီးအသေးလေးတစ်ချောင်းကို တပ်ဆင်ပေးထားပါတယ်။ ဒီဖိနပ်ဟာ ဒီဇိုင်းဆန်း တစ်မျိုးဖြစ်ပေမဲ့ တကယ်တမ်းတော့ မိုးရေနဲ့ ရွှံ့ဗွက်တို့ကို ကာကွယ်နိုင်ခြင်းမရှိပါဘူး။ဒါကြောင့်လဲ ဒီတီထွင်မှုဟာ ရယ်စရာကောင်းတဲ့ တီထွင်မှုတစ်ခု ဖြစ်ခဲ့ရပါတယ်။

၉။ အမှိုက်သိမ်းဖိနပ်

ဂျပန်လူမျိုးတွေဟာ အလုပ်ကိုဦးစားပေးတတ်သူတွေဖြစ်ပြီး သူတို့အဖို့ အားလပ်ချိန်ဆိုတာဟာ အတော်ကိုရှားပါတယ်။ ဒါကြောင့်လဲ အလုပ်နှစ်ခုကို တစ်ပြိုင်တည်း ဆောင်ရွက်နိုင်ဖို့အတွက် ပစ္စည်းဆန်းတွေကို တီထွင်ခဲ့ကြတာဖြစ်ပါတယ်။

ဂျပန်လူမျိုးတစ်ဦးကတော့ ဖိနပ်ဒီဇိုင်းဆန်းတစ်ခုကို တီထွင်ဖန်တီးခဲ့ပါတယ်။ သူက အိမ်အလုပ်လုပ်ရင်း၊ ဒါမှမဟုတ် ချက်ပြုတ်ရင်း ကြမ်းပြင်က အမှိုက်တွေကို သန့်ရှင်းရေး ဆောင်ရွက်နိုင်ဖို့အတွက် အမှိုက်သိမ်း ဖိနပ်တစ်ရန်ကို တီထွင်ခဲ့ပါတယ်။ သူတီထွင်ခဲ့တဲ့ ဖိနပ်ကတော့ ဒီဇိုင်းဆန်းအနေနဲ့သာဖြစ်ခဲ့ပြီး လက်တွေ့မှာ အသုံးမဝင်ဖြစ်ခဲ့ပါတယ်။

၁၀။ မျက်စဉ်းခတ်ရာတွင်အသုံးပြုသည့်ပစ္စည်း

လူတစ်ဦးဟာ မျက်စဉ်းခတ်တဲ့နေရာမှာ ဆေးစက်ကျလာတာကို အာရုံစိုက်ထားနိုင်ဖို့ မျက်တောင်မခတ်ဘဲ ကြည့်နေနိုင်ဖို့ အတော်ကိုခက်ခဲတယ်ဆိုတာကို သိတဲ့အတွက် ဂျပန်လူမျိုးတစ်ဦးက တီထွင်ခဲ့တာဖြစ်ပါတယ်။

သူက မျက်စဉ်းခတ်တဲ့နေရာမှာ အသုံးပြုတဲ့ ကတော့ပါဝင်တဲ့ မျက်မှန်တစ်လက်ကို တီထွင်ထုတ်လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ တီထွင်မှုက ဆေးစက်ကျလာဖို့အတွက် ပိုမို ကြန့်ကြာစေတာကြောင့် ရယ်စရာကောင်းတဲ့ တီထွင်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။

Source-Knowledge Light

Leave a Reply

Your email address will not be published. Required fields are marked *