ကမ္ဘာ့နာမည်ကြီး ကုန်အမှတ်တံဆိပ်တွေရဲ့ အတိတ်က အရိပ်ဆိုးများ

ကမ္ဘာ့နာမည်ကြီး ကုန်အမှတ်တံဆိပ်တွေရဲ့ အတိတ်က အရိပ်ဆိုးများ

Hugo Boss ၊ Coca-Cola နဲ့ Adidas အမှတ်တံဆိပ်တွေ ဆိုရင် မသိသူ မသိသလောက် ရှားကြမယ်ထင်ပါတယ်။ ဒီနှစ်ပိုင်းတွေမှာလည်း သူတို့ဟာ သူတို့ရဲ့ အမှတ်တံဆိပ် ပုံရိပ်(Brand Image) ကို ကောင်းသထက်ကောင်းအောင် တည်ဆောက်ရင်း၊ ပုံဖော်ရင်း ရှေ့ဆက်နေကြပါတယ်။

ဒါပေမယ့်လည်း သူတို့မှာ လူသိနည်းတဲ့ ၊ အတိတ်က အရိပ်ဆိုးတွေ ရှိခဲ့တယ်ဆိုရင် အံ့သြသွားကြမယ် ထင်ပါတယ်။

ကိုကာကိုလာ ( Coca- Cola)

ကျွန်တော်တို့နဲ့ အရမ်းရင်းနှီးတဲ့ ကိုကာကိုလာ (Coca-Cola )ဟာ စစချင်းက ကိုကိန်းနဲ့ ထုတ်လုပ်ခဲ့တာဖြစ်ပြီး အအေးတစ်ဘူးမှာပါတဲ့ ကိုကိန်းပမာဏဟာ မော်ဖိန်း စွဲစေလောက်တဲ့ ပမာဏနဲ့အတူတူပဲ ဖြစ်ပါတယ်။

Hugo Boss

ဒီလိုပဲ ဂျာမန်နာမည်ကြီး အဝတ်အထည်နဲ့ဖက်ရှင် ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Hugo Boss ဟာလည်း နာဇီပါတီရဲ့ အမာခံထောက်ခံသူဖြစ်ခဲ့ပြီး နာဇီတပ်ဖွဲ့ဝင်တွေနဲ့ ဂတ်စတာပို တပ်ဖွဲ့ဝင်တွေပါ ယူနီဖောင်းချုပ်ပေးခဲ့ပါသေးတယ်။

ချုပ်ထဲအခါမှာလည်း ပြင်သစ်စစ်သုံ့ပန်းတွေ အပါအဝင် လူပေါင်း ၁၂၄၁ ယောက်ကို အတင်းအကြပ် လုပ်အားပေးခိုင်းစေခဲ့တာ ဖြစ်ပါတယ်။

Ford Motor Company

Ford Motor Company ကို တည်ထောင်သူ Henry Ford ဟာလည်း ဂျူးဆန့်ကျင်ရေးကို ပြင်းပြင်းထန်ထန် လုပ်ဆောင်ခဲ့သူ ဖြစ်ခဲ့ပါတယ်။

Puma နဲ့ Adidas

Puma နဲ့ Adidas လို ဂျာမဏီရဲ့ အကြီးဆုံး ဖိနပ်ကုမ္ပဏီကြီး နှစ်ခုရဲ့ တည်ထောင်သူတွေဟာလည်း လူအများသိကြသလို အားကစားဖိနပ်တွေ ထုတ်လုပ်ရုံတင်မဟုတ်ဘဲ နာဇီပါတီဝင်တွေပါ ဖြစ်နေပြီး စစ်သားတွေအတွက် ဖိနပ်တွေပါ ထုတ်လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါတင်မဟုတ်ဘဲ နာမည်ကြီး အက်စ်ပရင်ဆေးပြားထုတ်လုပ်တဲ့ Bayer ကုမ္ပဏီဟာဆိုရင်လည်း ဟီးရိုးအင်း ရောစွက်ထားတဲ့ ထုတ်ကုန်တွေကို ထုတ်လုပ်ခဲ့ပြီး ကြော်ငြာတဲ့အခါမှာလည်း မစွဲလမ်းတတ်စေဘဲ ကလေးသူငယ်တွေအတွက်ပါ သင့်တော်တဲ့ ဆေးလို့ ကြေညာခဲ့ဖူးပါတယ်။

အဲ့ဒါအပြင် နာဇီချွေးတပ်စခန်းတွေကိုလည်း ထောက်ပံ့ပေးခဲ့ပြီး အကျဉ်းသားတွေကိုလည်း ကျေးကျွန်လုပ်သားတွေအဖြစ် အတင်းအဓမ္မခိုင်းစေခဲ့တဲ့ ကုမ္ပဏီလည်း ဖြစ်ခဲ့ပါတယ်။

ပြီးတော့ အောင်မြင်တဲ့ ပြင်သစ်ဖက်ရှင်ဒီဇိုင်းနာ Coco Chanel ဟာဆိုရင်လည်း ဟစ်တလာရဲ့ စပိုင်တစ်ယောက်ဖြစ်ပြီး ကြားရတဲ့ သတင်းတွေအရဆိုရင်တော့ နာဇီပါတီအတွက် လျှို့ဝှက်တာဝန်တွေကို ထမ်းဆောင်ခဲ့ရုံမက နာဇီတွေနဲ့ပါ အတူအိပ်ခဲ့တဲ့ အမျိုးသမီးလို့ ဆိုပါတယ်။

ကိုကာကိုလာရဲ့ ကြော်ငြာကလည်း စတင် စျေးကွက်ဖောက်တုန်းကဆိုရင် အလွန်ကြီးတွေဖြစ်ပြီး အကောင်းဆုံး အာရုံကြောအားဖြည့်အချိုရည်လို့ ဆိုရုံတင် မဟုတ်ဘဲ အသည်းနဲ့ ကျောက်ကပ်ပြဿနာတွေ၊ နှလုံးရောဂါ၊ စိတ်ကစဉ့်ကလျား၊ ဖျားတာနာတာ၊ ခေါင်းကိုက်တာနဲ့ အဆုတ်ရောဂါတွေကိုပါ ကုသနိုင်တယ်လို့ ဆိုခဲ့တာပါ။

ဒါကတော့ ကမ္ဘာ့နာမည်ကြီး ကုန်အမှတ်တံဆိပ် Brand တချို့ရဲ့ အတိတ်က အရိပ်ဆိုးတွေ အကြောင်း သိသလောက်၊မှတ်သလောက်ဖြစ်ပြီး အသေးစိတ်ဘယ်လိုဆိုတာတော့ နောက်များမှ ထပ်မံဖော်ပြပေးပါဦးမယ်။

Credit

Leave a Reply

Your email address will not be published.