အရှေ့အရပ်နဲ့ တောင်အရပ်ကိုသာ ခေါင်းပြု အိပ်ရခြင်း အကြောင်းအရင်း

ဘာကြောင့် အရှေ့အရပ်နဲ့ တောင်အရပ်ကို ခေါင်းပြုပြီး အိပ်သင့်တာလဲ။

ကျမတို့ ငယ်ငယ်က အရှေ့ဘက်နဲ့ တောင်ဘက်ကို ခေါင်းပြုပြီး အိပ်ရတာကို ဘာသာရေးအရ ၊ ထုံးတမ်းစဉ်လာအရ အိပ်ရတယ်လို့ပဲ ထင်ခဲ့တယ်။

တကယ်တော့ အရှေ့ရပ်နဲ့ တောင်အရပ်ကို ခေါင်းပြုပြီး အိပ်တယ်ဆိုတာ စိတ်ရော ကိုယ်ပါ ကောင်းကျိုးတွေ ပေးနိုင်ပါတယ်။

ဒါကို သိခဲ့တဲ့ ပညာရှိ ရှေးလူကြီးတွေက လက်ဆင့်ကမ်း မှာကြားလာတာ ကနေ ဘာသာရေးလိုလို ၊ ဓလေ့ ထုံးတမ်း လိုလို ဖြစ်လာခဲ့မယ်လို့ ထင်မိပါတယ်။

သိပ္ပံနည်း အရပဲ ပြောပြော ၊ ဘာသာရေးအရပဲ ပြောပြော အရှေ့အရပ် နဲ့ တောင် အရပ်ကို ခေါင်းပြု အိပ်ခြင်းက ကောင်းကျိုးတွေ အများကြီး ဖြစ်စေပါတယ်။

အရှေ့နဲ့ တောင်အရပ်ကို ခေါင်းပြုအိပ်ခြင်းရဲ့ သိပ္ပံနည်းအရ ကောင်းကျိုးများကတော့

၁။ လူသားတွေမှာလည်း သံလိုက်စက်ကွင်း ရှိပါတယ်။ ဦးခေါင်းပိုင်းက အဖိုဓာတ်ရှိပြီး ခြေရင်းပိုင်းက အမဓာတ် ရှိပါတယ်။ မြောက်အရပ်ကို ခေါင်းပြုအိပ်ရင် အဖိုဓာတ်တူတာခြင်း တွန်းကန်ပြီး ခေါင်းကိုက်တာတွေ ဖြစ်တတ်ပါတယ်။

တောင်ဘက်ကို ခေါင်းပြု အိပ်ရင်တော့ ဓာတ်မတူတာကြောင့် ဆွဲငင်အားဖြစ်ပေါ်ပြီး ကျန်းမာရေးကောင်းကျိုး ဖြစ်စေပါတယ်။

၂။ ကမ္ဘာက အနောက်ကနေ အရှေ့ကို လည်ပတ်နေတာကြောင့် နေရဲ့ သံလိုက် စက်ကွင်းက အရှေ့ဘက်က လာပြီး အနောက်ဘက်ကို ရွေ့ပါတယ်။

ဒါကြောင့် အရှေ့ဘက်ကို ခေါင်းပြု အိပ်တဲ့အခါ နေရဲ့ စွမ်းအင်တွေက ဦးခေါင်းဘက် ကနေ ဝင်လာပြီး ခြေထောက်တွေမှာ တည်ရှိနေတတ် ပါတယ်။

အဲဒီတော့ ခေါင်းအေးတဲ့ အပြင် ခန္ဓာကိုယ်က အပူတွေက ခြေထောက်ကနေ ထွက်သွားပြီး ကျန်းမာရေး ကောင်းစေပါတယ်။ အနောက်ဘက်ကို ခေါင်းပြုအိပ်ရင်တော့ အပူ၊ အအေး ပြောင်းပြန် ဖြစ်သွားပြီး ကျန်းမာရေး ထိခိုက်စေပါတယ်။

၃ ။ နောက်ထပ် သုတေသန တစ်ခုအရ အရှေ့ဘက်နဲ့ တောင်ဘက်ကို ခေါင်းပြုအိပ်သူတွေက REM (Rapid Eye Movement) Sleep ပိုတိုးလာပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်တယ်လို့ သိရပါတယ်။ ဒါတင်မကသေးပါဘူး၊ အိပ်ချိန်လည်း ပုံမှန် ဖြစ်စေပါတယ်။

၄။ အရှေ့ဘက်နဲ့ တောင်ဘက်ကို ခေါင်းပြု အိပ်ရင် သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေပြီး ဦးနှောက်သွေးကြောမျှင်လေးတွေကို ကောင်းကျိုး ဖြစ်စေပါတယ်။

၅။ စိတ်ဖိစီးစရာ အလုပ်တွေ လုပ်ရသူအဖို့တော့ တောင်ဘက်ကို ခေါင်းပြု အိပ်ရင် ဦးနှောက်နဲ့ စိတ်ကို ပေါ့ပါးစေပြီး ကြည်လင်စေပါတယ်။

၆။ မြောက်ဘက်နဲ့ အနောက်ဘက်ကို ခေါင်းပြုပြီး အိပ်ရင် သွေးလည်ပတ်မှုကို အ နှောင့်အယှက် ဖြစ်စေပြီး အိပ်မပျော်တာတွေ ဖြစ်စေနိုင် ပါတယ်။

၇။ မြောက်ဘက်နဲ့ အနောက်ဘက်ကို ခေါင်းပြုပြီး အိပ်ရင် တွန်းကန် အားတွေကြောင့် စိတ်စွမ်းအင်ကို လျော့ကျစေပါတယ်။လုပ်သမျှ မဖြစ်တာ၊ ထင်ထားသလို ဖြစ်မလာတာတွေပေါ့။ ဒါတွေကို ဘုန်းနိမ့်တယ်လို့ လူကြီးတွေ ပြောကြတာ ဖြစ်နိုင်ပါတယ်။

၈။ မြောက်ဘက်ကို ခေါင်းပြု အိပ်ရင် အမဓာတ်(Negative)ဓာတ်များပြီး ဦးနှောက်ထဲကို အဆိုးမြင် အတွေးတွေ လွှမ်းမိုးတတ်ပါတယ်။

တောင်ဘက်ကို ခေါင်းပြုအိပ်ရင်တော့ အဖိုဓာတ် (Positive) ဓာတ် များပြီး ဦးနှောက်ထဲကို အကောင်းမြင် အတွေးတွေ လွှမ်းမိုးတတ် ပါတယ်။ ဦး‌နှောက်လုပ်ဆောင်မှုကိုလည်း ပိုမို ကောင်းမွန်ပါတယ်။ဒါကြောင့် လူကြီးတွေက အရှေ့နဲ့ တောင်ဘက်ကိုပဲ ခေါင်းပြုအိပ်ဖို့ ပြောတာပေါ့။

ခရက်ဒစ်

Leave a Reply

Your email address will not be published.