လူတိုင်း မပြုလုပ်မိစေဖို့ သတိထားသင့်တဲ့ ဖုန်းအားသွင်းခြင်း အမှား(၇)မျိုး

လူတိုင်း မပြုလုပ်မိစေဖို့ သတိထားသင့်တဲ့ ဖုန်းအားသွင်းခြင်း အမှား(၇)မျိုး

ဖုန်းတွေသုံးစွဲတဲ့ ခေတ်ကြီးထဲမှာ ဖုန်းအားတွေ တာရှည်ခံဖို့ကလည်း လိုအပ်ချက် တစ်ခု ဖြစ်ပါတယ်။ ဖုန်းအားသွင်းခြင်း အမှားတွေက သင့်အတွက် အဆင်မပြေစေတာတွေလည်း ဖြစ်စေနိုင်ပါသေးတယ်။

လူတိုင်းနီးပါးကတော့ ဖုန်းအားသွင်းတာနဲ့ ပတ်သတ်ပြီး အမှားတွေ ပြုလုပ်မိတတ်ကြပါသေးတယ်။ Bright Side က ဖော်ပြထားတဲ့ ဒီလို အမှားတွေကတော့ မလုပ်လေ ကောင်းလေမို့ ကြည့်လိုက်ပါဦးနော်။

၁။ အားအပြည့်ထိ မသွင်းပါနဲ့။

အမြဲတမ်း အားအပြည့် သွင်းနေမယ်ဆိုရင် ဘက်ထရီသက်တမ်းက ကြာကြာခံမှာ မဟုတ်ပါဘူး။

ဘက်ထရီတိုင်းမှာ တိကျတဲ့စနစ်တစ်ခု ရှိထားပြီး အမြဲအားအပြည့် သွင်းမယ်ဆိုရင် မြန်မြန် သက်တမ်းကုန်သွား နိုင်စေပါတယ်။ ဒါကြောင့် အမြဲဖုန်းအားက ၂၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်း ကြားမှာထားရင် အကောင်းဆုံး ပါပဲ။

၂။ အားကုန်ထိ မသုံးပါနဲ့။

ဖုန်းအားတစ်စက်မှ မရှိတော့တဲ့အထိ သုံးတာလည်း လုံးဝမကောင်းပါဘူး။ နောက်ဆုံးပေါ် ဘက်ထရီပုံစံတွေက သူ့အလုပ်လုပ်ပုံ သီးသန့်ရှိလို့ သတိထားရတာ ဖြစ်ပါတယ်။

တကယ်လို့ အမြဲ အားကုန်အောင် သုံးမိရင်တော့ သင့်ဖုန်းကို ဖြည်းဖြည်းချင်း ဖျက်စီးမိနေတာပဲ ဖြစ်ပါတယ်။

၃။ အားသွင်းလျှက်နဲ့ ဖုန်းမသုံးသင့်ပါဘူး။

ဖုန်းကို အားသွင်းထားတဲ့အချိန်မှာ ကိုယ်က ဖုန်းသုံးနေတာမျိုးကို မလုပ်သင့်ပါဘူး။ ဖုန်းသုံးတာက ဖုန်းကို အားဆွဲနေတာဖြစ်လို့ ဖုန်းကိုတပြိုင်တည်း အလုပ်နှစ်ခု ခိုင်းမိသလို ဖြစ်နေတတ်ပါတယ်။


တကယ်လို့ သုံးမယ်ဆိုရင် အားသွင်းတာကနေ ဖြုတ်လိုက်ပါနော်။

၄။ ဖုန်းအားရှိနေရင် အားမသွင်းပါနဲ့။

ဖုန်းအားက ၂၀ ရာနှုန်းအထက်ရှိနေရင် ဖုန်းအား မသွင်းတာက အကောင်းဆုံးပါပဲ။ ဖုန်းအားသွင်းသင့်တဲ့ အချိန်ကတော့ ဖုန်းအားက ၂၀ ရာနှုန်း‌အောက်နည်းပြီး ၅ ရာနှုန်းထက် များနေတဲ့ အချိန်ပဲ ဖြစ်ပါတယ်။

၅။ ဈေးပေါတဲ့ အားသွင်းကြိုးတွေ မသုံးပါနဲ့။

ဖုန်းတိုင်းက သူနဲ့ကိုက်ညီတဲ့ အားသွင်းကြိုးတွေ ရှိနေပါတယ်။ ဒါကို တစ်ခြားတစ်ခု သုံးပြီး အားမသွင်းသင့်ပါဘူး။

ဈေးဆိုင်တွေကနေ ဈေးမကြီးတဲ့ အားသွင်းကြိုးတွေ ဝယ်သုံးတာတွေလည်း မလုပ်သင့်ပါဘူး။ အားသွင်းကြိုး ပျက်တာဖြစ်စေ၊ ပျောက်တာဖြစ်စေ ကိုယ့်ဖုန်းနဲ့ ကိုက်ညီမယ့် အားသွင်းကြိုးတွေကိုသာ ဝယ်ယူ အသုံးပြုသင့်ပါတယ်။

၆။ Laptop ကနေ ဖုန်းအားမသွင်းပါနဲ့။

ကွန်ပျူတာတွေကနေ ဖုန်းအားသွင်းနိုင်ပါတယ်။ ဒါပေမယ့် အမြဲ သွင်းဖို့တော့ မကောင်းပါဘူး။ အမြဲတမ်း laptop ကနေ ဖုန်းအားသွင်းနေမယ်ဆိုရင် အားအမြန် ပြည့်စေတဲ့ စနစ်ကို ပျက်စေမှာဖြစ်ပါတယ်။

၇။ အားသွင်းကြိုးတွေကို မသွင်းပဲ ပလက်ပေါက်မှာ မတပ်ထားပါနဲ့

အားသွင်းကြိုးတွေကို ပလက်မှာ တပ်ပြီး အားသွင်းလိုက်၊ ပြည့်သွားရင် ဖြုတ်ပြီး ထားခဲ့လိုက်တာမျိုး မလုပ်သင့်ပါဘူး။

အားသွင်းကြိုးကို ပလက်ပေါက်မှာ တပ်ထားတာမို့ အားမသွင်းနေရင်တောင် ပလက်ပေါက်ကနေ လျှပ်စစ်က ဆွဲနေမှာမို့ မီတာတက်ဖို့ ပြုလုပ်ထားသလို ဖြစ်နေမှာဖြစ်ပါတယ်။

Credit- Aunty May

Leave a Reply

Your email address will not be published. Required fields are marked *