သင်မသိလောက်သေးတဲ့ ကမ္ဘာ့အလျို့ဝှက်ဆုံးနေရာ(သို့) AREA-51 (သို့)အမေရိကန်တို့ရဲ့အိပ်မက်

သင်မသိလောက်သေးတဲ့ ကမ္ဘာ့အလျို့ဝှက်ဆုံးနေရာ(သို့) AREA-51 (သို့)အမေရိကန်တို့ရဲ့အိပ်မက်

Area 51 ဟာ အမေရိကန် ပြည်ထောင်စု လပ်ဗီးဂတ်စ်(Las Vegas) မြို့နဲ့ (၈၃) မိုင် အကွာ နီဗားဒါးပြည်နယ် တောင်ဖက် Groom Lake ရေအိုင် ကမ်းစပ်မှာ မေးတင် တည်ရှိပါတယ်။

အမေရိကန် လေတပ်အခြေစိုက်စခန်း တခုအဖြစ် ထင်ရှားပြီး လုံခြုံရေး ထူထပ်စွာချထားတဲ့ လုံးဝ တားမြစ် ကန့်သတ်နယ်မြေ ဖြစ်ပြီးအခွင့်မရှိ ဝင်ရောက်လာသူ အားလုံးကို အစစ်အဆေး အမေးအမြန်းမရှိ ပစ်သဝာ်ပိုင်ခွင့်ရှိသည့် နေရာလည်း ဖြစ်ပါတယ်။

အမေရိကန် အစိုးရ လွှတ်တော်နှစ်ရပ်ရဲ့ အမတ်များပင် ဘာတွေစမ်းသပ်လို့ ဘာတွေလုပ်နေမှန်းတောင် သေသေချာချာ မသိကြဘူးလို့ သတင်းသမားတွေကပြောကြပါတယ်။

တနိုင်ငံလုံး ထိပ်ပိုင်း အစိုးရအဖွဲ့ဝင် အယောက် ၂၀ လောက်သာ ဘာတွေလုပ်နေမှန်း သိရှိပြီး အမေရိကန် ထောက်လှမ်းရေး NSA က တိုက်ရိုက် ချုပ်ကိုင်ထားပါတယ်။

စစ်ရေးစစ်ရာ လျှို့ဝှက်ချက် စာရွက်စာတမ်းတွေ သိမ်းဆည်းထားရှိသလို အဆင့်မြင့် လေယဉ်တွေထုတ်လုပ် စမ်းသပ် ပျံသန်းရာ နေရာလည်း ဖြစ်ပါတယ်။ Area 51 အမည်ကို အဏုမြူ အေဂျင်စီ ကော်မရှင် ( Atomic Energy Commission (AEC) )က ပေးထားခြင်းဖြစ်ပါတယ်။

စစ်အေးကာလအတွင်းက နံမည်ကြီး သူလျှို စပိုင်လေယာဉ်ဖြစ်တဲ့Lockheed U-2 dragon lady လေယဉ်ပျံတွေထုတ်လုပ်ခဲ့တဲ့ U-2 program တွေကနေ ယနေ့အသုံးပြုနေသည့် ကိုယ်ပျောက်လေယဉ် အဆုံးအားလုံးကို ဒီနေရာမှာ ပျံသန်း စမ်းသပ်ခဲ့ပါတယ်။

Area51 ရဲ့အမှတ် 5511 လေတပ်ဖွဲ့ဟာ ထူးခြားပြီး လူတွေတွေးတောဖို့ မဖြစ်နိုင်တဲ့ ယဉ်ဆန်းတွေကို မောင်းနှင်စမ်းသပ်ရပါတယ်။ “Area 51” မှာ တောင်အမြင့် တလုံးရှိပြီး တောင်ကိုဖောက်ပြီး စစ်စခန်း တည်ဆောက်ထားတာဖြစ်ပါတယ်။

ဒါဟာထူးခြားမှုတစ်ခုဖြစ်ပြီး တစ်ချို့ဟာ အီဂျစ်ပရိမစ်တွေပုံဖြစ်နေတာ အံ့သြဖွယ်ပါပဲ။ဂြိုဟ်သားတွေရဲ့ လက်ရာဟာ သိပ်ကိုသိသာလွန်းခဲ့ပါတယ်။ ထိုစခန်းမှာ အထပ် (၆) ထပ် ရှိပြီး ပထမအထပ်ကိုသာ ဝန်ထမ်း လူသားဝင်လို့ရပြီး ကျန် အထပ်အားလုံးကို ဂြိုလ်သား(Alien)မှလွဲ လုံးဝမဝင်ရဟု တရားဝင် စာတမ်းရေးထိုးထားတယ်လို့ ဆိုပါတယ်။

ဒီနေရာကို အမြဲစောင့်ကြည့် လေ့လာ စုံစမ်းနေသူ သတင်းသမားတွေ အပြောအရတော့ ဒီနေရာမှာ ထိပ်တန်းသိပ္ပံပညာရှင်တွေနဲ့ ဂြိုလ်သားတွေ ပူးတွဲအလုပ်လုပ်ရာ နေရာလို့ အခိုင်အမာ ဆိုပါတယ်။

တချို့ဒေသခံများကတော့ ကားလမ်းပေါ်ကို ထွက်လာတက်တဲ့ Alien တွေကို တွေ့ရတက်တယ်လို့ ပြောကြားခဲ့ပြီး အမေရိကန် အစိုးရကတော့ ဒါကိုယုတ္တိမရှိဘူးလို့ရယ်သွေးသွမ်းခဲ့ ပါသေးတယ်။

ဒီနေရာပေါ် အမှတ်မထင် ပျံသန်းမိတဲ့ ခရီးသည်တင် လေယဉ်တစင်းကို ချက်ချင်း လမ်းကြောင်းပြောင်းပေးဖို့ အမိန့်သံကြားနေရစဉ် လေယဉ်မှူးနှစ်ဦး စလုံး မျက်စေ့ ရှေ့အောက်မှာတင် ပန်းကန်ပြားယာဉ်ပျံတွေ ဆင်းသက်နေတာကို မြင်ခဲ့ရပါတယ်လို့နောက်ပိုင်း နှစ်အတော်ကြာမှ လူသိရှင်ကြားထုတ်ဖော် ပြောဆိုတာတွေလည်း ရှိခဲ့ပါတယ်။

ဂျာမန်အာဏာရှင်ဟစ်တလာ သုံးခဲ့တဲ့ Wunderwaffe (wonder-weapon) လို့ ခေါ်တဲ့ အံ့စရာ လက်နက်တွေဖြစ်တဲ့ V-1 , V-2 ဒုံးတွေနဲ့ အဲဒီအချိန်က ဂျက်တွန်းကန်အားနဲ့ မောင်းနှင်တဲ့ တိုက်လေယဉ်တွေ ဟစ်တလာလက်ထဲမှာ ရှိခဲ့တာလည်း

ကမ္ဘာစစ်မဖြစ်ခင် ဂျာမနီထဲ ပျက်ကျလာတဲ့ ဂြိုလ်သားယာဉ်ကနေ မသေပဲ ကျန်ခဲ့တဲ့ ဂြိုလ်သားကို လက်ရဖမ်းမိတာကြောင့် ဒီလိုလက်နက် အဆန်းတွေ ရခဲ့တယ်လို့ အထောက်အထားများစွာရှိသလို ဒီအကြောင်းကို ရှာဖွေလေ့လာပြီး စာအုပ်စာတမ်းများစွာလည်းထွက်ရှိခဲ့ပါသေးတယ်။

စစ်ပြီးနောက် အမေရိကန်ရဲ့ Operation Paperclip အရ Alien တွေဆီက အဆင့်မြင့် ပညာတွေရခဲ့တဲ့ ဂျာမန် သိပ္ပံပညာရှင်တွေကို အမေရိကန်နိုင်ငံသားတွေအဖြစ်ခံယူခိုင်းပြီး နာဆာအတွက် အသုံးချခဲ့တာတွေ ရှိကြောင်းလည်း အထောက်အထားတွေ့ခဲ့ရပါတယ်။

Area 51 နဲ့ မဆိုင်ပေမယ့် ဒီနေရာမှာပြောချင်တာက ရှေးခေတ် ကမ္ဘာကတည်းကလူတွေဟာ Alien တွေနဲ့ ဆက်နွယ်နေခဲ့တာကို ပြောချင်ပါတယ်။ ခူဖူးဘုရင်ရဲ့မဟာပိရမစ်ကြီးရဲ့ နံရံမှာ ပန်းကန်ပြားပျံပုံတွေ တွေ့ခဲ့ရပြီး ရှေးခေတ်ယုံကြည်မှုရဲ့နတ်ဘုရားတွေဆိုတာဟာ Alien တွေလားလို့ သံသယရှိခဲ့ရပါတယ်။

အီဂျစ်ဘုရင်တွေဟာ ကတိတစ်ခုကို ယုံကြည်ခဲ့ပါတယ်။အတော်အတင့်ရဲတဲ့စိတ်ကူးတစ်ခုဖြစ်ပြီး ဆဲလ်တွေကို မသေအောင် ထိန်းသိမ်းထားရင် လူဟာအသက်ပြန်ရှင်နိုင်တယ်လို့ပါ။

အဲဒီစိတ်ကူးကို ဘယ်သူတွေကများ ပေးခဲ့ကြပါသလည်း။အီဂျစ်မြို့ဟောင်းကြီးတွေဟာ နျူကလီးယားလက်နက်နဲ့ တိုက်ခိုက်ခံခဲ့ရလို့ ပျက်သုန်းသွားတာဆိုတဲ့တွေ့ရှိချက်အသစ်ကို မကြာသေးခင်ကမှ လူတွေသိခဲ့ကြပါတယ်။

ပိရမစ်တွေဟာ နျူကလီးယားဗုံးဒဏ်ကိုတောင် ခံနိုင်အောင်တည်ဆောက်ထားတာလည်းတွေ့ရပါတယ်။အလင်းစနစ်နဲ့ ရေစနစ်တွေလည်း တပ်ထားတာပါပဲ။အဲဒီအထောက်အထားတွကို အိန္ဒိယက မိုဟန်ဂျိုဒါရိုမြို့ဟောင်းမှာလည်း တွေ့ခဲ့ရပါတယ်။

Alien တွေဟာ ကမ္ဘာကိုစောင့်ကြည့်နေပြီး တိုးတက်လာတဲ့ နိုင်ငံတိုင်းကိုလည်းထောက်လှမ်းနေတက်တယ်လို့ တရုတ်-အိန္ဒိယတို့အပေါ် UFO တွေ ဖြတ်ပျံတာနဲ့ပတ်သတ်ပြီး ယူဆနိုင်ပါတယ်။ဆက်စပ်တွေးမိတာပါ။

ယနေ့ အမေရိကန်တွေ လက်ထဲရှိနေတဲ့ Death Ray Weapon လို့ ခေါ်တဲ့ သေမင်းတမန် ရောင်ခြည်လက်နက်တွေ၊Sonic and ultrasonic weapons(USW) လို့ ခေါ်တဲ့ အသံလှိုင်းမြင့်သုံး(LRAD) လို လက်နက်တွေ၊ မောင်းသူမဲ့ ဒရုန်းကနေ မောင်းသူမဲ့ တိုက်လေယာဉ်တွေအထိ ဒီနည်းပညာတွေဟာ ဂြိုလ်သားတွေ ဆီကတဆင့် ရခဲ့တယ်လို့ လူအများကတော့ ယုံကြည်လျှက် ရှိပါတယ်။

ဒီစခန်း တည်ရှိမှုကို အမေရိကန်က တရားဝင်ထုတ်ဖော်မပြောပေမဲ့ ဓာတ်ပုံတွေ သက်သေတွေနဲ့ ရုရှက ဖော်ထုတ်လိုက်လို့ လူတွေစတင် သိခဲ့ကြတာ ဖြစ်ပါတယ်။ရုရှားရဲ့ ဆိုက်ဘေးရီးယား လျှို့ဝှက်စခန်းတွေအကြောင်းလည်း ရေးချင်ပါသေးတယ်။ရုရှားမှာ ယခုခိုလှုံနေတဲ့ အပ်ဒဝပ်စနိုးဒန်ရဲ့ ဖွင့်ချချက်တွေအရ အမေရိကန်ရဲ့ စမ်းသပ်ဆဲ ခေတ်လွန်လက်နက်တွေကို လူတွေသိခွင့်ရခဲ့ပါတယ်။

Area 51 ကနေ ပေါက်ကြားထွက်လာတဲ့ ဓာတ်ပုံနဲ့သတင်းတွေကို အမေရိကန်အစိုးရက ငြင်းဆိုထားပေမဲ့ ၂၀၁၃ မှာတော့ NSA က ရှိတယ်ဆိုတာကို အတည်ပြု ပြောကြားဝန်ခံ ခဲ့ပါတယ်။

နောက်ဆုံး ဖုံးကွယ်လို့မရတဲ့ ခေတ်ရောက်လာတာကြောင့် အမေရိကန် NSA ဟာဝန်ခံခဲ့ပေမယ့် ဘာတွေ စမ်းသပ်ခဲ့တယ်၊ ဘာအစီအစဉ်အသစ်တွေ စမ်းသပ်နေတယ် ဆိုတာတော့ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပါဘူး။

ဒီနေ့အချိန်မထိ Area 51 ဟာလည်း နီဗားဒါး သဲကန္တာရရဲ့ ပူပြင်းတဲ့ နေရောင်အောက်မှာ ဖုံးကွယ်မှုများနှင့် ပဟေဠိဆန်သော နေရာအဖြစ် ယနေ့အထိ တည်ရှိနေပါတယ်။

Area-51 ဟာ တောင်တစ်လုံးကို ဖောက်ပြီး စခန်းအဖြစ် တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒီအဆောက်အအုံမှာ အထပ် ၆-ထပ်ရှိပြီး ပထမထပ်ကိုသာ သာမန်ဝန်ထမ်း ဝင်ခွင့်ရှိပါတယ်။

ကျန်အထပ်တွေကိုတော့ Alien မှလွဲ၍ လုံးဝမဝင်ရ ဆိုတဲ့ စာတမ်းကို တရားဝင်ကပ်ထားတပ်လို့ ဆိုပါတယ်။ စဉ်းစားစရာပါ။ ဒီနေရာကို လုံခြုံရေး မြင့်မားစွာ ချထားတဲ့အတွက် ဂြိုလ်သားတွေ၊ UFO(Unidentified Flying Object) တွေနဲ့ ဆက်စပ်နေလိမ့်မယ်လို့လည်း ယုံကြည်နေကြပါတယ်။

လူတွေ တော်တော်များများကတော့ ဒီနေရာမှာ ဂြိုလ်သားတွေ ရှိပြီး ဂြိုလ်သားတွေဆီကနေ ခေတ်လွန် နည်းပညာတွေကို သင်ယူနေတယ်လို့ ဆိုကြပါတယ်။ လမ်းမှား ရောက်သွားတဲ့ လေယာဉ်မှူး နှစ်ယောက်ကလည်း ဒီနေရာမှာ ပန်းကန်ပြားပျံတွေ ဆင်းသက်နေတာကို မြင်ခဲ့ရတယ်လို့ ဆိုပါတယ်။

၁၉၈၉-ခုနှစ်က Area-51 ရဲ့ Sector-4 မှာ အလုပ်လုပ်ခဲ့သူ Bob Lazar ကတော့ သူဟာ ဂြိုလ်သားယာဉ်ပျံတွေနဲ့ အလုပ်လုပ်ခဲ့ရတယ်လို့ ပြောပါတယ်။ နောက် Area-51 ရဲ့ ဝန်ထမ်းတစ်ယောက်ဖြစ်ခဲ့သူ Dan Durish ကလည်း သူဟာ J-Rod လို့ခေါ်တဲ့ ဂြိုလ်သားနှင့် ကပ်လျက် အလုပ်လုပ်ခဲ့ရတယ် ဆိုပြီး သတင်းတွေ ထွက်ခဲ့ပါတယ်။

အဲဒီလျို့ဝှက် နေရာမှာရှိတဲ့ သူအများစုကတော့ သိပ္ပံပညာရှင်တွေ ၊ အကာသအင်ဂျင်နီယာတွေ ၊ လေယာဉ်မှူးတွေ ၊ စစ်ရေးနယ်ပယ်က ခေါင်းဆောင်တချို့ နဲ့ နာဆာအရာရှိတချို့ဖြစ်ပါတယ်။ ဘယ်သူတွေလဲဆိုတာကတော့ သူတို့ကိုယ်တိုင်နဲ့ လူအနည်းငယ်ကလွဲလို့ ဘယ်သူမှ မသိပါဘူးတဲ့။

၂၁-ရာစုနောက်ပိုင်းမှာ “UFO” သတင်းတွေဟာ ခဏခဏ ကြားနေရပါပြီ။Area-51 ဟာ ဂြိုလ်သားတွေနဲ့ ပါတ်သတ်မသတ် အတိအကျပြောလို့ မရပေမဲ့ အဆန်းပြားဆုံး လက်နက်တွေ၊ ယာဉ်ပျံတွေနဲ့ နည်းပညာတွေဟာ ဒီနေရာကနေ ထွက်ရှိလာတာကတော့ အမှန်ပဲဖြစ်ပါတယ်။

နောက်တစ်ချိန် ဒီနေရာက ဘယ်လိုဆန်းပြားတဲ့ နည်းပညာတွေ ထပ်မံထွက်ရှိ လာဦးမလဲ ဆိုတာကို စောင့်ကြည့်နေရဦးမှာပဲ ဖြစ်ပါတယ်။

Crd

Leave a Reply

Your email address will not be published.