သမိုင်းထဲက အကြီးမားဆုံး အမှားများ
၁။ ဂျေကေရိုးလင်းကို ငြင်းပယ်ခြင်း
Bloomsbury ကုမ္ပဏီသည် ၈ နှစ်အရွယ်ရှိ ကုမ္ပဏီ ဥက္ကဋ္ဌသမီးဖြစ်သူ အဲလစ်၏ အကြံပေးချက်ကြောင့် ဂျေကေရိုးလင်း၏ ဟယ်ရီပေါ်တာ လက်ရေးစာမူကို နောက်ဆုံးတွင် ဝယ်ယူခဲ့သည်။
ယင်းကုမ္ပဏီက မဝယ်ယူမီ ပုံနှိပ်တိုက် ၁၂ ခုက သူမ၏ လက်ရေးစာမူကို ငြင်းပယ်ခဲ့သည်။ထိုစာအုပ်များကို ဘာသာစကားပေါင်း ၆ဝ ဖြင့် ပြန်ဆိုခဲ့ပြီး ရိုးလင်းအား အမေရိကန်ဒေါ်လာ ၁ ဘီလီယံ (ပေါင် သန်း ၆၇၀) ရရှိစေခဲ့သည်။
၂။ ဟစ်တလာကို သေနတ်ဖြင့်မပစ်ခဲ့ခြင်း
၁၉၁၄ ခုနှစ် ပထမကမ္ဘာစစ်အတွင်း ဗြိတိသျှစစ်သား ဟင်နရီတန်ဒေးသည် ဒဏ်ရာရရှိကာ လက်နက်မဲ့နေသော တပ်ကြပ် အဒေါ့ဖ်ဟစ်တလာအား မြောင်းထဲ၌ တွေ့ခဲ့သော်လည်း မပစ်ခတ်ခဲ့ရန် ဆုံးဖြတ်ခဲ့သည်။ ယင်းဖြစ်ရပ်၏ တိကျ မှန်ကန်မှုအပေါ် အငြင်းပွားဖွယ်ရာ အချို့ကို တွေ့ရှိခဲ့ရပါသည်။
၃။ ဂူဂဲလ်ကို ဒေါ်လာ ၁ သန်းဖြင့် မဝယ်ယူခဲ့ခြင်း
၁၉၉၉ ခုနှစ်တွင် Excite CEO George Bell အား ဂူဂဲလ်တည် ထောင်သူ လာရီပေ့ချ်နှင့် ဆာဂေးဘင်းသည် ဂူဂဲလ် ရှာဖွေရေးအင်ဂျင်ကို ဒေါ်လာ ၁ သန်းဖြင့် ဝယ်ယူရန် အတွက် ချဉ်းကပ်ကမ်းလှမ်းခဲ့သည်။
Bell သည် ကမ်းလှမ်းမှုကို စိတ်မဝင်စားသောကြောင့် ဒေါ်လာ ၇၅ဝဝဝ ဖြင့် ဝယ်ယူရန် ထပ်မံကမ်းလှမ်းခဲ့သည်။ သူ့အနေနှင့် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီး ယနေ့တွင် ဂူဂဲလ်သည် ဒေါ်လာ ၃၆၅ ဘီလီယံကျော်အထိ တန်ဖိုးရှိခဲ့သည်။
၄။ ဂျင်ဂျစ်ခန်၏ ဒေါသ
၁၃ ရာစုတွင် မွန်ဂိုအင်ပါယာ၏ အုပ်ချုပ်သူ ဂျင်ဂျစ်ခန်သည် အိမ်နီးချင်းဖြစ်သည့် Khwarezmid အင်ပါယာ (ယနေ့ အီရတ်နှင့်အီရန်) မှ ရှာအလာအဒင် မိုဟာမက် (Shah Ala ad-Din Muhammad) နှင့် သံတမန်ကုန်သွယ်ရေးလမ်းကြောင်းများဖွင့်လှစ်ရန် ကြိုးပမ်းခဲ့သည်။
၎င်း၏ ကမ်းလှမ်းချက်ကို Khwarezmid အင်ပါယာက ငြင်းပယ်ခဲ့ပြီး မွန်ဂိုသံတမန်တစ်ဦး၏ ဦးခေါင်းကို ဖြဝာ်ပစ်ခဲ့သည်။ ထိုသဝာ်ဖြတ်မှုအပြီးတွင် ခန်သည် ပြင်းထန်စွာတုံ့ပြန်မှုအနေဖြင့် စစ်သည် ၂ သိန်းကို စေလွှတ်ခဲ့ပြီး Khwarezmid အင်ပါယာ တစ်ခုလုံး ကိုဖျက်ဆီးခဲ့သည်။
၅။ Tetraethyl ခဲဓာတ်
၁၉၂၂ ခုနှစ်တွင် အမေရိကန် ဓာတုပညာရှင် Thomas Midgley က လောင်စာဆီပိုမိုနှေးကွေးစွာနှင့် ချောချောမွေ့မွေ့ လောင်ကျွမ်းစေရန်အတွက် ၎င်းလောင်စာဆီတွင် Tetraethyl ခဲဓာတ်ကို ပထမဆုံးထည့်သွင်းခဲ့သည်။
သို့သော် နှစ်ပေါင်း ထောင်ချီသည့်အခါမှ ၎င်းခဲဓာတ်သည် လူသားတို့ကို အန္တရာယ်ဖြစ်စေနိုင်ကြောင်း သိရှိခဲ့ရသည်။
၁၉၂ဝ ပြည့်နှစ်အစောပိုင်းကာလများတွင် ခဲဓာတ်ကြောင့် အမေရိကန်နိုင်ငံရှိ စက်ရုံများ၌ သတ္တုလုပ်သားအများအပြား အသက်ဆုံးရှုံးခဲ့ရပြီး Midgley ကိုယ်တိုင်ဖျားနာမှုဖြင့် ခွင့်ယူခဲ့ရသည်။
မြို့တွင်းရှိ ကလေးငယ်များ ဦးနှောက်ပျက်စီးမှုသည် လောင်စာဓာတ်ဆီကြောင့် အဓိကဖြစ်နေခဲ့ကြောင်းကို နောက်ပိုင်းတွင် သိပ္ပံပညာရှင်များကိုယ်တိုင် သဘောပေါက် သိရှိလာခဲ့ရသည်။ ယခုအခါ ကမ္ဘာအနှံ့အပြားတွင် ၎င်းလောင်စာဆီသုံးစွဲမှုကို ပိတ်ပင်ထားခဲ့သည်။
၆။ အလက်ဇန္ဒြိယား စာကြည့်တိုက် မီးလောင်ခြင်း
စာကြည့်တိုက်မီးလောင်ခြင်းသည် ယဉ်ကျေးမှုဆိုင်ရာ အသိပညာ ဗဟုသုတ ဆုံးရှုံးမှု သင်္ကေတတစ်ခုဖြစ်လာခဲ့သည်။ ၎င်းစာကြည့်တိုက်မှာ မီးမလောင်ခင် ရှေး ဟောင်းကမ္ဘာ၏ အကြီးဆုံးနှင့်အထင်ရှား ဆုံးစာကြည့်တိုက်တစ်ခုဖြစ်သည်။
ဂျူးလိယက်ဆီဇာ၊ အူရယ်လီယန်နှင့် အူမာ တို့ကြောင့် သမိုင်းဝင်အမှတ်လက္ခဏာ တစ်ခုအဖြစ် မှတ်ယူနိုင်သည်။
ပြည့်စုံထက်ကျော်