ထင်ရှားကျော်ကြား ကမ္ဘာ့အလှဆုံး သင်္ချိုင်းများ

ထင်ရှားကျော်ကြား ကမ္ဘာ့အလှဆုံး သင်္ချိုင်းများ

၁။ စိန့်အန်ဒရူးဘုရားရှိခိုးကျောင်း သင်္ချိုင်း (စိန့်အန်ဒရူး၊ စကော့တလန်)

၁၁ ရာစုနှင့် ၁၂ ရာစုအတွင်း တည်ဆောက်ခဲ့သော စိန့်အန်းဒရူး ဘုရားရှိခိုးကျောင်းသည် ရာစုနှစ်များစွာအတွက် စကော့တလန်တွင် အကြီးဆုံးဖြစ်ခဲ့သည်။

သို့သော် မြောက်ပင်လယ်မှ ကြည့်လိုက်သည့်အခါ လှပ၍ တောက်ပသောချောက်ကမ်းပါးပေါ်မှ ပြိုလဲနေသော ကျောက်တုံးတစ်ခုအဖြစ် စစ်ပွဲ၊ မီးနှင့် မုန်တိုင်းများက လုပ်ဆောင်ထားခဲ့ပြီး သင်္ချိုင်းထီးထီးတစ်ခုတည်း ဝန်းရံထားခဲ့သည်။

ဤတွင် ၁၉ ရာစုက ဂေါက်သီးကစားသမားဖြစ်သူ တွမ်မောရစ်၏ အုတ်ဂူသင်္ချိုင်းကို အပျော်တမ်း ဂေါက်သီးသမားများအနေနှင့် လေ့လာကြည့်ရှုနိုင်သည်။ ပြတိုက်ရှိ အလယ်ခေတ် ပန်းပုရုပ်ထုများကို ယဉ်ကျေးမှု လေ့လာသူများက နှစ်သက်ကြကာ တစ္ဆေမုဆိုးများကမူ သရဲခြောက်သည်ဆိုသော သင်္ချိုင်းတွင်ရှိသည့် ဝိညာဉ်များကို မျက်ခြေမပြတ် စောင့်ကြည့်နေကြပါသည်။

၂။ မယ်ရီသင်္ချိုင်း (စပန်ကာ၊ ရိုမေးနီးယား)

မယ်ရီ(Merry )သင်္ချိုင်းသည် ရိုမေးနီးယားနိုင်ငံ မြောက်ပိုင်းရှိ စပန်တာကျေးရွာတွင် တည်ရှိပြီး ခရီးသွားဧည့်သည်များ လာရောက်အလည်အပတ်ဆုံးထဲက တစ်ခုအဖြစ် ပါဝင်နေပါသည်။

မယ်ရီသင်္ချိုင်းတွင် ရာပေါင်းများစွာသော အုတ်ဂူတစ်ခုချင်းစီ၏ မှတ်တိုင်များကို အပြာရောင်ဖြင့် ဆေးခြယ်ထားပါသည်။ အထူးသဖြင့် ကျမ်းပိုဒ်နှင့်အတူ ထွက်ခွာသွားသူ၏ ဘဝကို ကိုယ်စားပြုမြင်ကွင်းတစ်ခုဖြင့် တန်ဆာဆင်ထားခြင်းဖြစ်သည်။

အုတ်ဂူ ပြုလုပ်သူ လက်သမားများသည် အမှတ်အသားများထွင်းထုကာ ကဗျာများရေးစပ်ခြင်းကို မတွန့်ဆုတ်ကြပေ။ ၎င်းနေရာတွင် ဒာရက်သောက်စားခြင်းနှင့် လိမ်လည်ခြင်းများကို ရည်ညွှန်းကာ ထွင်းထုထားသည်ကိုတွေ့ရှိရပြီး အချို့နေရာများတွင်မူ ယောက္ခမကို သရော်သည့် ပြက်လုံးများ ထွင်းထုရေးသားထားသည်ကိုလည်း တွေ့ရှိရသည်။

မယ်ရီသင်္ချိုင်းသည် လွင်ပြင်မှာ ဖွင့်လှစ်ထားသည့် ပြတိုက်တစ်ခုနှင့်တူပြီး ခရီးသွား များကို ဆွဲဆောင်သည့် နေရာတစ်ခုလည်း ဖြစ်ပါသည်။

၃။ Pere Lachaise သင်္ချိုင်း (ပဲရစ်၊ ပြင်သစ်)

ပြစ်သစ်နိုင်ငံ၊ ပဲရစ်မြို့ ရှိ Pere Lachaise သင်္ချိုင်းသည် ပဲရစ်မြို့၏ အကြီးဆုံးသင်္ချိုင်းဖြစ်ပြီး ၄၄ ဟက်တာ (၁၁၀ ဧက) ကျယ်ဝန်းပါသည်။ ရှေးဟောင်းသင်္ချိုင်းတစ်ခုဖြစ်သည့် Pere Lachaise သင်္ချိုင်းကို နှစ်စဉ်လာရောက်လည်ပတ်သည့် ခရီးသွားအရေအတွက် ၃ ဒသမ ၅ သန်းရှိပါသည်။

၎င်းသင်္ချိုင်းတွင် ကမ္ဘာကျော်ပုဂ္ဂိုလ်များဖြစ်သော Moliere, Marcel Proust, Oscar Wild, Gertrude Stein နှင့် Jim Morrison တို့ကို မြုပ်နှံထားပြီး စုစုပေါင်း ၇၀၀၀၀ ကျော်ရှိပါသည်။

သင်္ချိုင်းကို ၁၈၀၄ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး မြို့၏အခြားဒေသများမှ ပြန်လည်သင်္ဂြိုဟ်ရန်အတွက် ပထမဆုံး အသုံးပြုခဲ့သည်။ နာမည်ကြီး အနုပညာရှင်များ၏ အားပေးတိုက်တွန်းမှုကြောင့် အာဏာပိုင်များသည် လူကြိုက်များမှုကို တိုးမြှင့်ဖို့အတွက် ထင်ရှားကျော်ကြားသူများ၏ ရုပ်အလောင်းများကို ပြောင်းရွှေ့ခဲ့သည်။

၄။ Okunoin (ဝါကာယာမစီရင်စု၊ ဂျပန်)

အေဒီ ၈၁၆ မှစ၍ ဂျပန်နိုင်ငံ၏ အကြီးမားဆုံးသင်္ချိုင်းသည် တိတ်ဆိတ်ငြိမ်သက်မှုနှင့် ဆိုးရွားသော ဝိညာဉ်ရေးရာများကို တစ်ပြိုင်နက်ခံစားသိရှိနိုင်သည်။ ယူနက်စကို ကမ္ဘာ့အမွေအနှစ် နေရာအစိတ်အပိုင်း တစ်ခုဖြစ်သော ထင်းရှူးမွှေးပင်ဖြင့် ဖုံးအုပ်ထားသည့် Okunoin သည် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ခုကိုင်း အပါအဝင် ဗုဒ္ဓဘာသာဘုန်းတော်ကြီး ၂ သိန်းကျော်၏ အထိမ်းအမှတ်နေရာများဖြစ်သည်။

ဘုန်းတော်ကြီး ခုကိုင်းအနားယူသည့် နေရာကို မီးအိမ် ၁၀၀၀၀ ဖြင့် အလှဆင်ထားသည်။ ဘုန်းတော်ကြီး နကိုင်းသည် တစ်နေ့လျှင် နှစ်ကြိမ် ဆွမ်းဘုဉ်းပေးတော်မူသည်။

၅။ Waverley သင်္ချိုင်း (သြစတြေးလျ)

စာရေးဆရာ ဟင်နရီလောဆင်အပါအဝင် အခြားထင်ရှားကျော်ကြားသည့် ခရစ်ကတ်ဗစ်တာထရူပါရီ နှင့် အိုင်းရစ်သူပုန် မိုက်ကယ်ဒွိုင်ယာတို့ကို မြှုပ်နှံထားပါသည်။

၁၈၇၇ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သော Waverley သည် တောင်ပစိဖိတ်မှနေ၍ ကြည့်လိုက်မည်ဆိုပါက ချောက်ကမ်းပါးများထိပ်တွင် တည်ရှိကာ ဧက ၄၀ ခန့် ကျယ်ဝန်းသည်။

၂၀၁၆ ခုနှစ်အောက်တိုဘာလ ၂၈ ရက်တွင် နယူးဆောက်ဝေးလ်စ်ပြည်နယ်၏ ရှေးဟောင်း အမွေအနှစ်စာရင်းမှာ မှတ်တမ်းတင်ခဲ့ပါသည်။ နာမည်ကြီးပုဂ္ဂိုလ်များကို မြှုပ်နှံထားသည်သာမက ရှေးကျသည့် သင်္ချိုင်းတစ်ခုဖြစ်သည့်အတွက် နိုင်ငံတကာခရီးသွားများ လာရောက်လည်ပတ်လေ့ရှိသည့် နေရာလည်း ဖြစ်ပါသည်။

၆။ လာရီကိုလတာ (ဗျူနိုအေးရိစ်၊ အာဂျင်တီးနား)

တစ်ခါတုန်းက ဘုရားရှိခိုးကျောင်းတစ်ခု၏ ဥယျာဉ်ခြံဖြစ်သည့် လာရီကိုလတာ(La Recoleta) သည် ယခုတိုင် မြို့တစ်မြို့နှင့်ဆင်တူပြီး ဗျူနိုအေးရိစ်အလယ်ပိုင်းတွင် တည်ရှိသည်။

နှစ်စဉ် နိုင်ငံတကာခရီးသွားပေါင်းများစွာ လာရောက်လည်ပတ်လေ့ရှိပါသည်။ အာဂျင်တီးနားနိုင်ငံ၏ ပထမဆုံး အမျိုးသမီးသမ္မတဖြစ်သည့် အီဗာပယ်ရွန်၏ ရုပ်အလောင်းကို မြှုပ်နှံထားပြီး သူမ၏ ရုပ်ကြွင်းကို အခြားသူများ အနှောင့်အယှက်မပေးစေရန် မြေအောက် ၁၅ ပေခန့်တွင် မြှုပ်နှံထားသည်။

Leave a Reply

Your email address will not be published.