ကမ္ဘာပေါ်ရှိ မည်သည့်နေရာမဆို အချိန်တိုအတွင်း ခရီးသည် ပို့ဆောင်ပေးနိုင်မည့် အာကာသယာဉ်

ကမ္ဘာပေါ်ရှိ မည်သည့်နေရာမဆို အချိန်တိုအတွင်း ခရီးသည်များ ပို့ဆောင်ပေးနိုင်မည့် အာကာသယာဉ်

အာကာသဟင်းလင်းပြင်ကို ဖြတ်ပြီး ကမ္ဘာပေါ်ရှိ မည်သည့် နေရာမျိုးသို့မဆို အချိန်တိုအတွင်း ခရီးသည်များ ပို့ဆောင်ပေးနိုင်မည့် အာကာသယာဉ်ပျံစနစ် တရုတ် နည်းပညာကုမ္ပဏီတစ်ခုက တည်ဆောက်နေကြောင်း သိရပါတယ်။

တရုတ်နိုင်ငံ ပေကျင်းမြို့အခြေစိုက် အာကာသ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီအမည်ရှိ နည်းပညာ ကုမ္ပဏီက တည်ဆောက်နေသော အာကာသယာဉ်ပျံစနစ်တွင် တီယန်ရှင်း-၁ အမည်ရှိ ဒုံးပျံနှင့် ၎င်းဒုံးပျံ၌ ချိတ်တွဲထားမည့် ခရီးသည်တင် လေယာဉ်ငယ်တစ်စင်းတို့ ပါဝင်မည် ဖြစ်ပါတယ်။

အဆိုပါ အာကာသသယ်ယူပို့ဆောင်ရေးစနစ်အရ တီယန်ရှင်း-၁ ဒုံးပျံသည် ဒေါင်လိုက်ပျံသန်းသွားမှာဖြစ်ပြီး လုံလောက်သည့် အမြင့်‌ပေရောက်ရင် ချိတ်တွဲထားသော လေယာဉ်ငယ်ကို ဖြုတ်ချပေးပြီးနောက် ကမ္ဘာမြေသို့ ပြန်လည်ဆင်းသက်မှာ ဖြစ်ပါတယ်။

တီယန်ရှင်း-၁ ဒုံးပျံက ဖြုတ်ချပေးပြီးနောက် ခရီးသည်တင် လေယာဉ်ငယ်ဟာ တစ်နာရီလျှင် မိုင် ၂၆၀၀ ခန့် အမြန်နှုန်းဖြင့် ပျံသန်းမည်ဖြစ်ကြောင်း သိရပါတယ်။

တီယန်ရှင်း-၁ ဒုံးပျံက ဖြုတ်ချပေးမည့် ခရီးသည်တင် လေယာဉ်ငယ်ရဲ့ အမြန်နှုန်းမှာ အသံထက်မြန်နှုန်းလွန် ကွန့်ကော့ဒ်လေယာဉ်အမျိုး အစားထက် နှစ်ဆမြန်ပါတယ်။

လန်ဒန်နှင့် နယူးယောက်ကြား သို့မဟုတ် နယူးယောက်ကနေ ဘေဂျင်းကြား ခရီး အကွာအဝေးအတွက် အချိန်အားဖြင့် တစ်နာရီအတွင်း ပျံသန်းနိုင်ဖြစ်‌ကြောင်း သိရပါတယ်။

အာကာသသယ်ယူပို့ဆောင်ရေး နည်းပညာကုမ္ပဏီဟာ အဆိုပါ အာကာသယာဉ်ပျံစနစ်ကို ၂၀၁၈ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းရန် စီစဉ်ထားကြောင်း သိရပါတယ်။

၂၀၂၅ ခုနှစ်မှာ ခရီးသည်တွေအတွက် ဝန်ဆောင်မှုပေးနိုင်ဖို့ကို မျှော်လင့်ထားကြောင်း ကုမ္ပဏီကဆိုပါတယ်။

Knight News Team

Leave a Reply

Your email address will not be published. Required fields are marked *