ကမ္ဘာ့အင်အားအကြီးမားဆုံး လေတပ်များ
လေကြောင်းပို့ဆောင်ရေးလုပ်ငန်း လွှမ်းမိုးလာသည်နှင့်အမျှ စစ်ဘက်ဆိုင်ရာ ဆန်းသစ်တီထွင်မှုကိုလည်း ခေတ်မီအောင် လုပ်ဆောင်လာခဲ့ကြသည်။
ပြီးခဲ့သည့် နှစ်ပေါင်း ၁၀၀ အတွင်း လေတပ်၏ သဘောတရား ပေါ်ပေါက်လာသည်နှင့်အမျှ ကမ္ဘာပေါ်ရှိ တပ်မတော်အသီးသီးသည် လေတပ်ဆိုင်ရာ လေကြောင်းစွမ်းအားနှင့် ပတ်သက်၍ သိသာစွာတိုးတက်မှု ရရှိခဲ့သည်။
လူသားတို့၏ ရည်မှန်းချက်များသည် ကောင်းကင်နှင့် အာကာသသို့ ရွေ့လျားလာသောကြောင့် လေတပ်များသည် နိုင်ငံများစွာ၏ စစ်အင်အားတွင် မရှိမဖြစ်အစိတ်အပိုင်းတစ်ခု ဖြစ်လာသည်။
၁။ အမေရိကန်ပြည်ထောင်စု
အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာပေါ်တွင် အင်အားအကြီးမားဆုံး လေတပ်ကိုစွဲမက်ဖွယ်ကောင်းလောက်အောင် ထိန်းသိမ်းထားနိုင်ဆဲဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ထိ အမေရိကန်လေတပ် (USAF)တွင် လေယာဉ် ၁၃၂၆၄ စင်းဖြင့် ဖွဲ့စည်းထားပြီး စုစုပေါင်း တပ်ဖွဲ့အင်အား ၄၆၂၀၀၀ ကျော်ကို ခန့်အပ်ထားနိုင်ခဲ့သည်။
ရဟတ်ယာဉ်များသည် USAF ၏ အကြီးမားဆုံး အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ၅၇၆၈ စင်း သို့မဟုတ် စုစုပေါင်းလေယာဉ်များ၏ ၄၃ ရာခိုင်နှုန်းခန့်ရှိသည်။ USAF တွင် သင်တန်းဆရာ၂၆၄၃ ဦး၊ တိုက်လေယာဉ် ၂ဝ၈၅ စင်း၊ သယ်ယူပို့ဆောင်ရေး လေယာဉ် ၉၄၅ စင်းနှင့် အခြားအရာများ လည်းပါဝင်သည်။
USAF သည် ကမ္ဘာ့အကြီးဆုံးလေတပ်၏ အရွယ်အစားထက် သုံးဆကျော်ရှိပြီး ၎င်းသည် အခြားထိပ်တန်း ဆယ်ခုပေါင်းစပ်မှုထက် ကာကွယ်ရေးအသုံးစရိတ် ပိုမိုမြင့်မားသည်ဟု ထည့်သွင်းစဉ်းစားခြင်း ခံနေရသည်။
အမေရိကန်လေတပ် အသုံးစရိတ်သည် နှစ်စဉ် ဘတ်ဂျက် အမေရိကန်ဒေါ်လာ ၂၀၇ ဒသမ ၂ ဘီလီယံဖြင့် ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၄၇ နိုင်ငံရှိသည့် နိုင်ငံအားလုံး၏ GDP ထက်ကျော်လွန် နေလေ့ရှိသည်။
အမေရိကန်နိုင်ငံသည် တရုတ်(တရုတ်နိုင်ငံ၏ ကာကွယ်ရေး အသုံးစရိတ်သည် အမေရိကန်ဒေါ်လာ ၂၆၁ ဘီလီယံရှိသည်)နိုင်ငံမှလွဲ၍ ကမ္ဘာပေါ်ရှိ အခြားစစ်ရေးသုံးစွဲမှုတိုင်းအတွက် ဘတ်ဂျက်ခွဲဝေသုံးစွဲမှုတွင် လေတပ်တစ်ခုတည်း၌ပင် ဘဏ္ဍာငွေပို၍ သုံးစွဲထားကြောင်း တွေ့ရှိရသည်။
၂။ ရုရှားနိုင်ငံ
ရုရှားနိုင်ငံ လေတပ်သည် စစ်လေယာဉ်များနှင့်ပတ်သက်လျှင် USAF ထက် အလှမ်းဝေးသော်လည်း အဆင်ပြေသည်။ ရုရှားနိုင်ငံတွင် တိုက်ခိုက်ရေးရဟတ်ယာဉ် ၁၅၂၂ စင်း၊ သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် ယာဉ် ၄၉၇ စင်း၊ တိုက်လေယာဉ် ၈၇၃ စင်း၊ သယ်ယူပို့ဆောင်ရေးလေယာဉ် ၄၂၄ စင်းနှင့် အခြားအရာများအပါအဝင် စစ်လေယာဉ်ပေါင်း ၄၁၆၃ စင်း ပိုင်ဆိုင်ထား သည်။
အထက်ဖော်ပြပါ လေတပ်အင်အားနှင့်အတူ အကြမ်းဖျင်းအားဖြင့် ရုရှားလေတပ် တပ်ဖွဲ့ဝင်ဦးရေ ၁၄၈ဝဝဝ ခန့်က တာဝန်ထမ်းဆောင်လျက်ရှိသည်။ စစ်အေး ကာလတွင် ဆိုဗီယက်လေတပ်သည် အမေရိကန်နှင့် ယှဉ်နိုင်ခဲ့သော်လည်း ဆိုဗီယက်ယူနီယံပြိုကွဲပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ ထူထောင်ပြီးနောက်တွင် လေတပ်ဘတ်ဂျက်မှာ သိသာစွာ လျော့ကျသွားခဲ့သည်။
သို့သော်လည်း ၂၁ ရာစု၏ အလှည့်အပြောင်းမှစ၍ ရုရှားလေတပ်သည် ဆက်တိုက်ဆိုသလို တိုးတက်ကောင်းမွန်လာခဲ့ပြီး နံပါတ်နှစ်နေရာကို အနည်းဆုံးအချိန်အနည်းငယ်ကြာအောင် တည်ငြိမ်စွာ ထိန်းချုပ်နိုင်ရန် လုံလောက်သော ရှေ့ပြေးကြိုတင်လုပ်ဆောင်မှုများဖြင့် ထိန်းသိမ်းဆောင်ရွက်နိုင်ခဲ့သည်။
၃။ တရုတ်နိုင်ငံ
စုစုပေါင်းစစ်လေယာဉ် ၃၂၁၀ စင်းဖြင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် လေတပ် ( PLAAF) သည် ကမ္ဘာပေါ်တွင် တတိယမြောက် အကြီးဆုံး လေတပ်ဖြစ်သည်။
တရုတ်နိုင်ငံသည် ရုရှားနိုင်ငံ၏ နောက်တွင်ရပ်တည်နေသော်လည်း လေတပ်စစ်သည်အင်အားမှာ ရုရှားလေတပ်တွင် စစ်သည်အင်အားအရေအတွက် အနည်းငယ်သာရှိပြီး တရုတ်လေတပ်တွင်မူ လေတပ်တပ်ဖွဲ့ဝင် အင်အား ၄ဝဝဝဝဝ ခန့်ရှိသည်။
အဆိုပါ လေတပ်အင်အားနှင့် လိုက်လျောညီထွေ ဖြစ်စေရန်အတွက် PLAAF သည် ပြီးခဲ့သော နှစ်ပေါင်း ၂ဝ အတွင်း ကမ္ဘာ့လေတပ်များကြားတွင် အထင်ရှားဆုံး တိုးတက်မှုကို မြင်တွေ့ခဲ့ရသည်။
PLAAF သည် ကမ္ဘာ့ဇာတ်ခုံပေါ်တွင် လက်တွေ့အားဖြင့် အသုံးမပြုတော့သည့် ဒုတိယ သို့မဟုတ် တတိယမျိုးဆက် ဆိုဗီယက်တည်ဆောက်သော တိုက်ခိုက်ရေးလေယာဉ်များဖြင့် စတင်သန္ဓေတည်ခဲ့သည်။
သို့သော် ထောင်စုနှစ်သစ်တွင် တရုတ်နိုင်ငံသည် USAF မော်ဒယ်များကို အတုယူကာ စတုတ္ထမျိုးဆက်လေယာဉ်များကို တီထွင်ဖန်တီးလျက် ဆန်းသစ်တီထွင်မှုနှင့် နည်းပညာဆိုင်ရာ စွမ်းပကားနှစ်ခုစလုံးတွင် USAF ကို အပြိုင်အဆိုင်လုပ်ဆောင် လာခဲ့ကြတော့သည်။
တရုတ်နိုင်ငံသည် ၂ဝ၂ဝ ပြည့်နှစ်တွင် အတော်လေး အလှမ်းဝေးသော တတိယနေရာတွင် ရပ်တည် နေခဲ့သော်လည်း PLAAF သည် ရုရှားကို ဆက်လက်ဖိအားပေးနေကာ နံပါတ်နှစ်နေရာကို သိမ်းပိုက်ရန် ကြိုးပမ်းနေခြင်းသည် အံ့ဩစရာတော့ မကောင်းတော့ပေ။
လေယာဉ်အရေအတွက်အားဖြင့် လေတပ်၏ အင်အားကို အကဲဖြတ်ရန် အသင့်လျော်ဆုံးဖြစ်သော်လည်း ခေတ်မီလေတပ်များသည် Stratospheric ပိုင်းဆိုင်ရာကိစ္စရပ်များတွင်သာ ကန့်သတ်ထားခြင်းမရှိ လုပ်ဆောင်နိုင်စွမ်းရှိကြသည်။
(ထရိုပိုစဖီးယားအထက် ကမ္ဘာ့လေထုအလွှာနှင့်ဆက်စပ်၍ ကမ္ဘာမြေမျက်နှာပြင်အထက် ၃၂ မိုင် (ကီလိုမီတာ၅၀) ခန့်ထိ ကျယ်ပြန့်သည့် လေထုအလွှာပိုင်းဆိုင်ရာကိုဆိုလိုသည်။)
မကြာသေးမီ နှစ်များအတွင်း လေတပ်အများအပြားသည် ပြင်ပအာကာသနှင့် အကန့်အသတ်မဲ့ နယ်နိမိတ်များထိ စစ်ရေးဩဇာချဲ့ထွင်ရန် ကြိုးပမ်းသည့် “အာကာသတပ်ဖွဲ့ ပရိုဂရမ် များစွာကို ထပ်ခါတလဲလဲ ဖော်ဆောင်မှုနှင့်အတူ ချိတ်ဆက်လုပ်ဆောင်လာကြသည်။
အဆိုပါ ပရိုဂရမ်အများစုသည် ၎င်းတို့အနေဖြင့် ဖွံ့ဖြိုးစအရွယ်တွင်ရှိနေဆဲ ဖြစ်သော်လည်း နိုင်ငံများသည် ၎င်းတို့၏ စစ်ရေးအင်အားကို မြှင့်တင်ရန် ကြိုးပမ်းနေ သောကြောင့် အာကာသသို့တိုးချဲ့ရန် နီးကပ်လာနေပြီဖြစ်ကြောင်း ရေးသားတင်ပြ လိုက်ရပါတော့သည်။
Source-Yadanarpon news