တရုတ်က တီထွင်လိုက်တဲ့ စက်ဘက်ဆိုင်ရာသုံး ဧရာမစက်ရုပ်ကြီး YAK အကြောင်း

တရုတ်က တီထွင်လိုက်တဲ့ စက်ဘက်ဆိုင်ရာသုံး ဧရာမစက်ရုပ်ကြီး YAK အကြောင်း

အလေးချိန် ၃၅၂ ပေါင်အထိ သယ်ဆောင်နိုင်ပြီး တစ်နာရီ ၆ မိုင်နှုန်း ပြေးနိုင်သည့် ရောမစက်ရုပ်ကြီး YAK ကို တီထွင်နိုင်ပြီဖြစ်ကြောင်း တရုတ်သိပ္ပံပညာရှင်များက ကြေညာခဲ့ပါတယ်။

၎င်း ဧရာမစက်ရုပ်ကြီး YAK ဟာ အမေရိကန် ကာကွယ်ရေး သုတေသနဌာန DARPA နှင့် ဘော့စတွန်ဒိုက်းနမစ် ကုမ္ပဏီက ပူးပေါင်းတည်ဆောက်ခဲ့သည့် အမေရိကန် တပ်ဖွဲ့အထောက်အကူပြုတပ်ဖွဲ့မှ စက်ရုပ်ခွေးနှင့် ဆင်တူပါတယ်။


YAK စက်ရုပ်

တရုတ်အစိုးရဟာ ကမ္ဘာ့အကြီးဆုံး ဧရာမစက်ရုပ်ကြီး YAK ကို လုံခြုံရေး၊ ကင်းထောက်စုံစမ်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးစတဲ့ စစ်ဘက်ဆိုင်ရာ မစ်ရှင်များတွင် အသုံးပြုရန်အတွက် တီထွင်လိုက်တာလို့ ဖော်ပြထားပါတယ်။

တရုတ်အစိုးရ သတင်းစာရဲ့ ဖော်ပြချက်အရ YAK စက်ရုပ်ကြီးဟာ ရာသီ မရွေး၊ လမ်းချော၊လမ်းကြမ်းမရွေး သယ်ဆောင်ရွေ့လျားနိုင်ပါတယ်။ လမ်းပေါ်မှာ ရှေ့ လျားနေသည့် YAK စက်ရုပ်ကြီးပါဝင်သည့် ဗီဒီယိုဖိုင်ကိုလည်း အများပြည်သူကို ပြသခဲ့ပါတယ်။

တရုတ်တပ်ဖွဲ့ရဲ့ ထောက်ပံ့ပို့ ဆောင်ရေးလုပ်ငန်းများနှင့် ရှေ့ပြေးကင်းထောက်လုပ်ငန်းများကို တရုတ်တပ်ဖွဲ့ဝင် များနှင့်အတူ YAK စက်ရုပ်က နှင်းဖုံးနေသောကွင်းပြင်၊ သဲကန္တာရနှင့် တောင်ကုန်းဒေသအပါအဝင် ကြမ်းတမ်းရှုပ်ထွေးသော ပတ်ဝန်းကျင်မှာ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

နောက်ပြီး ဝေးလံခေါင်ဖျား နယ်စပ်ဒေသများသာမက ခြိမ်းခြောက်မှု အန္တရာယ်များသည့် တိုက်ခိုက်ရေးဇုံများမှာလည်း YAK စက်ရုပ် အလုပ်လုပ်နိုင်ကြောင်း တရုတ်အစိုးရပိုင် မီဒီယာများမှာ ဖော်ပြထားပါတယ်။

ခြေလေးချောင်းဖြင့် လမ်းလျှောက်သည့် ထိုစက်ရုပ်ကြီးဟာ “အောင်း” သတ္တဝါနှင့် အသွင်သဏ္ဌာန်ဆင်သဖြင့် YAK ဟု အမည်ပေးထားတာလို့ သိရပါတယ်။ ကမ္ဘာပေါ်တွင် အကြီးဆုံး အလေးချိန်အများဆုံးနှင့် လျှောက်လမ်း မလိုဘဲ ရွေ့လျားနိုင်သော စက်ရုပ်ဖြစ်ပါတယ်။


YAK စက်ရုပ်

စက်ရုပ်၏ အမြင့်မှာ သာမန်အမျိုးသားတစ်ဦး၏ အရပ်ထက် ထက်ဝက်ခန့် မြင့်ပြီး အရှည်မှာ စက်ရုပ်အမြင့်၏ နှစ်ဆမျှရှိပါတယ်။ အာရုံခံကိရိယာများက ပတ်ဝန်းကျင်ရဲ့ မြေအနေအထားနှင့် အခြေအနေကို သိရှိနိုင်သည့်အပြင် ကျင်းများကို ကျော်ဖြတ်တက်နိုင်ပါတယ်။

ချောက်ကမ်းပါးအစွန်းများ၊ ရွံ့ ဗွက်ထူသောလမ်းကြောင်းများ၊ သဲကန္တာရနှင့် နှင်းဖုံးနေသော ကွင်းပြင် စသည့် ကြမ်းတမ်းသော မြေအနေအထားအမျိုး မျိုးမှာလည်း လမ်းလျှောက်နိုင်ကြောင်း ဖော်ပြထားပါတယ်။

စက်ရုပ်ပေါ်တွင် အဆစ်အပိုင်း ၁၂စုံ တပ်ဆင်ထားသဖြင့် စက်ရုပ်ဟာ ရှေ့ဘက်သို့ လျှောက်နိုင်သကဲ့သို့ နောက်ပြန်လည်း ဆုတ်နိုင်ပါတယ်။ လှည့်ပတ်ပြီး ထောင့်ချိုးအတိုင်းလျှောက်နိုင်သကဲ့သို့ တစ်ရှိန်ထိုးလည်း ပြေးနိုင်ပါတယ်။

အရွယ်ကြီးသည့်တိုင်အောင် ခုန်ပေါက်ပြေးလွှား လှည့်ပတ်သွားလာလျှက် ပတ်ဝန်းကျင်အခြေအနေနှင့် ရင်ဆိုင်ရနိုင်သည့် ခြိမ်းခြောက်မှုဆိုင်ရာ အချက်အလက်များကိုလည်း အဆင့်မြင့် အာရုံခံကိရိယာများဖြင့် ဖမ်းယူစုဆောင်းနိုင်ပါတယ်။

အဟန့်အတား အခက်အခဲများကို သိရှိသတင်းပို့နိုင်ရုံမျှမကဘဲ စစ်မြေပြင်ရှိ နည်းဗျူဟာဆိုင်ရာ သတင်းအချက်အလက်များကို စုဆောင်းရယူပြီး စစ်ဆင်ရေးတပ်မှူးများထံသို့ သတင်းပို့နိုင်ပါတယ်။

သတင်းဖော်ပြချက်များအရ ထိုစက်ရုပ်ဖြင့် အထောက်အကူပစ္စည်းများဖြစ်သည့် ဖောက်ခွဲရေးပစ္စည်းများနှင့် အစားအစာများစသည်တို့ကို တပ်ဖွဲ့ဝင်များထံ ပို့ဆောင်ရာတွင် ကြမ်းတမ်းခက်ခဲသည့် အခြေအနေမှာ YAK ကို အသုံးပြု နိုင်ပါတယ်။


ဘော့စတွန်ဒိုင်းနမစ်ရဲ့ စက်ရုပ်ခွေး

YAK စက်ရုပ်ကို ရိုးရှင်းသောအသံဖြင့် ညွှန်ကြားချက်အား နားလည်နိုင်ရန်၊ မျက်နှာပုံရိပ် မည်သူမည်ဝါဟု ခွဲခြား၍ အကဲဖြတ်နိုင်ရန် စီစဉ်ထားတယ်လို့ ‌ သိရပါတယ်။ YAK ဟာ တရုတ်နိုင်ငံကို စက်ရုပ်နည်းပညာ ကြွယ်ဝသည့် နိုင်ငံဖြစ်ရန် ရည်မှန်းသည့် အစိုးရအဖွဲ့၏ ငါးနှစ်တာကြိုးပမ်းမှု၏ အောင်မြင်မှု တစ်စိတ်တစ်ဒေသဖြစ်ပဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *