လေကြောင်းလောကရဲ့ ကမ္ဘာကျော် အမျိုးသမီးလေသူရဲကောင်း

ရန်ကုန်မှာ လေယာဉ်ပြင်ခဲ့ရတဲ့ ကမ္ဘာကျော်အမျိုးသမီး လေသူရဲကောင်း

အေမီဂျွန်ဆင် (Amy Johnson)၊( ၁၉၀၄–၁၉၄၁)
အေမီဂျွန်ဆင်ဟာ အင်္ဂလိပ်လူမျိုး ၊ အမျိုးသမီး ပိုင်းလော့တစ်ဦးဖြစ်ပြီး ၁၉၃ဝ ပြည့်နှစ်မှာပဲ အင်္ဂလန်ပြည်နယ် ရွိုင်ဒန်လေယာဉ်ကွင်းမှ ဩစတြေးလျကျွန်း သို့ ဂျေဆင် ခေါ် လေယာဉ်ပျံဖြင့် တစ်ဦးတည်းပျံသန်းခဲ့သူ ပထမဆုံး အမျိုးသမီးပါ။

ထိုခေတ်ထိုအခါက လေယာဉ်ပျံသန်းရေး နယ်ပယ်မှာ အမျိုးသားများက ဦးဆောင်လွမ်းမိုးသောခေတ်ပါ။ အေမီဂျွန်ဆင် အတွက် ပျံသန်းခဲ့သောခရီးမှာ မိုင်ပေါင်း ၁ဝ,ဝဝဝ ကျော်မျှရှိပြီး အခက်အခဲ အမျိုးမျိုးကို ကျော်လွန်အောင် စွန့်စားရသောခရီး ဖြစ်ခဲ့ပါတယ်။

ရာသီဥတု အဖြစ်နေဆိုးသောကြောင့် လမ်းစပျောက်ပြီး ရန်ကုန်လေဆိပ်သို့ပင် သက်ဆင်းခဲ့ရသူပါ။မြန်မာနိုင်ငံသို့ ရောက်ရှိသောအခါတွင် သူမ၏ အကြီးမားဆုံးစိန်ခေါ်မှုမှာ မုတ်သုံရာသီဖြစ်ခဲ့ပါတယ်။

ရန်ကုန်မြို့တွင် ဆင်းသက်ရာ၌ လေယာဉ်တောင်ပံပေါက်ပြဲပြီး ပန်ကာပါပျက်စီးသွားခဲ့ပါတယ်။နည်းပညာ အင်စတီကျုတစ်ခုရှိ မြန်မာနှင့် အင်္ဂလိပ်တို့မှ ပထမကမ္ဘာစစ်က ဆယ်ယူထားတဲ့ လေယာဉ်ပျံကိုယ်ထည်တွေကို ကောက်ယူပြီး တောင်ပံကို ပြုပြင်ပေးခဲ့ရပါတယ်။

တစ်ခါမှာဆို မိုးသက်လေပြင်းမိပြီး အေမီ၏ လေယာဉ်ပျံဟာ ငမန်းများ ကျက်စားရာ ဂျာဗားပင်လယ်ပြင်တွင် ရေနှင့်လွတ်ရုံမျှသာ ပျံသန်းခဲ့ရသူပါ။

ရာသီဥတု၏ ဒဏ်ချက်ကြောင့် လေယာဉ်ပျံဟာလည်း အတော်အတန် ပျက်စီးလျက် လူကိုယ်တိုင်မှာလည်း သက်စွန့်ဆံဖျားစွန့်စားရ ပြီးလျှင် ၁၉၃ဝ ပြည့်နှစ် မေလ ၂၄ ရက်နေ့ (အင်္ဂလန်မှ ထွက်ခဲ့သည့်နေ့မှ ၁၉ ရက်အကြာ) မှာတော့ ဩစတြေးလျတိုက် ဒါဝင်မြို့သို့ ဆင်းသက်နိုင်ခဲ့ပါတယ်။

ထိုသို့ ဆင်းသက်ခဲ့သဖြင့် အင်္ဂလန်မှ ဩစတြေလျတိုက်သို့ ၁၅ ရက်ခွဲဖြင့် ပျံသန်းခဲ့သော ကမ္ဘာစံချိန်မှာ ကျိုးမသွားသော်လည်း အေမီမှာ ကမ္ဘာကျော်အမျိုးသမီး လေသူရဲကောင်းအဖြစ် အသိအမှတ်ပြုခြင်း ခံရပါတော့တယ်။

အေမီဂျွန်ဆင်သည် ၁၉ဝ၄ ခုနှစ်တွင် ဖွားမြင်ပြီး ရှက်ဖီးတက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရသူတစ်ဦး လဲဖြစ်ပါတယ်။ သို့ပေမယ့် အေမီက စာပေနှင့် ဆိုင်သော လုပ်ငန်းများမှာ စိတ်ဝင်စားမှုမရှိခဲ့ဘဲ စွန့်စားခြင်းကို လိုလားသူ သတ္တိခဲ အမျိုးသမီး ဖြစ်ပါတယ်။

၁၉၃၁ ခုနှစ်တွင် အဖော်တစ်ဦးနှင့် ဂျပန်နိုင်ငံသို့ အသွားအပြန် ပျံသန်းခဲ့ပါသေးတယ်။ ၁၉၃၂ ခုနှစ်တွင် လန်ဒန်မှ ကိပ္ပတောင်းမြို့သို့ အသွားအပြန်ခရီးကို ၄ ရက် ၆ နာရီဖြင့် စံချိန်ပြုခဲ့သည်။

ထိုနှစ်တွင် နာမည်ကျော် လေသူရဲ ဂျေ၊ အေ၊မော်လီဆင်နှင့် ထိမ်းမြား လက်ထပ်ခဲ့တာပါ။ ၁၉၃၃ ခုနှစ်တွင်လည်း အေမီသည် သူမ၏ခင်ပွန်း နှင့်အတူ အတ္တလန္တိတ်သမုဒ္ဒရာကိုလည်း ဖြတ်သန်းခဲ့ပါသေးတယ် ။

အေမီ၏ ထူးချွန်သော ရဲစွမ်းသတ္တိကို အင်္ဂလန် ဘုရင်နှင့်မိဖုရားတို့ကိုယ်တိုင် နှုတ်ဖြင့် ချီးကျူခံခဲ့ရရုံမျှမက အို၊ဘီ၊အီး(OBE)ဘွဲ့ကိုပင် ပေးအပ်ခံရသူပါ။ အေမီဟာ ကမ္ဘာ့အမျိုးသမီး လောကမှာ မှတ်တမ်းတင်ထိုက်အောင် ထူးခြားသော အမျိုးသမီးဖြစ်ခဲ့ပါတယ်။

အေမီဟာ ပထမဦးဆုံးလေယာဉ် လေကြောင်းဆိုင်ရာ မြေပြင်အင်ဂျင်နီယာအမျိုးသမီးလည်း ဖြစ်ခဲ့သူပါ။ အချိန်အတိုင်းအတာတစ်ခုထိ လေယာဉ်အင်ဂျင်နီယာ အမျိုးသမီးအဖြစ် တစ်ကမ္ဘာလုံးတွင် အေမီတစ်ယောက်သာ ရှိခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်မှာလည်း လေကြောင်းထောက်ပို့ ပထမအရာရှိ အနေဖြင့် ထမ်းဆောင်ခဲ့သူပါ။ နောက်ဆုံးတွင် ၁၉၄၁ ခုနှစ် ၊ ၃၇ နှစ်အရွယ်မှာပဲ လေယာဉ်ပျံပျက်ကျပြီးတော့ပဲ သေဆုံးရပါတယ်။

၂၀၁၇ ခုနှစ်ကလည်း Google က Doodle လို့ပြောင်းပြီး အေမီဂျွန်ဆင်ရဲ့ ၁၁၄ နှစ်အဖြစ် အေမီရဲ့ ပြောင်မြောက်သော သိတ္တိ၊စွန့်စားမှုတို့ကို ဂုဏ်ပြုခဲ့ပါသေးတယ်။

ကိုးကား; စွယ်စုံကျမ်း

Leave a Reply

Your email address will not be published.