ပလတ်စတစ်အကြောင်း သိကောင်းစရာ

ပလတ်စတစ်အကြောင်း သိကောင်းစရာ

လူတွေ နေ့စဉ်သုံးစွဲနေတဲ့ ပလတ်စတစ်ပစ္စည်း ၇ မျိုးနဲ့ပတ်သက်ပြီး အကျဉ်းချုပ်ရှင်းပြထားတဲ့ Jill Tooley ရဲ့ ဆောင်းပါးကို ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။ ပလတ်စတစ်ဆိုတာ အားလုံးအတူတူပဲလို့ ထင်နေကြခြင်းဖြစ်တယ်။

ပလတ်စတစ်ကို ၇ မျိုး ခွဲခြားထားပါတယ်။ အဲဒါကို SPI Code လို့ ခေါ်ပြီး ထုတ်လုပ်တဲ့ ပစ္စည်းအောက်ခြေတွေမှာ တံဆိပ်နှိပ်ပေးထားပါတယ်။ ပြန်လည် သန့်စင်ထုတ်လုပ်တဲ့အခါ လိုအပ်တဲ့ဓာတုဗေဒဆေးတွေကို မှန်မှန်ကန်ကန်သုံးစွဲနိုင်ဖို့ ရည်ရွယ်တာလဲ ဖြစ်နိုင်ပါတယ်။

၁။ ပေါ်လီရပ်သလင်း တယ်ရာဖာလိပ် (PETE or PET-Polyethylene terephthalate)

ဒီအမျိုးအစားနဲ့ ထုတ်လုပ်ရင် အစားအစာသိမ်းဆည်းတဲ့ ဘူးတွေဖြစ်တတ်ပြီး အများစုကို ပြန်လည်သန့်စင်သုံးစွဲနိုင်ပါတယ်။ တစ်ခါတလေ အနံ့ဆိုးတွေ စုပ်ယူဖို့လဲ အသုံးချနိုင်ပါတယ်။

ဆောင်းတွင်းမှာ ဝတ်တဲ့အဝတ်အစားတွေမှာလဲ ထည့်သွင်းအသုံးချကြသလို အဓိကအားဖြင့် ဆေးပစ္စည်းထည့်ဘူး၊ ကြိုး၊ ဘီး စတာတွေမှာလဲ အသုံးပြုနိုင်ပါတယ်။

၂။ ဟိုက်ဒန်စတီ ပိုလီရပ်သလင်း (HDPE or PEHD – High-denisty Polyethylene)

နံပါတ် ၂ ကုတ်အမျိုးအစားဖြစ်တဲ့ HDPE နဲ့ ထုတ်လုပ်တဲ့ ပလတ်စတစ်အမျိုး အစားဟာ လုံခြုံစိတ်ချမှုရှိပြီး အစားအစာထဲကို ဓာတုဗေဒအဆိပ်တွေ စိမ့်ဝင်မှု မရှိပါဘူး။

ဒါပေမဲ့ အစားအစာအတွက် သုံးစွဲခြင်းမရှိတဲ့ HDPE ပလတ်စတစ်ကို အစားအစာထုပ်ပိုးမှုအတွက် ပြန်လည်အသုံးချခြင်းမျိုး မလုပ်သင့်ပါဘူး။ ပုံမှန်အားဖြင့် ပြန်လည်သန့်စင်သုံးစွဲနိုင်ပါတယ်။

နို့ဘူး၊ ခေါင်းလျှော်ရည်၊ အစွန်းချွတ်ဆေးရည်၊ ဆပ်ပြာဘူးစတာတွေမှာ သုံးလေ့ရှိပါတယ်။ ဒီပလတ်စတစ်အမျိုးအစားကိုတော့ အိမ်မှာပဲ အပူပေးပြုပြင်ပြီး ပလတ်စတစ်၊ အရုပ်တွေအဖြစ် ပြန်လည်အသုံးချနိုင်ပါတယ်။

၃။ ပေါ်လီဗိုင်နယ်ကလိုရိုက်ဒ်( PVC – Polyvinyl Chloride)

နံပါတ် ၃ ကုတ်ဖြစ်တဲ့ PVC ကို လူသိများပါတယ်။ ပုံမှန်ပြန်လည်အသုံးချဖို့ခက်ခဲပြီး နည်းပညာ၊ ဓာတုဗေဒဆေး အကူအညီသုံးရပါတယ်။ အဆိပ်အတောက်ဖြစ်စေနိုင်တဲ့အတွက် အစားအစာထည့်သွင်းဖို့ အသုံးချလို့မရနိုင်ပါ။

အသုံးအများဆုံးအဖြစ် ရေပိုက်၊ လျှပ်စစ် ပစ္စည်းသုံး ရေပိုက်များအဖြစ် သုံးကြပါတယ်။

၄။ လိုဒန်စတီပိုလီရပ်သလင်း (LDPE-Low-density Polyethylene)

နံပါတ် ၄ ဖြစ်တဲ့ LDPE ကတော့ ပုံမှန်အားဖြင့် ပြန်လည်အသုံးချဖို့ ခက်ခဲပါတယ်။ အချို့နေရာများမှာတော့ ပြန်လည်အသုံးချဖို့ခက်ခဲပါတယ်။ အချို့နေရာများမှာတော့ ပြန်လည်ပြုပြင်အသုံးချကြပါတယ်။

အသုံးပြုတဲ့အခါမှာ ဓာတုဗေဒအဆိပ်အတောက်တွေကို ထိတွေ့တဲ့ပစ္စည်းတွေထဲသို့ ပို့လွှတ်တတ်တာကို သတိထားရပါလိမ့်မယ်။ မြန်မာနိုင်ငံမှာ သုံးစွဲနေတဲ့ပလတ်စတစ်အများစုကို အစားအသောက်တွေ ထည့်တာက အန္တရာယ်အလွန်များပါတယ်။ အများအားဖြင့် ပရိဘောဂနဲ့ အမှိုက်ပုံးစတာတွေမှာ အသုံးပြုကြပါတယ်။

၅။ ပေါ်လီပရိုပိုလင်း (PP-Polypropylene)

ကုတ်နံပါတ် ၅ ဖြစ်တဲ့ ပေါ်လီပရိုပိုလင်းကတော့ ပြန်လည်အသုံးပြုလို့ ရပေမဲ့ PETE နဲ့ HDPE လို လွယ်လွယ်နဲ့တော့ မရပါဘူး။ ခံနိုင်ရည်မြင့်ပြီး အပူရှိန်ကို ခံနိုင်ပါတယ်။

အပူအအေးခွက်၊ ဒိန်ချဉ်ဘူးဆေးဘူးစတဲ့ အရာဝတ္ထုပစ္စည်းတွေမှာ အသုံးပြုလေ့ရှိပါတယ်။ ဘူးအဖုံးတွေအဖြစ်လဲ အသုံးပြုကြပါတယ်။ပေါ်လီပရိုလင်းကိုပြုပြင်ပြီး ဘက်ထရီကြိုး၊ အမှိုက်လှည်းတံမြက်စည်းစသဖြင့် ပြန်လည်အသုံးချနိုင်ပါတယ်။

၆။ ပိုလီစတိုင်ရင်း(PS – Polystyrene)

ကုတ်နံပါတ် ၆ ဖြစ်တဲ့ ပိုလီစတိုင်ရင်းကိုတော့ စတိုင်ရိုဖုန်းလို့ လူသိများပါတယ်။ ပြန်လည်သန့်စင် အသုံးပြုဖို့ ခက်ခဲပါတယ်။ တစ်ခါသုံးကော်ဖီခွက်၊ အစား အသောက်ထည့်ဘူး၊ ပါကင်ထုပ်ရန်ပစ္စည်း စတဲ့နေရာတွေမှာ အသုံးပြုပါတယ်။

ပြန်လည်ပြုပြင်ပြီးတဲ့အခါ အပူခံပစ္စည်း၊ ကားလိုင်စင်ပြားအခွံ၊ ပေတံ စသဖြင့် အသုံးချနိုင်ပါတယ်။

၇။ အမျိုးအစားအစုံ

နံပါတ် ၇ ကတော့ အခြားအမျိုးအစား ၆ ခုထဲမှာ မပါဝင်တဲ့ ပလတ်စတစ်အမျိုးအစားအားလုံးကို စုပြီး သတ်မှတ်တာဖြစ်ပါတယ်။ ပိုလီကာဗွန်နိတ် (Polycarbonate) ၊ ပိုလီလက်တိုက်ဒ် (Polylactide) တို့ပါဝင်ပါတယ်။

ဒီအမျိုးအစားတွေက ပြန်လည်သန့်စင်အသုံးပြုဖို့ ခက်ခဲပါတယ်။ ပိုလီကာဗွန်နိတ်ကို ရေလှောင်ကန်၊ CD ပြား စတာတွေမှာ အသုံးပြုပါတယ်။ ဒီအမျိုးအစားထဲမှ ပြန်လည်သန့်စင်အသုံးပြုတဲ့အခါ ပလတ်စတစ်သစ်သားအနေနဲ့ သုံးနိုင်ပါတယ်။

Author: ရဲပြည့်အောင်

Leave a Reply

Your email address will not be published. Required fields are marked *