ဒါတွေသိမှ ဒီညအိပ်ယာဝင်ပါ

ဒါတွေသိမှ ဒီညအိပ်ယာဝင်ပါ

ညလည်း နှစ်နှစ်ခြိုက်အိပ်မပျော်၊ နေ့လည်းနှစ်နှစ်ခြိုက် အိပ်မပျော်တဲ့ဒုက္ခကို ခံနေရတယ်ဆိုရင် ဒီည ဒါတွေသိမှ အိပ်ယာဝင်ပါ။ ဘာကြောင့်လဲဆိုတော့ အိပ်စက်ခြင်းနဲ့ပါတ်သက်ပြီး လူအများရဲ့ သာမန်အသိတွေက လွဲချော်မှားယွင်းမှုတွေ ရှိနေလို့ပါပဲ။

ဒာရက်သောက်ရင် အိပ်ပျော်တယ်ဆိုတာ လွဲနေပါတယ်။ ဒာရက်မူးတော့အိပ်ပျော်လွယ်တာပေါ့။ ဒါပေမယ့်ခန္ဓာကိုယ်တွင်း ပြန်လည်သန့်စင်တည်ဆောက်ရေးလုပ်ငန်းစဉ်တွေကိုလုပ်နိုင်မယ့် နှစ်ခြိုက်စွာအိပ်ပျော်ခြင်းအဆင့်ကို မရောက်နိုင်အောင် ဒီအယ်လ်ကိုဟောကပဲ အနှောက်အယှက်ပေးပါတယ်။

အယ်လ်ကိုဟောဟာ နှစ်ခြိုက်စွာအိပ်ပျော်စေအောင် အထောက်အကူပြုတဲ့ မယ်လတိုနင်းဟိုမုန်းကို ဟန့်တားနှောက်ယှက်လို့ပါပဲ။ဒါကြောင့် ညက အရက်မူးပြီးအိပ်ပျော်သွားတယ်ဆိုပေမယ့် မနက်ကို ခွန်အားပြည့်ဖြိုးကြည်လင်လန်းဆန်းစွာ
နိုးတာမဟုတ်ဘဲ နှူံးခွေပြီး ၊ကိုက်ခဲပြီး နိုးလာခြင်းဖြစ်ပါတယ်။

အိပ်ရေးပျက်တာတွေကို ဖြည့်အိပ်လို့မရပါဘူး။ ညကအိပ်ရေးပျက်လို့ နေ့လည်အိပ်တာ၊ ဘောလုံးပွဲရာသီမှာ ညစဉ်နီးနီးအိပ်ရေးပျက်ခဲ့လို့ အခု ၃ ရက်လောက် နေ့ရောညပါအိပ်တာ မျိုးတွေဟာ သင်ထင်သလို မအိပ်ခဲ့တဲ့ ညတွေအတွက် အကြွေးဆပ်လို့မရပါဘူး။

မနက်စာမစားမိလို့နေ့လည်စာပေါင်းစားသလိုပါပဲ။ မနက်စာကိုတော့ ပြန်ဖြည့်နိုင်မှာမဟုတ်ပါဘူး။ လတ်တလောဆာလောင်နေတာကိုပဲ ငြိမ်းသတ်နိုင်မှာပါ။အစာအိမ်ဒုက္ခ ရောက်စရာရှိတာ ရောက်ပြီးပါပြီ။

ဒါကြောင့် ညကိုအိပ်ရေးပျက်ခံပြီးမနက်ဖြည့်အိပ်တာမျိုး၊ ဘောပွဲကြည့်ပြီး ပေါင်းအိပ်တာမျိုးဟာ လတ်တလောအိပ်ရေးပျက်တာကိုပဲ ဖြည့်ပေးနိုင်ပြီး ခန္ဓာကိုယ်ထိခိုက်စရာကတော့ ထိခိုက်ပြီး ဖြစ်သွားပါတယ်။

အထူးသဖြင့် မှတ်ဉာဏ်ကို အထူးထိခိုက်စေပါတယ်။ မအိပ်ချင်ဘဲ အိပ်ယာမဝင်ပါနဲ့။ သင်ဟာ ခါတိုင်း ည ၁၁ နာရီအိပ်နေကျ၊ အဲဒါကို ည ၉ နာရီသွားအိပ်လို့လည်း
အိပ်ယာထဲ လှဲနေတာပဲရှိမှာပါ။

ဘယ်ဘက်စောင်းလိုက်၊ ညာဘက်စောင်းလိုက်၊ ပက်လက်နေလိုက်၊ လေပူမှုတ်
ထုတ်လိုက်နဲ့ သင်စိတ်ဆင်းရဲရပါလိမ့်မယ်။ တကယ်အိပ်ချင်မှ အိပ်ယာထဲသွားပါ။ ဒါမှမဟုတ် အိပ်ယာထဲထိုင်ပြီး စာဖတ်တာဖြစ်ဖြစ် လုပ်လိုက်ပါ။

အိပ်ချိန်ရောက်မှ လှဲအိပ်ပါ။ ပြီးတော့ မနက် အိပ်ယာနိုးနိုးခြင်း ငေါက်ခနဲမထပါ
နဲ့။ မိနစ် ၂၀ လောက် မှိန်းပေးပါ။ အဲဒီ မိနစ် ၂၀ လေးဟာ သင့်ခန္ဓာကိုယ်အတွက် သိပ်အကျိုးရှိပါတယ်။

ကော်ဖီကိုနေ့လည်း နေ့ခင်းသောက်တာ ညအိပ်ရေးကို မထိခိုက်စေဘူးဆိုတာလည်း အပြည့်အဝမမှန်ပါဘူး။ လူတစ်ယောက်နဲ့တစ်ယောက် ကဖင်းဓါတ်ကို တုန့်ပြန်တာခြင်း မတူပါဘူး။

ကိုယ့်ခံနိုင်ရည်၊ ရာသီဥတု၊ နေ့ရက်လတို့အလိုက် ကဖင်းဓါတ်ရဲ့ ခန္ဓာကိုယ်ပေါ်သက်ရောက်မှုက မတူပါဘူး။ တစ်နေ့တာမှာ ဘယ်အချိန်သောက်သောက် ကော်ဖီ၊လက်ဖက်ရည်က ညအိပ်ရေးအပေါ် အကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။

အကောင်းဆုံးကတော့ နေ့လည် ၁၂ ကျော်သွားရင် ကော်ဖီ၊လက်ဖက်ရည် မသောက်တော့တာပါပဲ။ ဗိုက်ထဲအစာမရှိရင် အိပ်ပျော်ဖို့ခက်တာ မှန်ပါတယ်။ ဒါပေမယ့် ကာဗိုဟိုက်ဒရိုက်များတာတွေစားရင်လည်း အိပ်စက်ခြင်းအရည်အသွေးကို နိမ့်စေပါတယ်။

ကာဗိုဟိုက်ဒရိတ်က ထရစ်တိုဖန် ကို မြင့်စေပါတယ်။ ထရစ်တိုဖန်ဆိုတာ လူကိုအိပ်ချင်စိတ်ဖြစ်စေတဲ့ ဆယ်ရိုတိုနင်ဟိုမုန်းတွေကို မြင့်ပေးပါတယ်။ သို့သော် ကာဗိုဟိုက်ဒရိတ်ဟာတစ်ဖက်မှာ ခန္ဓာကိုယ်အပူချိန်ကိုမြင့်ပေးသလို အစာကြေဖို့လည်း ခက်စေတဲ့အတွက် အိပ်ချင်ပြီးအိပ်မရတဲ့ပင်ပန်းဆင်းရဲခြင်းကို ခံစားရပါလိမ့်မယ်။

အိပ်ပျော်ရင် ဟောက်တယ်ဆိုတာ ဆူတာထက် ပိုပါတယ်။ အဲဒါ အိပ်လိုက်ရင် လေပြွန် တစ်စိတ်တစ်ဒေသ ပိတ်တဲ့လက္ခဏာလည်း ဟုတ်ပါတယ်။တစ်နည်းအားဖြင့် သင်ဟာ အိပ်လိုက်တဲ့အခါ အသက်ရှူရ မဝတာပါ။

ဒီတော့ အောက်စီဂျင်မဝရင် လန့်နိုးပါမယ်။ ထထိုင်ပါမယ်။ ချွေးစေးတွေပြန်နေပါမယ်။ အသက်အဝရှူပြီး ပြန်အိပ်ရပါမယ်။ ပြန်ဟောက်ပါမယ်။ ပြန်နိုးပါမယ်။ ဒီတော့ မဟောက်အောင် ခန္ဓာကိုယ်အနေထား ပြင်ဖို့ အရေးကြီးပါတယ်။

မည်သူမဆို တစ်ညကို ၈ နာရီ အိပ်ကိုအိပ်ရမယ် မဟုတ်ပါဘူး။ တစ်ညကို ၆ နာရီနဲ့ အိပ်ရေး၀ ကြည်လင်လန်းဆန်းနေသူတွေလည်း ရှိသလို ၁၀ နာရီလောက်အိပ်မှ အိပ်ရေးဝသူတွေလည်း ရှိပါတယ်။

ဒီတော့ ကိုယ့်လိုအပ်ချက်နဲ့ကိုယ်ပါပဲ။ သို့သော် အိပ်စက်ခြင်းဆိုတာ အစာလိုပဲ။ နည်းရင်လည်းမကောင်း၊ များရင်လည်းမကောင်းဆိုတာ သတိချပ်ပါလေ။

အခန်းထဲနွေးနေမှ အိပ်လို့ကောင်းတယ်ဆိုတာကတော့ မဟုတ်ပါဘူး။ အေးနေမှ အိပ်လို့ကောင်းတာပါ။ သို့သော် အလွန်အကျွံတော့ မဖြစ်စေနဲ့ပေါ့။ ဖာရင်ဟိုက်နဲ့ဆိုင် ၅၄ ကနေ ၇၅ ဒီဂရီ၊ စင်တီဂရိတ်နဲ့ဆိုရင် ၁၂ ကနေ ၂၃ ဒီဂရီ ဖြစ်ပါတယ်။

သင်ချိန်ထားတဲ့အပူချိန် မှန်၊မမှန်ဆိုတာ လက်နဲ့ခြေနဲ့နွေးနေသေးတယ်ဆိုရင် မှန်ပါတယ်။ လက်နဲ့ခြေပါ အေးစက်နေပြီဆိုရင်တော့ သင်ဟာ မကျန်းမာတဲ့အအေးချိန်ကို ရွေးထားပါတယ်။

အိပ်မပျော်ရင် အိပ်ယာထဲ ဆက်နေရမှာလား။ ဒါ သင့်ခန္ဓာကိုယ်နဲ့ဆိုင်ပါတယ်။ အိပ်မပျော်ပေမယ့် လှဲနေရတာ အဆင်ပြေနေတယ်ဆိုရင် ဆက်လှဲနေလိုက်ပါ။ စိတ်ကိုငြိမ်အောင်ထားလိုက်ရင် အိပ်ပျော်သွားပါလိမ့်မယ်။

အိပ်ယာထဲနေရတာ အိပ်မပျော်ဘဲ ရူးချင်နေပြီဆိုရင် ထလိုက်ပါ။ လေ့ကျင့်ခန်းလုပ်ပါ။ ဒိုက်ထိုးပါ။ ထိုင်ထလုပ်ပါ။ဟောဟဲဟောဟဲ ဖြစ်သွားအောင်လုပ်ပစ်လိုက်ပါ။ အပေါ့အပါးသွား၊ရေလေးဘာလေးသောက်ပြီး ပြန်အိပ်ပါလို့ လေ့လာရေးသားတင်ပြလိုက်ရပါတယ်။

Credit-Yadanarbon

Leave a Reply

Your email address will not be published. Required fields are marked *